ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

drawing ဆိုတာ

ဒေါ်ရင်
******

ခုဆိုရင် အလုပ်ထဲမှာ DB တွေ ဘာတွေတောင်
ကျနော်က ထိုင်နေပြီဗျ ။ ကိုယ့်ဆရာတို့လဲသိတာ
ပဲဗျာ ၊ DB ထိုင်တယ်ဆိုတာ လွယ်လွယ်လေးကို၊
ကြိုးနွှာတတ်မယ်၊ ကြိုးကို စကူကြပ်တတ်မယ်ဆို
ရင် DB ထိုင်လို့ရပြီပဲဟာ။

DB မှာ phase ရယ် Neutral ရယ် earth ရယ်
သုးံမျိုးပဲရှိတာဗျာ။ phase တွေကိုတောက်တောက် တောက်တောက်ဖြတ် 1p တွေထဲဝင်၊ Neutral တွေကိုတောက်တောက် တောက်တောက်ဖြတ် neutral bar ထဲဝင်၊ earth တွေကို
တောက်တောက် တောက်တောက်ဖြတ် earth
bar ထဲဝင်ဆိုတော့ လွယ်တာပဲကိုဗျာ။

အခုလဲ ကျနော်က ဟိုဘက်site ကနေ ဒီဘက်
ဆိုဒ် ကို ဆရာခေါ်လို့ ကူးလာတာပါ။ ဒီရောက်
တော့ကျနော့ကို ဆရာက DB ထိုင်ခိုင်းတာပါ။
ကိုယ့်ဆရာတို့ကိုကြွားရဦးမယ် ကျနော်DB ထိုင်
ရင်လှတယ်ဗျ ။ ကျနော်ထိုင်ရမယ့် DB ကလဲ
10A 1p ၁၅ လုးံလောက်လေးရှိတဲ့ lighting
DB ဆိုတော့ စာမဖွဲ့ဘူးပေါ့ဗျာ။

ဘာရမလဲ လာထားဆိုပြီး ထုးံစံအတိုင်း ကြိုးတွေ
တောက်တောက်ဖြတ်မလို့ လက်ထဲမှာ cable
cutter ကိုဆနေတုန်းရှိသေးတယ်၊ ဟေ့ကောင်
နေဦးဆိုပြီး လှမ်းအော်ကာ ရောက်လာပါတယ်။

မင်းအကြောင်းငါသိလို့ အမြန်လာတာ၊ ဒီDB က
အရင်လို တောက်တောက် တောက်တောက်ဖြတ်ပြီးဝင်လို့မရဘူးကွ၊ ရော့ ဒီ drawing ကို
ကြည့်ပြီးဝင်ရမှာလို့ပြောပါတယ်။

ကိုယ့်ဆရာရေ ခုမှ drawing ဆိုတာကို နဖူးတွေ့
ဒူးတွေ့ ကြုံဖူးတယ်ဗျာ။ ဘာမှကို နားမလည်တာ။
ဆရာကျနော်ဒါကိုကြည့်ပြီးဝင်ဆိုရင် မလုပ်တတ်ဘူး ဆရာ လို့ ပြောရတာပေါ့ဗျာ။ မပူနဲ့တဲ့ ဒီ
Drawing က မြန်မာနိုင်ငံမြေပုံလောက်မခက်ဘူး
လွယ်လွယ်လေးဆိုပြီးရှင်းပြပေးပါတယ်။
ကိုယ့်ဆရာတို့ရေ ဆရာရှင်းပြတော့လဲလွယ်
လွယ်လေးဗျို့ ။ အလုပ်နဲနဲရှုပ်တာလေးပဲရှိတယ်။
ကြိုးတိုင်းကြိုးတိုင်းကို မာကာလေးတွေစွပ်ပေးရ၊
ကြိုးဖြတ်ခါနီး မာကင် သေချာကြည့်ရ ဒါလေး
တွေပဲပိုလာတာပါဗျာ။

ခုတော့လဲ အင်ဂျင်နီယာ မဟုတ်တဲ့ ကျနော်ဟာ
ဒေါ်ရင် တကားကားနဲ့ ကြွားနေတော့တာပဲဗျို့ ။

MyatMin ThuyaKyaw

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html