ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

သင့်ရဲ့ကားကို ခရီးမိုင် နှစ်သိန်းထိ မောင်းနှင်အသုံးပြုနိုင်ဖို့ ကားပိုင်ရှင်တွေ အလေးထားသင့်တဲ့ ခုနစ်ချက်

ခရီးမိုင် နှစ်သိန်းထိ မောင်းနှင်အသုံးပြုနိုင်ဖို့ ကားပိုင်ရှင်တွေ အလေးထားသင့်တဲ့ ခုနစ်ချက်
♓♓♓♓♓

🏎 ကားတစ်စီး ပိုင်ဆိုင်ထားပြီဆိုရင် ကိုယ့်ကားရဲ့ သက်တမ်းကို ဘယ်လောက်ကြာကြာ အသုံးခံအောင် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်မလဲ ဆိုတာက အရေးကြီးတဲ့ အချက်ပါ။ ကားပိုင်ရှင် အများစုဟာ ကားသက်တမ်း ကြာရှည်ခံဖို့ မှန်ကန်တဲ့ နည်းလမ်းမျိုးနဲ့ ကိုင်တွယ်ဂရုစိုက်မှု မရှိဘူးလို့ နိုင်ငံတကာ ဈေးကွက် လေ့လာသူတွေက ဆိုပါတယ်။
ကားတစ်စီးကို သင့်တော်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ထိန်းသိမ်းစောင့်ရှောက်မယ် ဆိုရင်တော့ ခရီးမိုင်နှစ်သိန်းလောက်ထိ မောင်းနှင် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

⌛ ကိုယ့်ကားရဲ့ မောင်းနှင်မှုခရီးတာကို ပြသတဲ့ ဒိုင်ခွက်မှာပြန်ကြည့်ပါ။ မိုင်ငါးသောင်းလောက် မောင်းပြီးပြီဆိုရင် ဒါဟာ ကားတစ်စီးရဲ့ မောင်းနှင်နိုင်စွမ်း ၂၅ ရာခိုင်နှုန်းလောက်ကို အသုံးချပြီးပြီဆိုတဲ့ သဘောပါပဲ။ ကျန်တဲ့သက်တမ်း ၇၅ ရာခိုင်နှုန်းကို ပြည့်ပြည့်ဝဝ အသုံးချချင်သေးတယ် ဆိုရင်တော့ နည်းမှန်လမ်းမှန် ဂရုစိုက်မှုလေးတွေ လိုအပ်ပါလိမ့်မယ်။
ဒါတွေကတော့ ကားတွေရဲ့ မောင်းနှင်နိုင်စွမ်း သက်တမ်းကို ဆွဲဆန့်ပေးဖို့ အခြေခံအကျဆုံး သတိပြုရမယ့် အချက်လေးတွေ ဖြစ်ပါတယ်။

☑ ၁။ ခရီးတိုတွေကိုတတ်နိုင်သလောက် ရှောင်ပါ

🌎  ခရီးတိုနဲ့ ခရီးရှည် မောင်းနှင် မှုတွေမှာ အင်ဂျင်အပေါ် သက်ရောက်မှုက ကွဲလွဲမှု ကြီးကြီးမားမား ရှိပါတယ်။ ခရီးတိုတွေမှာ ဆိုရင် ကားရဲ့ အင်ဂျင်ဟာ ဖြစ်သင့်တဲ့ စံနှုန်းအပူချိန်ကို ဘယ် တော့မှ ရောက်မလာပါဘူး။ ဒါဆိုပြဿနာရှိပါတယ်။ ရေဟာ အင်ဂျင်ရဲ့ ပေါက်ကွဲ အလုပ်လုပ်မှုမှာ ဘေးထွက်ပစ္စည်း ဖြစ်ပါတယ်။ သင့်တော်တဲ့ အပူချိန်မှာ အင်ဂျင်ဟာ ပူနွေးလာပြီး ရေက အငွေ့ပြန် သွားပါတယ်။ ရေငွေ့တွေကို အင် ဂျင်အပြင်ဘက် စွန့်ထုတ်တယ်။
ဒါပေမဲ့ ခရီးတိုတွေမှာတော့ သင့်တော်တဲ့ အင်ဂျင်အပူချိန် မရှိတာ ကြောင့် ရေက အင်ဂျင်ထဲမှာ ကျန်နေတယ်။ အပူစွန့်ထုတ်စနစ်မှာ လည်း ရေရှည်ထိခိုက်မှုတွေ ဖြစ်လာတတ်တယ်။ ခရီးတိုများများသွားလေလေ အင်ဂျင်နှိုးရခက်ဖို့ ဖြစ်နိုင်ခြေဆီ ပိုပြီး ဦးတည်လာလေလေ ဆိုတာကို သိသင့်ပါတယ်။ အင်ဂျင်မှာ သင့်တော်တဲ့ အပူချိန် မရှိဘူးဆိုရင် အင်ဂျင်ဝိုင်ကလည်း လွတ်လွတ် လပ်လပ် စီးဆင်းရွေ့လျားနိုင်မှု မရှိတော့ ပါဘူး။

