ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Toyota Transmission အကြောင်း သိလိုလျင် ဖတ်ကြည့်လိုက်ပါ

Toyota Transmission ဂီယာစနစ်
🚋🚃🚎🚌🚂🚊🚉🚕🚗🚘🚙🚓🚔🚒🚐🚑🚒🚒🚔🚓🚟🚠🚲🚑🚒🚔🚓🚇🚝🚋🚎🚍🚙

မော်တော်ယာဉ် တစ်စီးမှာ
 အရေးပါတဲ့ စက်ပစ္စည်းအဖွဲ့အစည်းပေါင်း များစွာ
 ပေါင်းစပ်ပြီးမှသာ
 ယာဉ်တစ်စီးဖြစ်လာတာဖြစ်ပါတယ်။

 ယာဉ်တစ်စီးအတွက် အဓိက အကျဆုံးက
 အင်ဂျင်လို့ ဆိုနိုင်ပေမဲ့ 
အင်ဂျင်က ထုတ်ပေးနိုင်တဲ့ power ကို 
သုံးစွဲဖို့ ချိန်ညှိရာမှာတော့ 
Transmission လို့ခေါ်တဲ့ ဂီယာတွေက
 စွမ်းဆောင်ပေးလေ့ရှိပါတယ်။ 

လက်ရှိ မြန်မာပြည်မှာ သုံးစွဲနေကြတဲ့ 
အမျိုးအစား တွေဖြစ်တဲ့ 
Toyota,
Honda,
Nissan,Mazda နဲ့ Mitsubishi စတဲ့ 
ကားအမျိုးအစားတွေမှာ 
အင်ဂျင် ကွဲသွားတာနဲ့ 
ဂီယာဘောက်ပါ လိုက်ကွဲသွားလေ့ရှိပါတယ်။ 

အခုတော့ 
တိုယိုတာ ကလက်ရှိ သုံးစွဲနေတဲ့ gear box 
တနည်း
 Transmission တွေကို
 အကြမ်းဖျင်း သိရှိအောင် ပြောပြပါရစေ။


တိုယိုတာက 
အင်ဂျင်နဲ့ တွဲဖက်သုံးဖို့ ဂီယာဘောက်များ ကို 
သူ့ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေ ဖြစ်တဲ့ 
Aisin, Denso, Hino စတဲ့ စက်ရုံတွေကို
 ပုံစံအမျိုးမျိုးနဲ့ တည်ဆောက်ခိုင်းလေ့ရှိပါတယ်။ 

လက်ရှိ မှာတော့ 
အမျိုးကွဲ သုံး မျိုး သာ ထုတ်လုပ်ထားပါတယ်။

Manual , Automatic နဲ့ 
CVT ( Continuous Variable Transmission) ဆိုပြီးတော့ပါ။ 

ကားပိုင်ရှင်တွေ သတိပြုရမှာကတော့ 
ဂီယာဝိုင် အမျိုးအစားဟာ မှားလို့ မရပါဘူး။ 

Manual အတွက် သုံးတဲ့ ဂီယာဝိုင် ကို 
Automatic ထဲ ထည့်မရသလို့ 

Automatic အတွက် ဂီယာဝိုင်ကိုလည်း 
CVT ထဲထည့်မရပါဘူး။ 

မှားထည့် မိရင်တော့ 
ဂီယာဘောက် အသစ်ကလေး ရသွားပါလိမ့်မယ်။

Automatic အော်တိုဂီယာ အမျိုးအစားမှာတော့ 
A series နဲ့ U series နှစ်မျိုး ခွဲထုတ်ပါတယ်။ 

A series ကတော့ 
4WD နဲ့ နောက်ယက် ကားတွေအများစုအတွက် 
(ရှေ့ယက်လည်းပါ) ဖြစ်ပြီးတော့ , 

U series ကတော့
 ရှေ့ယက်ကားတွေ အတွက်သီးသန့် ဖြစ်ပါတယ်။ 

A series ကတော့ နာမည်ကြီး ပါတယ် 
1980 လောက်ကနေ 2000 လောက်အထိ ထုတ်လုပ် ခဲ့တဲ့
 နောက်ယက် သို့ မဟုတ်​ ဖိုးဝှီးတွေမှာ 
အများဆုံး တွေ့မြင်နိုင်ပါတယ်။ 

အဲဒီအချိန် အခါက
 အော်တိုဂီယာတပ် ကားတွေကို 
လူကြိုက်မများသေးတဲ့ အတွက် 
သိပ်အများကြီးတော့ ထုတ်လုပ်တပ်ဆင်ပေးနိုင်ခြင်း မရှိပါဘူး။ 

