ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ခရီးဝေးသွားမယ့် ကားများအတွက် ဖြည့်ဆည်းရန် လိုအပ်ချက်များ

" ခရီးဝေးသွားမယ့် ကားများအတွက် "

🚖 🚖 🚖 🚖

သတိမမူ ဂူမမြင် ဖြစ်လို့မသွားရအောင်
ဒါလေးတွေကို ဆောင်
ခုခေတ်ပေါ်ကားလေးများကို စနစ်တစ်ကျ
ထိန်းသိမ်းထားခဲ့ရင် လမ်းမှာပျက်ခဲပါတယ်
ဒါပေမယ့် အချို့  အသေးအဖွဲ ကိစ္စလေးများက
အကြီးကျယ်ဆုံး ကိစ္စဖြစ်သွားတတ်ပြန်ရော
ဝပ်ရှော့က စက်ဆရာရောက်လာပေ့မယ့်လည်း
ငုတ်တုတ်မေ့နေရတော့တယ်-
-----=-
အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်ထာလေးတွေကတော့
1- ( စပယ်ယာဘီး )
ကားစဝယ်ကထဲက
တာယာကောင်းကောင်းထည့်ထားပြီးလို့
စိတ်ချလက်ချနေလိုက်တယ်
စပယ်ယာဘီးနဲ့တကွ အထောက်အကူပြု
ကိရိယာများ ဘယ်နားထားလဲ မသိဘူးကွယ်
လမ်းမှာ ခဲစူးသံစူးလို့
ဘီးလဲမယ်လုပ်ရော --- > ဒုက္ခော !
Belta & Vitz  ကားထဲမှာ ဂျိုက် ဂေါက်
ဟန်ဒယ် ရှာမတွေ့ပါ
ဘယ်တွေ့မလဲ ?
***ဒရိုင်ဘာနဲ့ကပ်လျက် ထိုင်ခုံ
အောက်မှာ ရှာကြည့်ပါ ဒီနေရာမှာထားပါတယ်
Honda ကားသေးများ စပယ်ယာဘီးရှာမတွေ့ပါ ?
ဘယ်တွေ့မလဲ ?
ဝယ်ကထဲက မပါဘူးကွယ်
အားမကိုးရတဲ့ ဆေးဗူး နဲ့ လေထိုးဗူးပဲ ပါပါတယ်
ဘီးအပို ဆောင်သွားကြတယ်ထား
တစ်ခါမှ လေချိန်ထားမကြည့်လို့ လေကပြားနေ
တယ် ဒီအခြေအနေဟာ ငွေမရှိတဲ့ ဘဏ်စာအုပ်
လိုပါပဲ ! *** SpareWheel ကို လေထိုးထားပါ
--------
2- ( Car Key & key battery )
ခုခေတ်ကားသော့အားလုံးက စတိုင်ကျတယ်
‌စမတ်ကျတယ်  ဒါပေမယ့် သူတို့ ဒုက္ခပေးရင်
စတိုင်ပျက်ရုံမက ချွေးထွက်သွားမယ်
တံခါးဖွင့်မရ စက်နှိုးမရ ဖြစ်တတ်တယ်
အကောင်းဆုံးက သော့အပို တစ်ချောင်းကို
လူနဲ့ထပ်ချပ်မကွာဆောင်ထားပါ ပြောမယုံ
ကြုံဘူးမှသိလိမ့်မယ်
ခရီးဝေးသွားတော့ စိတ်အာရုံတွေများ အိတ်များစွာ
ကိုလည်ဆောင်သွားတော့ ဟိုထဲထည့်မိလား
ဒီအထဲထည့်မိလား မေ့များကျန်ခဲ့ပီလား
ခါးချိတ်မိလို့ ကျပျောက်သွားပြီလား ? လက်တွေ့
--------***ကားနောက်ဖုံးဖွင်တဲ့အချိန်
သော့ကို ပါးစပ်မှာကိုက်/ လက်မှာကိုင်ထားမှန်းမသိပဲနောက်ဖုံးထဲကျမိပြီး အဖုံးကိုမေ့ပြီးပိတ်မိရင်??
