ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မိုးတွငိးမှာ မဖြစ်မနေ စစ်ဆေးသင်တဲ့ ကားအောက်ပိုင်များ


ကားတစ်​စီးရဲ့ ​အောက်​ပိုင်းက
သဲကာလေးတွေ မကောင်းတာနဲ့ 
ကားတစ်စီးလုံးဘာဖြစ်သွားနိုင်လဲ ??
....

မင်္ဂလာပါ။
Safety Way စီအစဉ်က ကြိုဆိုပါတယ်။
ကားမောင်းတဲ့အခါမှာ ဘာတွေကိုသိထားပြီး
ဘာတွေကိုရှောင်ရမယ်ဆိုတာကို ဒီအစီအစဉ်မှာမြင်တွေ့ရမှာပါ။
ကားတစ်စီးနဲ့ ပတ်သက်ပြီး သိသင့် ၊သိထိုက်တဲ့ ဗဟုသုတွေ
လမ်းစည်းကမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာ တွေကို တင်ဆက်ပေးမှာပါ။
ဒီအပတ်အစီအစဉ်မှာ ဘယ်လိုအကြောင်းအရာတွေကို တင်ဆက်ပေးသွားမလဲ
ဆိုတာကို ကြည့်လိုက်ကြရအောင်။
...
ကျွန်တော်တို့ ကားအောက်ပိုင်းမှာတပ်ဆင်ထားတဲ့ တိုက်ရော့၊ ဘောဂျွိုင်း၊
စီယာတိုင်ဂန်း၊ ဒူးဆစ် တွေရဲ့ သဲကာ လေး တွေက နွေနေပူဒဏ်ကို
ခံထားရတော့ အတ်ကွဲ၊ ဆွေးမြေ့ ၊ ပေါက်ပြဲ နေတက်ပါတယ်။
...
မိုးတွင်းရောက်တဲ့အခါမှာ မိုးရေတွေ၊ ရွှံတွေ က ပေါက်နေတဲ့အထဲကို ဝင်ပြီး
ဒုက္ခ ပေးတက်ပါတယ်။
...
ဒီပေါက်ပြဲနေတဲ့  နေရာက အမဲဆီတွေက အပြင်ကိုယိုတယ်။
အမဲဆီမရှိတော့ အထဲမှာ အလုပ်လုပ်တာ ချောမွေ့မှုမရှိတော့ပဲ
ချောင်တာတွေ ဘာတွေဖြစ်လာတာပေါ့ဗျာ။
နောက်ပြီး ပေါက်နေတဲ့အထဲကို ရွှံတွေ သဲတွေ ဝင်ပြီး ပြန်မထွက်တော့ပဲ
အတွင်းမှာပွတ်စားပြီး စပ်ဆက်ပစ္စည်းတွေကို ပျက်စီးစေပါတယ်ဗျ။
...
ကားအောက်ပိုင်းမှာတပ်ဆင်ထားတဲ့ပစ္စည်းတွေထဲမှာ
တိုက်ရော့ နဲ့မိန်းလုံး က အဖြစ်အများဆုံးဖြစ်လိမ့်မယ်။
တိုက်ရော့ဆိုရင် ကျိုးတာ ၊ပြုတ်ထွက်တာတွေ ဖြစ်တက်တယ်။
တောင်တက်တောင်ဆင်းလမ်းတွေ၊ အဝေးပြေးလမ်းတွေပေါ်မှာ
တိုက်ရော့ပြုတ်ထွက်တာ ၊ကျိုးတာတွေဖြစ်ပြီး
အသက်အန္တရာယ်ကြုံတဲ့အထိဒုက္ခရောက်တဲ့
ကားတွေတော်တော်များများတွေ့ဖူးတယ်။
နောက်ပြီး Bll joint မကောင်းရင်လည်း အန္တရာယ်များတယ်။
Ball joint က ကားစီယာတိုင် ဘယ်ညာအကွေ့တွေမှာထိန်းပေးတာဆိုတော့
သဲတွေရွှံတွေ ဝင် တာ၊ အမဲဆီ ယိုတာ တွေ ဖြစ်ရင်
စီယာတိုင် မာလာတာတို့၊ ပေါ့ရွှတ်ပြီးထိန်းရခတ်တာတို့ကို ဖြစ်စေတယ်။
နောက်ပြီး CV joint (ဒူးဆစ် ပေါ့ဗျာ) ဒူးဆစ်ဘောတွေကိုထိန်းထားတဲ့
ကလစ်တွေပြုတ်ထွက်ရင်တော့ ဂီယာ free low ဖြစ်နေတက်တယ်။
...
တစ်ခါတစ်လေ ကျနော်တို့ဟာ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီးပေါ့ဆမိတဲ့အရာလေးတွေက ကြီးကြီးမားမား ပျက်စီးမှုတွေ ကိုဖြစ်စေတက်ပါတယ်။
ကျွမ်းကျင်သူတွေနဲ့စစ်ဆေး ပြီးလဲစရာရှိတာတွေ လဲလှယ်ထားဖို့ သတိပေးလိုက်ပါရစေ။
................


Cred
ယခု အစီအစဉ်အတွက် နည်းပညာကို
NTR Auto Parts မ











lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html