ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

✔️ကားတွေရဲ့ အင်ဂျင်အအေးခံစနစ်ကို ဘယ်အချိန်မှာ service ပြုလုပ်သင့်ပါသလဲ

When do you need to service your car's cooling system?
✔️✔️ကားတွေရဲ့ အင်ဂျင်အအေးခံစနစ်ကို ဘယ်အချိန်မှာ service ပြုလုပ်သင့်ပါသလဲ?


အများစုသော ကားထုတ်လုပ်တဲ့ ကုမ္ပဏီ တွေကတော့ factory fill coolant ကို ခရီး ကီလိုမီတာ ၁၂၀,၀၀၀ သို့မဟုတ် ၅နှစ်အကြာမှာ အင်ဂျင်အအေးခံရည် အသစ်လဲလှယ်ဘို့ အကြံပြုကြပါတယ်။


ဒါပေမဲ့ တကယ်တမ်းမှာတော့ 
အင်ဂျင်အအေးခံစနစ်အတွင်းက 
အင်ဂျင်အအေးခံရည်ဟာ သက်တမ်းကြာလာတာနဲ့အမျှ အက်ဆစ်ဓာတ် ပိုမိုဖြစ်ထွန်းလာပြီး အအေးခံစနစ်အတွင်းက ရေတိုင်ကီ၊ coolant pump၊ ရေပိုက်လိုင်းတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် ရေဂျိုးတွေလည်း ဖြစ်ပေါ်နိုင်ပြီး အင်ဂျင်အအေးခံရည်လှည့်ပတ်လမ်းကြောင်းတလျောက် ပိတ်ဆို့မှုတွေ ဖြစ်လာစေနိုင်ပြီး အင်ဂျင်အပူလွန်ကဲခြင်း ဖြစ်ပေါ်စေနိုင်ပြီး အင်ဂျင်ပျက်စီးတဲ့အထိ ဦးတည်စေနိုင်ပါတယ်။


မြန်မာနိုင်ငံမှာ စီးနေကြတဲ့ ကားအများစုက ဂျပန်ကျ တပတ်ရစ်ကားတွေ ဖြစ်တဲ့အပြင်၊ အချို့အတော်များများက မောင်းနှင်ပြီး ကီလိုမီတာကို လျော့ထားတတ်ကြတာမို့လို့ သိဖို့ခက်ပါတယ်။
ဘယ်အချိန်မှာ coolant လှဲသင့်လဲ?


မိမိကားထုတ်လုပ်သော ခုနှစ်ကနေ တွက်ရင် သက်တမ်း ၅နှစ်ကျော်ပြီဆိုရင် အမြန်ဆုံး coolant လဲလှယ်သင့်ပါတယ်။
 မိမိကားရဲ့ coolant pH level ကိုလည်း အဆင့်မြင့် ကားဝပ်ရှော့တွေမှာ coolant tester နဲ့ စစ်ဆေးနိုင်ပြီး သတ်မှတ်pH level ထက် လျော့နဲနေရင်လည်း အသစ်လဲလှယ် သင့်ပါတယ်။
Coolant ဘယ်လိုလဲမလဲ?


 ရိုးရိုး ဖေါက်ချပြီး coolant ထပ်ဖြည့်ပေးခြင်း

အများစုကတော့ ရေတိုင်ကီထဲက coolant အဟောင်းဖောက်ချ၊ အသစ်ထည့် ဒါမှမဟုတ် ရေထည့်ပြီး ခဏနှိုးပြီး ရေပြန်ဖောက်ချ ၊ coolant အသစ်ထည့်ဆိုတဲ့ ခေတ်ဟောင်း နည်းစနစ်နဲ့ coolant လဲလှယ်နေကြဆဲပါပဲ။ 

ဒီနည်းလမ်းက ကုန်ကျစားရိတ်နဲပေမယ့် အားနဲချက်က အင်ဂျင်အအေးခံစနစ်တခုလုံးက အအေးခံရည်အဟောင်း အားလုံးကို စွန့်ထုတ်နိုင်တာ မဟုတ်ဘဲ ရေတိုင်ကီထဲက အင်ဂျင်အအေးခံရည် အဟောင်းကိုသာ စွန့်ထုတ်နိုင်တာပါ။ ဒီတော့ အသစ်ထည့်လိုက်တဲ့ အင်ဂျင်အအေးခံရည်နဲ့ အင်ဂျင်ဘလောက်က အအေးခံရည်သွားလမ်းကြောင်း(cooling passage) ထဲက အအေးခံရည်အဟောင်းတွေဟာ အင်ဂျင်စက်နှိုးပြီးခဏနေတာနဲ့ ရောနှောသွားတော့တာပါပဲ။ အကယ်၍ အသစ်ထည့်လိုက်တဲ့ အင်ဂျင်အအေးခံရည်နဲ့ အင်ဂျင်အအေးခံစနစ်မှာ ကျန်ခဲ့တဲ့ လက်ကျန် အင်ဂျင်အအေးခံရည် အမျိုးအစား မတူညီရင် မလိုလားအပ်တဲ့ အခြားပြဿနာတွေ ရေရှည်မှာ ရင်ဆိုင်ရအုံးမှာပါ



စက်ဖြင့် Coolant Flush Service လုပ်ပေးခြင်း
Cooling Flush Service ဆိုတာ ဘာလဲ?

