ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Car စက်နှိုးစနစ်၊စက်နှိုးမော်တာနှင့် ဖြစ်တတ်သောပြသနာများ

Car စက်နှိုးစနစ်၊စက်နှိုးမော်တာနှင့် ဖြစ်တတ်သောပြသနာများ
⚡⚡⚡⚡⚡

မော်တော်ယာဉ် အင်ဂျင်တစ်လုံး စတင်လည်ပတ်ရန် စက်နှိုးစနစ် (Starting System)လိုအပ်သည်။ အင်ဂျင်စက်တစ်လုံးကို စတင်လည်ပတ်စေရန်၊ နှိုးပေးနိုင်သော နည်းလမ်းမျိုးစုံရှိသည်။
• လျှပ်စစ်မော်တာနှင့် နှိုးခြင်း၊
• ဒီဇယ် အင်ဂျင်ကြီးများကို စက်နှိုးအင်ဂျင်အသေးဖြင့် နှိုးခြင်း၊
• ဖိသိပ်လေအားသုံး မော်တာ (Compressed-Air Motor)ဖြင့်နှိုးခြင်းဟူ၍ အမျိုးမျိုးရှိသည်။
မော်တော်ယာဉ်များတွင်D.C လျှပ်စစ်မော်တာဖြင့် စက်နှိုးသည့် စနစ်ကို သုံးသည်။ ဓာတ်ဆီကားများတွင် သုံးသော Starter Motorထက် ဒီဇယ်ကားသုံးStarter Motor က ပို၍ ကြီးမားပြီးလှည့်အားကောင်းသည်။ လူစီးကားငယ်များတွင် 12V စနစ်သုံး၍ မော်တာသည် 12 Volt Motorဖြစ်သည်။ ကုန်တင်ကားများနှင့် ဘတ်စ်ကားကြီးများတွင် 24 Volt Motor ကိုသုံး သည်။
 Starting System
 အင်ဂျင်စက်နှိုးရန်အတွက် လေ နှင့် လောင်စာဆီအရောအနှောကို အင်ဂျင် ဆလင်ဒါများအတွင်းသို့ ပစ်စတင် လှုပ်ရှားမှုဖြင့် ၀င်လာစေရန် ကရိုင်းရှပ်၊ ဖလိုင်းဝှီးတို့ အရှိန်ပြင်းစွာ လည်ပတ်ရသည်။ ထိုသို့ ဖလိုင်းဝှီးလည်ရန် မော်တာက အားကောင်းကောင်းနှင့် ဆွဲလှည့်ပေးသည်။ ကားသော့ဖွင့်ပြီး Start အနေအထားသို့ သော့လှည့်ပါက မော်တာလှည့်အားဖြင့် အင်ဂျင်ကို လည်ပတ်စေမည်။ မော်တာသည် ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို စက်မှု စွမ်းအင်အဖြစ်ပြောင်းလဲပြီး၊ အင်ဂျင်ဖလိုင်းဝှီးနှင့် ကရိုင်းရှပ်ကို လည်ပတ်စေပြီး၊ စက်နှိုးအောင် ဆောင်ရွက်ပေးသည်။ မော်တာ အားကောင်းကောင်းနှင့် လည်ပတ်မှ စက်နှိုးရလွယ်မည်။
>> မော်တာလှည့်အား ကောင်းရန်starting system တစ်ခုလုံး ပုံမှန် အလုပ်လုပ်ရမည်။
 starting system တွင်
• အားပြည့်သော ဘက်ထရီ၊
• Battery Relay၊
• ကားသော့အုံ(Ignition Switch)၊
• ကေဘယ်ဝါယာနှင့်
• starterမော်တာတို့ ပါဝင်သည်။
 စက်နှိုးမော်တာ
starter  မော်တာတွင် အဓိကအားဖြင့် အာမေချာ (Armature) တစ်ခုနှင့်Field Coil လေးစုံ ပါဝင်သည်။ အာမေချာ ရှပ်ထိပ်တွင် Driveပင်နီယံနှင့် Overrunning ကလပ်တို့တပ်ဆင်ထားသည်။ အာမေချာ၏ အခြားတစ် ဖက်တွင် ကြေးစိတ်ခေါင်း ပါရှိပြီး၊ မော်တာကိုယ်ထည် အထိုင်တွင် Ball Bearing များနှင့် အထိုင်ချထားသည်။ ကြေးစိတ်ခေါင်းတွင် ကာဗွန် ဘရပ်ခ်ျများ တပ်ဆင်နိုင်ရန် အထိုင်ပလိတ်ပြားနှင့် ကာဗွန်စပရိန်များ ပါဝင် သည်။ Field Coil နှင့် Pole Shoe (၄)စုံ ပါဝင်ပြီး၊ ကြေးဝါယာအလုံးကြီးများနှင့် ပတ်ထားသည်။
 ဆိုလိုနွိုက် (Solenoid)ယူနစ်သည် ဘက်ထရီမှ လျှပ်စီးကြောင်းအား ကောင်းစွာ စီးဝင်နိုင်ရန် Relay Switch အဖြစ် ဆောင်ရွက်ပေးပြီး၊ ဆိုလိုနွိုက်ကွိုင်၏ ဆွဲအားကြောင့်  Driveပီနီယံကို ဖလိုင်းဝှီး Ring Gear  နှင့် ချိတ်မိစေသည်။
⚡starterမော်တာတစ်လုံး လှည့်အားကောင်းစွာ လည်ပတ်နိုင်ရန် စက်နှိုးစနစ် တစ်ခုလုံး ကောင်းဖို့လိုအပ်သည်။
ပထမဆုံး မော်တာကောင်းရမည်။
ကာဗွန်နှင့် ကြေးစိတ်များ အထိကောင်းရမည်။
အာမေချာ ကြေးစိတ်များ ညီညာရမည်။
ဆိုလိုနွိုက် ကြေးပွိုင့်များ အထိကောင်းရမည်။
