ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
ဆိုင်ကယ်အင်္ဂျင်အသံတွေက ပြောသော အင်္ဂျင်ပြစ်ချက်များ
Kk
နံပါတ်တစ် ( ပင်စင် သံ)
ခတ်သံ ( အိုးခတ်သံ)
ဆောင့်သံ ( ဖင်ဆောင့်သံ)
မီးခေါက်သံ
Kk
နံပါတ်နှစ် အသံက ( ဟက်သံ )
ဘားဂိုက် အသံ
တိုက်ပစ်သံ
ကင်းမရှပ် သံ
Writer by
Kaung Htet Paing
Uni font
Kk
အသံများ သို့မဟုတ် ဆိုင်ကယ်အင်ဂျင်နှင့်စကားပြောခြင်း အပိုင်း (1)
ဆိုင်ကယ်တစ်စီးကို လက်ခံလိုက်ပြီဆိုရင် ပထမဆုံး ပြစ်ချက်တွေကို စတင်ဝေခွဲရဆုံးဖြတ်ချက်တွေချရပါတယ်။ ပြင်ဆင်ရေးအပိုင်းမှာတော့ ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပြီးတာနဲ့ ပိုင်ရှင်ရဲ့ ဘတ်ဂျင် အနေအထားနဲ့ ချိန်ဆ လုပ်ဆောင်ရပါတယ်။ ( ဒါကထည့်ပြောရတယ်။ ဝန်ဆောင်မူရောင်းစားတဲ့ကျုပ်တို့လို ဆိုင်ကယ်ပြင်သမားတွေဟာ လက်လုပ်လက်စားအလွှာက သာမန်လူတန်းစားတွေနဲ့ တိုက်ရိုက်ဆက်ဆံနေရတာမို့ ပါ)
ကဲဟုတ်ပြီ ဒီစာစုလေးမှာတော့ ပြင်သမားများအတွက် တစ်ခုချင်းစီရဲ့ အကြောင်းတွေကို တပိုင်းစီ
အဓိက ပြောပြပေးမှာမို့ သေချာတော့ ဖတ်စေ့ချင်ပါတယ်။ အသံ အသံ ဘာလဲ ဘာကြောင့်ဖြစ်လာလဲ
နံပါတ်တစ် ( ပင်စင် သံ)
ပင်စင် တစ်လုံးကနေ အသံထွက်နိုင်ချေဟာ 70% ရှိတာမို့ သူနဲ့ပဲစ ပြောပါ့မယ်။ ပင်စင်ဟာ အသံ အဓိက လေးမျိုးကို ထွက်စေပါတယ်။ ပင်စင်သံလို့ပြောလိုက်တာနဲ့ သတ္တုနဲ့ သံ ခတ်သံဖြစ်မယ်ဆိုတာ ပြောစရာမလိုဘူးထင်ပါတယ်။ပင်စင်က အသံ လေးသံပဲထွက်စရာရှိပါတယ်။ 
ခတ်သံ ( အိုးခတ်သံ)
ပင်စင်တစ်လုံးဟာ စကဒ့် လို့ခေါ်တဲ့ ကွန်နတင်းလျှောက်လမ်းအတိုင်း ရှည်ရှည်ကားကားလေးအပိုင်းမှာ ထွက်တဲ့အသံပါ။ စလစ်နဲ့အများဆုံး ထိတွေ့ရတဲ့အပိုင်းဖြစ်လိုပဲ အပူလဲ တက်သလို အပွန်းစားဆုံးအပိုင်းလဲဖြစ်ပါတယ်။ စလစ်ပြောင်းထဲမှာ ကျယ်သွားတဲ့ အခါ ကန်နတင်း အဆင်းဘက်မှာ တဘက်သတ် ခါခါ ပီးဆင်းသွားတဲ့အတွက် အသံထွက်တာပါ။ ကွန်နတင်းအတက်နဲ့အဆင်း နှစ်ချက်(tdc -bdc) မှာ ပင်စင်ဟာ နှစ်ချက်ထိထိ တဘက်သတ် စောင်းခံရပေမယ့် ပင်စင်အတက်ဘက် မှာအသံမထွက်ပါဘူး ပါဝါနဲ့ အဆင်းတစ်ချက်မှာပဲ အသံထွက်တာပါ။ ဒါကြောင့် အိုးခက်သံဟာ စက်နိုးပါတ် နဲ့တစ်ထပ်ထဲကျသလိုပဲ လီဘာအစကနေ အဆူံးနားထိ အတူတူထွက်နေတာဆို အိုးခတ်သံပါပဲ။
ဆောင့်သံ ( ဖင်ဆောင့်သံ)
ပင်စင်တွေမှာ ခုနပြောတဲ့ပါဝါအဆင်းတချက်မှာပဲ ထွက်တတ်တဲ့အသံတစ်ခုရှိပါသေးတယ် ဘာလဲဆိုတော့ BDCမှာ ပင်စင်ရဲ့စကဒ် ရှည်နဲ့ ကရိုင်းဝိတ်နဲ့ ဆောင့်တဲ့အသံပါ။သိသိသာသာဆို လက်နဲ့လှည့်ကတည်းက ကြားရတတ်ပြီး မသိမသာ ခတ်တဲ့အခါ လှည့်ရုံ နဲ့လဲမသိ စလိုးချလဲမကြားရပဲ လီဘာဆွဲမှ ထွက်လာတတ်တဲ့အသံမျိုးပါ။ အမူမှတ်မဲ့ ပင်စင်အစားထိုးချိန်မှာ စကဒ်အနည်းငယ် ရှည်သွားတတ်သလို သတ်မှတ်တဲ့ ဂတ်စကက် အထူ ကို မသုံးမိရင်လဲဖြစ်တတ်ပါသေးတယ်။ပင်စင်ကိုစကဒ် အနည်းငယ်တိုပေးမယ်ဆို အဆင်ပြေပါတယ် လိုတာထက်တော့ပိုမတိုမိပါစေနဲ့။
မီးခေါက်သံ
မီးခေါက်သံဟာ အဓိကတော့ အကြောင်းရာနှစ်မျိုးကြောင်းဖြစ်တတ်ပါတယ်။ octane နံပါတ် နိမ့်တဲ့ ဆီမျိုး အရည်သွေးမပြည့်မှီတဲ့ ဓါတ်ဆီမျိုးကိုသုံးမိရင် ဒါမှမဟူတ် အင်ဂျင်ရဲ့အပူဟာ လွန်ကဲနေရင် pre ignation (စောပေါက်) လိုက်လို့ပင်စင်ခလုပ်တိုက်ပြီး ထွက်တဲ့အသံပါ။အောက်တိန်းနံပါတ်နိမ့်တဲ့ ဓါတ်ဆီဟာသတ်မှတ်တဲ့ဖိကျစ်အားကိုမရခင်မှာ စလင်ဒါအနှံ့မီးပေါက်ကလေးတွေလိုက်ပေါက်ပါတယ်။အဲ့အခါမှ ကလောက်ကလောက်အသံထွက်လာတာပါ။အော်တိန်းနံပါတ်အမြင့်ဆီမှာမှ သတ်မှတ်ဖိအားကိုခံနိင်လို့ ပေါက်ကွဲမူဟာတကြိမ်သာဖြစ်ပြီး အားပြည့်ပြည့် ပြန်ဆင်းနိုင်သွားပါတယ်။မီးခေါက်ရင်အရုန်းကျတယ်ဆိုတာကတကယ့်ပါဝါစတုတ်မှာပေါက်ကွဲစရာအားမကျန်တော့တာကြောင့်ပါ။စလင်ဒါနံရံတွေမှာအပူလွန်ကဲလောက်အောင် အတက်ရှည်ရှည်တွေ တက်လာတဲ့အခါ အပူကြောင့်အကြိုပေါက်ကွဲမူတွေဖြစ်လို့ မီးခေါက်တတ်ပါသေးတယ်။ ဖိသိပ်မူအချိုးနိမ့်တဲ့ ဆိုင်ကယ်တွေအတွက်က ပြသနာမရှိပေမယ့် ဖိသိပ်မူအချိုးမြင့်တဲ့ အင်ဂျင်တွေအတွက် အော်တိန်းနံပါတ်အမြင့်ကိုပဲသူံးမှ မီးမခေါက်မှာပါ။ အင်ဂျင်က ဟောင်းလာမှ ဆီမရွေးမောင်းရကောင်းရနိုင်ပါတယ်။ပင်စင်ထိပ်မှာ ခလုပ်တိုက်တဲ့အသံမို့ပင်စင်နဲ့သက်ဆိုင်ပေမယ့် အပူ နဲ့ ဆီအရေအသွေးကြောင့် ဖြစ်ရတာကျိန်းသေပါပဲ။
(ဒီအပိုဒ်လေးအတွက် special thank ပါ ကွီးမျိုး)
ဂါချီပင်သံ ( ကွန်နတင်းသံကဲ့သို့)
ပင်စင်တစ်လူံးမှာထွက်နိုင်တဲ့ လေးခုမြောက်အသံက တော့ ဂါချီပင်သံပါ ။ဂါချီပင်ဟာ ကွန်နတင်းနဲ့ ပင်စင် ကိုတိုက်ရိုက်ဆက်သွယ်ပေးတဲ့စတီးပိုက်ဖြစ်ပီးတော့ Oil ring က ခြစ်ချတဲ့ဆီနဲ့ ချောမွေ့လည်ပ့တ်တာဖြစ်ပါတယ်။ပင်စင်ရဲ့ ဂါချီပင် အပေါက်ဟာ ဂါချီပင်နဲ့ လိုတာထက်ပိုမချောင်ရပါဘူး။ ဘီးပေါ်မူတည်လို့ 0.02mm ကနေ 0.05ထိပဲ ချောင်ရပါတယ်။ ဘယ်ညာကိုရွှတ်ခနဲဝင်ပေမယ့် ရှေ့နောက် မချောင်ရပါဘူး။ချောင်နေမယ်ဆိုရင်လီဘာဆွဲတိုင်း တထပ်ထပ် နဲ့ တက်လာမယ့် အသံကိုကြားရမှာပါ။ ပင်စင်အသစ်လဲရင် ရတတ်ပါတယ်။ စမ်းပုံကတော့ ဟက်မလုံးခင် ပင်စင်ကို tdc ကိုတင်ထားပီးအကျဘက်ကို နည်းနည်းငိုက်ထားပြီး လက်နဲ့ဆတ်ခနဲ ဖိချလိုက်ရင် ဒုတ်ခနဲ သိသိသာသာ လက်မှာလာတိုးပါတယ်။ သာမန်ဆိုငြိမ်နေပေမယ့် အဲ့နည်းနဲ့စမ်းမှသာ အတိအကျ အပြစ်တွေ့နိုင်ပါတယ်။
ပင်စင်အစားထိုးတဲ့အခါ ဂတ်စကက်တွေ လဲဖယ်တဲ့အခါ ပေါက်ကွဲခန်းရဲ့ မူရှိကိုရှိရမယ့်အကျယ်ကိုသတိထားစေ့ချင်ပါတယ်။ ပင်စင်နဲ့ ဘားအဖျားတွေချိတ်ပီးမလိုလားအပ်တဲ့အသံတွေထွက်တတ်ပါတယ်။
အပေါ်မှာပြောသွားတဲ့ အချက်တွေဟာ ပင်စင်တစ်လူံးကနေ ထွက်စရာအသံဟာ အဲ့အပိုင်းမှာအကုန်ပဲမို့ သေချာလေ့လာစမ်းစစ်နိုင်ကြမယ်ဆိုရင်ဖြင့် ပြုပြင်ရာမှာပိုမိုလွယ်ကူလာစေမှာဖြစ်ပါတယ်။
နံပါတ်နှစ် အသံက ( ဟက်သံ )
