ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မျိုးဆက်သစ် တွေအတွက် ပေးခဲ့ချင်သော ကားဗဟုသုတ အပိုင်းအစလေးများ ၂

မျိုးဆက်သစ် တွေအတွက် ပေးခဲ့ချင်သော ကားဗဟုသုတ အပိုင်းအစလေးများ ( ၂ )

မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ကားဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့် တော့ မမှားနိုင်တော့ပါ

၁၇။ အခုနောက်ပိုင်း ကားဝယ်ရင် ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက် ကတော့ ကား မှန်မဲ ဖို့ဆိုတဲ့ ကိစ္စပါ။ အရင်တချိန် ကားမူဝါဒ မပြောင်းလဲခင်တုန်းက ကားရှားပါးလို့ မှန်ဖြူတာတွေ မှန်မဲ တာတွေဟာ ဘာမှ သိပ်အရေးမကြီးပေမယ့် ယနေ့ခေတ်လို ကားပေါများလာပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့အချိန်မှာ မှန်မဲ ရှိတယ်ဆိုတဲ့ ကား Model တွေမှာတော့  မှန်မဲ ကို စီးနင်းသူ လူတိုင်းကြိုက်ကြပါတယ် ဒါကြောင့် မော်ဒယ်တူ ကားအမျိုးအစား တူရင် မှန် Original မဲ တဲ့ကားက 10 သိန်းကနေ အထက် ကွာခြားချက်ရှိပါတယ် ကားဈေးတန်းမြင့်တဲ့ကားဆို ပိုဆိုးတာပေါ့ ဒါကြောင့် မှန်မမဲ တဲ့ကားကို မှန်စတေကာ ကပ်ရောင်းကြတာပါဗျာ ............. မဲမဲ မြင်လို့ ပေါ့ပေါ့ဆဆ ၀ယ်မိရင် မှားကုန်ပါလိမ့်မယ်

၁၈။ ကားတစ်စီးမှာ မော်ဒယ်တူတယ် အမျိုးအစားတူတယ်ဆိုရင် ယေဘုယျအားဖြင့် မှန်မဲ လာတဲ့ ဂရိတ်က ဈေးနှုန်းရော ကားအတွင်းပိုင်း သားနားမှုရော ပိုမြင့်တက်ပါတယ်။  ကိုယ်အတွက် မှန်ဖြူ  နဲ့ မှန်းမဲ ဈေးတန်းတူနေရင် မှန်မဲ ကိုသာ ရွှေးချယ်ဖို့ တိုက်တွန်းပါတယ်။ ဘာကြောင့် လည်းဆိုတော့ အသုံး မလိုတော့လို့ ပြန်ရောင်းတဲ့အချိန်မှာ မှန်ဖြူ  မှန်မဲ ကဈေး 10 သိန်း ၀န်းကျင်လောက် ဟနေပြီး ပြန် ရောင်းရခက်ပါတယ် မှန်မဲ ၀ယ်ခိုင်းတယ် စစ်ကြည့်တော့လည်း မှန်မဲ ဆိုပြီး အရမ်းကာရောကြီးလည်း ၀မ်းသာမနေနဲ့ဦးနော် မှန်မည်း မလာတဲ့ကား Grade တွေကိုတော့သေချာ သိဖို့လိုပါတယ် မသိရင်လည်းအောက်မှာ မှန်ဖြူ မှန်မဲ အလွယ် ခွဲနည်းရေးထားပါတယ် အဲ့ဒီအတိုင်းသာ အကြမ်းစစ်ပါတော့

