ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

LED ခေါ် အလင်းလွှတ် ဒိုင်အုတ်(Light Emitting diode)-အကြောင်းသိကောင်းစရာ

"LED ခေါ် အလင်းလွှတ် ဒိုင်အုတ်(Light
Emitting diode)-အကြောင်းသိကောင်းစရာ"

-----------*******--

ပထမဆုံးLED လို့ကြားလိုက်လျှင် မိတ်ဆွေတို့က မီးသီးလေးတွေလို့ပြေးမြင်ကြမှာ မလွဲဧကန်ပါပဲ.
တစ်ကယ်တော့ LED ဆိုတာမီးသီးမဟုတ်ပါဘူး.
ရက်တီဖိုင်ရာ ဒိုင်အုတ် နှင့် ဇီနာ ဒိုင်အုတ် အ
ကြောင်းရေးသားပြီးခဲ့ပြီဖြစ်သဖြင့်ခုခါLEDဆိုတာ
ဟာလဲအထူးပြုပြင်ထားသော "P" အမျိုးအစား
နဲ့"N" အမျိုးအစား ဆီမီးကွန်တတ်တာများကို
ရွေးချယ်အသုံးပြုခြင်းဖြင့်ရ ရှိလာသော"P"-"N"
ဂျန်းရှင်းသည် အရောင်မျိုးစုံထုတ်ပေးနိုင်သောအ
လင်းလွှတ် ဒိုင်အုတ် အဖြစ် LED ဖန်တီးဖြစ်
ပေါ်လာရခြင်းဖြစ်သည်.LEDတွင် ဖေါ်ဝဒ်လျှပ်စီး
ကြောင်းဆီးနေသောအခါ အလင်းရောင်ထုတ်
လွှန်ကြောင်းတွေ့ရပါသည်.သို့သော် LED ကို
ရီဗက်ဗို့အားပေးလျှင်တော့ အလင်းထုတ်လွှတ်
ခြင်းမရှိချေ -----*

ဆီမီးကွန်တတ်တာကွန်ပေါင်းအမျိုးအစားနှင့်ပမာ
ဏကိုပြောင်းလဲပြောင်းလဲပေးခြင်းဖြင့် LEDမှထုတ်
လွှတ်လိုက်သောအလင်းရောင်း၏ပြင်းအားပမာဏ
အရောင်တို့ကိုပြောင်းလဲပေးနိုင်သည်.၎င်းတို့မှာ-

1-- Gallium Arsenide phisphide
    (GaAsP)အမျိုးအစားကိုအသုံးပြုလျှင်
    အနီ သို့မဟုတ် အဝါ ရောင်

2-- Gallium Phosphide(GaP) ကိုအ
   အသုံးပြုလျှင် အနီ သို့မဟုတ် အစိမ်း ရောင်

3-- Gallinum Arsenide(GaAs) ကိုအ
    အသုံးပြုလျှင် မျက်စိဖြင့်မမြင်နိုင်သော အနီ
    အောက်ရောင်ခြည်(Infrared IR )
   
   တို့ကိုဖန်တီးရယူနိုင်သည်......

ယခုအခါ LED ကို အနီ အစိမ်း အဝါ အပြာ
အဖြူ ရောင်စုံဘအရွယ်ပါင်းစုံကိုရ ရှိနိုင်မည်ဖြစ်
သည်.ကိုယ်ထည်တစ်ခုထည်းမှလဲ အရောင်
ပေါင်းစုံထွက်သည့် LED များလွန်စွာပင်ပြင်းထန်
သောအလင်းရှိသည့်(Aluminium Indium Gallium phosphide(AllnGaP) LED
များကိုလဲ မြင်တွေ့နိုင်မည်ဖြစ်သည်.LED များကို
လျှပ်စီးနှိပ် အင်တီကေတာ အချက်ပြမီးလုံးများအ
ဖြစ် အသုံးပြုနိုင်သောကြောင့် ယင်းတို့ကိုအိမ်သုံး
Electronic ပစ္စည်းများဖြစ်ကြသည့် Ampli
fier အချက်ပြမီးများ စက်ရုံရှိ ကွန်ထရိုး ပင်
နယ်များတွင် ၎င်း Digital ပက်လမ်းများ
အတွက် ကိန်းဂဏန်းပုံဖေါ်ရန်အတွက် LEDများ
ကို 7-sement ပုံဖေါ်မီးအဖြစ်၎င်း တွင်ကျယ်
စွာအသုံးပြုလာကြပါသည်.(IR-LED) များကို
တော့ဆက်သွယ်ရေးလုပ်ငန်းများနှင်အဝေးထိန်းစ
နစ် (Remote contro system)များတွင်
အသုံးပြုကြပါသည် ----***