☑ ၂။ သင့်တော်တဲ့ စက်ပြင်ဆရာကို ရှာထားပါ

🌿 ကိုယ့်ကားနဲ့ပတ်သက်ရင် အကောင်းဆုံး ကိုင်တွယ်နိုင်တယ် လို့ ကိုယ်ကိုယ်တိုင် ယုံကြည်တဲ့ စက်ပြင်ဆရာတစ်ယောက်ကို ရှာဖွေထား သင့်ပါတယ်။ မိုင်ပေါင်းနှစ်သိန်းထိ မောင်းနှင် နိုင်လောက် အောင် ကြံ့ကြံ့ခံဖို့ဆိုတာက အင် မတန် တောင်းဆိုမှုကြီးမားတဲ့ ရည်မှန်းချက်ပါ။ ကိုယ့်ကားနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် ဂဃနဏ နားလည်ထားတဲ့ စက်ပြင်ဆရာ တစ်ယောက်ဟာ ကားကြံ့ခိုင်ရေး ကို အကောင်းဆုံးပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ ကား စက်ပြင်ဆရာ တွေဆိုတာက ကားတွေရဲ့ ဆရာဝန်တွေပါပဲ။ သူတို့ရဲ့ စွမ်းရည်အလိုက် ကားရဲ့ ကျန်းမာရေး ကလည်း ကောင်းမွန်နေ နိုင်ပါတယ်။ ဒါကြောင့် ကိုယ် သဘောကျပြီး ယုံကြည်တဲ့ စက်ပြင်ဆရာ တစ်ယောက်နဲ့ အသေ အချာ မိတ်ဖွဲ့ထားပါ။

☑ ၃။ ကားနဲ့ပတ်သက်တဲ့ လမ်းညွှန် ချက်တွေကို သေချာဖတ်ထားပါ

🌎  ကားတစ်စီးနဲ့တစ်စီး ပါဝင်တဲ့ အစိတ်အပိုင်းတွေ၊ ပစ္စည်းတွေ မတူညီနိုင်ပါဘူး။ ကိုယ်က ကားတွေနဲ့ အကျွမ်းတဝင်ဖြစ်တယ်ဆို ရင်တောင် ကိုယ်ဝယ်ယူထားတဲ့ ကားရဲ့ စွမ်းဆောင်မှု၊ အားသာ ချက်၊ အားနည်းချက်တွေကို သေချာပေါက် သိနေမယ်လို့ မထင်ပါနဲ့။ ကားအတွက် လမ်းညွှန်ချက် တွေကို သေသေချာချာဖတ်ရှုလေ့ လာထားပါ။ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို မှတ်သားထားပါ။
ကားပိုင်ရှင်အတွက် လမ်းညွှန်စာအုပ်မှာ အင်မတန်အရေးကြီးတဲ့ ဖော်ပြချက်တွေ ပါရှိနေပါတယ်။ ဘယ်အစိတ်အပိုင်းကို ဘယ်အ ခြေအနေမှာ ပြန်စစ်သင့်ပြီ၊ ဘယ်အချိန်မျိုးမှာ လဲလှယ်သင့်ပြီဆို တာတွေကို သိရှိထားဖို့ အထောက် အကူ ဖြစ်စေပါလိမ့်မယ်။
ဒါ့အပြင် ဘယ်လို စက်ဆီ၊ ချောဆီ အမျိုးအစားကို ရွေးချယ်သင့် သလဲ ဆိုတာတွေကို နားလည် ထားတဲ့အခါ ကားရဲ့ ကြံ့ခိုင်မှုကို ရေရှည်ထိန်းသိမ်းရာ ရောက်လာ ပါလိမ့်မယ်။

