ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Digital Multimeter နှင့် ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များ

Digital Multimeter  နှင့် ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များ
===========================

၁။ Digital Multimeter အသုံးပြုရာတွင်ဖြစ်စေ ၊ အခြားသော တိုင်းတာခြင်းပြုလုပ်နိုင်သည့် အီလက်ထရောနစ် ပစ္စည်းများအား အသုံးပြုရာတွင်ဖြစ်စေ ၊ အသုံးပြုနေကြသော အီလက်ထရောနစ်ပစ္စည်းများတွင်ဖြစ်စေ ၄င်းတို့နှင့်အတူ Manual စာအုပ်များလည်း ပါရှိလေ့ရှိကြပါတယ်။ အဆိုပါ Maunal စာအုပ်များမှာ အသုံးပြုသူအား သတိပေးစေရန်အတွက် Warning အနေနဲ့ စာသားဖြစ်စေ ၊ အရောင်ဖြစ်စေ ၊ သင်္ကေတဖြင့်ဖြစ်စေ သတိပေးဖော်ပြပေးကြပါတယ်။

၂။ အီလက်ထရောနစ် ပစ္စည်းတွေဟာ နိုင်ငံအမျိုးမျိုးရှိ အသုံးပြုသူများသည် ဘာသာစကား အမျိုးမျိုးကို ဖြင့် ပြောဆိုဆက်ဆံကြသည့်အတွက် အဆိုပါ နိုင်ငံများအလိုက် Manual စာအုပ်များတွင် ရေးသားထားသော ဘာသာစကားများသည် အမျိုးမျိုး ရှိကြပါတယ်။ (အများအားဖြင့်  Manual စာအုပ်များအား အင်္ဂလိပ်စာဖြင့် ဖော်ပြကြပါတယ်။) ရေးသားထားသော စကားလုံးများကို နားမလည်သည့် အသုံးပြုသူများအတွက် နိုင်ငံတကာသုံး သင်္ကေတများဖြင့် ရေးသားဖော်ပြပေးကြပါတယ်။ (ဥပမာ ယာဉ်ယန္တရားများမှာ အမြန်သွားတဲ့ ခလုပ်ဆိုရင် ယုန် သင်္ကေတဖြင့် ဖော်ပြထားတာမျိုး ၊ အနှေးသွားတဲ့ ခလုပ်ဆိုရင် လိပ် သင်္ကေတဖြင့် ဖော်ပြထားတာမျိုးတွေပါ။) အနှေးခလုပ် ၊ အမြန် ခလုပ် စသည်ဖြင့် ရေးထားရင် မြန်မာစာတတ်တဲ့ လူတွေ နားလည်သော်လည်း မြန်မာစာမတတ်တဲ့လူတွေအတွက် အခက်အခဲပါ။ Slow ၊ Fast ဆိုပြီးတော့ ခလုပ်တွေမှာ ရေးသားထားရင် အင်္ဂလိပ်စာတတ်တဲ့ လူတွေ နားလည်သော်လည်း အင်္ဂလိပ်စာ မတတ်တဲ့ လူတွေ အတွက် အခက်အခဲပါ။ ယုန် ဆိုတာကတော့ မြန်မြန်ပြေးနိုင်တယ် ၊ လိပ်ဆိုတာကတော့ နှေးနှေးပြေးနိုင်တယ် ဆိုတဲ့ သင်္ကေတကို ထည့်သွင်းထားခြင်း အားဖြင့် အဆိုပါ ခလုပ်ဘေးမှာ မည်သည့် ဘာသာစကားဖြင့် ရေးသားထားသည်ဖြစ်စေ လူတိုင်းနားလည်နိုင်တဲ့ သင်္ကေတပဲဖြစ်ပါတယ်။ Fig (1) မှာ ဖော်ပြထားတဲ့ ပုံမှာဆိုရင် Digital Multimeter တစ်လုံးနှင့် ၄င်းအပေါ်မှာ ရေးသားထားသော Symbol တွေကို ဖော်ပြပေးထားပါတယ်။ အဆိုပါ Symbol တွေဟာ ဘာအလုပ်ကို လုပ်ဆောင်တယ် ဆိုတာကိုလည်း ဘေးမှာ ရေးသားဖော်ပြထားပါတယ်။

