ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Interior Lighting Design by Gray Gordon Fies, Fiald, LC (Part-4) အလင်း ပုံစံ သုံးမျိုး

Interior Lighting Design by Gray Gordon Fies, Fiald, LC (Part-4)

အလင်း ပုံစံ သုံးမျိုး(Three Elements of Light)

အခြေခံ အလင်းပုံစံသုံးမျိုးမှာ Ambient Light ၊ Focal Glow ၊ Sparkle တို့ဖြစ်ကြသည်။ နေရာ တစ်နေရာတွင် တပ်ဆင်ထားသော Ambient Light နှင့် Focal Glow တို့ အချိုးသည် ၎င်းနေရာ၏ အလင်း အမှောင် အနုအရင့် အနည်းအများကို ဆုံးဖြတ်ပေးပြီး Sparkle Light သည် ပျော်ရွှင်နှစ်လိုဖွယ် ခံစားချက် ရရှိအောင် ထက်ပေါင်းထည့်ပေးသော အလင်းဖြစ်သည်။ အဆိုပါ အလင်းပုံစံ သုံးမျိုး၏ တပ်ဆင်ထားမှု အချိုးအစားဖြင့် ရည်ရွယ်သော စိတ်ခံစားမှု ရရှိအောင် ဖန်တီးရခြင်းဖြစ်ပါသည်။
အလင်းဒီဇိုင်းပညာရှင် Richard Kelly မှ အထက်ပါ အလင်းပုံစံသုံးမျိုးတို့အား အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်-

(က) Ambient Light ။ အဆိုပါ အလင်းမှာ နှင်းကျနေသော မနက်ခင်း၏ အလင်းရောင်၊ တောင်ထိပ်ပေါ်မှ မြင်ရသော နေ၀င်ဆည်းဆာ၏ အလင်းရောင်၊ ပင်လယ်ပြင်၌ တိမ်ထူ သောနေ့၏ အလင်းရောင်၊ မြူထုကို ဖြတ်သန်းလာသော လရောင် စသည့် အလင်းရောင် များနှင့် တူညီပေသည်။Ambient အလင်းပေးစနစ်သည် အရိပ်ကင်းမဲ့သော တပြေးညီ အလင်းပေးစနစ်ဖြစ်သည်။လူနှင့် အရာတ္ထုတို့၏ အရေးပါမှုကို လျှော့နည်းစေသည်ဟု ထင်မြင်စေပြီး အခန်း၏ ကျယ်ဝန်းမှုကို ခံစားမိစေသည့် အလင်းမျိုးဖြစ်သည်။ထို့ အပြင် စိတ်ချလက်ချဖြစ်စေသော ခံစားမှုနှင့် အပြည့်အ၀ အနားယူရသည့် ခံစားမှု မျိုးကို ဖြစ်ပေါ် စေသည်။အကောင်းဆုံး ဥပမာမှာ မြူထူထပ်သော တောင်ထိပ်ပေါ်မှ အလင်းရောင်မျိုးဖြစ် သည်။အရိပ်ကင်းမဲ့ ပြီး မည်သည့် အရာကမှ ထူးကဲထင်ရှားမှု မရှိပေ။စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ် မရှိသော်လည်း သက်တောင့်သက်သာ ဖြစ်မှုနှင့် အေးအေးချမ်းချမ်း အနားယူရသည့် ခံစားမှု ရရှိစေသည့် အလင်းရောင်မျိုးဖြစ်သည်။

