ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Debit Card နှင့် Credit Card ဘာတွေမတူသလဲဟု သင်သိပါသလား။

Debit Card နှင့် Credit Card ဘာတွေမတူသလဲဟု သင်သိပါသလား။

ထို ကဒ်တွေ ဘယ်လို အလုပ်လုပ် ကြပါသလဲ။

Credit Card ကတွက် အတိုးကို ဘယ်လိုတွက်ကြသလဲ။

ကျွန်ုပ်တို့ အတူတူ လေ့လာကြည့်ကြရအောင်..........

*****************************

Debit Crad နှင့် Credit Card ကြားတူညီမှုများ

Debit Crad နှင့် Credit Card များကို နေရာတိုင်း အတူတူ လက်ခံကြပါတယ်။  Debit Card များအားလုံးသည် အဓိက Cradit Card အမျိုးအစား တွေနှင့် တော်တော် တူညီကြပါသည်။  Credit Card အသုံးပြုလိုရသည့် နေရာတိုင်းမှာ Debit Card ကိုပါ သုံးလို့ရပါတယ်။  Debit Card နှင့် Credit Card တို့ကြား တူညီမှုကတော့ လွယ်ကူအဆင်ချောမှု ဖြစ်ပါတယ်။  Financial Thutha မှ မှတ်ချက်ပေးချင်တာကတော့ Debit Card နှင့် Credit Card နှစ်မျိုးစလုံးသည် အလွန်ပင် အဆင်ပြေချောမွေ့မှုကို ယူဆောင်ပေးပါတယ်။  အဘယ်ကြောင့်ဆိုသော် အကယ်၍ သူတို့သာ မရှိလျှင် နေ့စဉ် ကျွန်ုပ်တို့ ဝယ်ယူရာတွင် ငွေပေးချေရန်အတွက် ပိုက်ဆံအထပ်လိုက်ကို နေ့စဉ် သယ်ယူသွားနေရမှာ ဖြစ်သောကြောင့် ဖြစ်ပါသည်။  ဤဆောင်းပါးကို Barclays and the Balance တို့မှ ကောက်နုတ် မှီငြမ်းထားပါသည်။

*****************************

Debit Card တစ်ကဒ်နှင့် Credit Card တစ်ကဒ်ကြား ကွဲပြားမှုများ

Debit Card တစ်ကဒ်နှင့် Credit Card တစ်ကဒ်ကြား ကွဲပြားမှုများကို နားလည် သဘောပေါက်ခြင်းသည် သင့်ကို အမျှော်အမြင်ရှိသော ဘဏ္ဍာရေးနှင့်ဆိုင်သော ဆုံးဖြတ်ချက်များ ချနိုင်ဖို့ ကူညီပေးပါသည်။  Debit Crad များကို ဆိုင်များမှ ပစ္စည်းများအတွက် ငွေပေးချေဖို့နှင့် ပိုက်ဆံစက်မှ ပိုက်ဆံထုတ်ယူဖို့ရန်အတွက် အသုံးပြုပါသည်။  သင်ပိုက်ဆံ သုံးစွဲလိုက်ပြီဆိုတာနှင့် ထိုပိုက်ဆံကို သင့်ဘဏ်စာရင်းမှ အလိုအလျောက် ထုတ်ယူသွားမှာဖြစ်ပါသည်။  ထို့ကြောင့် သင့်ဘဏ်စာရင်းတွင် လုံလောက်သော ပိုက်ဆံရှိနေရမည်ဖြစ်ပါသည်။  Debit Card တစ်ကဒ်နှင့် Credit Card တစ်ကဒ်ကြား အခြေခံအကျဆုံး ကွဲပြားမှုများကတော့ ထိုကဒ်များ ဘယ်နေရာမှ ငွေဆွဲယူသလဲ ဆိုတာပဲ ဖြစ်ပါသည်။  Debit Card ကတော့ သင့် ဘဏ်စာရင်းမှ ငွေဆွဲယူပြီး Credit Card ကတော့ သင့် အကြွေးစာရင်းထဲတွင် ထည့် ပေါင်းလိုက်ပါသည်။  Financial Thutha မှ မှတ်ချက်ပေးချင်တာကတော့ အယောက်စီတိုင်းသည် Debit Card တစ်ကဒ်နှင့် Credit Card တစ်ကဒ်ကြား ခြားနားမှုများကို သိနေဖို့ အလွန် အရေးကြီးပါသည်။  သို့မှသာ သူတို့အသုံးပြုမည့် ကိစ္စပေါ်မူတည်ပြီး Debit Card က သင့်တော်မလား သို့မဟုတ် Credit Card က ပိုသင့်တော်မလားဟု ဆုံးဖြတ်နိုင်မှာပဲ ဖြစ်ပါသည်။

