ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အင်ဂျင်အအေးခံရည် (Coolant)က ဘာတွေလုပ်ပေးသလဲ? ဘာကြောင့်အရေးကြီးသလဲ

အင်ဂျင်အအေးခံရည် (Coolant)က ဘာတွေလုပ်ပေးသလဲ? ဘာကြောင့်အရေးကြီးသလဲ?

👉အင်ဂျင်အအေးခံရည်က ဘာတွေလုပ်ပေးလဲ???
ကားတစ်စီးမှာ အပူဆုံးအစိတ်အပိုင်းကို ပြောပါဆိုရင် အင်ဂျင်ပဲဖြစ်ပါတယ်။
ကားမောင်းနေစဉ်မှာ အင်ဂျင် heat တက်လို့ ထိုးရပ်သွားတာတွေ၊
ဂတ်စဂစ်(gasket)ပေါက်သွားလို့
ဆီလိုင်း ရေလိုင်းပူးသွားတာတွေ စတဲ့ပြသနာတွေကစလို့ အင်ဂျင်အလုံးလိုက်လဲလိုက်ရတဲ့ ဖြစ်စဉ်တွေကို ကြားဖူးကြမှာပါ။

အဲဒီလို အင်ဂျင်မပူအောင်
အင်ဂျင်အအေးခံရည် (Coolant)က လုပ်ဆောင်ပေးပါတယ်။
အင်ဂျင်အအေးခံရည် (Coolant)က အင်ဂျင်ထဲမှာရှိနေတဲ့ အပူတွေကို စုပ်ယူပြီး ရေတိုင်ကီထဲမှာ အအေးခံလိုက်ပါတယ်။
အေးသွားတဲ့  ရေတွေကိုမှ အင်ဂျင်ထဲကို ပြန်ထည့်လိုက်တာပါ။
ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် 
အင်ဂျင်ထဲမှာ ရှိနေတဲ့ အပူတွေကို လျော့ချလိုက်ပါတယ်ဗျာ။

👉ဘာကြောင့် အရေးကြီးလဲ???
ရိုးရိုးရေဟာ အပူချိန် 100'C မှာ ရေဆူပါတယ်။ ရေဆူရင် ရေတွေဟာ အခိုးအငွေ့အနေနဲ့ ပြောင်းပြီး ရေတိုင်ကီထဲမှာ ရှိတဲ့ ရေပမဏဟာ တဖြည်းဖြည်းလျော့နည်းသွားပါမယ်။ သတိမထားမိပဲ ဆက်မောင်းရင် ရေတွေ ခန်းသွားပြီး အထက်ကပြောခဲ့သလိုပဲ အင်ဂျင်အလုံးလိုက်လဲရတဲ့ အထိဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် အအေးပိုင်းမှာနေတဲ့ သူများအတွက်ဆိုရင် 0'C မှာ ရေခဲပါတယ်။ အဲဒီလို ရေခဲခဲ့မယ်ဆိုရင်လည်း အင်ဂျင်အအေးခံစနစ် ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရိုးရိုးရေမှာ ထုံးဓါတ်ပါတဲ့အတွက် ထုံးဂျိုးတွေတည်နိုင်သလို ရေညှိတွေ သံကြေးတွေ စတဲ့ အညစ်အကြေးတွေလည်း ဖြစ်ပေါ်စေပြီး အင်ဂျင်ရဲ့  အအေးခံစနစ်တွေဖြစ်တဲ့ ရေတိုင်ကီ၊ ရေလည်အုံ၊ သာမိုစတက် (Thermostat)မှာပါတဲ့ စပင်ရင် (Spring)တွေနဲ့ ရေပိုက်တွေဂျိုးတည်ပြီး ပျက်ဆီးစေနိုင်ပါတယ်။
အင်ဂျင်အအေးခံရည် (Coolant)က ကလိုင်ကော(glycol)ကိုအခြေခံပြီး ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့် ရိုးရိုးရေတွေ ရေဆူစေတဲ့ အပူချိန် 100'C မှာ အင်ဂျင်အအေးခံရည် (Coolant)က မဆူပါဘူး။ ဒါအပြင် ရေခဲမှတ်ဖြစ်တဲ့ 0'C မှာလည်း အင်ဂျင်အအေးခံရည်က မခဲပါဘူး။ ဒါ့အပြင် ထုံးဂျိုး၊ ရေညှိစတဲ့ အညစ်အကြေးတွေ မဖြစ်ပေါ်စေတာကြောင့်
အင်ဂျင်အအေးခံစနစ် (Engine Cooling System)ကို သက်တမ်းရှည်စေပါတယ်။
ကျွန်တော်တို့ ဆိုင်မှာသုံးတဲ့ အင်ဂျင်အအေးခံရည်ရဲ့ အကြောင်းလေးနဲ့ ဥပမာပေးပါရစေ...
AISIN အမှတ်တံဆိပ် (Made in Japan) Premix Coolant ရဲ့  
ရေဆူမှတ် -> 265'C
ရေခဲမှတ် -> -34'C
AISIN Coolantရဲ့ ရေဆူမှတ်ကို ကြည့်လိုက်ရင် 265'C ဖြစ်တာကြောင့် အင်မတန်ကို မြင့်ပါတယ်။ အင်ဂျင်တစ်လုံးက အဲဒီလောက်ထိ မပူပါဘူး။ အဲဒီအတွက်ကြောင့် အင်ဂျင်အအေးခံရည် (Coolant)ဟာလည်း ပုံမှန်အခြေအနေဆိုရင်တော့ လျော့နည်း ခန်းခြောက်ခြင်း မရှိပါဘူး။ အဲ.. ဒါပေမဲ့ ရေတိုင်ကီ အက်ကွဲနေတာတွေ၊ ရေပိုက်မလုံတာ/ပေါက်နေတာတွေ၊ ရေလည်အုံ မလုံတာတွေ၊ ဂတ်စဂစ်တွေ ပေါက်နေရင်တော့ ခန်းခြောက်လျော့နည်းသွားပါလိမ့်မယ်။

