ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အိမ်သုံး ဆိုလာ စနစ် On-grid solar system

အိမ်သုံး ဆိုလာ စနစ် ( On-grid solar system )
♠♠♣♠🗯💭💬♠♣♠♣♠♠♣

တခြားနိုင်ငံ မှာ သုံးတဲ့ Solar for home နေအိမ်များအတွက် တည်ဆောက်ထားတဲ့ Solar system အကြောင်းပါ ။ On grid solar  / grid-tie solar / hybrid solar system အစရှိ သဖြင့်ခေါ် ကျပါတယ် ။
လျပ်စစ်မီးလဲ ရတယ် ဒါပေမဲ့ နေရောင်ခြည် ကို အသုံးချချင်တယ် ဆိုရင် အဲဒီ system ကို သုံးကျပါတယ် ။
အဓိ ကအားသာချက် ကတော့ Solar ပြားတွေ နဲ့  နှစ်ပေါင်း ၂၀ လောက် နေရောင်ခြည် နဲ့ လျပ်စစ် အား ကို အလကားသုံးရတာပါပဲ ။ နောက် ပိုလျံတာ ကို အစိုးရ လျပ်စစ်  main grid ထဲထည့်ပြီး ပြန်ရောင်းတာပါပဲ ။ နေရောင် မရတဲ့ အချိန်မှာ တော့ အစိုးရက ဖြန့်တဲ့ လျပ်စစ် ကို သုံးတယ်ပေါ့ ။
အားနည်းချက် ကတော့ ပထမဆုံး Solar ပစ္စည်းဖိုးတွေ စိုက်ထား ရတာပါပဲ ။ တခြား နိုင်ငံတွေ မှာတော့ အဲဒီ အတွက် အစိုးရ က အတိုးမဲ့ ချေးပေးပါတယ် ။
ပါဝင်တဲ့ ပစ္စည်းတွေ ကတော့ PV solar ပြားတွေ  ။ Smart inverter ရယ်ပါပဲ ။
အလုပ်လုပ်ပုံ ကတော့  Smart inverter ထဲ မှာ solar က အ၀င် နဲ့ အစိုးရ လျပ်စစ် အ၀င် ၂ ခုထည့်ထားတယ် ။ နောက် pure sine wave ကို အလွန်တည်ငြိမ်တဲ့ Volt ကို ပြန်ထုတ်ပေးပါတယ် ။
Solar က ရရင် အဲဒီ ကသုံးနေပြီး ပို ရင် အစိုးရ grid ထဲ ပြန်ထည့်ပြီး မီတာ ကို ပြောင်းပြန်လည်စေပါတယ် ။ နေရောင်ပျောက်ရင်တော့ ပြန် ယူသုံးပါတယ် ။
ကြီးကြီးတတ်ထားရင်တော့ ဘဲသားဘဲခြေပေါ့ ။ ပိုရင် အိမ် ပိုင်ရှင် ကပြန်ရပါဦးမယ် ။
အရင် က solar ပစ္စည်းတွေ နဲ့ ပတ်သက်ပြီးရင် ကမ္ဘာ မှာဈေး ကြီးပါတယ် ။ အခုနောက်ပိုင်း အများကြီးထုတ်တာရယ် power electronic တွေ တိုးတက် လာတာကြောင့် ဈေးတွေ အရမ်း ကျကုန်ပါတယ် ။ မယုံ နိုင် လောက် စရာဈေးတွေပါ ။
မြန်မာ ပြည်မှာတော့ အခွန် အခတွေ သယ်ယူပို့ဆောင်ရတာတွေ တချိ့ တရုပ် ဂျင်း company တွေကြောင့်တခြား နိုင်ငံထက်စာရင်  ဈေးတွေ ကကြီးနေဆဲပါ ။ အပေါစား solar ပစ္စည်းတွေ ဖြန့်ဖြူး ကျလို့ လဲ solar တွေ ကနာမည် ပျက်ကျပါတယ် ။ နည်းပညာ ကိုလဲ မလိုက်စားပဲ  အားသွင်းတာတောင် controller မပါလို့ မီးလောင် ကျပါတယ် ။
အစိုးရ အနေနဲ့ ဖြေလျော့ပေးရင် solar ဆက်စပ် ပစ္စည်း ဈေးတွေ ကျသွားရင် ဒီထက် လူတွေ ပိုတတ် ကျမှာပါ ။ Solar ပြားတွေ က တပိုင် တနိုင်နဲ့ နိုင်ငံ အတွင်းမှာ ထုတ်လို့ ပါတယ် ။
အဲဒါ ကျရင် လူတွေ က နေ့လည်မှာ Solar နဲ့ သုံးကျရင်  အစိုး ရကနေ စက်ရုံတွေ ကို ပိုပေး နိုင်ပြီး စက်မှုလုပ်ငန်းေ တွ တိုးတက်လာမှာ ပါ ။
တကယ့် ကို win-win situation ပါပဲ ။
ဖတ်ရှု တဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား

Credit to
ကျော်ဦး

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html