၁၉။ ကား မှန်စစ်ပုံ စစ်နည်းကတော့ လွယ်ပါတယ် ဗျာ စတေကာကပ်ထားတဲ့ မှန်ဆိုရင် မှန်ကို အဝေးက ကြည့်ရင်  အမဲလို့မြင်ရပြီး အပေါ်ပိုင်းမှန်ဇောင်းမှာတော့ စတေကာကပ်ထားတဲ့ အရာ သိသာစွာမြင်နိုင်ပါတယ် မှန် နှုတ်ခမ်းသား ဇောင်း ကလည်း ဖြူနေတာပါ ........... Original မှန်မဲ ကတော့ အဝေးကကြည့်လဲ မှန်မည်း မှန်သားဇောင်းနဲ့ နှုတ်ခမ်းကိုကြည့်လဲ မှန် ကမဲ ပါတယ် မျက်မြင်ဆိုတော့ ကျွန်တော် ကျန်တဲ့ စစ်နည်းကို မရေးတော့ပါဘူး တချို့ ကားမှန်မဲ မမဲ ကို ကား Grade တွေနဲ့ ခွဲတာလည်း အများကြီးရှိပါသေးတယ် ............. မျက်မြင်စစ်ရတာမို့ လွယ်ကူပါတယ် ကျွန်တော် စိုးရိမ်တာက မှန်ဖြူ ဂရိတ်ကို မှန်မဲ တွေ ထိုင်းဘက်က မှာပြီး မှန်မဲ ဈေးနဲ့ ကပ်ခွာ လုပ်ရောင်း လာကြတာလည်း တနေ့ထက် တနေ့ များလာတာမို့ သတိတော့ထားစေချင်တယ် သူတို့ကလည်း မှန်အော်အစစ်မို့ စတေကာမဟုတ်ပါ ဒါပေမယ့် ပြန်ကပ်ထားတာမို့ လက်ရာ မသေသပ်ပါ ဥပမာ ပြောရရင် Kluger G နဲ့ S ပါ တော်တော် သိသာပါတယ် G grade ဆိုရင် အတွင်းခန်း ထိုင်ခုံ အဖြူ မှန်သား အဖြူပါ ၊ S grade ဆိုရင် အတွင်းခန်း ထိုင်ခုံ အမဲ မှန်သားအမဲ ပါ ဘာလို့ ကျွန်တော် မှန်ကို အဓိကထားပြောနေရလဲဆိုတော့ Kluger လိုကားမျိုးဟာ မှန်ဖြူ နဲ့ မှန်မဲ ဈေးကွာခြားချက် သိန်း 30 လောက်အထိ ကို ကွာနေတက်ပါတယ် တခြားကားတွေမှာလည်း ဈေးတန်းအမျိုးမျိုး ကွာနေတာပါ ဒါကြောင့် ဒီနိုင်ငံလိုမပြောနဲ့ Original မှန်မဲ လူတိုင်း ကြိုက်မှန်းသိလို့ မှန်ကို စတေကာကပ်ပြီး ခွဲရခက်အောင် ဓါတ်ပုံမှာ အမျိုးမျိုး လက်ဆော့ ရောင်းကြတာကို ဂျပန်လို မူရင်းနိုင်ငံမှာတောင် တွေ့နိုင်ပါတယ် မှန်မဲနဲ့များ မှားလေလံဆွဲမိရင်သူတို့ကား လေလံ ဈေးကောင်းရမှာကိုး မှန်မဲ မမဲ ကလဲ နေရာတိုင်းစစ်လို့မရနိုင်ဘူး ဆိုတော့ ဟဲဟဲ ..... ကောင်း မှ ကောင်းပေါ့ဗျာ

၂၀။ ကားအတွက် နောက်ထပ် အရေးကြီးတဲ့ အချက်လေးတွေကတော့ ကားမှာ ပါလာတဲ့ ပစ္စည်းသေးသေးလေးတွေပါ ပစ္စည်းလေးတွေက သေးတယ်ဆိုပေမယ့် ဆိုပေမယ့် အပြင်မှာ တကယ်ဝယ်ယူရင် ခက်ခဲသလို ဈေးတန်းကလည်းမြင့်မားပါတယ် ဥပမာ ကားခေါင်မိုးတန်းလို့ခေါ်တဲ့ ( Roof Spoiler တို့ Rear Spoiler ) တို့ ဆိုတာ ဂျပန်အစစ် ပြန်ရှာဖို့ ခက်ခဲသလို ရှာပြီးတက်မယ်ဆိုရင် လည်း ကုန်ကျစရိတ်များ တက်ပါတယ် .............

၂၁။ ကား အစိတ်အပိုင်း အလှဆင်ပစ္စည်းတစ်ခုကတော့ Car Body Kit ပါဘဲ  ကျွန်တော် တို့ ဆီမှာတော့ စကပ်လို့လူတိုင်းလွယ်လွယ်ခေါ်ပါတယ် စကပ်တက်လိုက်တဲ့ ကားတွေဟာ ကားရဲ့ ရုပ်ထွက် လှလာတက်ကြပါတယ် ဒါပေမယ့် ဂျပန်နိုင်ငံက Original တပ်ထားတဲ့ စကပ်က ကလစ်နဲ့ တပ်ထားတာပါ ဒီကတက်ထားတဲ့ စကပ်တွေကတော့ ဖိုင်ဘာ ကို မိုလောင်းပြီး စကူနဲ့ ဘော်ဒီကို ဖောက်တက် ပြီး ဆေးပြန်မှုတ်ထားတာပါ Original Body Kit အထိန်း ကလစ်လို အဆောင့် အပြု ခံနိုင် တာမျိုး မဟုတ်တဲ့အတွက် ကြာရှည်မှာ ခိုင်ခံမှု ကွာခြားတက်ပါတယ်၊ အရေးကြီးတာကတော့ စကပ် ပါတိုင်း ၀မ်းသာအဲလဲ ဈေးမတန်တဆ မ၀ယ်မိဖို့ပါ။ ကိုယ့်ဘာသာကိုယ်တက်လဲ လွယ်ပါတယ်