ဟက်ဆိုတာ အင်ဂျင်ရဲ့အပေါ်ဆုံး သို့မဟုတ် ရှေ့အကျဆုံးအပိုင်းကိုခေါ်တာဖြစ်ပီးတော့ သူကလဲအသံပြုတတ်ပါသေးတယ်။ တခါခါကျ ဟက်ကအသံဟာ နောက်က ထွက်သလိုလဲထင်ယောင်ထင်မှားဖြစ်တတ်ပါသေးတယ်။ ပုံမှန်အားဖြင့်  ဟက်တုံးထဲမှာပါဝင်တာတွေက ဘားကိုက် /ဘား / ကင်းမရှပ်/ ရော့ကာအမ်း/တိုက်ပစ်နတ်/ တိုငိပင်ပီနီယံ တို့ပဲဖြစ်ပါတယ်။
ဟက်တုံးတစ်တုံးထဲကနေ ထွက်စရာအသံအနေနဲ့  လေးသံပဲ ရှိပါတယ်။ သေချာဂရုပြုဖတ်စေ့ချင်ပါတယ်။
ဘားဂိုက် အသံ
ဘားဂိုက်ဟာ လိုတာထက်ချောင်လာတဲ့မ
အခါ အသံတစ်မျိုးပြုတတ်ပါတယ်။ကျွိခနဲ ကြွက်အော်သံမျိုးပါ။ FZတွေမှာဘားကိုက်ကြောင့် အသံတမျိုး ထွင်တတ်ပါတယ်။အဓိကကတော့ ဘားဂိုက် အမာက ချောင်တဲ့အခါ ထွက်တတ်တာပါ။ ကြွက်သေးသေးလေးတွေ စု အော်နေသလို အသံမျိုးပြနေပီဆိုရင်တော့
ဂိုက်နဲ့ဘားကိုဖြုတ်စစ်ရပါတော့မယ်။ ထူးခြားချက်က ကြွက်အော်သံဆိုရင် စလိုးနဲ့ လီဘာတစ်ဝက်မရှိတရှိမှာပဲကြားရတာဖြစ်ပြီးတော့ အရှိန်ရတာနဲ့ပျောက်လာပါတယ်။
တိုက်ပစ်သံ
ဒါက အကုန်ကြားဖူးနေတဲ့အသံပါ။Velve calerance လို့ ခေါ်ကြပြီးတော့ မြန်မာလိုဆိုရင်တော့ ဘားနဲ့ ကင်းမရှပ်ဒေါင့်ချိုး တွေအကြား လိုအပ်တဲ့ ကွာဟချက်တစ်ခုပါ။ သတိပြုရန်က တိုက်ပစ်ချိန်မယ်ဆို အေးနေတဲ့အချိန်မှာပဲချိန်သင့်ပါတယ်။ ဆိုင်ကယ်အင်ဂျင်တွေအနေနဲ့ တိုက်ပစ်ဟာ manual အတိုင်း အတအကျ ထားပေးနိုင်ရင်အကောင်းဆုံးပါပဲ။ ပူလာတာနဲ့ ပွလာမယ့် တိုက်ပစ်နတ်တွေဟာ ကပ်ချိန် ချိန်ထားမိရင် ပူလာတာနဲ့ ဘားထောက်ပါတယ်။ ဟိုင်းဝေးသွားမယ် ဆို မူလထက်နှစ်ဆလောက် ဟပေးထားတာအသင့်တော်ဆုံးပါပဲ။ သတိပြုရမယ့်နောက်တစ်ခုက တိုက်ပစ် အဟ နဲ့အသံထွက်တာကိုအချိန်အတော်ကြာ စီးမိရင်တော့ ဘားတံဖင်တွေ ထုထားသလို တေ ကုန်တာဖြစ်တတ်ပါတယ်။
ကင်းမရှပ် သံ
