ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Super four ဆိုင္ကယ္ကိုမွ စီးမယ္ဆိုရင္ သိထားသင့္တဲ့ သူ႔ရဲ႕သမိုင္ေၾကာင္း

Super four မွ စီးမယ္ဆို ဒိေလာက္ေတာ့သိထားရမယ္ ...
============================
S4 တစ္စီးဝယ္ေတာ့မယ္ဆိုရင္ ဒီပို႕စ္ကေလးကို အလြတ္က်က္ထားလိုက္ရင္ အေတာ့္ကို ေျပလည္တဲ႔ အေနအထားထိ
ေရာက္ေအာင္ပါ။
လူငယ္ေတြအႀကား အေအာင္ျမင္ဆံုး s4  ပီးေတာ့ ရင္ထုမနာ လူေပါင္းမ်ားစြာ ငိုပြဲဆင္ရဆံုးs4 လို႕ေျပာရင္ မမွားနိုင္ပါဘူး။ ေစ်းကြက္အရ သ့င္တင့္တဲ႕ေစ်းျဖစ္ေနတာရယ္
နွစ္လိုဖြယ္အသံျဖစ္ေနတာရယ္ေႀကာင့္ အေတာ္မ်ားမ်ားရဲ႕ အိမ္မက္ကလဲ s4 တစ္စီး ပိုင္ဆိုင္ေရးပါပဲ။
အထက္ကေျပာသလို မွန္းခ်က္နဲ႕ နွမ္းထြက္က မကိုက္ခဲ့တဲ႕အခါ အထိနာ ေနာက္ဆိုs4  ဆိုေတာ္ပါပီျဖစ္ႀကျပန္
ေရာ။ တကယ္ေတာ့ s4 မွာအျပစ္မရွိပါဘူး။ မေလ့လာမထိန္းသိမ္း တတ္တဲ႕ လူေတြရဲ႕ , အ , န မူနဲ႕
မသိသူဆို ဂ်င္းထည့္ခ်င္တဲ႕ လူေတြရဲ႕ ေလာဘကသာ အျပစ္ရွိတာပါ။ ဟြန္ဒါရဲ႕  အေအာင္ျမင္ဆံုး စီးရီးျဖစ္တဲ႕ s4 ရဲ႕ အေႀကာင္းေလးေတြ ေျပာျပႀကည့္ရေအာင္။ CB1 စီးရီးရဲ႕အေနာက္မွာ S4 ကို1992 မွာ စတင္ထုတ္ခဲ့တာပါ။ CB1 ရဲ႕ Cam gear စနစ္နဲ႕အင္ဂ်င္ကို CBR racing စီးရီးေတြအေပၚ ေျပာင္းတင္လိုက္ပီးေတာ့ cam chain စနစ္နဲ႕ s4 အင္ဂ်င္ကို စတင္ ထုတ္ခဲ့တာပါ။ အတည့္နီးပါး စြပ္ထားတဲ႕ CB1 ကာဘရိုက္တာေတြကို ေရျပင္ညီျပန္ခ်ခဲ့ပါတယ္။လျခမ္းပံုကလပ္အံုဖံုးေတြနဲ႕ ေနာက္ေျခနင္းက သတၲဳ အပိတ္ေတြနဲ႕ ဖင္ေမ်ာ ေတြ စလစ္မွာေလလိုင္းမပါ ေျပာင္ေတြ က 95 ထိ တပံုထဲ လာတာပါ။

1.1994မွာ အိမ္ေခါင္ပံုပင္စင္အိုးေတြေျပာင္းပီး မီးေပါက္စဥ္ကို အဆင့္ျမွင့္ခဲ့ပါတယ္။ 96မွာ လျမင့္ဆို version R  ဝင္ပါပီ။
96 မွာ စလစ္ေဘးမွာေလလိုင္းေလးေတြပါလာတယ္
ေျခနင္း သတၲဳ ပိတ္ေပမယ့္ ဖင္အလံုးက ေထာင္
ေထာင္ေလးျဖစ္လာတယ္။ 96 မွာ Version Sဝင္တာနဲ႕ မဝင္တာ ခြဲေသးတယ္ လနိမ့္မွာ version မျဖစ္ေသးဘူး။ လျမင့္မွာ version ဝင္ပီဆို ေရွ႕ ဘရိတ္ ဆံုက ပင္စင္ေလးလံုးဘယ္ညာ ဖိ တဲ႕စနစ္ျဖစ္သြားမယ္
CDIက ပံုမွန္ ႀကိဳးဆယ္ေခ်ာင္းကို ဘားရွင္းဘူး အတြက္သံုးပင္ ပိုလာလို႕ ဆယ့္သံုးပင္ျဖစ္သြားမယ္။
98/97 မွာေတာ့ ေနာက္ေျခနင္းက အေပါက္ေတြပါလာပီ။ကလပ္အံုကဝလံုးပံုအရစ္ေတြေျပာင္းပီ
ေရွ႕ဘရိတ္ဆံုက တစ္စံုကိုပင္စင္ ေလးလံုး ဘားရွင္းစစ္
စစ္ ျဖစ္ပီ။ 99 မွာ Vtec စ ပါလာတာပဲ။
VTEC ဆိုတာက လွ်ပ္စစ္ ထိန္းခ်ဳပ္ ဘားစနစ္ လို႕ေခၚမလားပဲ။ ပံုမွန္ ဘားရွင္း S4 ေတြအထိ ဘားဆယ့္ေျခာက္ပြင့္ဟာ အျမဲ ေဆာ့ေနတာပါ။ ျမို႕တြင္းမွာလဲေဆာ့တယ္ အဲ့အခါ ဘီးက ဆီပိုစားတာနဲ႕ ဟိတက္တာေတြျဖစ္လာတယ္။ Vtec က ဟြန္ဒါရဲ႕ မူပိုငိပါ။ ဘားဆယ့္ေျခာက္ပြင့္မွာရွစ္ပြင့္ကိုပဲ အျမဲေဆာ့ခိုင္းပီးေတာ့ လိုအပ္တဲ႕အပါတ္ရည္ ေရာက္မွ က်န္တဲ႕ ရွစ္ပြင့္ကို အင္ဂ်င္ဝိုင္ဖိအားနဲ႕ တြန္းဖြင့္ေပးတာပါ။
ဝါဟာလိုင္းနဲ႕ cdi ကပဲ ထိန္းခ်ဳပ္တာပါ။

2.1999 ကစပီး 2001 အထိမွာ ပံုစ ေျပာင္းပါတယ္ ေနာက္ေျခနင္းကိုင္းေတြ အလိမ္ ျဖစ္သြားတယ္။ ကလပ္အံုအဖံုးက အေျပာင္ နီကယ္ဖံုးေျပာင္းတယ္ VTEC1 စပါလာတယ္။ေနာက္ဘရိတ္ေအာက္ဆြဲျဖစ္သြားတယ္။
ေနာက္ဖင္က Versionေတြေလာက္လဲ မပြ မလံုးေတာ့ပဲ ေယာင္ေယာင္ေလးျမင့္လာတယ္။ေဘး ဘထရီအဖံုး
ေတြေျပာင္းသြားပါတယ္။cdiက စက္နိုးလိုင္းဆယ္ပင္ ဘားရွင္းသံုးပင္ Vtec အတြက္ ခြန္နပင္ ေပါင္းရင္ အပင္နွစ္ဆယ္တိတိ ပါလာပါတယ္။
hiss key မပါေသးတဲ႕ေရွ႕ေမာ္ဒယ္တစ္ခုပါပဲ။
vtec က RPM 6750 အထက္ေရာက္တာနဲ႕စ
အလုပ္လုပ္တာပါ။ တကယ္လို႕ VTEC အလုပ္မလုပ္ခဲ့ရင္ အေသဘားရွစ္ပြင့္သာကစားတာမို႕ မသိပဲ လီဘာစြတ္ဆြဲ စြတ္တင္ လုပ္ခဲ့မယ္ဆိုရင္ ဘားရွစ္ပြင့္ဟာ မီးနာပီးေတာ့ ကြ်ံက်ကုန္ပါတယ္။ 2006တစ္စီးကို ဘားရွင္း TCI နဲ႕ ဂ်င္းမိလာတာေျဖရွင္းေပးဖူးပါတယ္။
ဒီေနရာမွာေျပာစရာတစ္ခုက TCI ဆိုတဲ႕အေခၚပါ။
S4 အပါအဝင္ ဘီးႀကီးအမ်ားစုက TCI စနစ္ကို ေမာင္းနွင္ပါတယ္။ ဟိုင္းေဝးမွာ  cdi ဟိတက္တဲ႕ျပသနာကိုေရွာင္လႊဲဖို႕ရယ္ ႀကာရွည္ အသံုးခံေအာင္ရယ္ပါ။
အဖိုေမာင္းတဲ႕ cdi စနစ္ထက္စာရင္ေပါ့ေလ။ TCI ဆိုတာက ပလပ္ကြိဳင္မွာ +12V အေသဝင္ထားပီးေတာ့ TCI ကေန - လွမ္းေမာင္းတာပါ။ ဆိုလိုတာက အေပါင္းကိုအေသဝင္ပီးေတာ့ အနူတ္ကို TCIကေနလွမ္းေမာင္းတာပါ။ မီးနည္းေပမယ့္ မီးျငိမ္တယ္ေပါ့ဗ်ာ။ အဲ့ပလပ္ကြိုင္ေတြက DC ပလပ္ကြိဳင္မို႕ အဖိုနဲ႕အမ DC 12V သာရမယ္ဆို မီးထြက္ပါတယ္။
EFI စနစ္ေတြမွာလဲ TCIကို ECU ထဲထည့္သြင္းထားေပးတာပါ။