၃။ Digital Multimeter နှင့် ပတ်သက်ရင်လည်း ဆောင်ရန် / ရှောင်ရန်စတဲ့ အချက်တွေ ရှိကြပါတယ်။ အဆိုပါ ဆောင်ရန် / ရှောင်ရန်အချက်တွေမှာ လိုက်နာရာမှာ ရှောင်ရန်ဆိုတဲ့ (Don’t) ဆိုတာကို အရင်ဆုံးလိုက်နာရပါမယ်။ (ဘာတွေ မလုပ်နဲ့ ၊ သတ်မှတ်ထားတဲ့ တန်ဖိုးထက်ကျော်တဲ့ လုပ်ဆောင်ချက်တွေကို မတိုင်းတာနဲ့ ၊ Probe ကို ဘယ်လိုထားပြီးတော့ မတိုင်းတာနဲ့ ၊ Shock ဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ပါ ၊ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို မတိုင်းတာပါနှင့်။) စသည်ဖြင့် အများကြီးရှိကြပါတယ်။ မလုပ်နဲ့ဆိုတဲ့ ရှောင်ရန် (Don’t) ကို လိုက်နာဆောင်ရွက်ပြီးမှသာလျှင် ဆောင်ရန် (Do) ဆိုတဲ့ အချက်ကို ဒုတိယ ဦးစားပေးအနေနဲ့ လိုက်နာဆောင်ရွက်ရမှာပါ။ (Multimeter ကို ဘယ်လိုထားပြီးတော့ တိုင်းတာပါ ၊ အသုံးမပြုပဲ ကြာရှည်စွာထားပါက Power ကို ပိတ်ထားပါ ၊ ဘယ်လုပ်ဆောင်ချက်ကို တိုင်းတာချင်ရင် ဘယ်ခလုပ်ထိ ရောက်အောင် နှိပ်ပါ (သို့မဟုတ်) လှည့်ပါ ၊ ဘယ်လို Warning သံကြားရင် ဘာအလုပ်ကိုလုပ်ဆောင်ပါ၊) စသည်ဖြင့် အများကြီးရှိကြပါတယ်။ အဆိုပါ Don’t and Do ဆိုတာတွေကို နားလည်ဖို့ရန်အတွက် Multimeter ရဲ့  Display ပေါ်မှာ ရှိတဲ့ သင်္ကေတတွေကိုလည်း နားလည်ရမှာပါ။ Fig (2) မှာ ဖော်ပြထားတဲ့ ပုံကတော့ Display မှာ ဘယ် သင်္ကေတ ပေါ်လာရင် ဘာအတွက် ဆိုလိုတယ်ဆိုတာနှင့် Unit တွေကို ဘာတွေဖြစ်တယ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

၎။ Digital Multimeter တွေမှာ အများဆုံးအနေနဲ့ ပျက်ဆီးတတ်တာကတော့ အနီ နှင့် အနက် Probe တွေဖြစ်ပါတယ်။ အသုံးပြုတာ ကြာလာတာနှင့်အမျှ Probe တွေဟာ ပေါက်ပြဲလာတတ်ကြပါတယ်။ Probe ရဲ့  Tip တွေဟာ ကျိုးလာတာတွေ ရှိလာကြပါတယ်။ တခါတရံမှာ Probe ရဲ့  Tip ကို ခဲဆော်ပြီးတော့ တခြားသော ကြိုးတွေနှင့် ချိတ်ဆက်အသုံးပြုခြင်းဖြင့် Tip တွေဟာ ပျက်ဆီးလာတတ်ကြပါတယ်။ Probe တွေမှာ အပြင်က Insulation တွေ ပေါက်ပြဲလာတတ်ကြပါတယ်။ အဲဒါဆိုရင် Probe တွေကို အသစ်လဲလှယ်ပြီးတော့ အသုံးပြုသင့်ပါတယ်။

၅။ Digital Multimeter အပါအ၀င် အီလက်ထရောနစ်ပစ္စည်းဖြစ်စေ ၊ ဆေးဝါးကဲ့သို့သော အခြား  ပစ္စည်းတွေကိုဖြစ်စေ အသုံးမပြုပဲကြာရှည်စွာ သိမ်းထားပါက နေရောင်ခြည်တိုက်ရိုက်မကျရောက်သော Cool and Dry (အေးမြပြီးတော့ ခြောက်သွေ့တဲ့နေရာ)တွေမှာ ထားရှိအသုံးပြုသင့်ပါတယ်။ အီလက်ထရောနစ်ပစ္စည်းတွေထားရှိတဲ့ နေရာတွေမှာ Air Con တွေ တပ်ဆင်ထားတယ်ဆိုတာ အဆိုပါ Air Con သည် လူတွေ အတွက်မဟုတ်ပါဘူး။ စက်ပစ္စည်းတွေမှာ ၄င်းတို့သတ်မှတ်ထားတဲ့ အပူချိန်အတိုင်းအမြဲတမ်းရရှိနေအောင် ပြုလုပ်ထားကြခြင်းဖြစ်ပါတယ်။