BG Product Inc က ပညာရှင်တွေ လေ့လာတီထွင်ထားတဲ့ BG CT2 Coolant Flush Machine ကတော့ အင်ဂျင်အအေးခံရည် အဟောင်း နဲ့ အသစ်ကို လုံးဝမရောနှောစေဘဲ ၊ အင်ဂျင်အအေးခံရည်အဟောင်းကို အင်ဂျင်အအေးခံစနစ် တခုလုံးကနေ စွန့်ထုတ်ပစ်နိုင်ပြီး အင်ဂျင်အအေးခံရည်အသစ်နဲ့ လိုအပ်တဲ့ပမာဏ အတိအကျ ပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။  လေခိုခြင်း၊ အင်ဂျင်အပူချိန်လွန်ကဲခြင်း ကဲ့သို့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကိုပါ ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။


 BG Cooling System Service Kit ဆိုတာ ဘာလဲ?

BG Cooling System Service Kit ဆိုတာ BG Universal Cooling System Cleaner, BG Universal Super Cool နဲ့ BG Universal Cooling System Sealer ဆိုတဲ့ premium additive သုံးမျိုးပါဝင်တဲ့ service kit ဖြစ်ပါတယ်။

BG Universal Cooling System Cleaner ဆိုတာက အင်ဂျင်အအေးခံရည် အဟောင်း ထဲကို ထည့်သွင်းပြီး အသုံးပြုရတဲ့ အင်ဂျင်အအေးခံစနစ် သန့်စင်ဆေးရည် ဖြစ်ပါတယ်။ BG Universal Cooling System Cleaner က ရေဂျိုးတွေ၊ ရေတိုင်ကီလိုင်းတလျောက်ပိတ်ဆို့နေတဲ့ ထုံးဓာတ်တွေကို အထိရောက်ဆုံး ဖယ်ရှားရှင်းလင်းပေးမယ့် ဆေးရည်ဖြစ်ပါတယ်။


BG Universal Super Cool ကတော့ အသစ်ထည့်သွင်းလိုက်တဲ့ အင်ဂျင်အအေးခံရည်အသစ်ရဲ့ စွမ်းဆောင်ရည် ကို တိုးမြှင့်ပေးပြီး ရေတိုင်ကီ သံဂျေးတက်ခြင်း၊ pH level လျင်မြန်စွာ နိမ့်ကျခြင်း စတဲ့ အရာတွေ မဖြစ်စေဘဲ အကောင်းဆုံး အင်ဂျင်အအေးခံရည် အရည်အသွေးမှာ ကြာရှည်စွာ ထိန်းသိမ်းထားပေးမယ့် premium additive ဖြစ်ပါတယ်။ အလွန်ပူသော ဒေသများအတွက် အထူးသင့်လျော်ပါတယ်။


BG Universal Cooling System Sealer ဆိုတာကတော့ မိုက်ခရို ဖိုင်ဘာနည်းပညာအသုံးပြုထားပြီး အင်ဂျင်အအေးခံစနစ်တလးခုလုံးမှာ ရှိတဲ့ ပိုက်ဆက်တွေ၊ ရေတိုင်ကီက အပေါက်ငယ်တွေကို ပြန်ပိတ်ပေးနိုင်မယ့် အပေါက်ဖာဆေးရည် တမျိုး ဖြစ်ပါတယ်။


Cooling Flush Service လုပ်မယ်ဆိုရင် BG Cooling System Service Kit ကိုပါ တွဲဖက်အသုံးပြုတာက သင့်ကားအတွက် မရှိမဖြစ် အရေးပါလှတဲ့ အင်ဂျင်အအေးခံစနစ်ကို အကောင်းဆုံး ထိန်းသိမ်းကာကွယ်ခြင်းဖြစ်ပါတယ်။


အင်ဂျင်အပူလွန်ကဲခြင်း၊
ရေတိုင်ကီ ရေဆူခြင်း၊
ရေတိုင်ကီ ပေါက်ခြင်း စတဲ့ မလိုလားအပ်တဲ့ ပြုပြင်စားရိတ်များစွာ မကုန်ကျအောင် တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။


Credit: Nyan Zaw







lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html