Overrunningကလပ် ကောင်းရမည်။
ဘက်ထရီအားပြည့်ပြီး ဘက်ထရီခေါင်းနှင့် ကေဘယ်ဝါယာကြိုးများ ဆက်သွယ်မှု တင်းကြပ်ခိုင်မာရမည်။
ကားသော့ အုံလည်းကောင်းရမည်။
စက်နှိုးစနစ်ရှိ အစိတ် အပိုင်း တစ်ခုချင်း ကောင်းလျှင် မော်တာလှည့်အား ကောင်းကောင်းနှင့် စက်နှိုးနိုင်မည်။ လောင်စာဆီစနစ်နှင့် မီးပေးစနစ် ကောင်းနေပါက အင်ဂျင်သည် မော်တာလှည့်လိုက်သည်နှင့် ချက်ချင်းနိုးသွားမည်။
⛔ စက်နှိုးစနစ်တွင် ဖြစ်တတ်သော ပြဿနာများ
ကားဟောင်း၍ အင်ဂျင်ကျလာလျှင် ယာဉ်မောင်းအများစု တွေ့ကြုံ ရတတ်သည့် ပြဿနာမှာ စက်နှိုးမရခြင်း ဖြစ်သည်။ လောင်စာစနစ်၊ မီးပေးစနစ် (Ignition System)ကောင်းသော်လည်း မော်တာ မကောင်းသည့် ပြဿနာအများစုမှာ
(က)ဘက်ထရီ အားအ၀င်နည်းခြင်း
(ခ)starter switchအိုးပင်း(န်) ဆားကစ် ဖြစ်နေခြင်း
(ဂ)မော်တာအာမေချာ ရှော့ခ်ဖြစ်နေခြင်း
(ဃ)မော်တာကာဗွန်စားပြီး တိုနေခြင်း
(င)ကာဗွန်ကျိုးနေတတ်ခြင်း
(စ)မော်တာကာဗွန်အထိုင် ရှော့ခ်ရှိခြင်း၊ အထိုင်ချောင်နေခြင်း
(ဆ)Field Coilအိုးပင်း(န်)ဖြစ်ခြင်း၊ ရှော့ခ်ဖြစ်ခြင်း
(ဇ)အာမေချာ ရှပ်အထိုင် ဘောလ်များ စားနေခြင်း
(ဈ)အာမေချာ ကြေးခေါင်းစိတ်များ ပွန်းစားပြီး မညီမညာဖြစ်နေခြင်း
(ည)Driveပင်နီယံအသွားများ စားသွား၍ ဖလိုင်းဝှီး ပင်နီယံအသွားနှင့် ချိတ်ဆက်ရာတွင် ချော်နေတတ်ခြင်း
(ဋ)ဆိုလိုနွိုက် ကြေးပွိုင့်များ မီးစားနေခြင်းကြောင့် ထိတွေ့မှု အားနည်း နေတတ်ခြင်း
စက်နှိုးမော်တာလှည့်အား မကောင်းဘဲ မော်တာအီနေပါက စက်နှိုးရခက် သည်။ ဖြစ်နိုင်ခြေရှိသည့် အားနည်းချက်များကို တစ်ဆင့်ပြီး တစ်ဆင့် စဉ်းစား၍ ရှာဖွေပါ။ ဘက်ထရီအခြေအနေအား စစ်ဆေးပါ။ ကေဘယ်ဝါယာ အဆက်များ ကောင်းမကောင်းစစ်ပါ။
ဘက်ထရီနှင့် ၀ါယာများ ကောင်းနေ လျှင်မော်တာမကောင်း၍ဖြစ်နိုင်သည်။
ဒိုင်နမိုမော်တာ ဆားဗစ်ဆိုင်တွင် မော်တာ၏ အပြစ်ကိုရှာဖွေပြီး ပြုပြင်ပါ။ ဒီဇယ်ကားများတွင် သုံးသော မော်တာသည် ပိုမိုအားကောင်းရန် လိုအပ်သဖြင့် မော်တာအား အမြဲဂရု တစိုက်စစ်ဆေးရန် လိုအပ်ပါသည်။
⛔  12 Volt မော်တာအား 24 Volt အားသုံး၍ မနှိုးပါနှင့်။ မော်တာလောင်တတ်သည်။ မြင့်မားသော ဗို့လ်အား ကြောင့် အခြားလျှပ်စစ်ပစ္စည်းများကို ပျက်စီးသွားစေသည်။ စက်နှိုးထိုင်းသော အင်ဂျင်များကို အကြိမ်ရေများစွာ မော်တာကိုဆွဲပါက မော်တာအပူလွန်ပြီး၊ ကွိုင်များ လောင်တတ်သည်။ ကားတွင်သုံးသော စက်နှိုးမော်တာသည် စက္ကန့်ပိုင်းမျှသာ သုံးစွဲရန် ဒီဇိုင်းပြုလုပ်ထားပါသည်။ အချိန်ကြာကြာ ဆက်သုံးပါက မော်တာကွိုင်များအပူချိန်တက်လာပြီး လောင်ကျွမ်းတတ် သည်ကို သတိပြုပါ။မော်တာအားကောင်းစွာ လည်ပြီးစက်မနိုးပါက အင်ဂျင်တွင် အခြားအပြစ်အားနည်းချက်များ ရှိနေ၍ဖြစ်သည်။ လောင်စာပို့စနစ်၊ မီးစနစ်များ ကောင်း၊ မကောင်း အပြစ်ရှာကြည့်ပါ။
ပြည်ပမှ ယခုဝင်ရောက်လာသော မော်ဒယ်လ်မြင့် ကားသစ်များတွင် စက်နိုးမော်တာ ပြဿနာမရှိသော်လည်း ယခင် ကားဟောင်းများနှင့် ဒီဇယ်အင်ဂျင်များတွင် မော်တာကို ပုံမှန်စစ်ဆေးပြုပြင် ထိန်းသိမ်းရန် လိုအပ်ပါသည်။Taxi အငှားယာဉ်များနှင့် ခရီးသည်တင်ဘတ်စ်ကားများသည် မော်တာဒုက္ခပေး၍ ခရီးသည်များပါ ၀ိုင်းပြီးတွန်းပေးနေရသည့် မြင်ကွင်းသည် မဖြစ်သင့်တော့ပါ။
ဘက်ထရီနှင့် မော်တာကို ပုံမှန်စစ်ဆေး ထိန်းသိမ်းထားလျှင် စက်နိုးမရသည့် ဒုက္ခမှ ကင်းဝေးပါမည်။



