ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကား ရဲ့ Blind Spot Detection System

Blind Spot Detection System ဆိုတာ . . .

ကျွန်တော်တို့ ကားမောင်းသူတွေအတွက် မိမိရဲ့ အမြင်အာရုံ မျက်လုံးနှစ်လုံးကလွဲရင် အခြားသော မောင်းနှင်မှု အထောက်အကူဆိုတာ မိမိစိတ်နဲ့ အတူ တထပ်တည်းကျနိုင်ဖို့ ခက်ခဲပါတယ်။ မိမိလိုချင်သလို သိနိုင်၊ မြင်နိုင်၊ အချက်ပြနိုင်ဖို့ဆိုတာ ယာဉ်မောင်းအကူတစ်ယောက်ရှိရုံနဲ့ အဆင်ပြေပါရဲ့လား။ မောင်းနှင်နေစဉ်မှာလည်း ယာဉ်မောင်းကိုယ်တိုင် သတိလက်လွတ်မောင်းနှင်မှုတွေကြောင့် လမ်းကြောင်းပေါ်မှာ ရုတ်တရက် ထွက်လာမှုတွေအတွက် မတော်တဆမှုတွေ ဖြစ်နိုင်ပါတယ်။ ဒီအတွက် ခေတ်သစ် အကူအညီပေး နည်းပညာတစ်ခု ထွက်ရှိလာပါတယ်။ သူကတော့ Blind Spot Detection System ပဲ ဖြစ်ပါတယ်။ မျက်ကွယ်နေရာတွေအတွက် အာရုံခံ အချက်ပြစနစ်ပါ။
ကွန်ပျုတာစနစ်နဲ့ ထိန်းချုပ်လည်ပတ်တဲ့ကားတွေမှာ တပ်ဆင်အသုံးပြုဖို့ ပိုမို လွယ်ကူ အဆင်ပြေစေတာ တွေ့ရပါတယ်။ ဒီစနစ်ဟာ ကားရဲ့ ကိုယ်ထည် ပတ်လည် ၃၆၀ ဒီဂရီလုံးကို အာရုံခံ စောင့်ကြည့်ပေးပါတယ်။ တစုံတရာနဲ့ နီးကပ်လာပြီဆိုရင် အချက်ပြပေးပါတယ်။
ဒီစနစ်မှာကိုပဲ ဖန်တီးတဲ့ ကုမ္ပဏီပေါ်မူတည်ပြီးတော့ အထက်က ပြောခဲ့တဲ့ စွမ်းဆောင်ရည်က အနိမ့်ဆုံး အနေအထားကနေ အချို့ စနစ်တွေဆိုရင် မိမိ မမြင်ရတဲ့ လမ်းကွယ်တွေကနေ ၀င်လာတဲ့ အရာတွေကိုတောင် အချက်ပေးနိုင်ပါတယ်။ ကုမ္ပဏီအလိုက် အခေါ်အဝေါ် ကွဲပေမယ့် လုပ်ဆောင်ချက်တွေက တူကြပါတယ်။
Blind Spot Detection System မှာ အဓိက ပါရှိတဲ့ လုပ်ဆောင်ချက်တွေကတော့ Buzzer Warning လို့ ခေါ်တဲ့ အချက်ပေး ဥသြ၊ Direction Indicator လို့ ခေါ်တဲ့ မိမိရဲ့ လမ်းကြောင်းကို ညွှန်ပြအချက်ပေးစနစ်၊ Volume Adjsutable လို့ ခေါ်တဲ့ အချက်ပေးသံထိန်းအပိုင်း၊ Sensitivity Adjustable ဆိုတဲ့ အာရုံခံနယ်ထိန်းအပိုင်း၊ Rear Cam လို့ ခေါ်တဲ့ နောက်ဖက်ရိုက်ကင်မရာစနစ်၊ Side Sensor လို့ခေါ်တဲ့ ကင်မရာ မဟုတ်တဲ့ အာရုံခံစနစ်၊ Rear Parking Sensor လို့ ခေါ်တဲ့ နောက်ဖက် ပါကင်ထိုးချိန်အတွက် အာရုံခံစနစ်၊ ECU Control Box လို့ ခေါ်တဲ့ ထိန်းချုပ်စနစ်နဲ့ ဆက်စပ်အပိုင်း၊ Warning Light လို့ ခေါ်တဲ့ အချက်ပြမီးလင်းစနစ်တွေ ပေါင်းစပ် ထည့်သွင်းထားတာ ဖြစ်ပါတယ်။
အချက်ပြ မီးလင်းနိုင်တယ်၊ အချက်ပေးသံကို အတိုး၊ အလျော့လုပ်နိုင်မယ်၊ နောက်ကြည့်ကင်မရာစနစ်ပါတယ်၊ နောက်ဖက် ပါကင်ထိုးချိန် မတော်တဆမှု အတွက် သတိပေးမယ်၊ ဘေးဘက် အာရုံခံစနစ်ပါရှိပြီး ဘယ်လောက် အတိုင်းအတာ အကျယ်အ၀န်းထိအောင် အာရုံခံမယ်ဆိုတာ ချိန်လို့ရသေးတယ်။
ဒီစနစ်နဲ့  မရင်းနှီးသေးတဲ့ အချို့ ယာဉ်မောင်းတွေက အချက်ပေးသံတွေကြောင့် ယာဉ်မောင်းနှင်မှုကို အာရုံထွေပြားစေတယ်လို့  ယူဆပြီး ကားမှာပါပြီးသားဆိုရင်တောင် ပိတ်ထားတက်ကြပါတယ်။ ဒါပေမယ့် ဒီစနစ်က အန္တရာယ်နီးကပ်ချိန်၊ သတိလက်လွတ်ဖြစ်ချိန်တွေမှာ အကောင်းဆုံး ထောက်ကူပေးသွားနိုင်မယ့် ယာဉ်မောင်းအကူစနစ်တစ်ခုပဲဖြစ်ပါတယ်။
cd: : JPM car service

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html