☑ ၄။ ကားကြံ့ခိုင်မှုအတွက် သတ်မှတ်အချိန်ဇယား အတိုင်း စစ်ဆေးပါ

🌿 ကိုယ့်ကားကို မိုင်နှစ်သိန်းလောက်  မောင်းနိုင်လောက် အောင် မျှော်လင့်မထားဘူးဆိုရင် တော့ ကားကြံ့ခိုင်ရေးကို သိပ်ဂရု စိုက်စရာ မလိုဘူးပေါ့။ ဒါဆို ကားလည်း မြန်မြန်ပျက်မှာပဲ။ ပြုပြင်ထိန်းသိမ်းမှုမရှိတဲ့အခါ ကားတစ်စီးရဲ့ သက်တမ်းက ပိုပြီး တိုတောင်းသွားပါတယ်။ ဘယ်အချိန်မှာ ဘယ်အပိုင်းကို ပြန်စစ်မလဲဆိုတာ ကို အသင့်တော်ဆုံး အချိန်ဇယားတစ်ခု ရေးဆွဲသတ်မှတ် ထားသင့် ပါတယ်။
ကားရဲ့ ကိုယ်ထည်ပိုင်းအပြင် စွမ်းဆောင်ရည်ပိုင်းအ တွက် ပြုပြင်ထိန်းသိမ်းမှုတွေကို ပါ ဂရုတစိုက်လုပ်ဆောင်သင့် ပါတယ်။ ပြီးတော့ ကားရဲ့ ကူးလန့်၊ဘရိတ်၊ ပါဝါစတီယာရင်၊ ချောဆီ၊ ဆီသန့်စနစ်၊ နောက်ကြည့်မှန် တွေကိုလည်း မှန်မှန်စစ်ဆေးဖို့ လိုပါတယ်။ အထက်မှာ ပြောထားတဲ့ ယုံကြည်ရတဲ့ စက်ပြင်ဆရာ တစ်ယောက် ပိုင်ဆိုင်ထား မှုဟာ ဒီလုပ်ဆောင်မှုတွေကို အကောင်းဆုံး အကူအညီ ပေးနိုင်ပါ လိမ့်မယ်။

☑ ၅။ ကားရဲ့ အပြောင်းအလဲကို အမြဲဆန်းစစ်ပါ

🌎  ကိုယ့်ကားကို တယုတယနဲ့ တသသ လုပ်မနေနိုင်ဘူး ဆိုရင်တောင် ညှော်နံ့ထွက်နေ သလား၊ ကားရဲ့စက်သံ ပြောင်းလာ သလား၊ ဒါမှမဟုတ် ကားစီးရတဲ့ ခံစားချက်က အရင်လိုမဟုတ် တော့ဘူးလား  ဆိုတာတွေကို တော့ အာရုံခံသိရှိနေဖို့ လိုပါတယ်။ ကိုယ့်ကားမှာ ပုံမှန်မဟုတ် ဘဲ တစ်ခုခုပြောင်းလဲနေပြီဆိုတာ နဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ ကားအောက်ပိုင်း မှာ ဆီယိုတာမျိုးတွေကအစ ပေါ့ပေါ့ဆဆ မရှိသင့်ပါဘူး။
ကိုယ့်ကား ပုံမှန်အတိုင်း အလုပ်လုပ် နိုင်အောင် သတိထားထိန်းသိမ်း ခြင်းဟာ ဆိုးဆိုးရွားရွား ပြဿနာတွေ ကြုံမလာအောင် ကြိုတင်ကာကွယ် ရာလည်း ရောက်ပါတယ်။ စက်ပြင်ဆရာဆီ စောစောပို့ပေးနိုင်ခဲ့မယ်ဆိုရင် အပ်နဲ့ထွင်းရမယ့်ကိစ္စ ပုဆိန်နဲ့ ပေါက်ရသလို မဖြစ် အောင် တားဆီးနိုင်ပါ လိမ့်မယ်။