3.2002- 2003 မွာ VTEC 2 ကိုစတင္ အသက္သြင္းပါတယ္ RPM 6300 အထက္ကိုေရာက္တာနဲ႕
VTEC အလုပ္လုပ္ပါတယ္။ဒိုင္ခြက္မွာ ဆီဂိတ္ နာရီ နဲ႕
ေမာင္းနွင္ပီးကီလိုကို LCD ဒိုငိခြက္ကေလးနဲ႕ျပပါတယ္။ ေရွ႕မီးခြက္အထိုင္ေတြကို ပိုမိုေသသပ္တဲ႕ သတၲဳ ကိုင္း
ေတြနဲ႕ ထိန္းလားပါတယ္။အင္ဂ်င္ပံုစံက မေျပာင္းလဲပါဘူး။ ကတ္ေသာ့ကို စတင္ ထည့္သြားလာတဲ႕ ေမာ္ဒယ္လဲျဖစ္ပါတယ္။ Hiss key စနစ္ကို ေခၚတာပါ။ ေသာ့ရဲ႕
အဝင္ေပါက္ေလးနားမွာသံလိုက္ ကြင္းေလးရွိေနပီး
ေတာါ ေသာ့တံထဲမွာလဲ ဆားကစ္ျပားေလးျမဳတ္ထားပါတယ္။ ေသာ့ကိုထိုးလိုက္တဲ႕အခါ ကတ္ေသာ့ဆင္ဆာက အာရံု ခံပါတယ္ ေသာ့ဖြင့္ခ်ိန္မွာ cdiကို အခ်က္ေပးပီးမွန္တယ္ဆို စက္ေပးနိူးပါတယ္။မမွန္ခဲ့ရင္ ေသာ့တူေသြးထားလို႕ လည္သြားသည့္တိုင္ စက္ေပးမနိုးေတာ့ပါဘူး။
သူခိုးရန္က ကာကြယ္ဖို႕ နည္းပညာတစ္ခုပါ။  ဒါေပမယ့္ေသာ့ေပ်ာက္သြားတဲ႕အခါ ကတ္ေသာ့ ေဘာက္စ္ရယ္ cdiရယ္ ေသာ့အံုရယ္ ျဖဳတ္ယူသြားပီး ေကာ္ပီျပန္ပြားရတဲ႕ ဒုကၡေလးေတြေတာ့ရွိတာေပါ့ဗ်ာ။ ကတ္ေသာ့ပါလာတဲ႕ စီးရီးေတြမွာေတာ့ cdi အထြက္က 20 ပင္ျဖစ္သြားပါတယ္။ ကတ္ေသာ့နွစ္ပင္ စက္နိုးလိုင္း ဆယ္ပင္ လီဘာဆင္ဆာ သံုးပင္နဲ႕ vtecငါးပင္ ကတ္ေသာ့ နွစ္ပင္ပါ။2004 အထိ ေနာက္ဘရိတ္ေတြက ပင္စင္ေလးလံုး ကန္ထားပီးေအာက္ဆြဲပဲရွိေနပါေသးတယ္။

4. 2004- 2007  ဒီမွာက s4 ရဲ႕ ကာဘရိုက္တာ စီးရီးအဆံုးပါပဲ။ Hyper VTEC 3  စနစ္နဲ႕ ဂီယာနံပတ္ေျခာက္မွာဆို RPM 6750 မွာ VTEC အလုပ္လုပ္ပီးေတာ့ 1-5 ဂီယာေတြမွာေတာ့ 6300 RPM မွာအလုပ္လုပ္ပါတယ္။ အိတ္ေဇာမွာ ဖန္မွ်င္ အပူခံ ဂြမ္းစေတြ ပါလာပီး အိတ္ေဇာ သံကိုျငိမ္ေစပါတယ္။ ကာဘရိုက္တာ နဲ႕ လာတာ 2007 မွာေနာက္ဆံုး စီးရီးပါပဲ။
ေနာက္ဘရိတ္ ဆံုေတြအေပၚျပန္ေရာက္လာပါတယ္။
CDI အဝင္ ထြက္ကေတာ့ 2004 နဲ႕အတူတူပါပဲ။
အိတ္ေဇာေတြက သတၲဳ အိတ္ေဇာေတြကိုပဲ 1999 -2007 ထိ သံုးခဲ့တာပါ။ အပူေလ်ာ့ဖို႕ရယ္ ခါသံထြက္တာကိုတားဆီးနိုင္ဖို႕ပါ။

5. 2008- 2017မွာ  hyper VTEC 3  REVO ဆိုတဲ႕အမည္ကိုယူပါတယ္။ EFI စနစ္စတင္ျဖစ္လာခဲ့ပီးေတာ့ စတီးအိတ္ေဇာအပြ ေတြကိုျပန္သံုးလာခဲ့တာပါ။ VTEC အလုပ္အတြက္က 2007 နဲ႕အတူတူျဖစ္ပီးေတာ့2008 ကစပီးေတာ့ ABS ( anti lock brake system) ကို စတင္သံုးဆြဲခဲ့ပီးေတာ့ ABS ပါတဲ႕ေကာင္ေတြမွာေတာ့ ဘရိတ္ပင္စင္ သံုးလံုး ပါလာပါတယ္။ မပါတဲ႕ ေကာင္လဲေရြးဝယ္နိုင္ပါတယ္။ ေစ်းလဲကြာပါတယ္။2014ကစလို႕ LED စကရင္နဲ႕ ဂီယာပိုဇစ္ရွင္ သာာမိုမီတာနဲ႕ မိုင္နူန္းျပ စနစ္ကို ထည့္သြင္းလာပါတယ္။ေနာက္လက္ကိုင္ ကိုင္းေလး
ေတြကေရာ္ဘာစြပ္ကိုင္းေလးေတြျဖစ္လာပီးေတာ့ တဘက္တခ်က္ တစ္စံုပါလာပါတယ္။ 2008 revo ေမာ္ဒယ္ကစ လို႕စလစ္ရဲ႕ေဘးဘက္ေတြမွာ ေလလိုင္းေတြမပါေတာ့ပဲ အေျပာင္ျပန္လာပါတယ္ 1995 လိုပံုစံပါ။ 2018 မွာ super four ေတြက 1992 ကေနစ ခဲ့ရင္ 25 နွစ္ျပည့္အထိမ္းအမွတ္နဲ႕ project Big 1 စီးရီးကိုထုတ္ပါတယ္။
super four ေတြအေနနဲ႕ မေျပာင္းလဲတာက 525 o ring လို႕ေခၚတဲ႕ အဝိုင္းစည္းေလးေတြစြပ္ထားတဲ႕သံမဏိ ခ်ိန္းကိုပဲ ဆြဲျမဲ သံုးလာတာပါ။ ဆီတိုင္ကီက 18 လီတာဆန္႕ပီးေတာ့ ဘီးက ေမာင္းနွင္ဖို႕အသင့္အေနအထားမွာ 200kg ဆိုေတာ့ အေတာ္ေတာ့ ေလးပင္တဲ႕အေနအထားပါ။
ဘာေႀကာင့္ s4 က သင္ခန္းစာေတြေပးရသလဲ ေျပာႀကည့္ရေအာင္။ ( အမုန္းေတာ့ခံရေတာ့မယ္ ထားေတာ့)