*****************************

Credit Card တွေဆိုတာ ဘာတွေလဲ

Credit Card သည် သင့်ဘဏ်စာရင်းနှင့် ချိတ်ထားခြင်း မရှိသော်လဲ အကြွေးစနစ်တစ်ခုနှင့်တော့ ဆက်ထားပြီး သင့်ကို ပစ္စည်းများချက်ချင်း ကြိုတင်သက်မှတ်ထားသော ပမာဏတစ်ခုထိ ဝယ်ယူနိုင်စေပါကာ နောက်တစ်ချိန်မှာသာ ပြန်ပေးရမှာဖြစ်ပါသည်။  သင်ဝယ်ယူထားသော ငွေကြေးကို သင့် Credit Card စာရင်းတွင် ပေါင်းထားလိုက်မှာဖြစ်ပြီး စာရင်းရှင်းတမ်းကို သင်လစဉ်ရရှိမှာဖြစ်ပါသည်။  Credit Card ကုမ္ပဏီသည် သင်ဝယ်ယူထားမှုမပေါ် မူတည်၍ အတိုးတွက်မှာ ဖြစ်ပါတယ်။  သို့သော်လည်း ကုမ္ပဏီအမျိုးမျိုးပေါ်မူတည်၍ သင့်အကြွေးကို နောက်လတွေထိ ဆက်လက်သယ်ယူသွားခြင်း မလုပ်ရင်တော့ အတိုးမပေးရသော အတိုးမဲ့ကာလ ရှိတတ်ပြီး အကြမ်းအားဖြင့် ရက် (၃၀) ခန့်ပေးပါတယ်။  Credit Card များမှာ အတိုးနှုန်း အလွန်မြင့်တတ်သောကြောင့် credit card အကြွေးကို အချိန်မှီဆပ်နိုင်ဖို့ အလွန်ပင် အရေးကြီးပါတယ်။  သင့် Credit Card လက်ကျန်ငွေနှင့် သင်ပြန်ဆပ်ငွေ မှတ်တမ်း အားလုံးသည် သင့် အကြွေးဆပ်မှု ရမှတ် အပေါ် သက်ရောက်မှု ရှိနိုင်သောကြောင့်ဖြစ်ပါသည်။  ထို့ကြောင့် ကြီးမြင့်သော အတိုးနှုန်းများမှ ရှောင်ရှားနိုင်စေဖို့အတွက် သင်တို့ရဲ့ Credit Card အကြွေးများကို အချိန်မှီ မှန်မှန် ဆပ်ပေးနေရန် Financial Thutha မှ စာဖတ်သူတိုင်းကို အကြံပေးချင်ပါသည်။  အချိန်မှီ Credit Card အကြွေးများ ရှင်းလင်းနိုင်စေရန် ကိုယ့်ကိုကိုယ် သတိပေးနှိုးဆော်ခြင်းလေး လူတိုင်းမှာ ရှိနေသင့်ပါသည်။

*****************************

Financial Thutha မှ မှတ်ချက်ပေးချင်တာကတော့ Financial Professional များသည် Credit Card များ အဓီကအားဖြင့် မည်သို့ မည်ပုံ အလုပ်လုပ်သည်ကို သိရှိရန် စိတ်ထက်သန် နေသင့်ပါသည်။  သို့မှသာ သင့်တွေရှိသော ဗဟုသုတ အသိပညာ အပုံလိုက်ကို ပြသပြီး ဘဏ်လောကမှ သင့်အနာဂတ် အလုပ်ရှင်ကို အထင်ကြီး အံ့သြ သွားစေနိုင်မှာဖြစ်ပါသည်။  ကျွန်ုပ်တို့ နေ့စဉ်ဘဝတွင် မကြာခဏ အသုံးပြုနေရသော Debit Card များနှင့် Credit Card များ နှင့်ပတ်သက်သော ဇာတ်လမ်းများအကြောင်း ပြောပြပြီး သေချာရှင်းလင်းပြနိုင်လျှင်တော့ အသေအချာပင် သင့် အနာဂတ် အလုပ်ရှင်ကို အထင်ကြီး အံ့သြစေမှာဖြစ်ပါသည်။

