ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

တာယာမ်က္ႏွာျပင္ေပၚက တာယာနံပါတ္(Tyre Code) အေၾကာင္း

"တာယာမ်က္ႏွာျပင္ေပၚက တာယာနံပါတ္(Tyre Code) အေၾကာင္း"

တာယာတစ္လံုးရဲ႕မ်က္ႏွာျပင္ေပၚကသေကၤတႏွင့္စာသားမ်ား အေၾကာင္းကို ေျပာျပၿပီးတဲ့ေနာက္ ၎တို႔အထဲမွာ
အေရးအႀကီးဆံုးတစ္ခုျဖစ္တဲ့ တာယာနံပါတ္(Tyre Code) အေၾကာင္းအေသးစိတ္ေျပာျပခ်င္ပါတယ္....

တာယာထုတ္လုပ္ျခင္းလုပ္ငန္းစဥ္မွာ ရာဘာနဲ႔အျခားဓာတုပစၥည္းမ်ာ းေရာစပ္ႀကိတ္ေခ်ျခင္းမွစ၍ တာယာတစ္လံုး
ျဖစ္သည္အထိ အဆင့္ေတြမ်ားျပားသည့္အေလ်ာက္ တာယာထုတ္လုပ္သူေတြက မိမိထုတ္လုပ္လိုက္တဲ့တာယာနဲ႔ပတ္သက္ၿပီး feed back ျပန္လာတဲ့အခါ ျပန္လည္
စစ္ေဆးရလြယ္ကူေစရန္နဲ႔ တာယာရဲ႕ထုတ္လုပ္မႈ
သက္တမ္းကို သံုးစြဲသူေတြအလြယ္တကူ ၾကည့္႐ႈဝယ္ယူ
ႏိုင္ေစဖို႔ တာယာရဲ႕ေဘးနံရံေပၚမွာ တာယာနံပါတ္
(Tyre Code) ကိုထည့္သြင္းေပးထားပါတယ္။

ဥပမာ အေနနဲ႔ ပံုထဲမွာ တာယာနံပါတ္ကို ေအာက္ပါ
ဂဏန္း(၁၀)လံုး ႐ိုက္ႏိွပ္ထားတာေတြ႕ရမွာျဖစ္ပါတယ္-

" 1 8, 2 5, 1 , 3 2 5 7 3 "

၎ ဂဏန္းေတြမွာ ဘယ္ဘက္ကစေရလွ်င္ ေရွ႕ဆံုး
ႏွစ္လံုးမွာ ထုတ္လုပ္သည့္ခုႏွစ္ ျဖစ္ပါတယ္။

ဒုတိယဂဏန္းနွစ္လုံးမွာ အပတ္စဥ္ျဖစ္ပါတယ္။ တစ္ႏွစ္
လွ်င္ (၅၂) ပတ္ရိွသည့္အတြက္ ထုတ္လုပ္သည့္အပတ္စဥ္ ထည့္သြင္းထားတာျဖစ္ပါတယ္။

ငါးလံုးေျမာက္ဂဏန္းမွာ ထုတ္လုပ္သည့္ အဆိုင္း(Shift)
အမွတ္စဥ္ျဖစ္ပါတယ္။ တစ္ရက္လွ်င္ (၃)ဆိုင္းရိွသည့္
အတြက္ 1,2,3 စသည္ျဖင့္ သတ္မွတ္ထားပါတယ္။

ေနာက္ဆုံးဂဏန္း (၅)လံုးကေတာ့ ထုတ္လုပ္တဲ့ တာယာ
အလံုးေရအမွတ္စဥ္ပဲျဖစ္ပါတယ္။

တာယာနံပါတ္ေတြကို တာယာ၏ေဘးနံရံမွာ အသား
တံဆိပ္အေနနဲ႔ထည့္သြင္းထားၿပီး ထုတ္လုပ္သူေပၚ
မူတည္၍ဂဏန္းအေရအတြက္ ကြာျခားေပမယ့္
ထုတ္လုပ္သည့္ခုႏွစ္ ကေတာ့ မျဖစ္မေနပါရိွပါတယ္။

တာယာတစ္လံုး၏ သက္တမ္းဟာ ထုတ္လုပ္ၿပီး
(၅)ႏွစ္အတြင္းမွာသာ သံုးစြဲရန္အသင့္ေတာ္ဆံုးျဖစ္တဲ့
အတြက္ တာယာနံပါတ္(Tyre Code) ကိုၾကည့္႐ႈ၍
ေသခ်ာေရြးခ်ယ္ ဝယ္ယူႏိုင္ေစဖို႔ တင္ျပလိုက္ရပါတယ္....။