၂၂။ ကားဝယ်ယူတဲ့လူတွေ ကားဝယ်ယူချိန်မှာ ထားရမည့် စိတ်ထားကတော့ ကားကောင်းလိုချင်စိတ်ရှည်ရပါမယ် ကိုယ့်တိုင် ထွက်ရှာမယ်ဆိုရင်တောင် အလွယ်ဆုံး နည်းကတော့ ကိုယ်နှစ်သက်တဲ့ကားတွေ့ရင် လှည့်ပါတ်သာ ကြည့်နေပါ ကားပိုင်ရှင် (သို့) ရာင်းမည့်သူ လာပါလိမ့်မယ် အဲ့လိုမှ မဟုတ်ဘဲ ကားကြည့်မယ့်နေရာ ကား ရောင်းဝယ်ရေးကွင်းရောက်တာနဲ့ ခပ်လွယ်လွယ် တွေ့တဲ့လူသွားပြီး ဒီကားတွေ ဘယ်နားရှာရမလဲ ဆိုပြီး သူလိုက်ပို့ရင်တော့ အဲ့ဒီမှာတင် ပွဲခပေးရမယ့် လူတစ်ယောက်တိုးသွားပြီလို့မှတ်သားထားရမှာပါ ဒါကြောင့် မျက်စိ နဲ့ အသိဥာဏ်ကို သာ တွင်တွင်ကြီးသုံးကြပါ သိပ်အလွယ်မကြိုက်ပါနဲ့ ကျွန်တော်ကိုယ်တိုင်တောင် တခါတလေ ဘေးနားတတွက်တွက် လာရွှတ်နေရင် မှားဝယ်မိမှာစိုးလို့ တော်တော် သတိထား ရပါတယ်

၂၃။ ကားတစ်စီးမှာ အော်တီဗီကလည်း အသက်ပါဘဲ သူ့ ပါသင့်ပါထိုက်တဲ့ တီဗီ အမျိုးအစားဖြစ်ဖို့လည်းလိုပါတယ် အရေးကြီးတဲ့ ကားတွေကတော့ Mark 2 ရွှေငါး လို့ခေါ်တဲ့ 2000 Model အထက်တွေ Kluger ဆိုတဲ့ ကားမျိုးတွေ Honda Fit လိုကားမျိုးတွေမှာ အော်တီဗီ မဟုတ်ရင် သိသိသာသာ ဈေးနှုန်း ပြောင်းလဲသွားမှာမို့ ဈေးတန်းကို ဂရုစိုက်ဖို့လိုပါတယ် အော်တီဗီတွေက လိုအပ်လို့ ဂျပန်လှမ်းမှာရင်တောင် ပြန်တပ်ဆင်ရတာ မလွယ်ပါဘူး ဈေးကလည်း အားလုံးပြီးရင် သိန်း 10 ဂဏန်းနားကပ်သွားမှာပါ ............. တချို့ကလည်း ဂျပန်က ပါလာတဲ့ ပြန်ထည့် TV ကို ဂျပန် အော်တီဗီလို့ ပြောရောင်းပါတယ် သူပြောတာ မှန်တယ်လေ ဂျပန် အော်တီဗီ၊ ကားစက်ရုံကနေပါလာတဲ့ အော် တီဗီ လို့ ပြောရောင်းတာမှ မဟုတ်တာ