LED ကိုအနီးကပ်ကြည့်လိုက်သောအခါ ကပ်
သုတ် သည်အပြားကြီးပြီး အဲနုဒ် သည် အပြား
ငယ် ဖြစ်ကြောင်းတွေ့နိုင်သည်.ပြင်ပအားဖြင့်
အဲနုဒ် ငုတ်သည် ကပ်သုတ် ငုတ်ထက် ခြေ
ထောက်ပိုရှည်ပါသည်.LED တစ်လုံးသည် အ
လင်းရောင်ထုတ်ပေးရန် အဲနုဒ် နှင့် ကပ်သုတ်
အကြား ဖေါ်ဝဒ်ဗို့အား 2V ခန့်ပေးရန်လိုအပ်ပါ
သည်.ဗို့အားမြင့်အသုံးပြုပါက ၎င်းတို့အား တန်
ဆက်ဆက်ခြင်းဖြင့်၎င်းခုခံမှု့ ပစ္စည်းတစ်ခုခုဖြင့်
၎င်း ပေါင်းဆက်အသုံးပြုရပေမည်.

LED တစ်လုံးကို Supply ဗို့အားV(s) နှင့်
ဆက်သွယ်အသုံးပြုမည်ဆိုပါက LED ကိုဖြတ်
သန်းနေသောလျှပ်စီးကြောင်းကို I(D) ဟု
သက်မှတ်မည်ဆိုလျှင် Reasistor-R(s)
၏တန်ဖိုးကိုအောက်ပါအတိုင်းတွက်ယူနိုင်သည်.

        R(s)= V(s) _ V(D)
             -------------
                I(D)

LED ၏အရောင်ပေါ်မူတည်၍ V(D)သည် 1.8V မှ 2.1V ကြားရှိတတ်သဖြင့် အ
ကြမ်းအားဖြင့် I(D) ကို 10mA ဟုယူလျှင်
စိတ်ချလက်ချ အသဲုးပြုနိုင်ကြောင်းတွေ့ရသည်.

ဥပမာ --LED ကို V(s) = 9V နှင့်ဆက်
သွယ်အသုံးပြုမည်ဆိုလျှင်---

  ( 9V _ 2V = 7V  ဖြစ်ပြီး 7V/10mA =
0.7kအုမ်း = 700 အုမ်း ဖြစ်သောကြောင့် စံ
သတ်မှတ်ထားသော 680 အုမ်း Reasistor
ကို တန်းဆက်သွယ်အသုံးပြုရမည် )***

  ယေဘူယျးအားဖြင့် LED တစ်လုံးသည်အ
များဆုံးလျှပ်စီးကြောင်း 50mA ကိုသာစီးဆင်း
ခွင့်ပြု ပြီး5mA နှင့် 25mA အကြားပုံမှန်စီးဆင်း
လျှင် LED သက်တမ်း ကြာရှည်နိုင်ပါသည်.
ထိုအခါ V(s) = 9V နှင့်ဆက်သွယ်အသုံး
ပြုမည်ဆိုလျှင် 1.5K အုန်း နှင့် 270 အုမ်း
အကြားရှိ Reasistor ကိုအသုံးပြုနိုင်ကြောင်း
တွေ့ရသည်.25mAထက်ကျော်လွန်အသုံးပြုမည်
ဆိုလျှင်တော့ LED သက်တမ်းတိုစေနိုင်ပါသည်.

     (THE END)

      Crd;(ဝေးလွင့်ခြင်း ကောင်းကင်)
   Yangoon Tv.game electronic
                    service.

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html