ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
လျှပ်​စစ်​နဲ့ပတ်​သတ်​တဲ့ ​အ​မေး၊အ​ဖြေ​လေး​တွေပါ။ အပိုင်း (၁)
မင်္ဂလာပါခင်​ဗျာ။
လျှပ်​စစ်​နဲ့ပတ်​သတ်​တဲ့ ​အ​မေး၊အ​ဖြေ​လေး​တွေပါ။
အပိုင်း (၁)
1,Circuit Breaker တစ်ခု၏ အတွင်းတည်ဆောက်ပုံ ( Internal Structural ) ကိုပြောပြပါ။
(1) Terminal ( Alternator Isolating Plug ) ရှိမယ် ။
(2) Fix Contact  ( Double Moving Contact ) တွေရှိမယ် ။
(3) Arc Contacts
(4) Splitter Plate ( Arc Chute )
(5) Roller ရှိမယ်
(6) Spring တွေပါရှိတယ်။
2, Motor Earth မိရင် ဘယ်လို Action ယူမလဲ ?
(1) Essential Load တွေဖြစ်ခဲ့ရင် C/E ကိုအကြောင်းကြားမယ်။
(2) Running Motor ဖြစ်နေခဲ့ရင် STAND-BY Motor ကို ပြောင်းမယ်။
(3) ရပ်လိုက်တဲ့ Motor ကို Breaker ချကာ Lock လုပ်မည်။  “ Men on work ” ဆိုတဲ့စာချိတ်မည်။
(4) Motor သို့အဝင် Connection မျာားကို မှတ်သားပြီးဖြုတ်ကာTape ကပ်ထားမယ်။
(5) Motor ကို Cleaning လုပ်ကာ ၊ အခြောက်ခံမယ် ။ ( Drying လုပ်)
(6) Mega Test လုပ်၍  I.R တန်ဖိုးကျနေခဲ့လျင် RE-VARNISHING လုပ်မယ်။ ( Min; 1MΩ တော့ရှိရမယ် )
3, Motor Earth မိရင် ဘယ်လို လက္ခဏာတွေပြမလဲ ?
(1) Test Switch ကိုနှိပ်ကြည့်ပြီး Earth Indication Lamp ကိုကြည့်ပြီးသိနိုင်တယ်။
(2) Motor က Over Heat ဖြစ်နေမယ်။
(3) ဆူညံသံတွေထွက်နေမယ်။
(4) ကြာရင် ညှော်နံ့ပါထွက်လာမယ်။
(5)  နောက်ဆုံး Burn Out ဖြစ်သွားနိုင်တယ်။
(6) Ampere တွေလဲ တက်နေမယ် ။
(7) Low Insulation Alarm ပါမြည်မယ် ။
4, Motor တစ်လုံးကို I.R Test လုပ်ပြပါ။
(1) Breaker ချကာ Lock လုပ်မည်။ Men on work စာချိတ်မယ်။
(2) Motor သို့အဝင် Connection များကို မှတ်သားပြီး ဖြုတ်ကာ Tape ကပ်ထားမည်။
(3) Mega Meter ၏ Selector Switch ကို ( 500 V ) Range သို့ ပြောင်းမည်။
(4) Mega Meter ၏ Click ပါသော Probe တံဖြင့် Motor Body တွင် Earth ချမယ်။
(5) ထို့နောက် ကျန်တဲ့ Probe ဖြင့် Phase တစ်ချင်းစီကိုထောက်ကာ Insulation ကိုတိုင်းမယ်။ ( Record လုပ်မယ် )
(6) တဖန် Phase To Phase Insulation တိုင်းပြီး Record လုပ်မယ်။
5, Motor တစ်လုံးကို Continuity Test လုပ်ပြပါ။
(1) Multimeter တွင် Selector Switch ကို (Ω) Range မှာပြန်ချိန်ထားမယ်။
(2) Breaker ချကာ Lock လုပ်မယ်။ Men on work စာချိတ်မယ်။
(3) Motor တွင် Connection များမှတ်သားပြီး ဖြုတ်ကာ Tape ကပ်ထားရမည်။
(4) Meter ၏ Probes များဖြင့် Motor ၏ Phase တစ်ခုချင်းစီ တိုင်းမယ်။ အဝင်အထွက် တန်ဖိုးများကို တိုင်းတာကာ
Record လုပ်မယ်။