၂၄။ လူစီးလို့လဲ ရ လုပ်ငန်းသုံးလဲ ရတဲ့ ကား ကျွန်တော်တို့ အခေါ် Light Truck ပုဇင်းဂေါင်းပေါ့ဗျာ  1တန် နဲ့ 750 ဆိုပြီး နှစ်မျိုး ရှိပါတယ် အဲကားလေးတွေမှာ 1 တန်ကားတွေက ဈေးတန်း ကွာခြားချက်မြင့်ပါတယ် ဒါကြောင့် 750 ကားပိုင်ရှင်တွေက ရွှေဥာဏ်တော် စူးရောက်ပြီး အိမ်အရှည်ကို ဖြတ်ဆက်ပါတယ် ပြောချင်တာ နောက်ခန်း ကို ရှည်လာအောင် ထပ်ဆက်လိုက်တာကို ပြောတာပါ စစ်ပုံစစ်နည်းကတော့ ခဲရာခဲစစ်သိပ်မရှိပါဘူး နောက်ဖရိန် ဆက်ထားတဲ့နေရာ မသေသပ်ဘူး ပြီးရင် နောက်ခန်း ဘောင်တွေကို အတွင်းပိုင်းလေးကို လက်နဲ့ ပွတ်ဆွဲကြည့်ရင် ဂဟေ နဲ့ ဆက်ထားတဲ့နေရာကို တွေ့နိုင်ပါတယ် ............ 1 တန်ကားကို 1 တန်ဈေး ပေးရတာ ပြသနာ မရှိပေမယ့်  750 ကို 1 တန်ဈေးပေးမိရင် ကိုယ်နစ်နာနိုင်ပါတယ် နောက်ပြီး ဖြတ်ပြီး ပြန်ဆက်ထားတာမို့ ကြံခိုင်မှု မရှိပါဘူး................ များသော အားဖြင့် စက်မှုဇုန် ကားတွေ မှာ ဒါမျိုး တွေ့ရ များတာပါ ဒီကောင်လေးတွေရဲ့ နောက်ပြသာနာ တစ်ခုကတော့ RTA ပြီးပြီးသားကား နဲ့ RTA မပြီးသေးတဲ့ ကားနှစ်မျိုး ကြားထဲ ရောင်းနေတာပါ ဈေးနှုန်း ကွာခြားချက် မြင့်လို့ မထင်ရင် မထင်သလို ရောင်းကြပါတယ် ........... ဂရုစိုက်ဖို့လိုပါတယ် .........

၂၅။ စီးပွားရေး ပညာ အမြင်နဲ့ ကြည့်ရမယ်ဆိုရင် လူတိုင်းဟာ ရောင်းချသူနဲ့ ၀ယ်ယူသူ ( သို့ ) စားသုံးသူဆိုပြီး နှစ်မျိုးဘဲ ရှိပါတယ် ဒီနေရာမှာ ရောင်းချသူ အနေနဲ့ ရပ်တည်ပေမယ့် နောက်တစ်နေရာမှာ ကိုယ်က ဝယ်ယူ သူပါဘဲ ဒါကြောင့် ကိုယ်ဟာ ၀ယ်သူနေရာ ရောက်နေပြီဆိုရင် တခြားတယောက်ယောက်က ရောင်းသူနေရာကို အလိုလိုရောက်ပြီးသားပါ ကိုယ့်သာဆို ဘယ်လိုရောင်းမလဲကို တွေးပြီး အရောင်းအ၀ယ်ကို မျှမျှ တတ လုပ်နိုင်ဖို့ လိုပါတယ်၊ တချို့ဝယ်သူတွေက ပါးစပ်ထဲ တွေ့ဖူးသမျှ မြင်ဖူးသမျှ ရွတ်တယ် ရွတ်တယ် ရွတ်တာမှ တော်တော်များများပါ ဒါပေမယ့် သူဝယ်ယူမယ့်ဈေးကျ တော့ တိုက်ထားတဲ့ကား အရောင်ပျက်ကိုတောင် ၀ယ်လို့ မရတဲ့ဈေးပါ ၀ယ်လိုတဲ့ဈေးတန်း မျှတမှသာ ရောင်းလို့ ၀ယ်လို့ လွယ်ကူမှာပါ ဒါကြောင့် ပေါက်ဈေးတန်းတစ်ခု ထားပြီး ကားကောင်းရင် အပေါ် ကားလျှော့ရင် အောက်ဆိုပြီး ခွဲခြားထားကြတာပါ

