ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကား Remote Key အကြောင်း.. ကား wiring နည်းပညာ စိတ်ဝင်စားသူ ညီငယ်တေ တွက်သာ

Remote Key အကြောင်း


Remote Key အကြောင်း သိဖို့ ဆိုရင် 
Wireless Door Lock Control system Circuit  (Remote Keyless Entry) ကိုလေ့လာထားရမှာပါ။

ဒီစနစ်ဟာရေဒီယိုလှိုင်းနဲ့ အလုပ်လုပ်တာဖြစ်ပြီး Remote တုံးလေးကိုနှိပ်တဲ့ command  အပေါ်မူတည်ပြီး Remote တုံးလေးဟာ ရေဒီယိုလှိုင်းထုတ်ပေးတဲ့ လှိုင်းထုတ်ပေးသူ (Transmitter) အဖြစ်လုပ်ဆောင်ပေးပါတယ်။    ၎င်းထုတ်ပေးလိုက်တဲ့ရေဒီယိုလှိုင်းတွေကို ကားထဲမှာရှိတဲ့ Door Control Receiver (လှိုင်းဖမ်းစက်) မှလက်ခံရယူပါတယ်။
တကယ်တော့ဒီရေဒီယိုလှိုင်းတွေဆိုတာ ကျနော်တို့ ပြောပြောနေတဲ့ key code တွေပါပဲ။  (ရေဒီယိုလှိုင်းပေါ် data (code) သယ်ဆောင်သွားပုံကိုရှုပါ)။ 
Door Control Receiver ဘူးဟာအဲဒီရေဒီယိုလှိုင်းတွေဖမ်းယူပြီး code data အဖြစ်နဲ့  Body ECU(Remote Control Module) ကို out put ထုတ်ပေးပါတယ်။   Body ECU  က၀င်လာတဲ့အဲဒီ code တွေကို   Code identification process ( key code စီစစ်ခြင်းလုပ်ငန်းစဉ်) ပြုလုပ်ပြီး ၎င်းမှတ်သားထားတဲ့ codes တွေ နဲ့  match ဖြစ်မှသာလျှင်  door ကို Lock/unlock  ပြု လုပ်စေတာဖြစ်ပါတယ်။ 
Key code ထဲမှာ သော့ကိုမှတ်မိစေတဲ့  (recognition codes) နဲ့ တံခါး Lock/unlock လုပ်ခိုင်းတဲ့ function code  ဆိုပြီးရှိထားပါတယ်။  Door Control Receiver ဘူးဟာ Body Ecu နဲ တိုက်ရိုက်ချိတ်ဆက်ထားသည်။
Wiring diagram   မှာတော့ ကားပေါ်မူတည်ပြီး Door Lock motor ကို  Door ECU ကနေ သွားတာရှိသလို  တချို့ ကားတွေလည်း  integration relay ကနေသွားထားပါလိမ့်မယ်။ Nissan ကားတွေကျတော့  Smart Entrance Control ဘူးကနေသွားမှာပါ။ အခြေခံသဘောကအတူတူပါပဲ။
Wireless Door Lock Control System လေ့လာထားခြင်းအားဖြင့် remote သော့အပိုကူးခြင်း၊ မတော်တစ သော့ပျောက်ခဲ့ပါက ၎င်းသော့ code အဟောင်းကိုဖျက်ပြီး သော့ code အသစ်ထဲ့ခြင်းများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ကိုယ်တိုင် Remote System ဆင်မယ်ဆိုရင်လည်း function ပိုစုံတဲ့ Remote control system  များတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
မှတ်ချက်။      ။  စတင်လေ့လာသူအနေဖြင့်  remote နှင့်  Immo  ရောထွေးနေတတ်ပါသည်။   ၎င်း (၂) ခုသဘောတရားဆင်သော်လည်း သီးသန့်စီဖြစ်ပါသည်။  Immo အကြောင်းကိုလည်း နောက်ပိုင်းတင်ပြပေးသွားပါမည်။
Credit.. Sk auto

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html