* Phase တစ်ခုရဲ့ Continuity Resistance က အခြားတန်ဖိုးများထက် သိသာစွာ နည်းနေလျင် ထို Phase တွင် Short CKT ဖြစ်နေနိုင်သည်။    သိသာစွာများနေလျင် Connection Loose ကဲ့သို့သော Open CKT ဖြစ်နေနိုင်သည်။ *
6, Motor တစ်လုံးကို Turn Short Test လုပ်ပြပါ ။
(1) Multimeter တွင် Selector Switch ကို ohm range မှာထားမယ်။
(2) Meter ရဲ့ Probe နှစ်ခုကို Phase များတွင်ထောက်၍ တိုင်းမည်။ ( Ω Range နည်းနည်းဖြင့် တိုင်းရမည် )
(3) ရရှိလာသော Resistance တန်ဖိုးတူလျင် Turn Short မရှိပါ။
(4) ရရှိလာသော Resistance တန်ဖိုးမတူလျင် Turn Short ရှိပါသည်။
(5) Motor Winding များ Test လုပ်သည့် အခါတိုင်းမှာ Power မရှိရပါ။ Totally Power Dead ဖြစ်နေရပါမည်။
အထူးသဖြင့် G/E ရဲ့ Alternator အပိုင်းနဲ့ Motor ကြီးတွေမှာဆို ပိုသတိထားရပါမယ်။ Heater Coil တွေပါတတ်လို့ပါ။
7, On Board ပေါ်မှာ switch board ဘယ်နှစ်မျိုး ရှိလဲ ?
(1) Main Switch Board ( Alternator ရဲ့ Switch Board ကိုပြောတာ )
(2) Emergency Switchboard  ( Emergency G/E ရှဲ့Switch- Board ကိုပြောတာ )
(3) Section Board ( 440, 220, 110 V , Panel  Board တွေကိုပြောတာ )
(4) Distribution Board ( Motor Starter Panel Board တွေနဲ့ Lighting Board တွေကိုပြောတာ၊
          Feeder Panel လို့လဲခေါ်တယ်  )
8, G/E ၏ Safety Devices များကို ပြောပြပါ။
(1) Overspeed Trip
(2) L.O Low Pressure Alarm and Trip
(3) L.O High Temperature Alarm
(4) F.O Low Pressure Alarm
(5) F.O Leakage Alarm
(6) Jacket High Temperature Alarm
(7) Pyrometer
(8) Pressure Gauge
(9) Dip Stick
(10) Crankcase Relief Valve
(11) Test Cocks
9, G/E Black Out ဖြစ်ရသော အကြောင်းများကို ပြောပြပါ။
(1) Overspeed Trip
(2) Overload Trip
(3) L.O Low pressure Trip
(4) Jacket High Temperature Trip
(5) Low and High Frequency Trip
(6) Over Current Relay Trip
(7) Reverse Power Relay Trip
(8) Over Voltage Trip
(9) Under Voltage Trip
10, G/E Black Out ဖြစ်ရင် ဘယ်လို Action ယူမလဲ ?
(1) M/E Fuel Control Lever ကို Stop Position သို့ရွှေ့မည်။
(2) Telegraph တွင်လည်း Stop Position သို့ပြောင်းမည်။
(3) Emercy: G/E သည် Black Out ဖြစ်ပြီး 1Min ကြာပြီးသောအခါ Auto ထလည်ရမည်။
(4) Emercy; Air Compressor ကိုမောင်းပြီး၊ Emercy; Air Bottle ကိုလေဖြည့်မည်။
(5) Emercy; Air Bottle မှလေဖြင့် G/E နောက်တစ်လုံးကို နှိုးကာ Load တင်မည်။ Black Out
ဖြစ်သွားသော G/E ကို Fault ရှာကာ ပြင်မည်။
11, A.V.R ဆိုတာ ဘာလဲ?