👉ဒါဆို... အင်ဂျင်အအေးခံရည် Coolant ကို လဲစရာမလိုဘူးလား ????
လဲစရာလိုပါတယ်။ အင်ဂျင်အအေးခံရည်သည်လည်းပဲ အသုံးပြုတာကြာလာရင် အရေအသွေး quality ကျဆင်းလာပါတယ်။ အရည်အသွေးကျဆင်းလာရင် ရေဆူမှတ်ကျဆင်းလာမယ်၊ သံကြေးတွေတက်လာပြီး အညစ်အကြေးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် Coolant ရဲ့ အရည်အသွေး ပုံမှန်စစ်ဆေးပြီး quality ကျဆင်းလာရင် လဲပေးဖို့လိုပါတယ်။ ယေဘူယျအားဖြင့် ကီလို ၁၅၀၀၀မှာ တစ်ခါ အရည်အသွေးစစ်ဆေးပြီးလိုအပ်ပါက လဲလှယ်ရပါတယ်။

✌မှတ်ချက်။ ။ Coolant မှာ concentrated coolant နဲ့ premix coolant ဆိုပြီး ၂မျိုးရှိပါတယ်။ concentrated ကတော့ ရေထပ်ရောပေးဖို့လိုအပ်ပါတယ်။ ရောပေးရမဲ့ ရေဟာလည်း
ပေါင်းခံရည် (distilled water)ရရင် အကောင်းဆုံးပါ။ ပေါင်းခံရည်မရခဲ့ရင်တော့ ရေသန့်ကောင်းကောင်းနဲ့ သတ်မှတ်ပမဏအတိုင်း ရောစပ်ပေးရပါမယ်။ ရေမရောဘဲ မသုံးသင့်ပါ။
အပူကို အဓိကစုပ်ယူပေးတာဟာ ရေဖြစ်လို့ပါ။ premix coolant မှာတော့ စက်ရုံထုတ်ကတည်း ရေကို ကြိုတင်ရောစပ်ပြီးဖြစ်တာကြောင့် ထပ်ရောဖို့ မလိုပါဘူး။ အသင့်သုံးနိုင်ပါတယ်။
Coolant တွေဟာ အနီရောင်၊ ပန်းရောင်၊ အစိမ်းရောင်၊ အပြာရောင်ဆိုပြီး အရောင်တွေ အမျိုးမျိုးဖြစ်နေတတ်ပါတယ်။ အရောင်တွေက ထုတ်လုပ်တဲ့ အခါမှာ ဆေးတွေဆိုးထားခြင်းသာဖြစ်ပြီး အရောင်က အရေးမကြီးပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အပူပိုင်းဒေသ (Tropical Spec)အတွက်
အထူးထုတ်လုပ်ထားတဲ့ အင်ဂျင်အအေးခံရည် Coolant ဖြစ်ဖို့ အရေးကြီးပါတယ်။
အနှစ်ချုပ်ပြောရရင် အင်ဂျင်အအေးခံရည်ကိုပုံမှန်စစ်ဆေးရမှာဖြစ်ပြီး လဲရမယ်ဆိုရင်လည်း Long Life Coolant နဲ့ Tropical Spec ဆိုပြီးပါမှ မြန်မာနိုင်ငံမှာ သုံးရတာ ပိုမိုကိုက်ညီမှုရှိပါကြောင်း
ပြောလိုပါတယ်ခင်ဗျာ။

Credit
Auto King (Keep it Safe!)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html