၆။ Digital Multimeter ဖြင့် တိုင်းတာခြင်းတွေပြုလုပ်ရာမှာ အသုံးပြုတိုင်းတာသူဟာ Ground နဲ့ မထိထားရပါဘူး။ တိုင်းတာခြင်းပြုလုပ်ရာမှာ တိုင်းတာမယ့် Digital Multimeter အပါအ၀င် အီလက်ထရောနစ်ပစ္စည်းတွေဟာ ၄င်းတို့ရဲ့  Internal မှာ Ground တွေနှင့် ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် Digital Multimeter ကို တိုင်းတာရာမှာ Shoe ကဲ့သို့သော ဖိနပ်တွေ ၀တ်ဆင်ထားခြင်း ၊ Conductor ကဲ့သို့သော အစိတ်အပိုင်းတွေနှင့် မထိမိအောင် နေထိုင်ပြီးတော့ တိုင်းတာခြင်း ၊ ထိုင်ခုံတွေအနေနဲ့  Insulator အမျိုးအစား ထိုင်ခုံတွေကို အသုံးပြုခြင်းဖြင့် တိုင်းတာခြင်းတွေပြုလုပ်ရပါတယ်။

၇။ Digital Multimeter တွေနှင့် တိုင်းတာခြင်းတွေပြုလုပ်ရာမှာ ၄င်း Multimeter အတွင်းကို ထည့်သွင်းနိုင်တဲ့ အများဆုံးသော တန်ဖိုးတွေထက် ပိုမိုတိုင်းတာခြင်းတွေ မပြုလုပ်ရပါဘူး။ Multimeter တွေမှာ အမျိုးအစားအလိုက် အမြင့်ဆုံးနှင့် အများဆုံး အနေနဲ့ထည့်သွင်းအသုံးပြုနိုင်တဲ့ Max Value တွေ ရှိကြပါတယ်။ Digital Multimeter တွေရဲ့  Manual စာအုပ်တွေမှာ အများဆုံး ထည့်သွင်းတိုင်းတာနိုင်တဲ့ တန်ဖိုးတွေကို ရေးသားထားကြပါတယ်။

၈။ Digital Multimeter တွေမှာ အတွင်းထဲမှာ တပ်ဆင်ထားတဲ့ Battery တွေ အားကုန်လို့လဲလှယ်ရင်ဖြစ်စေ ၊ Fuse တွေပြတ်သွားလို့ အစားထိုးပြန်လည် လဲလှယ်ရင်ဖြစ်စေ မူရင်းတပ်ဆင်ထားတဲ့ တန်ဖိုးအတိုင်း ၊ အရွယ်အစားအတိုင်း အတိအကျ လဲလှယ်တပ်ဆင်ခြင်းကို ပြုလုပ်ရမှာဖြစ်ပါတယ်။ (ဥပမာ 1.5V AA Battery ၂ လုံးကို တပ်ဆင်ထားလို့ Battery အားကုန်ရင် 1.5V AA Battery ၂ လုံးကိုပဲ အစားထိုးပြန်လည်လဲလှယ်ပေးရမှာဖြစ်ပါတယ်။ 10A Fuse ဆိုရင် 10A Fuse ကိုပဲ အစားထိုးလဲလှယ်တပ်ဆင်ပေးရမှာဖြစ်ပါတယ်။)

၉။ Digital Multimeter တွေမှာ တချို့သော အမျိုးအစားတွေကို တိုင်းတာရာမှာ Polarity ကို ကြိုက်သလိုထားတိုင်းတာနိုင်ပါတယ်။ (ဥပမာ DC Volt ကို တိုင်းတာရင် Probe ကို ကြိုက်သလို ထားတိုင်းရင် Display မှာ (-) Sign ပါခြင်း ၊ မပါခြင်း ဆိုတာလေးကလွဲရင် ကြိုက်သလို တိုင်းတာနိုင်ပါတယ်။) Electrolyte Capacitor တွေကို Digital Multimeter မှာ ရှိတဲ့ Socket အပေါက်မှာ တိုင်တာမယ် ဆိုရင်တော့ သူ့မှာပြထားတဲ့ (+) and (-) သင်္ကေတ အတိုင်းပဲ ထားရှိပြီးတော့ တိုင်းတာခြင်းပြုလုပ်ရမှာဖြစ်ပါတယ်။ Fig(3) မှာ Electrolyte Capacitor တွေကို ဘယ်လို Polarity အတိုင်း ဆက်သွယ် တိုင်းတာရမယ် ဆိုတာကို ဖော်ပြပေးထားပါတယ်။

၁၀။ တကယ်လို့ Digital Multimeter တွေကို အသုံးမပြုပဲ ထားမယ်ဆိုရင်တော့ Power ကို ပိတ်ထားပါ။ ကြာရှည်စွာသိမ်းဆည်းထားမယ်ဆိုရင်တော့ Probe တွေကို ဖြုတ်ထားပါ။ Battery တွေလည်း ဖြုတ်ထားပါ။ ပြန်လည် အသုံးပြုတဲ့ အချိန်မှသာ Battery ကို ပြန်လည်တပ်ဆင်ပါ။

ကျေးဇူးတင်ပါတယ်

Credit
ကိုမျိုး (အီလက်ထရောနစ်)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html