ဒါကြောင့်
ကားရပ်ပီး အာရုံနောက်မယ့်အချိန်မှာ
ဒရိုင်ဘာမှန်တံခါး တစ်ဝက်ဖွင့်ထားပါ
----
3- ( ဖျူ့စ်အပိုနဲ့ ပလာယာနှုတ်သီးချွန် )
အမြဲတန်း မလွဲမသွေ Fuse အရောင်စုံ ဆောင်ထား
ပါ Amp No. အမျိုးမျိုးမို့
လိုအပ်လို့ လဲတဲ့အခါ နှုတ်ချွန်ပလာယာပါမှ
လဲလို့ အဆင်ပြေတယ် ကားကထည့်ပေးထားတဲ့
ပလပ်စတစ်ဇာဂနာ သိပ်အဆင်မပြေပါ
EFI Fuse လေးပြတ်ရုံလောက်နဲ့ ပြန်ထည့်လိုက်တာနဲ့ ဒေါက်ဝီး ---
-----
4- ( Pressure Cap )
ရေတိုင်ကီ အဖုံးအပိုတစ်ခု ဆောင်သွားရင်
အကောင်းဆုံးပါ မူရင်း အော်အဖုံး မို့ စိတ်ချရတယ်
မထင်နဲ့ အဖုံးထဲက သားရေနဲ့ စပရိန်ကို ဇရာကိုင်
နေပြီ အထုတ်နဲ့အစုပ် ထဲက တစ်လိုင်းအောက်
သွားရင် အမြင်မှာ ရေလုံနေပေမယ့်
လိုအပ်တဲ့အချိန်မှာ့ရေပြန်ဗူးထဲကိုပြန်မဝင်တော့ဘူး
မကြာခင် ရေပြန်ဗူးရေလျော့ ဟော့ရှော့
---
5--( Battery Jump Cable )
ဘက်ထရီထောက်ကြိုး နီ / နက်  ကို လုံးဝ
ဆောင်သင့်တယ် အော်တိုဂီယာကား အများဆုံးမို့
အဆင်မပြေတဲ့ကားကို ကိုယ်ကကူညီနိုင်ရင်
ကုသိုလ်ရပါတယ်
--------
6-( Refil Engine Oil )
အင်ဂျင်ဆိုတာ အကြောင်းတစ်ခုခုကြောင့်
မီးခိုးထွက်မပြပဲ Eng;Oil လျော့တတ်တယ်
ရသေးတာပဲဆိုပြီးဆက်မမောင်းနဲ့
လမ်းတွေ့မှ ဝယ်ထည့်မယ်ဆိုပေမယ့် ဝယ်မရ
ဘယ်နှယ်လုပ်မလဲ?
----
7-*** နောက်တကာ့ နောက်ဆုံး
အရေးအကြီးဆုံးမှာချင်တာ ပန်ကာကြိုးခေါ်တဲ့
အင်ဂျင်အပြင်ဘက်က ပူလီအားလုံးကို စလွယ်သိုင်းထားတဲ့ လိုင်းစိတ်လေးများစွာနဲ့ Belt ကြိုး
ဒါကတော့ အပိုဆောင်သွားလည်း
လမ်းမှာ လဲဘို့မလွယ်ပါ
လဲတတ်တယ်ထားအုံး
Third Party ကထုတ်တဲ့ကြိုးများ
ရေးတော့တစ်မျိုး  လုပ်တော့တစ်မျိုး
အတိမ်းအစောင်း နဲနဲရှိပါတယ်
ဒါကြောင့် စိတ်ထဲမှာ ရှိခဲတဲ့ အင်ဂျင်ပူလီ
သားရေကြိုးကို အထူးစစ်ဆေးသွားပါလို့
**** ထပ်ပြောပေးရမှာ အများကြီးပေမယ့်
ဖြစ်တတ်တာလေးတွေကို ဦးစားပေး
ဖေါ်ပြပေးလိုက်ပါတယ်
ကားမိတ်ဆွေ အပေါင်း ပျော်ရွှင်သော
အပန်းဖြေခရီးလေးမလွဲမသွေဖြစ်ကြပါစေ

🚖 🚖 🚖

Credit ကိုသက်

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html