ကင်းမရှပ်မှာကိုပဲ ထွက်စရာက အသံနှစ်ခုဖြစ်တတ်ပါသေးတယ်။compression reducer လို့ခေါ်တဲ့ ကင်းမရှပ်ဝိတ်တုံးလေးတွေကြောင့် ခတ်သံ ပြတတ်သလိုပဲ ကင်းမရှပ်ရဲ့်ဘော တွေ သို့မဟုတ် ဘောအထိုင်တွေချောင်နေမယ်ဆိုရင် အသံနောက်တမျိုးဖြစ်တတ်ပါသေးတယ်။ ဖိအားလျှောဂါဗနာရဲ့အလုပ်က ကစ်နင်းစ သို့မဟုတ် စတတ်မွေ့စ မှာ ကော်ပရေးရှင်းစတုတ် တဝက်နားလောက်ထိ အိတ်ဇောဘားကို ဝိတ်တုံးက လော့ခ် ဘုလေးနဲ့ အသာပင့်ဟထားပါတယ်။ အင်ဂျင်နိုးတဲ့အခါတော့ ဝိတ်တုံးဂါဗနာက ပွင့်သွားတဲ့အတွက် အိတ်ဇောဘားကိုမဟထားတော့ပဲ အပြည့်အဝပေါက်ကွဲစေပါတယ်။ သူကထွက်တဲ့အသံက ဝိတ်တုံးကို စက်ရပ်ချိန်မှာဆွဲပြန်ပိတ်ပေးတဲ့စပရင်လေးကျိုးနေတာမျိုး ။ဝိတ်တုံးရဲ့ အထိုင်ပေါက်ကျယ်နေတာမျိုး ကြောင့်လဲ အသံထွက်တတ်တာပါ။ နောက်တစ်ခုက ကင်းမရှပ်ဘောခါတဲ့အခါ ထွက်တဲ့အသံပါ။တိုငိပင်ချိန်းသံနဲ့ဆင်တူပါတယ် ကင်းမရှပ်ဟာ 48°အထိ ကင့်ဘု နှစ်ခုကနေပီးတော့ ကျန်တဲ့တပါတ်လုံးလုံး က ကျောဘက်ဖြစ်နေတာပါ။ ဆိုလိုတာ ကင်းမရှှပ်ကို တည့်တည့်ကြည့်တဲ့အခါ ကြေးစည်ဝိတ် လိုဖြစ်နေတာမျိုးမို့ ဘောတွေမငြိမ်တဲ့အခါ ဘောအထိုင်တွေမငြိမ်တဲ့အခါ ကင်းမရှပ်ဟာ ခုန်နေတာကြောင့် တိုက်ပစ်လက်ဝါး သို့မဟုတ် ဒိုးခွက်တွေနဲ့ ခုန်ခုန် တိုက်နေတာကြောင့်ထွက်တတ်ပါတယ်။ကင်းမရှပ်ဘောသံဖြစ်နေမယ်ဆိုရင်တော့အထိုင်ကေဘောပါ စစ်ရမှာဖြစ်ပီး ဘောကောင်း အထိုင်ချောင်မယ်ဆိုရင်တော့ ကာဘွန်ချောင်းနဲ့ အပ်စပေါ့ ပြန်ရိုက်ပြီး သူံးလို့ရနိုင်ပါတယ်။
ဟက်တူံးမှာတော့ ပလပ်ရှည်ပြီး ပင်စင်နဲ့ သို့မဟုတ် ဘားပွင့်နဲ့ ချိတ်တဲ့ အသံမျိုးရှိတတ်ပေမယ့် ဒါက ထြစ်တောင့်ဖြစ်ခဲမို့ ထည့်မပြောတော့တာပါ။ ကင်းမရှပ်ကို အပေါ်ဆွဲ မဟုတ်ပဲ အောက်ကနေ push rod နဲ့ထိုးတဲ့စနစ်တွေမှာတော့ ကင့်ပီနီယံက ဘွတ်တွေချောင်တဲ့အခါ အသံနဲ့ဆီထွက်တတ်ပါတယ်။နောက်နေ့အပိုင်းနှစ်မှာ တိုင်ပင်ချိန်းနဲ့ ကလပ်အုံ စတဲ့အကြောင်းအရာတွေ ဆက်ရေးပေးပါ့မယ်။
အားလူံးပဲ ဆိုင်ကယ်ဗဟုသုတပြည့်ဝကြပါစေ။
Writer by
Kaung Htet Paing
Kk
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html