ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Intermediate level သင်တန်းမှ Interface (1)

Intermediate level သင်တန်းမှ
==========

Interface (1)
========

1. Java/Android class ၂ခု ကြားမှာ ဆက်သွယ်ဖို့၊ data အပေးအယူ လုပ်ဖို့ Interface ကို သုံးနိုင်ပါတယ်။

2. Interface ဆိုတာ Method အမည်(တွေ) နဲ့ သူ့ရဲ့ parameter တွေ (ရှိခဲ့ရင်) ကို ဖော်ပြ သတ်မှတ်ထားတဲ့ အရာတခု ဖြစ်ပါတယ်။ တကယ် လက်တွေ့ လုပ်ဆောင်ချက်တွေ မပါသေးပါဘူး။ အောက်မှာ နမူနာ Interface တခု ရေးပြထားပါတယ်။

======
public interface MyInterface{
public void callBack();
}
======

3. နမူနာ ဥပမာတခု စဉ်းစားကြည့်ပါမယ်။ ကရိယာလေး တခု တီထွင်ထားပါတယ်။ ဓာတ်ခဲတခု နဲ့ switch ခလုတ် တခုကို ၀ါယာ ကြိုးနဲ့ ဆက်သွယ်ထားတယ်။

√-------(ဓာတ်ခဲ)-------(ခလုတ်)--------√

ခလုတ် ကို နှိပ်လိုက်ရင် အစွန်း ၂ဖက်မှာ အပေါင်း အနှုတ် လျှပ်စီး ရောက်လာမယ်။ ခလုတ်ကို ပြန်လွှတ်လိုက်ရင် ခလုတ်ဘက်က အစွန်းမှာ လျှပ်စီး မရှိတော့ဘူး။

အဲဒီ ကရိယာက interface ရဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ ခလုတ်က interface ရဲ့ method နဲ့ တူပါတယ်။ ဒါပေမဲ့ ၀ါယာကြိုး အစွန်း ၂ဖက်မှာ ဘာနဲ့မှ မတပ်ဆင်ရသေးတဲ့အတွက် ခလုတ် နှိပ်ပေမဲ့လဲ ဘာဖြစ်ရပ်မှ တွေ့မြင်ရမှာ မဟုတ်သေးပါဘူး။ interface ရဲ့ method ထဲမှာ ဘာ code မှ မရေးရသေးတဲ့ သဘော ဖြစ်ပါတယ်။

4. class ၂ခုကြားမှာ interface နဲ့ ဆက်သွယ်ဖို့အတွက် class1 က အဲဒီ ကရိယာကို ကိုင်ထားရမှာ ဖြစ်ပါတယ်။ နောက် class2 က ၀ါယာကြိုး အစွန်း၂ဖက် ကို ရယူထားရပါမယ်။ ဒီလို ၂ဦး သဘောတူ အချိတ်အဆက် ရယူလိုက်တာကို interface register လုပ်တယ်လို့ ခေါ်ပါတယ်။

5. class2 မှာ အဲဒီ ၀ါယာကြိုး အစွန်း၂ဖက်မှာ အပေါင်း အနှုတ် လျှပ်စီး ရောက်လာချိန်မှာ တွေ့မြင် သိရှိနိုင်ဖို့ မီးလုံးတခု ဒါမှမဟုတ် bell ခေါင်းလောင်း တခုနဲ့ ချိတ်ဆက် ထားနိုင်ပါတယ်။ ဒီ သဘောတရားကို interface implement လုပ်တယ်လို့ ခေါ်ပါတယ်။ interface method ထဲမှာ တကယ် အလုပ်လုပ်မဲ့ code တွေကို ရေးထည့်လိုက်တာ ဖြစ်ပါတယ်။

6. ဘယ်အချိန်မှာ interface ကို class ၂ခုကြား သုံးသလဲ။

class1 မှာ event တခုဖြစ်ပေါ်လာရင် class2 ကို အကြောင်းကြားဖို့ (ဥပမာ Button Click event)၊ တာရှည် လုပ်ဆောင်ချက်ကို သီးခြား background thread ပေါ်မှာ run စေပြီး လုပ်ဆောင်ချက် ပြီးသွားရင် UI thread ဆီကို interface ကနေ တဆင့် ပြန်အကြောင်း ပြန်ပေးဖို့။

7. interface method ကို သုံးပုံ ၃မျိုး ရှိပါတယ်။

အကြောင်းကြားရုံ

public void inform();

class1 ကနေ class2 ဆီကို data လှမ်းပေးဖို့။

public void onResult(String result);

class2 ဆီကနေ data လှမ်းယူဖို့။

public int onCalculate();
public boolean onWifiConnected(String mac);

class2 က method implement လုပ်ရာမှာ data ကို return ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်။

8. interface တခု ဘယ်လို တည်ဆောက် အသုံးပြုတယ် ဆိုတာကို အရိုးရှင်းဆုံး ဥပမာတွေနဲ့ ပြသွားပါမယ်။

=======

Stay tuned!
:)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html