☑ ၆။ ကားကုမ္ပဏီရဲ့အသံကို နားစွင့်ပါ

🌿 ကိုယ့်ကားကို ထုတ်လုပ်တဲ့ ကုမ္ပဏီ ဆီက ဘယ်လိုကြေညာချက်တွေ ထုတ်မလဲဆိုတာကို ဂရုတစိုက် စောင့်နားထောင်သင့် ပါတယ်။ ကားကုမ္ပဏီတွေက သူတို့ ထုတ်လုပ်ထားတဲ့ ကားမော်ဒယ်တချို့မှာ ချို့ယွင်းချက်၊ အားနည်းချက်တွေ ရှိနေတဲ့အခါ ပြန်လည်သိမ်းယူပြီး ပြင်ဆင်ပေးတာ မျိုးတွေ လုပ်လေ့ရှိတယ်။ ဒီအခါမှာ ကိုယ့်ကားရဲ့ မော်ဒယ်အကြောင်း သတင်းတွေများ ပါလာ မလားဆိုတာကို သတိထားပြီး နားစွင့်နေ သင့်ပါတယ်။ အထူးသဖြင့် ကားရဲ့ စွမ်းဆောင်ရည် ပိုင်း၊ လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီး အားနည်းချက်တွေကို ပြင်ဆင် ပေးဖို့ကြေညာရင် အရေးတကြီး တုံ့ပြန်ဆက်သွယ်သင့်ပါတယ်။

☑ ၇။  ကားကို  သန့်သန့်ရှင်းရှင်း  ထားပါ

🌎  ကားအတွင်းပိုင်းရော အပြင်ပိုင်းပါ သန့်ရှင်း တောက်ပြောင် နေခြင်းဟာ ကိုယ်တိုင် ကားမောင်းရ ချိန်မှာ စိတ်ကြည်လင်ကျေနပ်စေ ရုံမကဘဲ ကားကို ရေရှည်အသုံးခံဖို့ပါ အထောက်အကူ ဖြစ်စေပါတယ်။ ကားမှာရှိတဲ့ ဖုန်တွေ၊ အညစ်အကြေးတွေ၊ ပိုးမွှားတွေ၊ ဓာတုပစ္စည်း အကြွင်းအ ကျန်တွေ၊ ဆားဓာတ်တွေကို ရှင်းလင်း ထားတဲ့အခါ ကိုယ်ထည် ဆွေးမြည့်မှုကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

🌿 ကားအတွင်းပိုင်း အပြင်အဆင်တွေဖြစ်တဲ့ သားရေတွေ၊ အဝတ်တွေကိုလည်း သန့်သန့်ရှင်းရှင်း ထားပေးတဲ့အခါ ပိုပြီးရေရှည်အသုံးခံ ပါလိမ့်မယ်။ ကားထဲမှာ ရှုပ်ပွမနေခြင်းရဲ့ နောက်ထပ်သိသာတဲ့ ကောင်းကျိုးတစ်ခုကတော့ ကားနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်း တစ်ခုခု ပျက်စီးကျိုးပဲ့နေရင် (ဒါမှမဟုတ်) ပျောက်ဆုံးနေရင် ချက်ချင်း သတိပြုမိနိုင်တာပဲ ဖြစ်ပါတယ်။
🚘🚘🚘🚘🚘

Co//Cd ..ကားချစ်သူ

Dr//Credit》》
Ref: CNN .... ဇွဲရဲဝင့် 7daycars

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html