1. ဝယ္မယ့္သူက ထဲထဲဝင္ဝင္ မသိတာ
=======================
cdi ရဲ႕ အဝင္ထြက္ကိုမသိတဲ႕အခါ cdi မွားမမွား မသိနိုင္ေတာ့ဘူး။ ဂ်ပန္ တံဆိပ္ျမင္တိုင္း ဂ်ပန္ ထင္ပီးေတာ့ အျမင့္ကို အနိမ့္ cdi ထည့္လႊတ္တဲ႕အခါ ကတ္ေသာ့လဲေပ်ာက္ vtec လဲမရ အဲ့ျပသနာက ကြ်န္ေတာ္အရွင္းရဆံုးျပသနာပါ။ကတ္ေသာ့မရတာျပသနာမဟုတ္ဘူး Vtec မရတာျပသနာပဲ။ ဘားကရွစ္ပြင့္ထဲ ေဆာ့ေနတာ ႀကာလာတာနဲ႕ အင္ဂ်င္လွပ္ရတာပဲ။
ဝယ္ေတာ့မယ္သူဆိုလဲ ဒီပို႕စ္ပါအခ်က္လက္ေတြကို ေစ့ေစ့ငုငုသိထားဖို႔လိုလိမ့္မယ္။ ဒါမွ ဂ်င္းဘီးေရွာင္နိုင္မွာပါ။ 2008 EFI ေတြကစလို႕ made china ဝါယာထုပ္နဲ႕ဝါယာဆက္စပ္ပစၥည္းေတြအကုန္တရုပ္မွာဆင္ပါတယ္။အရည္ေသံြးပိုင္း ေျပာစရာျဖစ္လာပါတယ္။အဲ့ေတာ့ ကြိဳင္ေတြကအစ ဟိုင္းေဝးမွာကြ်တ္ဆတ္ကုန္တာေတြျဖစ္လာတတ္ပါတယ္။

2. စက္ဆရာလက္တည့္စမ္းတာ
===================
ဒီေနရာမွာ ကြ်န္ေတာ့္ကိုအမုန္းမပြားႀကဖို႕ေတာင္းပန္လိုပါတယ္။ တကယ္နားလည္တတ္ႀကြမ္းတဲ႕ စက္ဆရာမဟုတ္ခဲ့ရင္ ကုန္က်စားရိတ္က မ်ားျပားလြန္းတာေႀကာင့္ ဒုတိယမိ ျပင္မေလာက္ ေကာင္းမလာ
ျပသနာနဲ႕ႀကံဳရတာပါ။ ဆိုပါဆို႕ ဝါယာလိုင္းမနိုင္လို႕ VTEC ေအာ္TCI လစ္သြားတဲ႕အခါ ငါးသိန္းေက်ာ္ေျခာက္သိန္းနီးပါး ပိုင္ရွင္နစ္နာပါတယ္။ ဒါကဥပမာေျပာျပတာပါ။ ဘယ္ရင္နဲ႕ အေျခခံ S4 တစ္စီးအေႀကာင္းကိုမွနားမလည္ရင္ မိမိဘီးဟာ လက္တည့္စမ္းခံရပါ့ေတာ့တယ္။ တကယ္နားလည္သူေတြနဲ႕သာျပသဖို႕ အႀကံေပးလိုပါတယ္။ ပညာသင္ညီငယ္ေတြဆရာေတြအေနနဲ႕လဲ ေသခ်ာ ေလ့လာ ဆည္းပူးပီးမွ ျပင္ဆင္သင့္ပါတယ္။ မိမိ အမွားတစ္ခ်က္က တသက္တာ နစ္နာေစမယ္ဆို မလုပ္သင့္ပါဘူး။

3. ျပဳျပင္ထိန္းသိမ္းမူအေႀကာင္း နားမလည္တာ
============================
ဒီေနရာမွာ ျပင္သူေရာ ပိုင္ရွင္ပါ နားလည္ဖို႕လိုတဲ႕အခ်က္ပါ။ အင္ဂ်င္ဝိုင္ေရြးခ်ယ္ဝယ္ယူတဲ႕ေနရာကစလို႕ အင္ဂ်င္ရဲ႕ အေႀကာင္းကိုေလ့လာထားဖို႕လိုပါလိမိ့မယ္။ ဘယ္ေလာက္မာတဲ႕ဘီးပဲေျပာေျပာပါ။ပိူင္ရွင္အသံုးမက်ရင္ ျပိဳတာပဲ။ အင္ဂ်င္ဝိုင္က ကရိုင္းေက့ကေန  စ တက္ကတည္းက filter နွစ္ခုကို ျဖတ္ရတယ္။ မိန္းေဖ့တာဆိုတာက ပဏာမ ေႀကး အနည္အဖတ္ေတြကို စစ္ ထုတ္တဲ႕ေနရာပါ။ သူကေန စစ္ထုတ္လိုက္တဲ႕ အင္ဂ်င္ဝိုင္ကို လမ္းေႀကာင္းအတိုင္းလိုက္လာပီးေတာ့ over pressure drain ကို ျဖတ္စီးပါတယ္။ ဒုတိယ စကၠဴ ဆီစစ္ဘူးထဲကိုဝင္ပါတယ္။ စကၠဴ ဆီစစ္ကိုျဖတ္တြန္းလာတဲ႕ဆီက မိန္းဘယ္ရင္ ေတြထဲကိုဝင္ပါတယ္။ ကရိုင္းထိုင္ထားတဲ႕ မိန္းဘယ္ရင္ ေတြထဲကိုဝင္တာပါ။ မိန္းဘယ္ရင္က ေျခာက္လံုးပါပါလိမ့္မယ္။ ဘယ္ကညာ စေရရင္ ကရိုင္းရဲ႕ဘယ္ဘက္ အစြန္မိန္းဘယ္ရင္က ဆီဟာ ကရိုင္းထဲကိုဝင္ပီး ပထမ ပင္စင္နံပါတ္တစ္ ကြန္နတင္း ကိုဝင္ပါတယ္။ ဒုတိယ မိန္းဘယ္ရင္က ဆီဟာ ဆီလမ္းေႀကာင္းအတိုင္း အေပၚဟက္တံုးထိတက္လာပီး ကင္းမရွပ္ ဘယ္ရင္ကပ္ခံုေတြထဲကိုဝင္လာပါတယ္။ တတိယ မိန္းဘယ္ရင္က ဆီဟာ ဒုတိယအင္ဂ်င္ရဲ႕ ကြန္နတင္းဘယ္ရင္ထဲကိုဝင္ပါတယ္။ အလယ္မွာ တိုင္ပင္ခ်ိန္း နဲ႕ကပ္ရပ္ ဘယ္ရင္တစ္ခုပါ။ ေလးခုေျမာက္မိန္းဘယ္ရင္က နံပါတ္သံုး အင္ဂ်င္ရဲ႕ ကြန္နတင္းဘယ္ရင္ထဲကိုဆီထပ္ပို႕ပါတယ္။ ငါးခုေျမာက္ မိန္းဘယ္ရင္က နံပါတ္ေလးအင္ဂ်င္ရဲ႕ ကြန္နတင္းဘယ္ရင္ထဲကို ဆီပို႕ပါတယ္။ နံပါတ္ေျခာက္ဘယ္ရင္က ဟက္တံုးထိဆီတက္လာတဲ႔ ဒုတိယ ဆီလိုင္းပါ။ အဲ့မွာေျပာစရာက ဘယ္ရင္ေတြဟာ ကားစနစ္လို ဆယ္စံုပါလာတာပါ။ မိန္းေျခာက္စံု ကြန္နတင္းေလးစံု ပါ။ အင္ဂ်င္ဝိုင္ပန္႕ဟာ ကလပ္အံုရွပ္နဲ႕ ခ်ိန္း နဲ႕ဆြဲထားတာပါ။ အဲ့အခါမွာ အင္ဂ်င္အပါတ္ရည္တက္လာတိုင္း အင္ဂ်င္ဝိုင္ဖိအားဟာ တိုးတိုးလာပါတယ္။ အင္ဂ်င္ဝိုင္ဟာ ဘယ္ရင္စနစ္မွာ နိူးနိူးခ်င္း psi 50 တြန္းအားရွိရပါ့မယ္။ RPM 1000တိုးလာတိုင္းဖိအားဟာ 10PSI တိုးတိုးလာရပါမယ္။ အကယ္၍ လိုတာထက္ပို မ်ားတဲ႕ဖိအားျဖစ္လာမယ္ဆို (ဆိုပါစို႕ စကၠႍဴ ဆီစစ္ပိတ္ေနတဲ႕အခါ  )အင္ဂ်င္ဝိုင္ဟာဆီလိုင္းထဲမွာ ဖိအားတက္လာပါမယ္ အဲ့အခါ  ဆီပိုက္ သတၲဳလိုင္းေတြဟာ ဆီဖိအားနဲ႕ကြဲထြက္ကုန္မွာပါ။ over pressure drain ဘားေလးဟာ စပရင္တင္းအားေလးနဲ႕ လိုတာထက္ပို လာတဲ႕ ဆီဖိအားေတြကိုအျပင္ကိုလွ်ံက်ေစပါတယ္။ ဆိုလိုတာက သူအလုပ္မလုပ္ရင္ ဆီဖိအားေႀကာင့္ဘအင္ဂ်င္ကြဲနိုင္သလို သူကအျမဲယိုစိမ့္ေနရင္လဲ သတ္မွတ္ဖိအားမရွိလို႕ အင္ဂ်င္ရဲ႕ ဘယ္ရင္ေလးေတြ လစ္တတ္ပါတယ္။ အင္ဂ်င္ဝိုင္ အသက္လို႕ ေျပာလို႕ရတဲ႕ s4 လို ကားလို အင္ဂ်င္ေတြမွာကရိုင္းေက့ ေအာက္ခံခြက္ကေလးဖြင့္လိုက္တာနဲ႕ မိန္းဆီစစ္ကို ျဖဳတ္ေဆးနိုင္ပါတယ္။ Vtwin ေတြမွာေတာ့ မိန္းဘြတ္နွစ္လံုးပဲ ဝင္ဖို႕လိုတာေႀကာင့္  မိန္းဆီစစ္ကို နည္းနည္းပိုႀကီးေပးထားပီးေတာ့ အလြယ္တစ္ကူျဖဳတ္ေဆးလို႕မရနိုင္တာအားနည္းခ်က္တစ္ခုပါပဲ။အင္ဂ်င္အလံုးလိုက္ခြဲလိုက္မွသာ ေဆးနိုင္ပါတယ္။ ပံုမွာေသခ်ာႀကည့္ပါ အင္ဂ်င္ဝိုင္လည္ပါတ္ပံုက္ုဆြဲေပးထားပါတယ္။ အင္ဂ်င္ဝိုင္က 5/40  အေဟာင္းဆို 10/40ကိုပဲထည့္ရပါတယ္ ျပစ္ေစးလြန္းရင္ ဘယ္ရင္ေတြႀကားကိုအားနဲ႕အင္နဲ႕ မေရာက္နိုင္တာျဖစ္တတ္ပါတယ္။ျပင္ဆရာေလးေတြအေနနဲ႕လဲ ေသခ်ာတဲ႕ေဆးေက်ာမူေတြနဲ႕ ဘယ္ရင္ ဆီလိုင္းေတြကိုသန္႕စင္ေပးရပါမယ္။ ဘယ္ရင္တစ္ခုခ်င္းစီ ဟာသီးသန္႕အလုပ္ေတြပါလို႕ ဆီလိုင္းေတြမပိတ္ဖို႕ ေသခ်ာစစ္ရပါမယ္။ အင္ဂ်င္ဝိုင္ပန္႕ဟာ ဒလက္နဲ႕ အထိုငိခြက္ 0.05 ထက္ ပိုပီးဟ မေနသင့္ပါဘူး။ ဟ ေနခဲ့ရင္ အင္ဂ်ငိဝိုင္ဖိအားက်ဆင္းပါမယ္။သက္ဆိုင္ရာ ကြန္နတင္းဘယ္ရင္ေတြဟာ ဆီဝင္ဖို႕အတြက္ သူ႕သတ္မွတ္ မိန္းဘယ္ရင္ေတြအေပၚမီွခိုေနရတာမို႕လို႕ အကယ္၍ မိန္းဘယ္ရင္ေတြက မလံုခဲ့ မတင္းခဲ့လို႕ ဟာေနမယ္ ဆီဟာအျပင္ကိုပဲလွ်ံက်တာမ်ားေနမယ္ဆို ရင္ အဲ့ကြန္နတင္းဘယ္ရင္ဟာ ဆီငတ္တာ အပူတက္လာပီးဖမ္းတာ က်ိဳးတာေတြျဖစ္တတ္ပါေသးတယ္။ အင္ဂ်င္လုပ္ရမယ့္အခါ အဲ့အပိုင္းေတြတစ္ခုစီကို ေသခ်ာစစ္ေဆးဖို႕လိုပ္လိမ့္မယ္။