A စီးရီးမှာပဲ
 A ရဲ့နောက်ဂဏန်း ကိုလိုက်ပြီး အမျိုးမျိုးဖြစ်နိုင်ပါသေးတယ်။ 

အများဆုံး တွေ့နိုင်တာကတော့ 
Estima 2000 မှာ A46 , 
EE90 van မှာ A240,
 ဖင်ကောက်မှာ A241 နဲ့ 
နာမည်ကြီး 4A တို့ 7A တို့နဲ့တွဲလာလေ့ရှိတဲ့ 
A245E တို့ ဖြစ်ပါတယ်။ 

4WD မော်ဒယ်တွေဖြစ်တဲ့
land cruiser တို့လို့ SUV တွေကတော့
A343 နဲ့ လာလေ့ရှိပြီး

လက်ရှိ လူကြိုက်များတဲ့
မတ်တူး ရွှေငါး/ crown 1990 တို့တွေကတော့
A341 နဲ့ လာတာများပါတယ်။

A6xx,A7xx,A8xx အင်ဂျင်ပါဝါ 3.0 နဲ့
အထက်တွေမှာသာ တွေ့ရပါတယ်။

 U series ကားတွေကတော့
2000 မော်ဒယ်ရဲ့ အထက် တွေမှာ အသုံးများပါတယ်။

Ipsum, RAV4, Alphard နဲ့ Camry လို မော်ဒယ်တွေမှာ U241 ကို သုံးလေ့ရှိပြီး
U241 ရဲ့ နောက်မှာပါတဲ့ စာလုံးပေါ်မူတည်ပြီး
ဂီယာ ratio ကွဲပြားသွားပေမယ့်
တည်ဆောက်ပုံ အားလုံးတူညီတဲ့ ဂီယာဘောက်ပါ။

V6 အင်ဂျင်တွေအတွက်တော့
 U250 နဲ့ U660 ကို သုံးလေ့ရှိပါတယ်။

CVT
Continuous Variable Transmission ပုံစံဟာ
 လက်ရှိ နောက်ဆုံးပေါ်
လူကြိုက်အများဆုံး ဂီယာစနစ် ဖြစ်နေပါပြီ။

2005 ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့
ဒီစနစ်ကိုတော့
ကားတော်တော်များများမှာတပ်ဆင်ပေးထားပါတယ်။

လက်ရှိ မြန်မာပြည်မှာ အတွေ့များတဲ့
Wish 05, Voxy 2007, Fielder 06,
Ractis 2007 စတဲ့ကားတွေမှာ
K110 CVT တပ်ဆင်ပါတယ်။

MarkX, Vanguard,
Alphard, Estima 2006 တွေအထက်ကတော့
K112 နဲ့ လာလေ့ရှိပါတယ်။

Vitz, Belta, iQ တို့ကတော့
K410 or K41 နဲ့ လာပါတယ်။

ခိုင်းကောင်းတယ်ဆိုတဲ့
Probox / Succeed / Bb/ IST တို့ကတော့
K310 နဲ့ လာပါတယ်

(၂၀၀၈ အထက်ပါ)။ Prius လို
 hybrid gearbox ကတော့
 P စီးရီးအနေနဲ့ ကွဲထွက်သွားပါတယ်။

အခြား CVT အားလုံးကတော့
K series တွေသာဖြစ်ပါတယ်။

2010 နောက်ပိုင်းမှာ e-CVT လို့ခေါ်တဲ့ စနစ်ကို လည်း Hybrid မော်ဒယ်ကားတွေမှာ တပ်ဆင်နေပါပြီ။
 CVT-i လို့ခေါ်တဲ့ 7 speed ဂီယာကိုတော့
 2009 model တွေရဲ့ အထက်မှာ တွေ့ရလေ့ရှိပါတယ်။

Manual
မန်နူရယ် ဂီယာကတော့ 1930 လောက်ကတည်းက
ကားနည်းပညာ / အင်ဂျင်နည်းပညာ တွေနဲ့ အတူ
အဆင့်ဆင့်ပြောင်းလဲ့ခဲ့တဲ့ ဂီယာအမျိုးအစားဖြစ်တဲ့ အတွက်
ကျယ်ပြန့်လွန်းလှပါတယ်။

ယခု တော့ ---
အမျိုးအစားနဲ့ အသုံးပြုခဲ့တဲ့ သို့
အသုံးပြုဆဲ စီးရီးလေးတွေကိုသာ ကောက်နှုတ်ပြပါရစေ။