     Load ပြောင်းလဲမှုကြောင့် ပြောင်းလဲသွားသော Alternator ၏ Out-Put Voltage ကို မူလ
     Voltage Limit အတွင်းသို့ ပြန်ရအောင် Auto ထိန်းပေးထားသော ကိရိယာဖြစ်သည်။
12, A.V.R ကို ဘယ်နေရာမှာ ထားလဲ ?
  Main Switcboard (သို့)
    -     Alternator Connection Box တွင် တပ်ထားသည်။
13, A.V.R အလုပ်လုပ်ပုံကို ပြောပြပါ။
 Alternator ၏ Output Voltage ကို Voltage Sensing Unit ဖြင့် Sense လုပ်သည်။ ထို Unit မှ
Actual Signal တစ်ခုထုတ်ပေးကာ Comparator သို့ပို့ပေးသည်။
 ထို Actual Signal ကို Comparator အတွင်းရှိ Setting Value တစ်ခုဖြင့် Compare လုပ်သည်။
အကယ်၍ ကိုက်ညီမှုမရှိခဲ့လျင် Error Signal တစ်ခုထုတ်ပေးကာ Amplifier သို့ပို့ပေးသည်။
 ထို Signal ကို Amplifier မှ Amplify လုပ်ကာ Control Unit သို့ပို့ပေးသည်။
 Control Unit မှ Correct D.C Excitation Current တစ်ခုထုတ်ပေးကာ Alternator ၏ Field Coil သို့
ပို့ပေးကာ မူလ Voltage Limit အတွင်းသို့ ပြန်ရောက်ရှိစေသည်။
 15% Voltage Drop ကို 1.5 Seconds အတွင်း ပြန်တင်ပေးနိုင်သည်။
14, A.V.R တွင် ပါဝင်သော components တွေက ဘာတွေလဲ?
(1) Transformerctor
(2) Rectifier
(3) Diode
(4) Zener Diode
(5) Transistor
(6) Resistor Capacitor Inductor
(7) Thyrister
15, Emergency G/E ကို Test Run လုပ်ပြပါ။
 Starting မလုပ်မီ Selector Switch ကို Local Position သို့ပြောင်းထားရမည်။
 Starting မလုပ်မီ Breaker Switch ကို OFF Position တွင် ရှိမရှိ စစ်ဆေးမည်။
( အကယ်၍ Engine Room Switchboard Breaker နှင့် Emergency Switchboard Breaker ကြားရှိ
Interlock မကောင်းခဲ့လျင် Reverse Current ဝင်ကာ Motorizing ဖြစ်နိုင်သည်။
 Start လုပ်မည်။ Frequency, Voltage နှင့် Ampere တို့ ပုံမှန်ရှိ မရှိ စစ်ဆေးမည်။
16, Under Voltage Relay ဘယ်နှစ်မျိုးရှိလဲ ၊ ဘာတွေလဲ ?
      Under Voltage Relay နှစ်မျိုးရှိသည်။
(1) Electromagnetic U/V Relay
(2) Electronic U/V Relay တို့ဖြစ်သည်။
Around 50% Voltage Dip ဖြစ်ပေါ်သည်နှင့် Breaker ကို Trip လုပ်ပေးသည်။
17, Fuse အကြောင်းကိုပြောပြပါ။ ဘယ်နှစ်မျိုးရှိလဲ ? ဘာတွေလဲ ?
 Circuit နှင့် Series ဆက်ထားပြီး High Current ဖြတ်စီးမှုကြောင့် Circuit ပျက်စီးခြင်းကို ကာကွယ်ရန်
တပ်ဆင်ထားသည်။
 Short CKT ၊ Overload စသည်တို့ ဖြစ်ပေါ်သည့်အခါ Fuse Metal ကို အရည်ပျော်စေခြင်းဖြင့်
CKT ကို Break လုပ်ပေးသည်။
 High Current ကို ဖြတ်တောက်ပေးပြီးသည့်နောက်တွင် Fuse သည် Permanently Damage ဖြစ်သွားသည်။
 Fault ရှာကာ ပြင်ဆင်ပြီးမှ Fuse အသစ်လဲရမည်။ Fuse လဲသောအခါ Terminal တွင် Voltage မရှိစေရ။
 Three Phase System တွင် Fuse တစ်ချောင်းပြတ်သည်နှင့် ကျန် Fuse နှစ်လုံး အပါအဝင်
Fuse သုံးလုံးစလုံးလဲရမည်။
 Fuse နှစ်မျိုးရှိသည်။ ၄င်းတို့မှာ -
 (1) Rewireable Fuse
 (2) Cartridge Fuse
18, Over Load Relay ဘယ်နှစ်မျိုးရှိလဲ ၊ ဘာတွေလဲ ?