ဒါဆိုရင္မႀကားခ်င္ဆံုး စကားကိုေျပာႀကည့္ႀကမယ္။ s4 တစ္စီးဟာNGK  စတီးပလပ္ကိုသံုးမယ္ဆိုရင္ ကီလို တစ္ေသာင္းျပည့္တိုင္း လဲလွယ္ေပးရမယ္ အီေယြဒီယမ္ NGK ပလပ္ကိုသံုးရင္ေတာ့ ကီလိုနွစ္ေသာင္း အစီးခံပါလိမ့္မယ္။
အင္ဂ်င္ဝိုင္ကို ကီလိုသံုးေထာင္မွာတစ္ခါလဲလွယ္ေပးဖို႕လိုပီးေတာ့ ကီလိုငါးေထာင္တိုင္းမွာ Fully synthatic အင္ဂ်င္ဝိုင္ 10/40 ကို လဲလွယ္ေပးရမွာျဖစ္ပါတယ္။အင္ဂ်င္ဝိုင္သံုးခါလဲတိုင္း oil filter ဘူးကို ျဖဳတ္ပီးလဲလွယ္ေပးရမွာျဖစ္ပါတယ္။ filter မလဲရင္ အင္ဂ်င္ဝိုင္သံုးလီတာ ထည့္ရပီးေတာ့ filter ပါလဲရင္ေတာ့ သံုးလီတာခြဲ ထည့္ဖို႕လိုပါလိမ့္မယ္။
ကီလို နွစ္ေသာင္း ျပည့္တိုင္း air filter လဲလွယိေပးဖို႕လိုပီးေတာ့ OEM ရရင္ပိုေကာင္းပါတယ္။
ကူးလင့္တိုင္ကီကိုလဲ ကီလိုနွစိေသာင္းျပည့္တိုင္း ကူးလင့္အသစ္ လဲလွယိေပးရမွာျဖစ္ပါတယ္။ ေရွ႕ေဖါက္ ဆီကိုေတာ့ နွစ္နွစ္ႀကာတစ္ခါ  သို႕မဟုတ္ ကီလိုနွစ္ေသာင္းခြဲ ေမာင္းပီးတိုင္း လဲေပးရမွာျဖစ္ပါတယ္။
ဟိတက္ျခင္း နွ့င္ဆိုင္တာေလးေတြအေနနဲ႕ကေတ့ာ
ဟက္ဂတ္စကက္ ေပါက္ခဲ့ရင္ အင္ဂ်င္ဝိုင္ထဲေရေရာက္တာေတြ ဟိတက္ပီး တိုင္ကီပိုက္ေတြပြင့္ထြက္တာပူလာရင္ထိုးရပ္တာေတြျဖစ္တတ္ပါတယ္။ ဟက္ဂက္စကက္ ေပါက္မေပါက္သိနိုင္တဲ႕နည္းကေတာ့ ေရတိုင္ကီဖံုးဖြင့္ထားပါ။ စက္နိူးႀကည့္ပါ ပူစီေပါင္းေတြထ လာတာမ်ိဳး ျဖစ္လာရင္ေတာ့ ဟက္ဂတ္စကက္ ေပါက္တာျဖစ္ပါတယ္။ တိုင္ကီထဲက ကူးလင့္ေရေတြေလ်ာ့သြားတာ ျဖစ္လာရင္ အင္ဂ်င္ဝိုင္ေတြလဲ တိုးလာတယ္ဆိုပါဆို႕ ေရလွယ္အံုအဝိုင္းစည္းေပါက္သလား ဂတ္စကက္ ရဲ႕ တိုင္ပင္ခ်ိန္းဘက္ ျပတ္သလားေသခ်ာစစ္ေဆးရပါ့မယ္။
cbr 400 ဖားဘလိတ္လို စလစ္နဲ႕ အင္ဂ်င္ေဟာက္ဇယ္ အတြဲလိုက္ေတြက်ျပန္ေတာ့လဲ အင္ဂ်င္ပဲလုပ္ခ်င္တာေတာင္ အလံုးလိုက္ခြဲရတဲ႕ျပသနာေလးေတြလဲရွိေသးဗ် ေနာ။ s4 ေတြမွာေနာက္ျပသနာတစ္ခုက ရိန္းထည့္တဲ႕အခါ မွာျဖစ္တာပါ။ ဒါကျပင္ဆရာေတြအပိုင္းပါ။စလစ္ရဲ႕ေအာ္နူတ္ခမ္းကိုက အထူ လာတာဆိုရင္ ေနာက္ထည့္မယ့္ပင္စင္နဲ႕ရိန္းက အလြယ္တကူမဝင္တတ္ေတာ့ပါဘူး။ ဒါဆို 1-4 အင္ဂ်င္ ကိုအရင္ပင္စင္စြပ္ပါ။ အလွူမီနီယံျပားေလးကို အဝိုင္းလုပ္ ရိန္းေလးေတြကိုဖိေပါ့ဗ်ာ။ အလယ္နွစ္လံုးက္ု စလစ္ေပၚကေနကားေတြထည့္သလို ကြန္နတင္းပင္စင္အတြဲလိုက္ျပန္စြပ္ခ်ပါ။ ေအာက္ကေန ကရိုင္းေက့စ္ေလးဖြင့္ နတ္ဆြဲေပါ့ဗ်ာ။ အလံုးလိုက္ခ်ရေပမယ့္ လက္မဝင္ေတာ့ဘူးေပါ့။ ပင္စင္နဲ႕ကြန္နတင္းကိုထည့္တဲ႕အခါ ကြန္နတင္းအေပၚျခမ္းက ဘယ္ရင္ကိုပါကပ္ထည့္ရတာမို႕ နည္းနည္းေတာ့ လက္ဝင္တယ္။ ဒါမယ့္ ဆံုးရံႈးမူနည္းတာေပါ့ေလ။ ဒါက ကြ်န္ေတာ့္နည္းပါ။ တျခားနည္းေတြေကာင္းတာေတြရွိပါလိမ့္ဦးမယ္။ မရွင္းရင္ cb လာေမးပါဗ်ာ။ ဒိုးေတြကို တဘားဖိ တဘားေထာက္ မယ္ဆိုလဲ ရေပမယ့္ကြ်န္ေတာ္က ေတာ့ tdc မွာပဲ( ပါဝါစတုတ္ အစ) မွာအမွန္ခ်ိန္ပါတယ္ 0.15 in -- 0.25 ex ပါ။ ကဲကဲ  ပိုင္ရွင္ေတြဘက္ျပန္သြားရေအာင္ဗ်ာစီးသူေတြအေနနဲ႕ကလဲ ေရျပန္ဘူးဟာ ညာဘက္ေဘးဖံုးေအာက္မွာရွိတာမို႕ ေရေလ်ာ့လား တိုးေနလား သတိထားႀကည့္သင့္ပါတယ္။

Writer by
Online reporters maybe someone,

Unocode font



Super four မှ စီးမယ်ဆို ဒိလောက်တော့သိထားရမယ် ...