(ခ ) Focal Glow or Task Light ။ အဆိုပါ အလင်း အမျိုးအစားမှာ တိမ်တိုက် အပေါက်ကြားမှ ဖေါက်ထွက်လာသော နေ၏ အလင်းရောင်၊ မီးထွန်းထားသော အိမ်၏ ပြတင်းပေါက်မှ ပြင်ပသို့ ထိုးထွက်လျှက်ရှိသော အလင်းရောင်များ ကဲ့သို့ဖြစ်သည်။စာကြည့်စားပွဲမီး ၊လေယာဉ်ထိုင်ခုံမီး စသည့်တို့မှာ Focal Glow or Task Light များဖြစ်ကြသည်။ Focal Glow or Task Light အလင်းသည် အာရုံဆွဲဆောင်မှုကို ဖန်တီးပေးပြီး လူအများ၏ စိတ်ဝင်စားမှု နှင့် သတိပြု ကြည့်ရှုစေလိုစိတ်ကို လှုံဆော်ပေးပါသည်။မိမိ ပြသလိုသော အရာကို ညွှန်ပြပေးသည့် အပြင် အသားပေး ဖေါ်ပြလိုသော အရာနှင့် အရေးမကြီးသော အရာများကို ခွဲခြားပေးသည်။

(ဂ ) Sparkle or Glitter Light ။ အဆိုပါ အလင်း အမျိုးအစားမှာ မှောက်မိုက်သော ဂူထဲတွင် ကျောက်သံပတ္တမြားများ တလက်လက်တောက်ပလျှက်ရှိပုံ၊ ညအချိန် ကောင်းကင်ယံတွင် ကြယ်များ တလက်လက်တောက်ပလျှက်ရှိပုံ၊ တဟုန်ထိုး စီးဆင်းလျှက်ရှိသော စမ်းချောင်း ထဲသို့ ကျရောက်လျှက်ရှိသော နေရောင်ခြည်၏ တလက်လက် တောက်ပနေပုံနှင့် တူညီပါ သည်။ တလက်လက် တောက်ပမှုသည် အာရုံကြောများကို နှိုးဆွပြီး ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွစေသည့် အပြင် အာရုံကို ညှိ့ယူဆွဲဆောင်နိုင်သည်။ သက်ဝင်လှုပ်ရှား မှု၊ စိတ်တက်ကြွမှု ၊သိလိုစိတ်နှင့် ဟာသဥာဏ်ရွှင်သည့် ခံစားမှုကို ဖန်တီးသည်။ စိတ်ခံစားမှု အာရုံများကို အချိန်တိုအတွင်း နိုးကြားတက်ကြွစေသည်။ဖျော်ဖြေမှုနှင့် စိတ် အပြောင်းအလဲကို ဖြစ်ပေါ်စေသည်။Sparkle Light သည် လင်းလက်ပြိုးပြက်သော အလင်းဖြစ်ပြီး စိတ်လှုပ်ရှားတက်ကြွအောင် လှုံ့ဆော်ပေးရာ အလှဆင် မီးဆိုင်းပန်းဆွဲများ ၊၀တ်စုံများ၏ ဘော်ကြယ်များ၊ဇာတ်စင် နဖူးစီးများသည် ထိုအချက်ကို အကျိုးရှိစွာ အသုံး ပြုထားခြင်းဖြစ်ပါသည်။
နေသာသောနေ့၏ မြင်ကွင်းတခုကို မြင်ယောင်ကြည့်ပါက ကောင်းကင်သည် Ambient Light ကဲ့သို့ဖြစ်သည်။နေ၏ အလင်းရောင်ကျရောက်လျှက်ရှိသော မြက်ခင်းများ သစ်ပင်များ၊ တိုက်တာ အဆောက်အဦများ သည် Focal Glow ဖြစ်ပြီး စီးဆင်းနေသော မြစ်ချောင်းများသို့ ကျရောက်လျက်ရှိသည့် နေ၏ တလက်လက်ရောင်ပြန်၊ နှင်းစိုလျှက်ရှိသော သစ်ရွက်များ၏ တလက်လက် ရောင်ပြန် ၊ အဆောက် အဦးတို့၏ မှန်များမှ တလက်လက် ရောင်ပြန်တို့သည် Sparkle Light များ အဖြစ် ရှုမြင်နိုင်သည်။

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html