      Overload Relay (3) မျိုးရှိသည်။
(1) Magnetic Overload Relay ( Dash Pot )
(2) Terminal Overload Relay
(3) Electronic Overload Relay
သတ်မှတ် Load ၏ 150% ကျော်သောအခါ Trip လုပ်ပေးသည်။
19, Short ckt relay ဆိုတာဘာလဲ ?
 Coil နှစ်ခုပူးပြီး Alternator ပျက်စီးခြင်းကို ကာကွယ်ရန် တပ်ဆင်ထားသည်။
20, Circuit Breaker ဘယ်နှစ်မျိုး ရှိသလဲ? ဘာတွေလဲ ၊ Amp တွေကဘယ်လောက်တွေလဲ ?
 Circuit အတွင်း Termanal Over Load နှင့် Short Circuit ကဲ့သို့သော Fault များဖြစ်ပေါ်သောအခါ
Breaker ရှိ Main Contact ကို Open လုပ်ပေးခြင်းဖြင့် Circuit အတွင်းရှိ Components များ ပျက်စီးမှု
မရှိအောင် ကာကွယ်ပေးသည်။ Trip ဖြစ်ပြီးနောက် Fault ကို ပြုပြင်ပြီး Breaker Reset လုပ်ကာပြန်လည်
အသုံးပြုနိုင်ပါသည်။
          Breaker (3) မျိုးမှာ - (1) Miniature Circuit Breaker ( 5A ~ 100A )
                                      (2) Moulded Case Circuit Breaker ( 30A ~ 1500A )
                                      (3) Air Circuit Breaker (600A ~ 6000A )
21, Reverse power relay ဘယ်နှစ်မျိုးရှိသလဲ၊ ဘာတွေလဲ ? တပ်ဆင်ရခြင်း ရည်ရွယ်ချက်ကဘာလဲ ?
      Reverse Power Relay  (၂) နှစ်မျိုးရှိသည်။
(1) Induction – Disc Instrument Type R/P Relay
(2) Electronic R/P Relay
    A.C.B  ကို Trip လုပ်ပေးသည်။
22, Earth Lamp တပ်ဆင်ထားရခြင်း၏ ရည်ရွယ်ချက်ကိုပြေပြပါ။
     System အတွင်း Earth Fault ဖြစ်နေပါက Visual Signal ပေးနိုင်ရန် ဖြစ်သည်။
23, No Load Trip ဆိုတာဘာလဲ ?
 G/E တစ်လုံးအား Manually Disconnect လုပ်သောအခါ Load ကို Nearly Zero အထိလျော့ချ
ပြီးမှသာ A.C.B ကို Open လုပ်ပေးရပါသည်။
 ထိုအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် Reverse Current ပြန်ဝင်ကာ Alternator Motorizing
မဖြစ်စေရန် Load Zero ရောက်သည်နှင့် Trip လုပ်ပေးနိုင်ရန် တပ်ဆင်ထားသည်။
24, Switch Board တွင် အန္တရာယ်မဖြစ်စေရန် ဘယ်လိုကာကွယ်မလဲ ?
  Insulation Rubber (or) Plactic Mat ကို Switch Board ရှေ့တွင် ထားရမည်။
 Switch Board ရှိ Metral Plates များကို Earth ချထားရမည်။
 Operator သည် Switch များကို ကိုင်တွယ်ရာတွင် ဘေးကင်းစေရန် Electrician Hand Gloves များကို
အဆင်သင့်ထားရှိမည်။
25, Emergency Switchboard တပ်ဆင်ထားသော ရည်ရွယ်ချက် ?