C series - ကတော့ 
Corolla KE90/100 လိုကားတွေမှာ
အဓိက သုံးခဲ့တဲ့ ဂီယာ အမျိုးအစား ဖြစ်ပြီး
C4x or C14x ဆိုရင် ဂီယာ ၄ ချက် နဲ့
C5x or C15x ဆိုရင် ဂီယာ ၅ ချက်ပါလေ့ရှိပါတယ်။

E series- ကတော့ 
2000 မော်ဒယ်အထက်ကားတွေမှာ
အဓိကထား တပ်ဆင်ခဲ့ပြီး
ဂီယာ ၅ ချက် နဲ့ အင်ဂျင်ရုန်းအားကောင်းတဲ့
 တာဘို ပါ သော ကားတွေမှာ တွေ့ရလေ့ရှိပါတယ်။

EB series ကတော့
 ဂီယာ ၆ ချက်နဲ့ 4WD မော်ဒယ်တွေမှာ
တပ်ဆင်ပေးလေ့ရှိပါတယ်။

G and H series - တွေကတော့
သိပ်များများ သုံးတာ မတွေ့ရပါဘူး။

K series - ကတော့ 
ဟိုးအရင် တိုယိုတာတွေမှာ
အများဆုံး သုံးခဲ့တဲ့ ဂီယာဘောက်တွေဖြစ်ပါတယ်။

 နောက်ဆွဲကား တော်တော်များများမှာ
K40, K50 ဂီယာဘောက်နဲ့ တွဲလာလေ့ရှိပါတယ်။

K40 ကတော့
ဂီယာ ၄ ချက် နဲ့ K50 ကတော့ ၅ ချက်ပါ။

P series - ကတော့ 
ဂီယာ ၅ ချက်နဲ့ 1970-1980 ဝန်းကျင်မှာ သာ သုံးခဲ့ပါတယ်။

R series- ကတော့
နာမည် အကြီးဆုံး နဲ့ အကောင်းဆုံး လို့တောင်
အမြဲချီးမွန်း ခံရလေ့ရှိတဲ့ ဂီယာဘောက်တွေပါပဲ။

 ဂီယာ ၅ ချက် နဲ့
ထူးထူးခြားခြား အရုန်းအဆွဲ အားသာလေ့ ရှိတဲ့
 ဒီ အမျိုးအစားတွေကိုတော့
Land cruiser , Prado, 4Runner,
Surf, Hilux ,Tacoma နဲ့ Hiace တွေမှာ
 ယနေ့အချိန်ထိ တပ်ဆင်ပေး နေတုန်းရှိပါသေးတယ်။

R151 နဲ့ R154 တို့ဟာ
အထူးနာမည်ကြီး transmission တွေပါ။

 R စီးရီးမှာတော့
 ရှေ့ယက်ကား မရှိပါဘူး
 နောက်ယက် သို့ ဖိုးဝှီးသာရှိပါတယ်။

 RA, RC ဆိုရင်တော့
ဂီယာ ၆ ချက်တွေ ဖြစ်သွားပါတယ်။

S series - ကတော့
S50 ကနေ S55 ထိ ရှိပြီး
Carina ကားတွေမှာ တပ်ဆင်တာအများဆုံးပါပဲ။
2000 မော်ဒယ် နောက်ပိုင်း မှာ မထုတ်တော့ပါဘူး။

T series - ကတော့
1980 ဝန်းကျင်ထုတ် TRD လို racing car တွေမှာ
တပ်ဆင်ပြီး သုံးခဲ့တာဖြစ်ပါတယ်။

W series -ကတော့
truck ကားတွေ အတွက် အသုံးများပါတယ်။

V series -ကတော့
V160&V161 ဆိုပြီးထုတ်ပေမယ့်
တိုယိုတာရဲ့ ပြိုင်ကား supra မှာသာ
တပ်ဆင်ပေးလေ့ရှိတဲ့ သီးသန့် အမျိုးအစားပါ။

ဒီလောက်ဆိုရင်တော့
တိုယိုတာရဲ့ ဂီယာဘောက်တွေ အကြောင်း
အနည်းငယ် သိရှိလောက်ပါပြီ။

ဗဟုသုတအတွက် ရည်ရွယ်ပါတယ်

   
Credit to ဝေယံ
Photo internet

ကကျ​နော်​က​တော့ ဒီWebsite ရဲ့ စီစဉ်​သူ
Adim web desiner -- MAHARLUTHAR ပါ
ဒီ POSTS ​တွေ ပြန်​လည်​ ​ဖော်​ပြ​နေတယ်​ဆိုတာ
ကိုယ်​တိုင်​လဲ ​လေ့လာ
လူအများလဲ ဗဟုသုတ ရ​စေရန်​ ရည်​ရွယ်​ပါတယ်​---

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html