History of Diesel Engine
~~~~~~~~~~~~~~~~~
ဒီဇယ် အင်ဂျင်ဟု ပြောလိုက်သည်နှင့် Dudolf Diesel က စတင်တီထွင်ခဲ့သည်ဟု အများအားဖြင့် မှတ်သားဖူးလေသည် အမှန်က ထိုသို့ မဟုတ်ပါ .. 1863 အစောပိုင်းကတည်းက ပြင်သစ်ပညာရှင် တစ်ယောက်က Gas Engine ကို Vehicle တွေအတွက် တီထွင်ခဲ့ဖူးပါတယ် အဲ့ဒီနောက်ပိုင်း 1876 လောက်မှာ Germany ပညာရှင် August Otto ကလဲ Four Stroke အင်ဂျင် ကို ( Magneto Ignition ) ကို တီထွင်ခဲ့ပါတယ် ဒါပေမဲ့ Heavy Duty အတွက် အဲ့ဒီ အင်ဂျင်က အလုပ်မဖြစ်ပါဘူး ကဲဒါကြောင့် Rudolf Diesel ကနေ Higher Compression နဲ့ running လုပ်နိုင်တဲ့ Engine Source ကို စတင်တီထွင်ပြီး အသုံးပြု စေခဲ့ပါတယ်
Rudolf Diesel ထွင်ခဲ့တဲ့ Engine ကတော့ အလုပ်ဖြစ်စေခဲ့ပါတယ် အဲ့ဒီနောက်ပိုင်း 1893 ခုနှစ်နောက်ပိုင်းမှာ German Coporation တစ်ခုဖြစ်တဲ့ MAN ( Mashinen-fabrik Augsburg Nurnberg ) အတွက် Rudolf Diesel ဟာ အင်ဂျင် prototype လေးတစ်ခု ထွင်ခဲ့ပါတယ် အဲ့ဒီ အင်ဂျင်ဟာ အလေးချိန်အားဖြင့် 4 တန်ခွဲဖြစ်ပြီး အမြင့်အားဖြင့် 3 မီတာ မြင့်ပါတယ် ဒါပေမဲ့ Vehicle တွေ အတွက်တော့ အဆင်မပြေပါဘူး နောက်ပြီး Cooling System ပိုင်းမှာလဲ Air-Cool ပါ ဒါကြောင့် MAN ရဲ့ ဒုတိယအကြိမ် Test လုပ်တော့မှ အဲ့ထက်လဲ အရွယ်စား သေးသွားသလို Water-cool ဖြစ်သွားတဲ့ ပိုပြီး Efficency ပိုကောင်းလာပါတယ်
အခုနောက်ပိုင်းမှာတော့ Diesel Engine ကို Unit injector / Common rail system စတာတွေနဲ့ တီထွင် အသုံးပြု လာခဲ့ပါတယ် ... Diesel Engine တစ်လုံးဟာ အရင်လို Mechanical သီးသန့် မဟုတ်တော့ပဲ Mechanical + Electrical = Mechatronic ဘက်ကို တဖြည်းဖြည်း ကူးပြောင်းသွားပါပြီ
Diesel Engine တစ်လုံးကို စစ်ဆေးတော့ မယ်ဆိုရင် အရင်လို့ တွေ့ကြုံ အရ စစ်ဆေးတာ မဟုတ်တော့ပဲ Diagnosis Tool တွေနဲ့ စစ်ဆေးတော့တာ ဖြစ်ပါတယ် ... အထဲက pump တွေ Actuator တွေ စစ်ဆေးပြု ပြင်ဖို့ simulator တွေ Tester တွေ လိုအပ်မှာ ဖြစ်ပါတယ်
Diesel Engine လောကမှာ အစပထမလို့ ပြောလို့ ရသလို အကောင်းဆုံး လို့ ပြောရမဲ့ Cummins / CAT / MAN စတဲ့ Engine တွေကို ပြုပြင်ဖို့ Diagosis Tool တွေ Repair Solfware တွေက အသီးသီး ရှိနေကြပါပြီ ... ဘယ်လိုပဲ ပြောပြော တခြားနည်းပညာတွေ တိုးတက်နေပါစေ ဒီဇယ် အင်ဂျင်တွေကတော့ စက်မှူ လုပ်ငန်းတွေမှာ ဆက်လက် ရှိနေပါအုံးမှာပါ
Writer by
Saw naing
ကိုးကား ... ဂိုဂယ်
No comments:
Post a Comment