 Main Power Failure ဖြစ်သွားသောအခါ Emecy; G/E မှထုတ်ပေးမည့် Power များကို
Distribute လုပ်နိုင်ရန်
 Electric Shore Connection ယူသောအခါ Emecy; Switchboard မှတစ်ဆင့် Main Switchboard
သို့ Power များကို Back Feeds ပေးရန်
 440 volts နှင့် 220 volts ဟူ၍ Section (၂) ခုပါရှိသည်။
26, Emergency Switchboard မှာ Safety Devices တွေက ဘာတွေလဲ ?
(1) Breaker                                                          
(2) Fuses            
(3) Meter ( Ammeter , Voltmeter , KW Meter )
(4) Indicator
(5) Space Heater
(6) Interlock    
27, Essential Load တွေက ဘာတွေလဲ ?
 Personal Safety အတွက်လိုအပ်သော Load များ၊ Safe Navigation အတွက်လိုအပ်သော
လိုအပ်သော Load များနှင့် Main Engine Propulish အတွက်လိုအပ်သော Load များဖြစ်သည်။
( Emey; Lighting, Navigation Lighting, General Alarm, Fire Detecting System and Alarm
  Emecy; Steering Power, M/E Control System နှင့် Watertight Door တို့ပါဝင်သည်။)
28, Non-Essential Load တွေက ဘာတွေလဲ ?
 Power Cut Off လုပ်လိုက်သောအခါ M/E Propulsion နှင့် Save Navigation တို့အပေါ်
သက်ရောက်ခြင်းမရှိသော Load များဖြစ်သည်။
( Air Cond; System, Accomo; Fan, Amplifier, Entertainment နှင့် Cargo Hold Fan
တို့ပါဝင်သည်။ )
29, Earth Fault ရှာပြပါ။
 Switchboard & Test Switch ကိုနှိပ်သောအခါ Earth Lamp (3) လုံးတွင် တစ်လုံးမှိန်ပြီး ကျန်နှစလုံး
လင်းနေလျင် ထိုမှိန်သွားသော မီးလုံးနှင့်သက်ဆိုင်သော Group တွင် Earth Fault ရှိနေသည်။
 Circuit Breaker တစ်ခုချင်းစီဖြုတ်ကာ Test Switchboard ကို နှိပ်ကြည့်မည်။ Earth Lamp (3) လုံး ပုံမှန်
ပြန်လင်းနေသောအခါ Fault ဖြစ်သောနေရာကို တွေ့မည်။
(Breaker ဖြုတ်မည့် Motor သည် Running Motor ဖြစ်ခဲ့လျင် Stand-By Motor ပြောင်းမောင်းပြီးမှ 
  Breaker ကိုဖြုတ်မည်။
30, Shore Supply Connection Box မှာ ဘာတွေပါသလဲ ?
(1) Voltmeter
(2) Phase Sequence Indicator
(3) Interlock ( G/E များ Connect လုပ်ထားစဉ် Shore Supply ယူ၍မရစေရန် )
(4) Fuse
(5) Circuit Breaker
(6) Indicator Lamp
31, Shore Supply Connection Box ကို ဘယ်မှာ ထားလဲ ?
 Accommodation သို့ဝင်ပေါက်အနီးအနား (သို့) Emergency G/E Room ထဲတွင်ထားရှိသည်။
32, G/E တွင် over speed trip ကောင်းမကောင်း စမ်းပြပါ။
 Over speed Trip စမ်းမည့် G/E ကို NO Load ဖြင့်မောင်းထားရမည်။
 Governor Adjusting Screw ကို တဖြည်းဖြည်းတင်သွင်းရမည်။
 Tachometer ကိုကြည့်ပြီး 15% of Normal Speed တွင် G/E ရပ်၊ မရပ် စစ်ဆေးရမည်။
 Trip ဖြစ်ပြီး G/E ရပ်သွားလျင် Over speed ကောင်းမွန်စွာ အလုပ်လုပ်သည်။
33, Synchroscope ဆိုတာ ဘာလဲ?
 Running G/E နှင့် Incoming G/E တို့၏ Electrical Supply (2) ခုဖြစ်သည့် Voltage, Frequency နှင့်
Phase Angle တို့သည် Synchronize (သို့) Parallel လုပ်၍ ရနိုင်၊ မရနိုင်ကို ဖော်ပြပေးသော
Instrument ဖြစ်သည်။  
(  Synchroscope  သည် Continuously Rotate မလုပ်နိုင်သောကြောင့် Load Sharing လုပ်ပြီးသည်ျနှင့်
   OFF လုပ်ထားရမည်။ )
34, Synchronizing Method ဘယ်နှစ်မျိုး ရှိလဲ ၊ ဘာတွေလဲ?