============================

S4 တစ်စီးဝယ်တော့မယ်ဆိုရင် ဒီပို့စ်ကလေးကို အလွတ်ကျက်ထားလိုက်ရင် အတော့်ကို ပြေလည်တဲ့ အနေအထားထိ 

ရောက်အောင်ပါ။

လူငယ်တွေအကြား အအောင်မြင်ဆုံး s4  ပီးတော့ ရင်ထုမနာ လူပေါင်းများစွာ ငိုပွဲဆင်ရဆုံးs4 လို့ပြောရင် မမှားနိုင်ပါဘူး။ ဈေးကွက်အရ သ့င်တင့်တဲ့ဈေးဖြစ်နေတာရယ် 

နှစ်လိုဖွယ်အသံဖြစ်နေတာရယ်ကြောင့် အတော်များများရဲ့ အိမ်မက်ကလဲ s4 တစ်စီး ပိုင်ဆိုင်ရေးပါပဲ။ 

အထက်ကပြောသလို မှန်းချက်နဲ့ နှမ်းထွက်က မကိုက်ခဲ့တဲ့အခါ အထိနာ နောက်ဆိုs4  ဆိုတော်ပါပီဖြစ်ကြပြန်

ရော။ တကယ်တော့ s4 မှာအပြစ်မရှိပါဘူး။ မလေ့လာမထိန်းသိမ်း တတ်တဲ့ လူတွေရဲ့ , အ , န မူနဲ့

မသိသူဆို ဂျင်းထည့်ချင်တဲ့ လူတွေရဲ့ လောဘကသာ အပြစ်ရှိတာပါ။ ဟွန်ဒါရဲ့  အအောင်မြင်ဆုံး စီးရီးဖြစ်တဲ့ s4 ရဲ့ အကြောင်းလေးတွေ ပြောပြကြည့်ရအောင်။ CB1 စီးရီးရဲ့အနောက်မှာ S4 ကို1992 မှာ စတင်ထုတ်ခဲ့တာပါ။ CB1 ရဲ့ Cam gear စနစ်နဲ့အင်ဂျင်ကို CBR racing စီးရီးတွေအပေါ် ပြောင်းတင်လိုက်ပီးတော့ cam chain စနစ်နဲ့ s4 အင်ဂျင်ကို စတင် ထုတ်ခဲ့တာပါ။ အတည့်နီးပါး စွပ်ထားတဲ့ CB1 ကာဘရိုက်တာတွေကို ရေပြင်ညီပြန်ချခဲ့ပါတယ်။လခြမ်းပုံကလပ်အုံဖုံးတွေနဲ့ နောက်ခြေနင်းက သတ္တု အပိတ်တွေနဲ့ ဖင်မျော တွေ စလစ်မှာလေလိုင်းမပါ ပြောင်တွေ က 95 ထိ တပုံထဲ လာတာပါ။


1.1994မှာ အိမ်ခေါင်ပုံပင်စင်အိုးတွေပြောင်းပီး မီးပေါက်စဉ်ကို အဆင့်မြှင့်ခဲ့ပါတယ်။ 96မှာ လမြင့်ဆို version R  ဝင်ပါပီ။ 

96 မှာ စလစ်ဘေးမှာလေလိုင်းလေးတွေပါလာတယ် 

ခြေနင်း သတ္တု ပိတ်ပေမယ့် ဖင်အလုံးက ထောင် 

ထောင်လေးဖြစ်လာတယ်။ 96 မှာ Version Sဝင်တာနဲ့ မဝင်တာ ခွဲသေးတယ် လနိမ့်မှာ version မဖြစ်သေးဘူး။ လမြင့်မှာ version ဝင်ပီဆို ရှေ့ ဘရိတ် ဆုံက ပင်စင်လေးလုံးဘယ်ညာ ဖိ တဲ့စနစ်ဖြစ်သွားမယ်

CDIက ပုံမှန် ကြိုးဆယ်ချောင်းကို ဘားရှင်းဘူး အတွက်သုံးပင် ပိုလာလို့ ဆယ့်သုံးပင်ဖြစ်သွားမယ်။ 

98/97 မှာတော့ နောက်ခြေနင်းက အပေါက်တွေပါလာပီ။ကလပ်အုံကဝလုံးပုံအရစ်တွေပြောင်းပီ

ရှေ့ဘရိတ်ဆုံက တစ်စုံကိုပင်စင် လေးလုံး ဘားရှင်းစစ်

စစ် ဖြစ်ပီ။ 99 မှာ Vtec စ ပါလာတာပဲ။ 

VTEC ဆိုတာက လျှပ်စစ် ထိန်းချုပ် ဘားစနစ် လို့ခေါ်မလားပဲ။ ပုံမှန် ဘားရှင်း S4 တွေအထိ ဘားဆယ့်ခြောက်ပွင့်ဟာ အမြဲ ဆော့နေတာပါ။ မြို့တွင်းမှာလဲဆော့တယ် အဲ့အခါ ဘီးက ဆီပိုစားတာနဲ့ ဟိတက်တာတွေဖြစ်လာတယ်။ Vtec က ဟွန်ဒါရဲ့ မူပိုငိပါ။ ဘားဆယ့်ခြောက်ပွင့်မှာရှစ်ပွင့်ကိုပဲ အမြဲဆော့ခိုင်းပီးတော့ လိုအပ်တဲ့အပါတ်ရည် ရောက်မှ ကျန်တဲ့ ရှစ်ပွင့်ကို အင်ဂျင်ဝိုင်ဖိအားနဲ့ တွန်းဖွင့်ပေးတာပါ။ 

ဝါဟာလိုင်းနဲ့ cdi ကပဲ ထိန်းချုပ်တာပါ။ 


2.1999 ကစပီး 2001 အထိမှာ ပုံစ ပြောင်းပါတယ် နောက်ခြေနင်းကိုင်းတွေ အလိမ် ဖြစ်သွားတယ်။ ကလပ်အုံအဖုံးက အပြောင် နီကယ်ဖုံးပြောင်းတယ် VTEC1 စပါလာတယ်။နောက်ဘရိတ်အောက်ဆွဲဖြစ်သွားတယ်။ 

နောက်ဖင်က Versionတွေလောက်လဲ မပွ မလုံးတော့ပဲ ယောင်ယောင်လေးမြင့်လာတယ်။ဘေး ဘထရီအဖုံး

တွေပြောင်းသွားပါတယ်။cdiက စက်နိုးလိုင်းဆယ်ပင် ဘားရှင်းသုံးပင် Vtec အတွက် ခွန်နပင် ပေါင်းရင် အပင်နှစ်ဆယ်တိတိ ပါလာပါတယ်။ 

hiss key မပါသေးတဲ့ရှေ့မော်ဒယ်တစ်ခုပါပဲ။ 

vtec က RPM 6750 အထက်ရောက်တာနဲ့စ 

အလုပ်လုပ်တာပါ။ တကယ်လို့ VTEC အလုပ်မလုပ်ခဲ့ရင် အသေဘားရှစ်ပွင့်သာကစားတာမို့ မသိပဲ လီဘာစွတ်ဆွဲ စွတ်တင် လုပ်ခဲ့မယ်ဆိုရင် ဘားရှစ်ပွင့်ဟာ မီးနာပီးတော့ ကျွံကျကုန်ပါတယ်။ 2006တစ်စီးကို ဘားရှင်း TCI နဲ့ ဂျင်းမိလာတာဖြေရှင်းပေးဖူးပါတယ်။