Credit》》
မင်းသစ်ထူး (စက်မှု) awjmyanmar







Websites .. blogger.. domain ရှိသူများအတွက် အလွယ်ဆုံးဝင်ငွေ ရှာနည်း အကောင့်  လျောက်ရန်


Blogger သို့မဟုတ်​ websites -- domain များမှာ ​ကြော်​ငြာထည့်​ပီး Online ဝင်​​ငွေရှာနည်း အ​ကောင့်​​လျောက်နည်း ​လေ့လာရန်​ ​အောက်​ကလင့်​ https://www-maharluthar.blogspot.com/2017/09/blogger-websites-domain.html Blogger သို့မဟုတ်​ websites -- domain များဖြင့်​ Online ​ငွေရှာနည်း https://www-maharluthar.blogspot.com/2017/09/blogger-websites-domain.htmlြေ ကာ်​ငြာနမူနာ ​အောက်​ကပုံ နိုပ်​ကြည့်​​ပေးပါ အဆင်​​ပြေကြပါ​စေ Like share လုပ်​ခြင်းဖြင့်​ ကူကြပါ.. အား​ပေးမှုကို ​ကျေးဇူးတက်​လျက်​ပါ.. Supporting Myanpay---
For international paypal IF YOU WANT TO HELP US, SUPPORT HERE, THANK U FOR YOURS VISTORS...


SEE YOU AGAIN , GOOD LUCK,

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html