 အဓိက Method မှာ Synchroscope ကို အသုံးကာ Synchronize လုပ်ခြင်းဖြစ်သည်။
 အခြား Back-Up Method များမှာ Synchrolamp ကို အသုံးပြုပြီး Synchronize လုပ်ခြင်းဖြစ်သည်။
(a) One Dark Two Bright Method ( Rotating Lamp Method / Sequence Method ) Three Lamp
(b) All Dark Method ( Two Lamp )
(c) All Bright Method ( Two Lamp)   စသည့် တစ်နည်းနည်းဖြင့် ဖေါ်ပြပေးသည်။
35, Synchroscope သုံးပြီး G/E နှစ်လုံးကို Parallel ( Load Sharing ) လုပ်ပြပါ။
 Switchboard တွင် Reset လုပ်ရန်ရှိသည်တို့ကို Reset လုပ်မည်။
 Incoming G/E ကို ၁၀ မိနစ်မျှ NO Load ဖြင့်မောင်းထားရမည်။
 ထို့နောက် Selector Switch ကို Incoming G/E ဘက်သို့ပြောင်းမည်။
 Synchroscope ကို ON မည်။
 Clock-Wise (Fast) ဘက်သို့ အမြန်လည်နေခြင်းသည် Incoming G/E ၏ Voltage and Freq;
များနေသောကြောင့်ဖြစ်သည်။ ( လျော့ပေးရမည်)
 Counter Clock-wise (slow) ဘက်သို့ လည်နေခြင်းသည် Incoming G/E ၏ Voltage and Freq;
နည်းနေသောကြောင့် ဖြစ်သည်။ (တင်ပေးရမည်)
 Incoming G/E ၏ Freq; ကို Bus Bar ရှိ Freq; အထက်သို့ အနည်းငယ်ပိုတင်ထားပေးရမည်။
 Pointer သည် Clock-wise (Fast) ဘက်သို့ 1 rev/5sec ဖြင့်လည်နေပြီး Pointer ( 11 O’ clock )
သို့ရောက်သောအခါ A.C.B ကို Close လုပ်မည်။
 Synchroscope ၏ Selector Switch ကို OFF လုပ်မည်။
36, Synchroscope ပျက်ရင် G/E နှစ်လုံးကိုဘယ်လို Parallel လုပ်မလဲ ?
  Synchronizing Lamp ကို အသုံးပြု၍ Parallel လုပ်မည်။
  Trip များ ပြုတ်နေလျင် Reset လုပ်မည်။
(1) Selector Switch ကို Incoming G/E ဘက်သို့ပြောင်းမည်။ ထိုအချိန်တွင် Lamp များသည်
Clock-wise (or) Antilock-wise Direction အတိုင်း လင်းလိုက် မှိတ်လိုက်ဖြစ်နေမည်။
(2) Incoming G/E and Running G/E တို့၏ Voltage and Freq;  တို့ကို စစ်မည်။
(3) Prime Mover မှ Speed Adjust ကို အသုံးပြုပြီး Clock-wise Direction အတိုင်း Lamps
များတဖြည်းဖြည်း လင်းလိုက် မှိတ်လိုက် ဖြစ်အောင်ချိန်မည်။
(4) Top Lamp (key Lamp) မှိတ်ပြီး၊ Bottom Lamps (2) လုံး Equal Bright ဖြစ်သောအခါ A.C.B ကို
Close လုပ်မည်။
37, Synchroscope နှင့် Synchrolamp ပျက်နေသောအခါ G/E နှစ်လုံးကို ဘယ်လို ချိတ်မလဲ ?