Writer by
Tri stars

Uni font
"တာယာမျက်နှာပြင်ပေါ်က တာယာနံပါတ်(Tyre Code) အကြောင်း"

တာယာတစ်လုံးရဲ့မျက်နှာပြင်ပေါ်ကသင်္ကေတနှင့်စာသားများ အကြောင်းကို ပြောပြပြီးတဲ့နောက် ၎င်းတို့အထဲမှာ
အရေးအကြီးဆုံးတစ်ခုဖြစ်တဲ့ တာယာနံပါတ်(Tyre Code) အကြောင်းအသေးစိတ်ပြောပြချင်ပါတယ်....

တာယာထုတ်လုပ်ခြင်းလုပ်ငန်းစဉ်မှာ ရာဘာနဲ့အခြားဓာတုပစ္စည်းမျာ းရောစပ်ကြိတ်ချေခြင်းမှစ၍ တာယာတစ်လုံး
ဖြစ်သည်အထိ အဆင့်တွေများပြားသည့်အလျောက် တာယာထုတ်လုပ်သူတွေက မိမိထုတ်လုပ်လိုက်တဲ့တာယာနဲ့ပတ်သက်ပြီး feed back ပြန်လာတဲ့အခါ ပြန်လည်
စစ်ဆေးရလွယ်ကူစေရန်နဲ့ တာယာရဲ့ထုတ်လုပ်မှု
သက်တမ်းကို သုံးစွဲသူတွေအလွယ်တကူ ကြည့်ရှုဝယ်ယူ
နိုင်စေဖို့ တာယာရဲ့ဘေးနံရံပေါ်မှာ တာယာနံပါတ်
(Tyre Code) ကိုထည့်သွင်းပေးထားပါတယ်။

ဥပမာ အနေနဲ့ ပုံထဲမှာ တာယာနံပါတ်ကို အောက်ပါ
ဂဏန်း(၁၀)လုံး ရိုက်နှိပ်ထားတာတွေ့ရမှာဖြစ်ပါတယ်-

" 1 8, 2 5, 1 , 3 2 5 7 3 "

၎င်း ဂဏန်းတွေမှာ ဘယ်ဘက်ကစရေလျှင် ရှေ့ဆုံး
နှစ်လုံးမှာ ထုတ်လုပ်သည့်ခုနှစ် ဖြစ်ပါတယ်။

ဒုတိယဂဏန်းနှစ်လုံးမှာ အပတ်စဉ်ဖြစ်ပါတယ်။ တစ်နှစ်
လျှင် (၅၂) ပတ်ရှိသည့်အတွက် ထုတ်လုပ်သည့်အပတ်စဉ် ထည့်သွင်းထားတာဖြစ်ပါတယ်။

ငါးလုံးမြောက်ဂဏန်းမှာ ထုတ်လုပ်သည့် အဆိုင်း(Shift)
အမှတ်စဉ်ဖြစ်ပါတယ်။ တစ်ရက်လျှင် (၃)ဆိုင်းရှိသည့်
အတွက် 1,2,3 စသည်ဖြင့် သတ်မှတ်ထားပါတယ်။

နောက်ဆုံးဂဏန်း (၅)လုံးကတော့ ထုတ်လုပ်တဲ့ တာယာ
အလုံးရေအမှတ်စဉ်ပဲဖြစ်ပါတယ်။

တာယာနံပါတ်တွေကို တာယာ၏ဘေးနံရံမှာ အသား
တံဆိပ်အနေနဲ့ထည့်သွင်းထားပြီး ထုတ်လုပ်သူပေါ်
မူတည်၍ဂဏန်းအရေအတွက် ကွာခြားပေမယ့်
ထုတ်လုပ်သည့်ခုနှစ် ကတော့ မဖြစ်မနေပါရှိပါတယ်။

တာယာတစ်လုံး၏ သက်တမ်းဟာ ထုတ်လုပ်ပြီး
(၅)နှစ်အတွင်းမှာသာ သုံးစွဲရန်အသင့်တော်ဆုံးဖြစ်တဲ့
အတွက် တာယာနံပါတ်(Tyre Code) ကိုကြည့်ရှု၍
သေချာရွေးချယ် ဝယ်ယူနိုင်စေဖို့ တင်ပြလိုက်ရပါတယ်....။

Writer by
Tri stars

Uni font

No comments:

lasted post in this site, touch on header

ကားတာယာအေရာင္းဆိုင္ မိတ္ဆက္ျခင္း

Html