ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

DOL Starter Terminal Finding

DOL Starter Terminal Finding

တကယ်လို့ DOL (Direct On Line)Starter
တစ်ခုမှာ Start/Stop ခလုတ် ပျက်စီးသွားလို့
အသစ်လဲရမယ်ဆိုပါစို့။

ကြိုးသုံးစမှာ
ဘယ်ဟာကStart၊ဘယ်ဟာက Stop၊
ဘယ်ဟာက Commondဆိုတာ
မမှတ်မိတော့တဲ့အခါ
မီတာကြီး တကားကားနဲ့
ရှာရဖွေရ ဒုက္ခများဖူးကြမယ်ထင်ပါတယ်။

မီတာမလိုပဲ Start၊Stopနဲ့ Commondကြိုးကို
လွယ်လွယ်ကူကူခွဲလို့ရပါတယ်။

အဲဒီနည်းလေး မျှဝေပေးချင်ပါတယ်။

၁။ကြိုး(3)စပေါင်းပြီး Supply ပေးပါ။
Magnetic Contactor ကပ်ပါလိမ့်မယ်။
(Start,Stop,Commond သုံးစပူးလို့
ဘာ ပြသနာမှမရှိပါ။MCကပ်ရုံသာရှိပါမည်။
စမ်းသပ်စဉ်တွင် Control Circuit Only
ဖြင့် စမ်းသပ်ပါ။)

၂။တစ်ချောင်းချင်း ပြန်ဖြုတ်ကြည့်ပါ။
ဖြုတ်လိုက်လို့ MCမကပ်တော့ရင်
အဲဒီကြိုးဟာ Stopပါ။

၃။Stopကြိုးနဲ့ ကျန်(2)စကို တစ်ကြိမ်စီထိကြည့်ပါ။
ထိကြည့်လို့ MC ကပ်ရင် အဲဒါ Start ကြိုးပါ။
မကပ်တာက Commondပါ။

F/R Control မှာဆိုရင်
F,R,Stop,Commond ဆိုပြီး (4)စ
ရှိပါတယ်။

Star/Deltaမှာဆိုရင်
Stop,Commond နဲ့ Starဆိုပြီး (3)စ
ရှိပါမယ်။

နောက်ရက်တွေ ရေးတင်ပေးပါ့မယ်။

မီတာ မလိုတဲ့
Terminal Finding Method လေးတွေ
ဆင့်ပွားတွေးတောနိုင်ကြပါစေခင်ဗျာ။

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html