  Volt meter (500V) ကို အသုံးပြုပြီး Parallel လုပ်မည်။
(1) Incoming G/E မှ Circuit Breaker ကို Voltmeter ၏ Probes များဖြင့်ခွလျက် Same Phase ကို
Connection လုပ်မည် Voltmeter ရှိ Pointer သည် Zero ~ Maxium သွားလိုက် Max; ~ Zero
သွားလိုက် ဖြစ်နေမည်။
38, G/E ၏ Jacket High Temp; Alarm စမ်းပြပါ။
     မောင်းနေစဉ် - Thermostat (or) Thermister ၏ setting ကို ပုံမှန်အောက်လျော့ချိန်မည်။
                        Alarm လာလျင်ကောင်းး၏။
     ရပ်ထားစဉ် -   Sensor ကိုဖြုတ်၍ Hot Water ထဲတွင်နှစ်ထားမည်။ Alarm လာလျင် ကောင်း၏။
39, Surveyor လာသောအခါ G/E မှာ ဘယ် Alarm တွေ စမ်းတတ်လဲ ?
(1) Overs-peed Trip
(2) L.O Low Pressure Trip
(3) Jacket High Temperature Alarm
(4) Overload Trip
(5) Reverse Power Trip
40, Earth Fault Lamp ဆိုတာဘာလဲ ? တပ်ဆင်ထားရတဲ့ ရည်ရွယ်ချက်က ဘာလဲ ?
  Power Distribution System တွင် Earth Fault ရှိ မရှိ ဖော်ပြပေးသော Set Of Lamp ဖြစ်သည်။
  System အတွင်း Fault ဖြစ်နေပါက Visual Signal ပေးနိုင်ရန် ဖြစ်သည်။
41, Circuit Faults ကဘာတွေလဲ ? ရှင်းပြပါ။
(1) Open Circuit Fault
 Conductor ပြတ်တောက်သွားခြင်းကြောင့် Current ဆက်လက်စီးဆင်းနိုင်မှု မရှိတော့ခြင်းကြောင့်
ဖြစ်ပေါ်လာသည်။
(2) Earth Fault
 Insulation ပေါက်ပြဲသွားခြင်းကြောင့် Conductor နှင့် Ship’s Hull (သို့) Earthed Metal
ထိစပ်သွားခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည်။
(3) Short – Circuit Fault
 မတူညီသောနေရာနှစ်ခုမှ Insulation ပေါက်ပြဲကာ ယင်းနေရာများမှ Conductor များ တစ်ခုနှင့်တစ်ခု ထိစပ်နေသောကြောင့်ဖြစ်ပေါ်လာသည်။
42, Alternator ကို Maintenance လုပ်ပြပါ။
 သက်တိုင်ရာ G/E ၏ Prime Mover ကို ရပ်ရရမည်။
 Starting System နှင့် Breaker ကို Lock လုပ်ရမည်။
 Totally Dead ဖြစ်စေရန် Space Heater ကို OFF ထားရမည်။
 Switch Board တွင် “ Men On Work ” စာချိတ်ရမည်။
 Terminal Connection များ၊ Insulation များ၏ Tightness ကို စစ်ဆေးမည်။
 Bearing Oil Level နှင့် Condition ကို စစ်ဆေးမည်။
 Cooling Air Intake Filter နှင့် Exhaust Fan Opening တို့ကို Clean လုပ်မည်။
 Stator and Rotor Winding များကို Rubber Hose တပ်ထားသော Vaccume Cleaner ဖြင့်
Clean လုပ်မည်။
 အကယ်၍ Winding များတွင် Oil Deposit  များကပ်နေပါက Drain Pluge ကို ဖွင့်ကာ Electro Cleaner
( Special Degreasant Liquid ) ဖြင့်ဆေးမည်။
 Rotor နှင့် Stator ကြားရှိ Air Gap ကို Feeler Gauge ဖြင့် ( Top – Bottom , Port - Starboard )
၎ နေရာတိုင်းမည်။ ( Usually – 0.5mm  -  1mm )
 Alternator ကို Lamp ဖြင့် အပူပေးသည်။ ( Temperature 43°C ထက်မပိုရပါ။)
43, Fuses Setting များကိုပြောပြပါ။
 10% Overload တွင် ကောင်းကောင်း အလုပ်လုပ်နိုင်သည်။
 50% Overload ဖြစ်ပြီး 4 Minutes ကြာသောအခါ ပြတ်သွားမည်။
 100% Overload ဖြစ်ပြီး 45 Seconds ကြာသောအခါ ပြတ်သွားမည်။
