Mazda ကားတွေရဲ့ i - stop system အကြောင်းနှင့်
Battery လဲပြီး i- stop reset ပြုလုပ်နည်း
Start -stop or i -stop system
ကားတွေ မီးပွိုင့် မိတဲ့အခါ သို့ မဟုတ် ယာဉ်ကြော ပိတ်ဆို့ နေတဲ့ အချိန်မျိုးမှာ အလိုလျောက် စက်ရပ် ပေးတဲ့စနစ်ကို mazda 2
mazda 3 , mazda 6 , CX-5 စသည့်ကားတွေမှာ အလိုလျောက်စက်နိုးစက်ရပ် စနစ် တွေသုံးပြုလာပါတယ်
ဒီစနစ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆီစားသက်သာအောင်
Exhaust ဓာတ်ငွေ့ လျော့ ချစေ ရန်အတွက် ဖြစ်ပါတယ်။
i- stop မီးအစိမ်းလေးဘယ်အခြေ နေမျိုးမှာဖြစ် ပေါ်လဲဆိုတော့
Engine idle stopping and restarting အခြေနေမျိုးမှာ ( Europe ကားကလွဲလို့  )
မောင်းနေစဉ် brake နင်းလိုက်တဲ့အခါ engine idling stopဖြစ် သွားတဲ့အခါမျိုးမှာဖြစ်ပေါ်ပါ တယ်
system ရဲ့ operation ဟာ ဘယ်လိုအခြေနေမျိုးမှာမှ စတင်အလုပ်လုပ် လဲဆိုတော့
-Engine ECT သတ်မှတ်အပူချိန်ရောက်တဲ့အချိန်
-Battery charging စနစ်ကောင်းမွန်တဲ့အခြေအနေ
- (SKYACTIV-D 1.5 , 1.3 engineဆိုရင် engine warm up အခြေအနေ
- All door and lift gate bonet တွေမပိတ်ထားရင်လည်း အလုပ်မလုပ်ဘူး
i -stop systemမှာ errorရှိပြီဆိုရင် spanner ( ဂွ ) ပုံလေးနဲ့ i -stop မီးအဝါရောင်လေး ပါတွဲလင်း တက်ပါတယ်
အဖြစ်များဆုံးerrorကတော့ Battery ပြသာနာပါ
i -stop systemပါတဲ့ ကားတွေ battery လဲမယ်ဆို ရင်
သူ့ သတ်မှတ် Ampere အတိုင်းHPB ( High performance Battery ) သာလဲပေးရပါတယ် ။
i - stop system မှာ errorရှိရင် Battery
Alternator နှင့် Battery current sensor ,
Battery temperature sensor တို့ ကို စစ်ဆေးပါ
ကျွန်တော် ကြုံဖူးတာကတော့ Battery ကို့ သတ်မှတ် Ampere အတိုင်းမလဲပေးတဲ့ပြသနာ အရမ်းပူပြင်းတဲ့အချိန်
A/C ဖွင့်ထားတဲ့ အခါ မျိုးမှာ i - stop systemအလုပ်မလုပ်ပါဘူး i - stop မီးလင်းပြီး dash broad မှာjapanစာတွေ ပေါ်လာ ပါတယ်
နောက်ပြီးတစ်ချို့ ကားတွေ Battery replacemet လုပ်ပြီးရင်လည်း
i- stop system ကို reset လုပ်ပေးရပါတယ် ။
Europe ကားတွေဆိုလဲ ဒီအတိုင်းပါဘဲ
ဥပမာ BMW X5 လိုကားမျိုးတွေ Battery လဲပြီးရင်
Scan နဲ့ Register ပြန်လုပ်ပေးရတယ် မလုပ်ပေးရင်
Battery အသစ်လဲပြီး လည်း Charging မီးလင်းနေတက်တယ် မီးကြီး ဖွင့်မရ တံခါးတွေ အတင်အချ မရဖြစ်တက်ပါတယ် ။
i - stop စနစ်အသုံးပြုထားတဲ့ ကားတွေမှာလည်း Battery လဲပြီးရင် လိုအပ်ရင် register
လုပ်ပေးသင့်ရင် လုပ်ပေးရသလို reset ပြန်ချသင့်ရင်လည်းပြန်ချပေး ရပါတယ်
Battery လဲပြီး i stop systemကို reset လုပ်မယ်
1. engine ကို သတ်မှတ်အပူချိန်ရောက်အောင်အရင်နှိုးထား
A/C ပိတ်ထား radio ပိတ်ထား electrical နဲ့ ဆိုင်တဲ့အရာအားလုံး offထား
2. ပထမဆုံးသာ့ပိတ်လိုက် engine stop
3. သော့ပြန်ဖွင့် ( စက်မနှိုးရ ) သော့ ဖွင့်ပြီး 5 second အတွင်း i -stop switch ခလုတ်ကို သုံးစက္ကန့် လောက် ဖိထားရပါတယ်
4. engineကို စက်နှိုး
5. i-stop OFF switch ကို ဖိထား
i -stop မီးအစိမ်းလေး လင်းလာလိမ့်မယ်
မီးမလင်းဘူးဆိုရင် အပေါ်ကအဆင့်၃ ကသေချာပြန်လုပ်ပေး
6. ပြီးတော့ ဆယ်မိနစ်လောက် idle slow နဲ့ နှိုးထားပါ i -stop မီးအစိမ်းလေးပိတ်သွားတဲ့အထိ
7. ဆယ်မိနစ်လောက်နှိုးထားတာတောင် i stop lightမပျောက်သေးဘူးဆိုရင် စက်ကို ရပ်လိုက် သုံးမိနစ်လောက်မှ စက်ပြန်နှိုးပြီး i -stop system ကပုံမှန်ဟုတ်မဟုတ် driving test လုပ်ကြည့်ပါ
ငွေကြေးပေးမှ ရတဲ့ပညာတွေကို တန် ဖိုးထားကြသလို
online ကနေ sharing လုပ်ပေးနဲ့ တဲ့သူတွေအားလုံးရဲ့ 
ပညာကိုလည်း တန်ဖိုးထားတက်ကြပါစေ
Writer by
pyae phyo kyaw
No comments:
Post a Comment