ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Immobilizer.... Toyota ကားများ၏ Immo စနစ်အကြောင်းလေ့လာကြည့်ကြစို့ .. Car wiring စိတ်ဝင်စားသူများသို့

Immobilizer
Toyota ကားများ၏ Immo စနစ်အကြောင်း
လေ့လာကြည့်ကြစို့ ။


Immo စနစ်တပ်ဆင်ထားရတဲ့ရည်ရွယ်ချက်ဟာ
 ကားတွေအခိုးခံရခြင်းမှကာကွယ်ဖို့ ဖြစ်ပါတယ်။

 Immo စနစ် setting  ဖြစ်နေချိန် မှာ  
ECU ဟာအင်ဂျင် ဆီပေးစနစ် (Fuel delivery)နဲ့  မီးပေးစနစ်(ignition system) ကိုဖြတ်တောက်ထားမှာဖြစ်ပြီးအင်ဂျင်      မွှေ နိုင့်ပေမဲ့ကားစက်နိုးနိုင်မှာမဟုတ်ပါဘူး။
Key code အမှန်ရှိတဲ့ သော့အသုံးပြုမှသာ setting ဖြစ်နေတဲ့ Immo စနစ်ကို unset လုပ်ပြီး ကားစက်နိုးခွင့်ပြုမှာဖြစ်ပါတယ်။
Key Code တွေကို Immo ECU ရဲ့  memory ထဲမှာမှတ်သားထားပြီးအဲဒီ  မှတ်ထားတဲ့ code တွေနဲ့ ကိုက်ညီတဲ့ ကားသော့ဖြင့် ကားကို start   လုပ်မှ Immo ECU ကနေ  အင်ဂျင် ECU ကို Immo စနစ် unset (cancel) လုပ်ပေးဖို့ signal ပို့ လိုက်တာဖြစ်ပါတယ်။ အဲဒီအခါကျမှ အင်ဂျင် ECU မှ Fuel delivery  နဲ့  ignition system ကိုခွင့်ပြုပေးခြင်းဖြစ်ပါသည်။ တပြိုင်နက်ထဲမှာပဲ Key code ကိုက်ညီမှုရှိတာနဲ့  security indicator light လေးကိုလဲ Off လုပ်ခိုင်းလိုက်ပါတယ်။
Toyota ကားတွေမှာ immo စနစ်ကို 1998 မိုဒယ်လောက်က စပြီးသုံးလာတာတွေ့ ရပါတယ်။ ဒီအစောပိုင်းကားတွေမှာ immo ဘူးသီး
သန့် မထိုင်ထားပဲ immo system ကို အင်ဂျင် ECU ထဲပူးတွဲတည်ဆောက်ထားတာတွေ့ ရပါတယ်။  2004 model နှောင်းပိုင်းကားတွေမှာ တော့ Immo ECU ဘူးသီးသန့် တပ်ဆင်လာတာပါ။
Immo စနစ်ပါတဲ့ကားတွေမှာ Master Key နှင့် Sub-key ဆိုပြီး ကားသော့ (၂) ချောင်းပါ လာပါတယ်။  အဓိကကွာခြားချက်တော့
(၁) Master Key  ရှိမှ  ကားသော့အပို ထပ်ကူးလို့ ရပြီး Sub-key ပဲရှိရင်ကားသော့အပိုကူးလို့ မရပါ။ (ကိုယ်တိုင် key Programmer မသုံးပဲ သော့အပိုကူးခြင်းကိုဆိုလိုပါသည်)
(၂) Master key က Trunk box နဲ့  doors တွေအားလုံးဖွင့်နိုင်ပြီး Sub-key က doors တွေကိုသာဖွင့်နိုင်မှာပါ။ Trunk box (Master key ဖြင့် lock လုပ်ထားလျှင်) Sub-key  နဲ့ ဖွင့်လို့ မရပါ။
(၃) Master key ကိုသော့အိမ်ထဲထိုးထဲ့လိုက်တာနဲ့  security indicator light ချက်ချင်းမှိတ်ပြီး Sub-key ဆိုရင် 2-sec လောက်လင်းနေပြီးမှ မှိတ်သွားမှာဖြစ်ပါသည်။
Credit...
Sk auto car computer wiring service

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html