 200% Overload ဖြစ်ပြီး 9 Seconds ကြာသောအခါ ပြတ်သွားမည်။   
 300% Overload ဖြစ်သည်နှင့် ချက်ခြင်းပြတ်သွားမည်။
44, Generator များ  Parallel လုပ်နိုင်ရန် လိုအပ်ချက်များကို ပြောပြပါ။
 Incoming G/E နှင့် Main Bus Bar နှစ်ခု၏ Voltage တူညီရမည်။
 Incoming G/E နှင့် Main Bus Bar နှစ်ခု၏ Freq; တူညီရမည်။
 Incoming G/E နှင့် Main Bus Bar ကို Synchronize လုပ်ထားရမည်။
45, Alternator တစ်လုံး Motorizing ဖြစ်ပေါ်လာမည့် လက္ခဏာများကို ပြောပြပါ။
(1) ထို Alternator သည် ပူနေမည်။
(2) Load ကျနေမည်။
(3) ထို Alternator နှင့် တွဲထားသော Prime Mover ၏ R.P.M တက်နေမည်။
46, Alternator တစ်လုံးကို Megga Test လုပ်ပြပါ။
(1) Terminal Box မှ Neutral Point ကိုဖြုတ်မည်။ A.V.R  ကို Isolate လုပ်မည်။
(2) Rotor to Earth , Stator to Earth , Phase to Earth , Phase to Phase စသည်တို့ကို
Megga Readingလုပ်ကာ Record ယူမည်။
       Δ ( Megga Reading တန်ဖိုးသည် Reasonable Value ဖြစ်သောအခါ Winding Insulation မှ Abrasion
            များကို Repair လုပ်ရန် Winding များကို High Quality Air Drying Varnish ဖြင့် မှူတ်ကာ အခြောက်ခံမည်။ )
47, Alternator အတွက် Safety Devices တွေက ဘာတွေလဲ ?
(1) Preferential  Trip
(2) Over Current Trip
(3) Under Voltage Trip
(4) Reverse Power Trip တို့ဖြစ်သည်။
48, Emergency G/E မှ Power များသည် မည်သည့်နေရာသို့ သွားသနည်း။
(1) Emergency Fire Pump
(2) Emergency Air Compressor
(3) Emergency Steering Gear
(4) Emergency Lighting
(5) Navigation System
(6) Fire Detecting and Alarm System
(7) Sprinkler System
(8) General Alarm
(9) Battery Charging
(10)  Communication System
(11)  Watertight Door
49, Emergency G/E ၏ လိုအပ်ချက်များကို ပြောပြပါ။ (p-171) vol.1
(1) Main နှင့် Auxiliary Machinery Space များ၏ အပြင်ဘက်တွင် ထားရှိရမည်။
(2) Emecy; G/E အနီးတွင် Own Distribution Switchboard ထားရှိရမည်။
(3) Automatically Starting လုပ်နိုင်ရမည်။ ( By Air or By Battery )
(4) Main Power Failure ဖြစ်သည်နှင့် 45 sec အတွင်းလည်ပတ်နိုင်ရမည်။
(5) Battery သည် 30 Minutes အတွင်း Repeated Start (3) ကြိမ်နှင့်အထက်ကို Start လုပ်နိုင်ရမည်။
(6) အသုံးပြုမည့်ဆီ၏ Flash Point သည် 43°C အောက် မနည်းစေရပါ။
(7) 0°C ရှိသော Cold Condition တွင် အလွယ်တကူ Starting လုပ်နိုင်ရမည်။
(8) Cold Weather တွင် ရေမခဲစေရန် Jacket Water System တွင် Anti-Freezing Agent ကို
Treated လုပ်ထားရမည်ဖြစ်ပြီး Heating Arrangement များကိုလည်း တပ်ဆင်ထားရမည်။
50. Shore Supply Connection Box ဘယ်နေရာမှာရှိလဲ ?
 Accommodation သို့ ဝင်ပေါက်အနီးနား (သို့) Emercy; G/E Room ထဲတွင်ထားရှိသည်။
Credit
မေတ္တာဖြင့်
T.Y.M.M
No comments:
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html