Tire pressure monitoring system အကြောင်း
နှင့်  warning light resetပြု လုပ်ခြင်းအကြောင်း
🚎🚒🚎🚒🚎🚒🚎🚒🚎🚒🛵🚒
Indirect system နှင့် Direct system ဆိုပြီး TPMS
နှစ်မျိုးရှိပါတယ် ။ Indirect system သည် pressure လျော့နည်း မှုကိုစုံစမ်းရန် ABS speed sensor ကိုအသုံးပြုပါတယ် ။ Direct systemသည် tire pressure ကိုစုံစမ်းရန် wheel ရဲ့ အတွင်းမှာ ရှိတဲ့ air pressure sensorကနေ signal ကို ECMသို့ ပေးပို့ ပါတယ် ။ Indirect TPMS system မှာ tire pressure နည်းလို့ TPMS Light လင်းတဲ့အခါ ဒါမှမဟုတ် new tire တပ်ဆင်တဲ့ အခါ သတ်မှတ်ထားတဲ့လေပေါင်ထိုးပြီးreset ပြုလုပ်မယ်ဆို ignition onပြီး TPM set ခလုတ် ကို
5 second လောက် နှိပ်ပေးလိုက်ပါ warning light သုံးကြိမ် လောက် ခုန် လာ လိမ့်မယ် ပြီးရင် ingnition off
ok သွားလိမ့်မယ် တစ်ခါတစ်လေး
reset ပြုလုပ်ပေးပြီး systemအတွက် recalibrate ပြုလုပ်ရန် လိုအပ်တဲ့အခါminutes 30 နီးပါလောက်အချိန်ယူပြီး drving test ပြုလုပ်ပေးရပါတယ် ။
TPMS warning lightသည် 3 Second တစ်ကြိမ် ပေါ်လိုက်ပျောက်လိုက် (on , off ) ဖြစ်နေလျှင် Tire pressure sensor မှာ errorတစ်ခုခုရှိနေပြီ ဒါမှမဟုတ်
sensor battery dead ဖြစ်နေပြီလို့ ယူဆ လို့ ရပါတယ် ။
Battery သက်တမ်းသည် ဆယ်နှစ်အတိုင်းအတာ အထိ ခံနိုင်သလို့  Tire သက်တမ်းအပေါ် မှာလည်းမူတည်ပါတယ်။
TPM light အဆက်မပြတ် လင်းနေရင် ထိုပြသာနာ သည် tire pressure နည်းနေလို့ ပြခြင်းဖြစ်ပါတယ် ။
Direct TPM systemမှာpressure sensor ပါရှိပြီး
sensor ကိုvalve stemနဲ့ ချိတ်ဆက်ထားပါတယ်
Tire ရဲ့  rim နဲ့ pressure sensorကြားမှာ rubber gasket sealခံထားပါတယ် အဲ့ ဒိ sealလေးကို ဂရုစိုက်တပ်ဆင်ပါ
Sensor ကနေ tireရဲ့ pressure နှင့် temperature ကို တိုင်းတာပြီး သတင်းအချက်အလက်တွေကို လက်ခံရရှိပြီး
ICM ( Instrument Control Module )သို့ ပေးပို့ ပါတယ် ။
Sensor သည် wheel rolling လှိမ့် နေတဲ့အချိန်မှာ
sensor သည် 30 second တိုင်း သို့ မဟုတ် 30 second တစ်ကြိမ် pressureကိုတိုင်းတာပေးပါတယ်။
Data transmission ဆိုရင် tire rolling ဖြစ်နေတဲ့အချိန် second 60 တိုင်း transmit လုပ်ပေးပါတယ် ။
Tire pressure sensorတိုင်းမှာ temperature နှင့် pressure data ကို transmitted လုပ်းပေးတဲ့ မတူညီတဲ့ID number တွေပါရှိပါတယ် ID number ကို 7 Digit
hexadecimal ဖြင့် တွေ့ ရပါလိမ့်မယ်
ဘာလို့ ID number ထည့်ထားရသလဲ ဆိုတော့
tire change တဲ့ အခါဘဲဖြစ် ဖြစ် sensor changeတဲ့ အခါ မျိုးမှာ sensor initialization procedure အတ်ုင်း senorရဲ့ ID number ကို scanတစ်ခုခုနှင့်  registration ပြန်လုပ်ပေးရပါတယ်
သတိပြုရန် >> လေပေါင်ထိုးဖို့ လိုအပ်တဲ့အခါ လေပေါင်တိုင်း
မယ်ဆိုရင် Tire အေးနေတဲ့အချိန်မှသာ tire pressure ကို
စစ်ဆေးသင့်ပါတယ် ဘာကြောင့်လဲဆိုတော့ tire pressure သည် ပူနေတဲ့ အချိန်မှာ ( 4psi - 6psi )prssure တိုးနေပါတယ် ။
Japan ကားတွေဆို tir pressureကိုသင့်တော်သလို့ 
လေပေါင်ထိုးကြပါတယ် တံခါးဘောင်မှာ ကပ်ထားတဲ့အညွှန်းတိုင်း
ပြုလုပ်တဲ့သူလည်းရှိပါလိမ့်မယ်
Europe ကားတွေမှာ TPM Warning lightလင်း
နေတဲ့အခါ လေပေါင်ကိုကားမှာသတ်မှတ် ထားတဲ့pressure
အတိုင်းထိုးပေးမှ အဆင်ပြေသွားတဲ့ကားအမျိုးအစားတွေလည်း ရှိပါတယ် ။ ဥပမာ Mercedes ကားတွေမှာ လေပေါင် ဘယ်လောက်ထိုးရမလဲသိချင်ရင် G scan ရဲ့ special
Function ထဲက Tire Pressure Sensor ID Test
ကို ရွေးပြီး လိုက်ပါ Function 1 , 2 , 3, 4 တွေ့ ရင်
Function 2 ထဲဝင်ကြည့်လိုက်ပါ
CD to
အမှားပါရင်ခွင့်လွှတ်ပါ
Thank For Reading
PPK
No comments:
Post a Comment