ပစ္စည်းတိုင်း သူ့တန်ကြေးနဲ့ သူရှိတာမို့ ကားကောင်းကောင်းကြိုက်ရင် ဈေးကောင်းကောင်း ကြိုက်ဖို့လဲ လိုပါတယ်။ ပေါ ချင်....... ချောင် ချင်.......  ကောင်းချင် တယ်ဆိုရင်တော့ နည်းနည်းလောက် စဉ်းစားပါ ကိုယ်ကရော ရောင်းသူနေရာမှာဆို ရင် ဘယ်လိုလဲ ???? ကား အရမ်းကြီး ကောင်းစရာမလိုဘူးဆိုလျှင်တော့ ငွေကုန်ကျမှု သက်သာမယ်ဆိုတဲ့ အားသာချက်လေးလည်းရှိတာကို ထည့်သွင်းစဉ်းစားပါ ပုံမှန်ကားတစ်စီးဟာ ဂျပန်မှာလည်း ပုံမှန်းဈေးဘဲ ရှိပါတယ် သိပ်ကောင်းလွန်းတဲ့ ကားတွေကတော့ ကားဈေးကိုက လေလံဆွဲရင် နှစ်ဆလောက်ဖြစ်နေတတ်လို့ ဈေးများနေတတ်တာပါ

ကျွန်တော်အခု ပြောပြတာတွေက ငွေနဲ့ လဲခဲ့ရတဲ့ အတွေ့အကြုံ စစ်စစ်တွေကို ပြောပြနေတာပါ ထောက်ခံစရာမလိုပါဘူး ငြင်းခုံလို့လည်း အကျိုး မရှိပါဘူး လူများစု အကျိုးစီးပွားအတွက် မိမိ အတွေ့ အကြုံကို နောက်လူတွေ မမှားစေရန် ရည်ရွယ်ပြီး ဒီစာကို အချိန်ပေးရေးသားပါသည်

မိတ်ဆွေတို့ သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းကား ပါစေ..................... ချစ်ခြင်းစေတနာ မေတ္တာဖြင့် ဖြန့်ဝေပါသည်။

#Credit James ........ James Ygn Good Speech

မျိုးဆက်သစ် တွေအတွက် ပေးခဲ့ချင်သော ကားဗဟုသုတ အပိုင်းအစလေးများ ( ၁ ) ဖတ်ရန်-
https://m.facebook.com/story.php?story_fbid=532923510435295&id=338444389883209



 မျိုးဆက်သစ် တွေအတွက် ပေးခဲ့ချင်သော ကားဗဟုသုတ အပိုင်းအစလေးများ ( ၄ )


မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ကားဈေးမများစေဖို့

.

၃၈။ လှတာမက်ရင် ************* 

ဟိုတစ်နေ့က မိတ်ဆွေတစ်ယောက် ၀ယ်လာတဲ့ Kluger အဖြူရောင်လေးပါဗျာ ..... တန်ချက်ကတော့ ဘာပြောကောင်းမလဲ လုံးဝကို ဈေးကွက်မှာ မရနိုင်တဲ့ဈေး .......... ကြိုတော့ သိသလို ရှိနေပါတယ် တစ်ခုခုတော့ လွဲနေပြီ ...... တန်မတန် စစ်ပေးပါဦးလာခဲ့မယ်ဆိုတော့ လာခဲ့ပေါ့ ........ ရောက်တာနဲ့ တွေ့ပါတယ် အရောင်လွဲနေပြီ ............ အဖြူ မဟုတ်လို့လား ဟုတ်တာပေါ့ အဖြူလေ ............ အဖြူတော့ အဖြူ  ငွေရောင်ကို ပြန်မှုတ်ထားတဲ့ အဖြူ ကြိးမို့ ငွေဖြူကြီးလို့ ခေါ် ရင် ပိုကောင်းမှာပေါ့နော်................ ဒါမျိုးတွေက ဒီမှာမှ မဟုတ်ပါဘူး ဂျပန်လို နိုင်ငံမျိုးကနေ လည်းပါလာတက်လို့ သေချာစစ်ဆေးရပါတယ် .......... ကားအရောင်လေးတွေ ရဲ့အသက်ဟာ Chassis မှာ ရှိပါတယ် စစ်တဲ့ နေရာမှာ မူလ အရောင်ပါ စစ်ဆေးလို့ရပါတယ် ........ ကိုယ့်နိုင်ငံ မျက်မြင်ဝယ်ရင်တော့စစ်တာက လွယ်ပါတယ် လက်ရာလည်း သိပ်မသေသပ်တက်ပါဘူး ......... တစ်ခါတလေ လူတွေက အသေးစိတ်ကို ကုန်ရုန်းစစ်နေရင်းနဲ့ မျက်စိရှေ့က တောင်လောက်ကြီး ကို မမြင်မိမှာစိုးလို့ပါ

.