ဒီနေရာမှာပြောစရာတစ်ခုက TCI ဆိုတဲ့အခေါ်ပါ။ 

S4 အပါအဝင် ဘီးကြီးအများစုက TCI စနစ်ကို မောင်းနှင်ပါတယ်။ ဟိုင်းဝေးမှာ  cdi ဟိတက်တဲ့ပြသနာကိုရှောင်လွှဲဖို့ရယ် ကြာရှည် အသုံးခံအောင်ရယ်ပါ။

အဖိုမောင်းတဲ့ cdi စနစ်ထက်စာရင်ပေါ့လေ။ TCI ဆိုတာက ပလပ်ကွိုင်မှာ +12V အသေဝင်ထားပီးတော့ TCI ကနေ - လှမ်းမောင်းတာပါ။ ဆိုလိုတာက အပေါင်းကိုအသေဝင်ပီးတော့ အနူတ်ကို TCIကနေလှမ်းမောင်းတာပါ။ မီးနည်းပေမယ့် မီးငြိမ်တယ်ပေါ့ဗျာ။ အဲ့ပလပ်ကွိုင်တွေက DC ပလပ်ကွိုင်မို့ အဖိုနဲ့အမ DC 12V သာရမယ်ဆို မီးထွက်ပါတယ်။

EFI စနစ်တွေမှာလဲ TCIကို ECU ထဲထည့်သွင်းထားပေးတာပါ။ 


3.2002- 2003 မှာ VTEC 2 ကိုစတင် အသက်သွင်းပါတယ် RPM 6300 အထက်ကိုရောက်တာနဲ့ 

VTEC အလုပ်လုပ်ပါတယ်။ဒိုင်ခွက်မှာ ဆီဂိတ် နာရီ နဲ့ 

မောင်းနှင်ပီးကီလိုကို LCD ဒိုငိခွက်ကလေးနဲ့ပြပါတယ်။ ရှေ့မီးခွက်အထိုင်တွေကို ပိုမိုသေသပ်တဲ့ သတ္တု ကိုင်း

တွေနဲ့ ထိန်းလားပါတယ်။အင်ဂျင်ပုံစံက မပြောင်းလဲပါဘူး။ ကတ်သော့ကို စတင် ထည့်သွားလာတဲ့ မော်ဒယ်လဲဖြစ်ပါတယ်။ Hiss key စနစ်ကို ခေါ်တာပါ။ သော့ရဲ့ 

အဝင်ပေါက်လေးနားမှာသံလိုက် ကွင်းလေးရှိနေပီး

တောါ သော့တံထဲမှာလဲ ဆားကစ်ပြားလေးမြုတ်ထားပါတယ်။ သော့ကိုထိုးလိုက်တဲ့အခါ ကတ်သော့ဆင်ဆာက အာရုံ ခံပါတယ် သော့ဖွင့်ချိန်မှာ cdiကို အချက်ပေးပီးမှန်တယ်ဆို စက်ပေးနိူးပါတယ်။မမှန်ခဲ့ရင် သော့တူသွေးထားလို့ လည်သွားသည့်တိုင် စက်ပေးမနိုးတော့ပါဘူး။ 

သူခိုးရန်က ကာကွယ်ဖို့ နည်းပညာတစ်ခုပါ။  ဒါပေမယ့်သော့ပျောက်သွားတဲ့အခါ ကတ်သော့ ဘောက်စ်ရယ် cdiရယ် သော့အုံရယ် ဖြုတ်ယူသွားပီး ကော်ပီပြန်ပွားရတဲ့ ဒုက္ခလေးတွေတော့ရှိတာပေါ့ဗျာ။ ကတ်သော့ပါလာတဲ့ စီးရီးတွေမှာတော့ cdi အထွက်က 20 ပင်ဖြစ်သွားပါတယ်။ ကတ်သော့နှစ်ပင် စက်နိုးလိုင်း ဆယ်ပင် လီဘာဆင်ဆာ သုံးပင်နဲ့ vtecငါးပင် ကတ်သော့ နှစ်ပင်ပါ။2004 အထိ နောက်ဘရိတ်တွေက ပင်စင်လေးလုံး ကန်ထားပီးအောက်ဆွဲပဲရှိနေပါသေးတယ်။ 


4. 2004- 2007  ဒီမှာက s4 ရဲ့ ကာဘရိုက်တာ စီးရီးအဆုံးပါပဲ။ Hyper VTEC 3  စနစ်နဲ့ ဂီယာနံပတ်ခြောက်မှာဆို RPM 6750 မှာ VTEC အလုပ်လုပ်ပီးတော့ 1-5 ဂီယာတွေမှာတော့ 6300 RPM မှာအလုပ်လုပ်ပါတယ်။ အိတ်ဇောမှာ ဖန်မျှင် အပူခံ ဂွမ်းစတွေ ပါလာပီး အိတ်ဇော သံကိုငြိမ်စေပါတယ်။ ကာဘရိုက်တာ နဲ့ လာတာ 2007 မှာနောက်ဆုံး စီးရီးပါပဲ။ 

နောက်ဘရိတ် ဆုံတွေအပေါ်ပြန်ရောက်လာပါတယ်။ 

CDI အဝင် ထွက်ကတော့ 2004 နဲ့အတူတူပါပဲ။ 

အိတ်ဇောတွေက သတ္တု အိတ်ဇောတွေကိုပဲ 1999 -2007 ထိ သုံးခဲ့တာပါ။ အပူလျော့ဖို့ရယ် ခါသံထွက်တာကိုတားဆီးနိုင်ဖို့ပါ။ 


5. 2008- 2017မှာ  hyper VTEC 3  REVO ဆိုတဲ့အမည်ကိုယူပါတယ်။ EFI စနစ်စတင်ဖြစ်လာခဲ့ပီးတော့ စတီးအိတ်ဇောအပွ တွေကိုပြန်သုံးလာခဲ့တာပါ။ VTEC အလုပ်အတွက်က 2007 နဲ့အတူတူဖြစ်ပီးတော့2008 ကစပီးတော့ ABS ( anti lock brake system) ကို စတင်သုံးဆွဲခဲ့ပီးတော့ ABS ပါတဲ့ကောင်တွေမှာတော့ ဘရိတ်ပင်စင် သုံးလုံး ပါလာပါတယ်။ မပါတဲ့ ကောင်လဲရွေးဝယ်နိုင်ပါတယ်။ ဈေးလဲကွာပါတယ်။2014ကစလို့ LED စကရင်နဲ့ ဂီယာပိုဇစ်ရှင် သာာမိုမီတာနဲ့ မိုင်နူန်းပြ စနစ်ကို ထည့်သွင်းလာပါတယ်။နောက်လက်ကိုင် ကိုင်းလေး

တွေကရော်ဘာစွပ်ကိုင်းလေးတွေဖြစ်လာပီးတော့ တဘက်တချက် တစ်စုံပါလာပါတယ်။ 2008 revo မော်ဒယ်ကစ လို့စလစ်ရဲ့ဘေးဘက်တွေမှာ လေလိုင်းတွေမပါတော့ပဲ အပြောင်ပြန်လာပါတယ် 1995 လိုပုံစံပါ။ 2018 မှာ super four တွေက 1992 ကနေစ ခဲ့ရင် 25 နှစ်ပြည့်အထိမ်းအမှတ်နဲ့ project Big 1 စီးရီးကိုထုတ်ပါတယ်။

super four တွေအနေနဲ့ မပြောင်းလဲတာက 525 o ring လို့ခေါ်တဲ့ အဝိုင်းစည်းလေးတွေစွပ်ထားတဲ့သံမဏိ ချိန်းကိုပဲ ဆွဲမြဲ သုံးလာတာပါ။ ဆီတိုင်ကီက 18 လီတာဆန့်ပီးတော့ ဘီးက မောင်းနှင်ဖို့အသင့်အနေအထားမှာ 200kg ဆိုတော့ အတော်တော့ လေးပင်တဲ့အနေအထားပါ။ 

ဘာကြောင့် s4 က သင်ခန်းစာတွေပေးရသလဲ ပြောကြည့်ရအောင်။ ( အမုန်းတော့ခံရတော့မယ် ထားတော့) 


1. ဝယ်မယ့်သူက ထဲထဲဝင်ဝင် မသိတာ

=======================

cdi ရဲ့ အဝင်ထွက်ကိုမသိတဲ့အခါ cdi မှားမမှား မသိနိုင်တော့ဘူး။ ဂျပန် တံဆိပ်မြင်တိုင်း ဂျပန် ထင်ပီးတော့ အမြင့်ကို အနိမ့် cdi ထည့်လွှတ်တဲ့အခါ ကတ်သော့လဲပျောက် vtec လဲမရ အဲ့ပြသနာက ကျွန်တော်အရှင်းရဆုံးပြသနာပါ။ကတ်သော့မရတာပြသနာမဟုတ်ဘူး Vtec မရတာပြသနာပဲ။ ဘားကရှစ်ပွင့်ထဲ ဆော့နေတာ ကြာလာတာနဲ့ အင်ဂျင်လှပ်ရတာပဲ။ 