*****************************

အယောက်ချင်းစီတိုင်းသည် ဘဏ္ဍာရေးနှင့် ပတ်သက်သော အလေ့အကျင့်ကောင်းများ စတင်ပြုစု ပျိုးထောင်ထားဖို့ အလွန်ပင် အရေးကြီးကြောင်း Financiql Thutha မှ မှတ်ချက်ပေးချင်ပါသည်။  အဘယ်ကြောင့်ဆိုသော် သင့်ကို ဘဝမှာ အောင်မြင်မှုရဖို့ ကူညီပေးမှာ ထိုဘဏ္ဍာရေးနှင့်သက်ဆိုင်သော အလေ့အကျင့်ကောင်းများသာ ဖြစ်သောကြောင့် ဖြစ်ပါသည်။  ဘဏ္ဍာရေးအခြေအနေပိုမိုကောင်းမွန်သော သင့်အနာဂတ်သို့ လျှောက်လှမ်းနိုင်ရန်အတွက် Financial Thutha မှလည်း ဤကဲ့သို့သော ဘဏ္ဍာရေးနှင့် သက်ဆိုင်သော အလေ့အကျင့်များကို ဆက်လက် ဝေငှပေးသွားရန် ရည်ရွယ်ထားပါသည်။

အကယ်၍ ဤဆောင်းပါးသည် သင့်အတွက် အကျိုးရှိမယ်ဆိုရင် သင့်မိတ်ဆွေများကိုလည်း ဝေမျှပေးပါ။  ပြီးနောက် Financial Thutha ၏ Facebook Page ကို like လုပ်ပြီး follow လုပ်ထားပေးပါ။  သင့်ဤဆောင်းပါးကို ကြိုက်နှစ်သက်ကြောင်းလည်း comment ပေးထားနိုင်ပါသည်။  ကျွန်ုပ်တို့အတွက် ဤကဲ့သိုသော ဆောင်းပါးများ ဆက်လက်ရေးသားရန်အတွက် အားပေးမှုဖြစ်စေမှာ ဖြစ်ပါသည်။  Finance နှင့် ပတ်သက်သော ဗဟုသုတများ ရရှိရန်အတွက် ကျွန်ုပ်တို့ Financial Thutha Facebook Page ရှိ နောက်ဆုံးတင်ထားသော ဆောင်းပါးများကိုလည်း မှန်မှန်ဝင်ကြည့်ရန် ဖိတ်ခေါ်ပါရစေ။  ဤဆောင်းပါးကို အောက်ပါ website link များမှ မှီငြမ်း ထုတ်နုတ်ထားပါသည်။

*****************************

*** This article has been referenced and extracted from these websites, namely Barclays and the balance. It is from the link,https://www.thebalance.com/difference-between-a-credit-card-and-a-debit-card-2385972, It is written by Miriam Caldwell in the article titled, “What is the difference between Credit Card and a Debit Card?” Financial Thuta would like to sincerely thank Miriam Caldwell and “the balance team.” This article has also been referenced from Barclays and Financial Thuta would like to sincerely thank the Barclays team. Financial Thuta referenced and extracted the article from the following link: http://www.barclays.co.uk/help/cards/debit-card/difference-debit-credit/. It is being written by the Barclays team and Financial Thuta would like to sincerely thank Barclays. The Image is from, https://www.linkedin.com/pulse/credit-card-debit-what-better-money-mindz. Financial Thuta would like to thank Money Mindz for the image. Image Credit to Money Mindz.

*** Financial Thuta combines these insights from these sources in their analysis. Do note that certain parts are written by Financial Thuta but mostly referenced from Barclays and the balance in the weblinks above. It is also being translated by Financial Thuta. Financial Thuta is sharing the article to encourage financial learning in Myanmar solely for the purpose of learning. This article does not reflect the opinions and recommendations of Financial Thuta. All recommendations are made without guarantee on the part of Financial Thuta. Financial Thuta disclaim any liability in connection with the use of this information.

Credit. Thuta

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html