၃၉။ ဆင်စာ (သို့) ဆိတ်စာ ************* 

ကားတစ်စီး ၀ယ်ရင် ဦးစားပေး ထည့်သွင်းစဉ်းစားရမယ့် အထဲမှာ လွယ်လွယ်ပြောရရင် ကားရဲ့ ဆီစားနှုန်းနဲ့ အင်ဂျင်ပါဝါကိုပါ ........... တကယ်တော့ ကားဝယ်တာဘဲ ဆီလောက်က ဂရုမစိုက်ပါဘူး လို့ လွယ်လွယ်တွေးနိုင်ပေးမယ့် တကယ့်တကယ် ရေရှည်စီးလာမယ် ....... ဒါမှ မဟုတ် ကားပြောင်းချင်လို့ ကားပြန်ရောင်းမယ်ဆိုရင်တော့ ......... ဆီစားနှုန်း နည်းတဲ့ကား ပုံစံတူ မော်ဒယ်တူရင် ရောင်းရလွယ်ကူပါတယ် ............ ဘာကြောင့်ဆိုတော့ လူများစုက ဆီစားနှုန်း သင့်တင့်တဲ့ ကားတွေကို ပိုကြိုက်ပါတယ် .......... လိုအပ်လို့ အင်ဂျင်ပါဝါ ကြီးကြီး စီးတဲ့ လူလည်း ရှိမှာပေါ့ ........... ဒါပေမယ့် ဆိတ်လောက်ခိုင်း ရင်တော့ ဆိတ်လောက်ဘဲ ကျွေးရမှာပေါ့ ဆင်လောက်ကြီးခိုင်းချင်ပြီး ဆိတ်လောက်ဘဲ ကျွေးချင်လို့တော့ မရနိုင်ပါဘူး ကိုယ်နဲ့ ကိုက်ညီမယ့် အင်ဂျင် ပါဝါကို တစ်ခါတည်း ကြိုတွေးပြီး ကားဝယ်ယူစေချင်ပါတယ် ပြန်ပြင်မရတဲ့ အထဲ မပါပေမယ့် ပြောင်းချင်ရင် ငွေနဲ့ဘဲ ပြောင်းရမှာမို့ ချွေးနဲစာကို တန်ဖိုးထားပါ

.

၄၀။ ရှောင်ထား ရှားထား ***********

ခပ်လွယ်လွယ် သုံးနှုန်းလိုက်လို့ ကားနဲ့ မနီးစပ်သူများ နားရှုပ်သွားမယ်ထင်ပါတယ်၊ ကြားကားဆိုတာ မြန်မာ နိုင်ငံမှာ အတွေ့ရနည်းတဲ့ကား ပြည်ပက မှာယူတင်သွင်းထားတာ နည်းပါးတဲ့ ကားကို ခေါ်တာပါ ရောင်းရ ၀ယ်ရ ခက်ခဲရုံတင် မကပါဘူး ............. ဈေးကွက်အရ အပို ပစ္စည်းရှားပါးမှုဒါဏ် ......... အဆင့်ဆင့် ပြန်မှာယူရရင် ကြီးမြင့်တဲ့ ကုန်ကျစရိတ်နဲ့ ............ အခန့်မသင့်ရင် မှာယူနေချိန်မှာ လနဲ့ချီ စောင့်ရတာမျိုးပါ အချိန်မရွှေးကြုံ နိုင်တာမို့ ဒီကားအမျိုးအစားကို ပြုပြင်ဖို့ခက်ခဲသလို အရောင်းအ၀ယ် ပြန်လုပ်ဖို့ ခက်ခဲတာမို့ တက်နိုင်ရင်တော့ အပိုပစ္စည်း စုံစုံလင်လင် သက်သက်သာသာ နဲ့ ရနိုင်တာကိုသာ ဦးစားပေးဝယ်ပါ ........ လိုချင်လွန်းလို့ ၀ယ်မိရင် ကိုယ့် ဒေါသနဲ့ကိုယ် ဖြစ်သွားပါလိမ့်မယ် .............

.