ဝယ်တော့မယ်သူဆိုလဲ ဒီပို့စ်ပါအချက်လက်တွေကို စေ့စေ့ငုငုသိထားဖို့လိုလိမ့်မယ်။ ဒါမှ ဂျင်းဘီးရှောင်နိုင်မှာပါ။ 2008 EFI တွေကစလို့ made china ဝါယာထုပ်နဲ့ဝါယာဆက်စပ်ပစ္စည်းတွေအကုန်တရုပ်မှာဆင်ပါတယ်။အရည်သေွံးပိုင်း ပြောစရာဖြစ်လာပါတယ်။အဲ့တော့ ကွိုင်တွေကအစ ဟိုင်းဝေးမှာကျွတ်ဆတ်ကုန်တာတွေဖြစ်လာတတ်ပါတယ်။ 


2. စက်ဆရာလက်တည့်စမ်းတာ

===================

ဒီနေရာမှာ ကျွန်တော့်ကိုအမုန်းမပွားကြဖို့တောင်းပန်လိုပါတယ်။ တကယ်နားလည်တတ်ကြွမ်းတဲ့ စက်ဆရာမဟုတ်ခဲ့ရင် ကုန်ကျစားရိတ်က များပြားလွန်းတာကြောင့် ဒုတိယမိ ပြင်မလောက် ကောင်းမလာ 

ပြသနာနဲ့ကြုံရတာပါ။ ဆိုပါဆို့ ဝါယာလိုင်းမနိုင်လို့ VTEC အော်TCI လစ်သွားတဲ့အခါ ငါးသိန်းကျော်ခြောက်သိန်းနီးပါး ပိုင်ရှင်နစ်နာပါတယ်။ ဒါကဥပမာပြောပြတာပါ။ ဘယ်ရင်နဲ့ အခြေခံ S4 တစ်စီးအကြောင်းကိုမှနားမလည်ရင် မိမိဘီးဟာ လက်တည့်စမ်းခံရပါ့တော့တယ်။ တကယ်နားလည်သူတွေနဲ့သာပြသဖို့ အကြံပေးလိုပါတယ်။ ပညာသင်ညီငယ်တွေဆရာတွေအနေနဲ့လဲ သေချာ လေ့လာ ဆည်းပူးပီးမှ ပြင်ဆင်သင့်ပါတယ်။ မိမိ အမှားတစ်ချက်က တသက်တာ နစ်နာစေမယ်ဆို မလုပ်သင့်ပါဘူး။ 


3. ပြုပြင်ထိန်းသိမ်းမူအကြောင်း နားမလည်တာ

============================

ဒီနေရာမှာ ပြင်သူရော ပိုင်ရှင်ပါ နားလည်ဖို့လိုတဲ့အချက်ပါ။ အင်ဂျင်ဝိုင်ရွေးချယ်ဝယ်ယူတဲ့နေရာကစလို့ အင်ဂျင်ရဲ့ အကြောင်းကိုလေ့လာထားဖို့လိုပါလိမိ့မယ်။ ဘယ်လောက်မာတဲ့ဘီးပဲပြောပြောပါ။ပိူင်ရှင်အသုံးမကျရင် ပြိုတာပဲ။ အင်ဂျင်ဝိုင်က ကရိုင်းကေ့ကနေ  စ တက်ကတည်းက filter နှစ်ခုကို ဖြတ်ရတယ်။ မိန်းဖေ့တာဆိုတာက ပဏာမ ကြေး အနည်အဖတ်တွေကို စစ် ထုတ်တဲ့နေရာပါ။ သူကနေ စစ်ထုတ်လိုက်တဲ့ အင်ဂျင်ဝိုင်ကို လမ်းကြောင်းအတိုင်းလိုက်လာပီးတော့ over pressure drain ကို ဖြတ်စီးပါတယ်။ ဒုတိယ စက္ကူ ဆီစစ်ဘူးထဲကိုဝင်ပါတယ်။ စက္ကူ ဆီစစ်ကိုဖြတ်တွန်းလာတဲ့ဆီက မိန်းဘယ်ရင် တွေထဲကိုဝင်ပါတယ်။ ကရိုင်းထိုင်ထားတဲ့ မိန်းဘယ်ရင် တွေထဲကိုဝင်တာပါ။ မိန်းဘယ်ရင်က ခြောက်လုံးပါပါလိမ့်မယ်။ ဘယ်ကညာ စရေရင် ကရိုင်းရဲ့ဘယ်ဘက် အစွန်မိန်းဘယ်ရင်က ဆီဟာ ကရိုင်းထဲကိုဝင်ပီး ပထမ ပင်စင်နံပါတ်တစ် ကွန်နတင်း ကိုဝင်ပါတယ်။ ဒုတိယ မိန်းဘယ်ရင်က ဆီဟာ ဆီလမ်းကြောင်းအတိုင်း အပေါ်ဟက်တုံးထိတက်လာပီး ကင်းမရှပ် ဘယ်ရင်ကပ်ခုံတွေထဲကိုဝင်လာပါတယ်။ တတိယ မိန်းဘယ်ရင်က ဆီဟာ ဒုတိယအင်ဂျင်ရဲ့ ကွန်နတင်းဘယ်ရင်ထဲကိုဝင်ပါတယ်။ အလယ်မှာ တိုင်ပင်ချိန်း နဲ့ကပ်ရပ် ဘယ်ရင်တစ်ခုပါ။ လေးခုမြောက်မိန်းဘယ်ရင်က နံပါတ်သုံး အင်ဂျင်ရဲ့ ကွန်နတင်းဘယ်ရင်ထဲကိုဆီထပ်ပို့ပါတယ်။ ငါးခုမြောက် မိန်းဘယ်ရင်က နံပါတ်လေးအင်ဂျင်ရဲ့ ကွန်နတင်းဘယ်ရင်ထဲကို ဆီပို့ပါတယ်။ နံပါတ်ခြောက်ဘယ်ရင်က ဟက်တုံးထိဆီတက်လာတဲ့ ဒုတိယ ဆီလိုင်းပါ။ အဲ့မှာပြောစရာက ဘယ်ရင်တွေဟာ ကားစနစ်လို ဆယ်စုံပါလာတာပါ။ မိန်းခြောက်စုံ ကွန်နတင်းလေးစုံ ပါ။ အင်ဂျင်ဝိုင်ပန့်ဟာ ကလပ်အုံရှပ်နဲ့ ချိန်း နဲ့ဆွဲထားတာပါ။ အဲ့အခါမှာ အင်ဂျင်အပါတ်ရည်တက်လာတိုင်း အင်ဂျင်ဝိုင်ဖိအားဟာ တိုးတိုးလာပါတယ်။ အင်ဂျင်ဝိုင်ဟာ ဘယ်ရင်စနစ်မှာ နိူးနိူးချင်း psi 50 တွန်းအားရှိရပါ့မယ်။ RPM 1000တိုးလာတိုင်းဖိအားဟာ 10PSI တိုးတိုးလာရပါမယ်။ အကယ်၍ လိုတာထက်ပို များတဲ့ဖိအားဖြစ်လာမယ်ဆို (ဆိုပါစို့ စက္င်္ကူံ ဆီစစ်ပိတ်နေတဲ့အခါ  )အင်ဂျင်ဝိုင်ဟာဆီလိုင်းထဲမှာ ဖိအားတက်လာပါမယ် အဲ့အခါ  ဆီပိုက် သတ္တုလိုင်းတွေဟာ ဆီဖိအားနဲ့ကွဲထွက်ကုန်မှာပါ။ over pressure drain ဘားလေးဟာ စပရင်တင်းအားလေးနဲ့ လိုတာထက်ပို လာတဲ့ ဆီဖိအားတွေကိုအပြင်ကိုလျှံကျစေပါတယ်။ ဆိုလိုတာက သူအလုပ်မလုပ်ရင် ဆီဖိအားကြောင့်ဘအင်ဂျင်ကွဲနိုင်သလို သူကအမြဲယိုစိမ့်နေရင်လဲ သတ်မှတ်ဖိအားမရှိလို့ အင်ဂျင်ရဲ့ ဘယ်ရင်လေးတွေ လစ်တတ်ပါတယ်။ အင်ဂျင်ဝိုင် အသက်လို့ ပြောလို့ရတဲ့ s4 လို ကားလို အင်ဂျင်တွေမှာကရိုင်းကေ့ အောက်ခံခွက်ကလေးဖွင့်လိုက်တာနဲ့ မိန်းဆီစစ်ကို ဖြုတ်ဆေးနိုင်ပါတယ်။ Vtwin တွေမှာတော့ မိန်းဘွတ်နှစ်လုံးပဲ ဝင်ဖို့လိုတာကြောင့်  မိန်းဆီစစ်ကို နည်းနည်းပိုကြီးပေးထားပီးတော့ အလွယ်တစ်ကူဖြုတ်ဆေးလို့မရနိုင်တာအားနည်းချက်တစ်ခုပါပဲ။အင်ဂျင်အလုံးလိုက်ခွဲလိုက်မှသာ ဆေးနိုင်ပါတယ်။ ပုံမှာသေချာကြည့်ပါ အင်ဂျင်ဝိုင်လည်ပါတ်ပုံက်ုဆွဲပေးထားပါတယ်။ အင်ဂျင်ဝိုင်က 5/40  အဟောင်းဆို 10/40ကိုပဲထည့်ရပါတယ် ပြစ်စေးလွန်းရင် ဘယ်ရင်တွေကြားကိုအားနဲ့အင်နဲ့ မရောက်နိုင်တာဖြစ်တတ်ပါတယ်။ပြင်ဆရာလေးတွေအနေနဲ့လဲ သေချာတဲ့ဆေးကျောမူတွေနဲ့ ဘယ်ရင် ဆီလိုင်းတွေကိုသန့်စင်ပေးရပါမယ်။ ဘယ်ရင်တစ်ခုချင်းစီ ဟာသီးသန့်အလုပ်တွေပါလို့ ဆီလိုင်းတွေမပိတ်ဖို့ သေချာစစ်ရပါမယ်။ အင်ဂျင်ဝိုင်ပန့်ဟာ ဒလက်နဲ့ အထိုငိခွက် 0.05 ထက် ပိုပီးဟ မနေသင့်ပါဘူး။ ဟ နေခဲ့ရင် အင်ဂျငိဝိုင်ဖိအားကျဆင်းပါမယ်။သက်ဆိုင်ရာ ကွန်နတင်းဘယ်ရင်တွေဟာ ဆီဝင်ဖို့အတွက် သူ့သတ်မှတ် မိန်းဘယ်ရင်တွေအပေါ်မှီခိုနေရတာမို့လို့ အကယ်၍ မိန်းဘယ်ရင်တွေက မလုံခဲ့ မတင်းခဲ့လို့ ဟာနေမယ် ဆီဟာအပြင်ကိုပဲလျှံကျတာများနေမယ်ဆို ရင် အဲ့ကွန်နတင်းဘယ်ရင်ဟာ ဆီငတ်တာ အပူတက်လာပီးဖမ်းတာ ကျိုးတာတွေဖြစ်တတ်ပါသေးတယ်။ အင်ဂျင်လုပ်ရမယ့်အခါ အဲ့အပိုင်းတွေတစ်ခုစီကို သေချာစစ်ဆေးဖို့လိုပ်လိမ့်မယ်။ 