၄၁။ ဒိုင်စားမယ် *************

အကြိမ်ကြိမ် မှာပါတယ် ....... ကားဝယ်ရင် စမ်းမောင်းပါ ......... ကိုယ်တိုင်ဝယ်ရင်လည်း မောင်းမယ် စီးမယ်မဟုတ်လား ....... တသက်လုံးရပ်ထားရင်တော့ တစ်မျိုးပေါ့ စက်ကို မောင်းစမ်းရလို့  ကိုယ့်ကို သူများ အထင်သေးလည်းသေးပါစေ ...... ဂရုမစိုက်ပါနဲ့ ........... ကားကို စမ်းမောင်းနေတဲ့ အချိန်မှာ ကားအောက်ပိုင်းတွေ ချိုင့် ကျရင် အသံမြည်သလား အသံမြည်ရင် ရှော့ဘားဆို အသစ်ဝယ်လည်း သိန်းချီတန်တာမျိုးတွေက အများသား တံခါးရွက်တွေကအသံမြင်သလား ကားအင်ဂျင်တုန်ခါမှုက အနေတော်လား အောက်ပိုင်းကကော တည်ငြိမ်မှု ရှိရဲ့လား သိနိုင်ပါတယ် .......... မစမ်းကြည့်ဘဲနဲ့ ထင်တစ်လုံးနဲ့ ၀ယ်လိုက်မိလို့ကတော့ Car Workshop နဲ့ အောက်ပိုင်းဆိုင်တွေမှာ 10 သိန်းလောက်ကိုင်ပြီး  ........ ဒိုင်အစားသာ ခံလိုက်ပါတော့

.

၄၂။ ဒီလောက်ဆို လုံလောက်တယ် ************

ကိုယ်ကိုကို သိပ်ယုံကြည်မှု ရှိလို့ ကားကို ကိုယ်တိုင်သွားဝယ်မယ်ဆိုရင်တော့ ကားစက်သံဟာ ပုံမှန်လား ပုံမှန်မဟုတ်ဘူးလား ဆိုတာကို ကိုတော့ နားထောင်တက်စေချင်ပါတယ် ........  သိပ်နားမလည်ပါဘူးဆိုရင် Car Workshop တွေက ကျွမ်းကျင်သူ တစ်ယောက်ယောက်ကို ခေါ်သွားသင့်ပါတယ် ........... ရေတိုင်ကီထဲ ဆီဝင်နေတာဟာ အကြောင်းမဲ့မဟုတ်သလို Turbo ဆီယိုနေတာကလည်း အကြောင်းမဲ့ မဟုတ်ပါဘူး .......... အင်ဂျင်အတွင်းပိုင်း ဟက်တို့ ဘာတို့ကတော့ မကောင်းလည်း မတက်နိုင်ဘူးပေါ့ဗျာ ဒါပေမယ့် ကိုယ်စစ်နိုင်သလောက်က ကုန်စင်အောင် စစ်သင့်ပါတယ် .......... အကြမ်းဖြင်းစစ်နိုင်ရင်ကို ကားဝယ်ဖို့လုံလောက်ပါတယ် ..............


၄၃။ နောင်မပူချင် ခုမလွယ်နဲ့ **************

.

၄၄။ အပြောချိုလို့ အပျိုချောတော့မရဘူး **************

ကားဝယ်ယူသူအတွက် ကားသွားဝယ်ချိန်မှာ အရေးကြီးတဲ့ စဉ်းမျဉ်းတစ်ခုက အပြောချိုတာ သိပ်မကြိုက်ပါနဲ့ ............. အချိုရှော့စားပါ ............... အကိုကြီး အမကြီးဆိုပြီး 10 သိန်း လောက် အောက်ထစ်တီးသွားတာတွေ အများကြိးပါ .......... အများကြီးလျှော့ထားပြီးပါပြီဆိုတာကလည်း ဈေးတော့ မဟုတ်ပါဘူး ကိုယ့်ကို လျှော့လိုက်တာပါ ........... ကိုယ်ဝယ်မယ့်ကား ပေါက်ဈေးတန်းကို တိတိကျကျသိနိုင်ရမယ် ကားကောင်းဆိုဘယ်ဈေး မကောင်းတကောင်းဆို ဘယ်ဈေး အရမ်းကောင်းလွန်းနေရင် ဘယ်ဈေးတိတိကျကျသိဖို့ လိုပါတယ် အဲ့လိုမဟုတ်ဘဲ အပြောချိုလို့  နားယောင်မိရင်တော့  ဟဲ ဟဲ ........ ကျွန်တော် အတွေ့ အကြုံ အရတော့ ကားအရောင်းအ၀ယ် ပြတ်သားတဲ့ လူတွေဟာ အပိုတွေ သိပ်မပြောပါဖူး ............. လောလော လောလော လာလုပ်တာကို ပြောတာမဟုတ်ဘူးနော် ............ အပိုလုပ် အပိုပြောတာ မရှိတာ ပြောတာပါ ဘာဘဲ သိထားရင် ကိုယ့် အတွက် ချည်းပါဘဲ


၄၅။ ထင်တလုံးနဲ့ ၀င်မ၀ုန်းနဲ့ ************

.

၄၆။ ပျက်အစဉ် ပြင်မရတော့ပါ ************

ကားတစ်စီးမှာ အောက်ပိုင်းက အရေးကြီးပါတယ် ........... ဒါပေမယ့် အောက်ပိုင်းကောင်းပြီးစက်မကောင်းတော့ရော ကျွန်တော်တို့က တွန်းပြီးသွားနေရမှာလား မဖြစ်နိုင်ဘူးလေ ...... ဒါကြောင့် ကားတစ်စီး ကို စစ်ရင် အင်ဂျင် နဲ့ စက်ပိုင်းဆိုင်ရာကိုလည်း ဂရုစိုက်ပေးရမှာ ပန့်တစ်ခု ပျက်တာနဲ့ 10 သိန်းလောက်ကို သာသာလေးထွက်တဲ့ကားမျိုးတွေ ဒုနဲ့ဒေး ....... အင်ဂျင်လေးတစ်ချက်ဖောက်တာနဲ့ အတုံးလိုက်လဲ ရတဲ့ ကားတွေကလည်း အများသားဖြစ်လာတဲ့ ဒီလိုခေတ်မျိုးမှာ ............ ပျက်အစဉ် ပြင်မရဆိုတဲ့ စကားကိုဘဲ သုံးနှုံးရတော့မှာမို့ ........ သတိလေးတော့ ထားစေချင်ပါတယ် ..........

.

၄၇။ကိုယ့်ခြံမှာတော့ ကြက်ဖ ****************

နောက်ဆုံးတစ်ခုပြောချင်တာက လုပ်ငန်းတိုင်းမှာ အထာရှိတယ် အဲ့ဒီအထာတွေကို လုပ်ငန်းတူသူချင်းက မြင်တယ် ဘယ်အကွက်ကို ရွှေ့ နေတယ်ဆိုတာကအစ မြင်တယ် ဒါဟာ ....... Knowledge နဲ့ Skill ........... မတူဘူး ဆိုတာကို ပြောတာပါ သိတိုင်းမတက်ပါဘူး .......... ဒါအပြင် Practical Experience များလာမှသာ Professional လုပ်ငန်းခွင် မှာ ရှင်သန်နိုင်မှာပါ ........ ဒါကြောင့် သေးသေးလေးလေး ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီး သွားမလုပ်နဲ့ အနာရယ်များပါတယ် ............. ငွေနဲ့ အလုပ်လုပ်ရတာပါ ......... ရေနဲ့အလုပ်လုပ်ရတာ မဟုတ်ပါဘူး ....... သိပ်ပေါနေတယ်ဆိုရင်တော့ သူများခြံမှာ ကြက်ဖ လုပ်ချင်လည်းရတယ်လေ ခဏပေါ့ ........... အချိန်တန်ရင်တော့

.

ကျွန်တော်အခု ပြောပြတာတွေက ငွေနဲ့ လဲခဲ့ရတဲ့ အတွေ့အကြုံ စစ်စစ်တွေကို ပြောပြနေတာပါ ထောက်ခံစရာမလိုပါဘူး ငြင်းခုံလို့လည်း အကျိုး မရှိပါဘူး လူများစု အကျိုးစီးပွားအတွက် မိမိ အတွေ့ အကြုံကို နောက်လူတွေ မမှားစေရန် ရည်ရွယ်ပြီး ဒီစာကို အချိန်ပေးရေးသားပါသည်

မိတ်ဆွေတို့ သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းကား ပါစေ..................... ချစ်ခြင်းစေတနာ မေတ္တာဖြင့် ဖြန့်ဝေပါသည်။


#Credit James ........ James Ygn Good Speech


မျိုးဆက်သစ် တွေအတွက် ပေးခဲ့ချင်သော ကားဗဟုသုတ အပိုင်းအစလေးများ ( ၁ ) ဖတ်ရန်-

https://m.facebook.com/story.php?story_fbid=532923510435295&id=338444389883209


မျိုးဆက်သစ် တွေအတွက် ပေးခဲ့ချင်သော ကားဗဟုသုတ အပိုင်းအစလေးများ ( ၂ ) ဖတ်ရန်-

https://m.facebook.com/story.php?story_fbid=533040593756920&id=338444389883209


မျိုးဆက်သစ် တွေအတွက် ပေးခဲ့ချင်သော ကားဗဟုသုတ အပိုင်းအစလေးများ ( ၃ ) ဖတ်ရန်-

https://m.facebook.com/story.php?story_fbid=533043247089988&id=338444389883209


No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html