ဒါဆိုရင်မကြားချင်ဆုံး စကားကိုပြောကြည့်ကြမယ်။ s4 တစ်စီးဟာNGK  စတီးပလပ်ကိုသုံးမယ်ဆိုရင် ကီလို တစ်သောင်းပြည့်တိုင်း လဲလှယ်ပေးရမယ် အီယွေဒီယမ် NGK ပလပ်ကိုသုံးရင်တော့ ကီလိုနှစ်သောင်း အစီးခံပါလိမ့်မယ်။ 

အင်ဂျင်ဝိုင်ကို ကီလိုသုံးထောင်မှာတစ်ခါလဲလှယ်ပေးဖို့လိုပီးတော့ ကီလိုငါးထောင်တိုင်းမှာ Fully synthatic အင်ဂျင်ဝိုင် 10/40 ကို လဲလှယ်ပေးရမှာဖြစ်ပါတယ်။အင်ဂျင်ဝိုင်သုံးခါလဲတိုင်း oil filter ဘူးကို ဖြုတ်ပီးလဲလှယ်ပေးရမှာဖြစ်ပါတယ်။ filter မလဲရင် အင်ဂျင်ဝိုင်သုံးလီတာ ထည့်ရပီးတော့ filter ပါလဲရင်တော့ သုံးလီတာခွဲ ထည့်ဖို့လိုပါလိမ့်မယ်။ 

ကီလို နှစ်သောင်း ပြည့်တိုင်း air filter လဲလှယိပေးဖို့လိုပီးတော့ OEM ရရင်ပိုကောင်းပါတယ်။ 

ကူးလင့်တိုင်ကီကိုလဲ ကီလိုနှစိသောင်းပြည့်တိုင်း ကူးလင့်အသစ် လဲလှယိပေးရမှာဖြစ်ပါတယ်။ ရှေ့ဖေါက် ဆီကိုတော့ နှစ်နှစ်ကြာတစ်ခါ  သို့မဟုတ် ကီလိုနှစ်သောင်းခွဲ မောင်းပီးတိုင်း လဲပေးရမှာဖြစ်ပါတယ်။

ဟိတက်ခြင်း နှ့င်ဆိုင်တာလေးတွေအနေနဲ့ကတေ့ာ

ဟက်ဂတ်စကက် ပေါက်ခဲ့ရင် အင်ဂျင်ဝိုင်ထဲရေရောက်တာတွေ ဟိတက်ပီး တိုင်ကီပိုက်တွေပွင့်ထွက်တာပူလာရင်ထိုးရပ်တာတွေဖြစ်တတ်ပါတယ်။ ဟက်ဂက်စကက် ပေါက်မပေါက်သိနိုင်တဲ့နည်းကတော့ ရေတိုင်ကီဖုံးဖွင့်ထားပါ။ စက်နိူးကြည့်ပါ ပူစီပေါင်းတွေထ လာတာမျိုး ဖြစ်လာရင်တော့ ဟက်ဂတ်စကက် ပေါက်တာဖြစ်ပါတယ်။ တိုင်ကီထဲက ကူးလင့်ရေတွေလျော့သွားတာ ဖြစ်လာရင် အင်ဂျင်ဝိုင်တွေလဲ တိုးလာတယ်ဆိုပါဆို့ ရေလှယ်အုံအဝိုင်းစည်းပေါက်သလား ဂတ်စကက် ရဲ့ တိုင်ပင်ချိန်းဘက် ပြတ်သလားသေချာစစ်ဆေးရပါ့မယ်။

cbr 400 ဖားဘလိတ်လို စလစ်နဲ့ အင်ဂျင်ဟောက်ဇယ် အတွဲလိုက်တွေကျပြန်တော့လဲ အင်ဂျင်ပဲလုပ်ချင်တာတောင် အလုံးလိုက်ခွဲရတဲ့ပြသနာလေးတွေလဲရှိသေးဗျ နော။ s4 တွေမှာနောက်ပြသနာတစ်ခုက ရိန်းထည့်တဲ့အခါ မှာဖြစ်တာပါ။ ဒါကပြင်ဆရာတွေအပိုင်းပါ။စလစ်ရဲ့အော်နူတ်ခမ်းကိုက အထူ လာတာဆိုရင် နောက်ထည့်မယ့်ပင်စင်နဲ့ရိန်းက အလွယ်တကူမဝင်တတ်တော့ပါဘူး။ ဒါဆို 1-4 အင်ဂျင် ကိုအရင်ပင်စင်စွပ်ပါ။ အလှူမီနီယံပြားလေးကို အဝိုင်းလုပ် ရိန်းလေးတွေကိုဖိပေါ့ဗျာ။ အလယ်နှစ်လုံးက်ု စလစ်ပေါ်ကနေကားတွေထည့်သလို ကွန်နတင်းပင်စင်အတွဲလိုက်ပြန်စွပ်ချပါ။ အောက်ကနေ ကရိုင်းကေ့စ်လေးဖွင့် နတ်ဆွဲပေါ့ဗျာ။ အလုံးလိုက်ချရပေမယ့် လက်မဝင်တော့ဘူးပေါ့။ ပင်စင်နဲ့ကွန်နတင်းကိုထည့်တဲ့အခါ ကွန်နတင်းအပေါ်ခြမ်းက ဘယ်ရင်ကိုပါကပ်ထည့်ရတာမို့ နည်းနည်းတော့ လက်ဝင်တယ်။ ဒါမယ့် ဆုံးရှုံးမူနည်းတာပေါ့လေ။ ဒါက ကျွန်တော့်နည်းပါ။ တခြားနည်းတွေကောင်းတာတွေရှိပါလိမ့်ဦးမယ်။ မရှင်းရင် cb လာမေးပါဗျာ။ ဒိုးတွေကို တဘားဖိ တဘားထောက် မယ်ဆိုလဲ ရပေမယ့်ကျွန်တော်က တော့ tdc မှာပဲ( ပါဝါစတုတ် အစ) မှာအမှန်ချိန်ပါတယ် 0.15 in -- 0.25 ex ပါ။ ကဲကဲ  ပိုင်ရှင်တွေဘက်ပြန်သွားရအောင်ဗျာစီးသူတွေအနေနဲ့ကလဲ ရေပြန်ဘူးဟာ ညာဘက်ဘေးဖုံးအောက်မှာရှိတာမို့ ရေလျော့လား တိုးနေလား သတိထားကြည့်သင့်ပါတယ်။


Writer by

Online reporters maybe someone,






No comments:

lasted post in this site, touch on header

ကားတာယာအေရာင္းဆိုင္ မိတ္ဆက္ျခင္း

Html