ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Engine Valve Overlap အကြောင်း

“ Engine Valve Overlap အကြောင်း “


ဘာကြောင့် Overlap ထားရလဲ ဆိုတာကို ပြောရရင် Cylinder ထဲ မှာ မီးလောင်ပေါက်ကွဲပြီးချိန် Power Stroke မှာကြည့်ရင် Intake Valve ရာ Outlet Valve ရော ပိတ်နေရာက ပေါက်ကွဲမှုကြောင့် piston ဟာ အောက်ဆင်းသွားပြီး cylinder ထဲမှာကျန်ခဲ့တဲ့ မီးခိုးငွေ့တွကို Outlet Valve ကနေ တွန်းထုတ်ဖို့ Exhaust Stroke မှာ Piston က အပေါ်ပြန်တက်လာပါတယ်။ ဒီမှာပြသာနာ စပါတယ်။ Piston ပြန်တက်မှ Outlet Valve စဖွင့်ရင် လက်တွေ့မှာ နည်းနည်းနောက်ကျသွားလို့ မီးခိုးတွေအကုန် မထွက်နိုင်ပါဘူး။ 


ဒါကြောင့် ပေါက်ကွဲပြီး piston အောက်ဆုံးကျခါနီး 50° အလိုမှာ Outlet valve စဖွင့်ပေးရပါတယ်။ စဖွင့်ချိန်စောသလို ပြန်ပိတ်ချိန်ဟာ လည်း Piston ထိပ်ဆုံး TDC ရာက်ကျော်ပြီး 10° ကျမှပြန် ပိတ်တာပါ။ 

ဒါမှလည်း အိတ်ဇောငွေ့တွေအကုန် ထွက်နိုင်လို့ပါပဲ။ ဒါက Outlet Valve ။ Inlet Valve ကိုကြည့်မယ်ဆိုရင်လည်း ခုနအိတ်ဇောငွေ့တွေတွင်း ထုတ် ပေးတဲ့ Piston အပေါ် တက်လာချိန်မှာ Exhaust Stroke TDC ဆိုတဲ့ ထိပ်ဆုံးမ ရောက်ခင် 10°အလိုမှာ ကြို ဖွင့်ပေးပါတယ်။ ထိပ်ဆုံးရောက်မှဖွင့်ရင် နောက်ကျတဲ့အတွက် လုံလောက်တဲ့ လေပမာဏမရမှာကြောင့်ပါပဲ။ ဒီမှာကြည့်ရင် Outlet valve က 10°နောက်ကျပိတ်တယ်။ 

Inlet valve က 10° စောပွင့်တယ်။ သူတို့နှစ်ခု ဆုံချိန်လေးကို valve overlap  times လို့ ခေါ်တာပါပဲ Car brand အမျိုးမျိုးပေါ်လိုက်ပြီး ကိုယ်နည်းပညာနဲ့ ကိုယ် Inlet ကို စောပိတ်တာ နောက်ကျမှပိတ်တာ Outletvalve ကို စောပိတ်တာ နောက်ကျမှ ပိတ်တာစတဲ့ Timing လေးတွေပြောင်းပြီး ထုတ်လုပ်ကြပေမဲ့ Variable Valve Timing ဆိုတဲ့နည်း ပညာမပေါ်ခင်ထိ အဆိုး အကောင်း လေးတွေ တွဲရက်ရှိနေခဲ့ပါတယ်။ 

Valve Overlap များစေတဲ့ Camshaft ကို သုံးထားမယ်ဆိုရင် High Rpm မှာ ဆွဲအားပိုကောင်းစေပြီး Low Rpm Idle မှာ အိတ်ဇောငွေ့က Intake ဘက်ကို ပြောင်းပြန်ပြန် ထွက်စေလို့ အင်ဂျင်တုန်စက်ရပ်တဲ့အဖြစ်မျိုးတွေရှိနိုင်ပါတယ်။


ပြောင်းပြန် Overlap ကိုနည်းထားမယ်ဆိုရင်
 Low Rpm အပိုင်းတွေ မှာ ဆွဲအားပိုကောင်းစေပြီး 
လီဘာဖိနင်းတဲ့ High Rpm တွေမှာ ဆွဲအား လျော့နည်းစေပါတယ်။ 

ဒါကြောင့် ကုန်တင်ယဉ်လို အနှေးယာဉ်တွေရဲ့ အင်ဂျင်တွေ ကို Overlap နဲစေတဲ့ Camshaft စနစ်ကို အသုံးများကြပြီး Super Sport Car တွေရဲ့ အင်ဂျင်တွေမှာဆိုရင် High Cam သဘောမျိုး Overlap များတဲ့ Camshaft တွေအသုံးပြုပြီး High Rpm မှာ Speed မြန်ဖို့ အဓိက ထုတ်လုပ်ကြတယ်။ 

သာမန်အိမ်စီး Family cars တွကိုလည်း လူငယ်တွေ Overlap များတဲ့ High Cam တွေ ပြောင်းပြီး Eng Tuning လုပ်ကြတာတွေအများကြီးပါ။ ဒါဆိုရင် ကားက Idle မှာ အင်ဂျင်တုန်စေပါတယ်။ ဒီ Valve Overlap ကြောင့်ဖြစ်စေတဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့အတွက် ခုနောက်ပိုင်းကားတွေမှာ Variable Valve Timing ဆိုတဲ့ (ပြောင်းလဲနိုင်တဲ့ ဘားတိုင်မင်)ဆိုပြီး တီထွင်ထုတ်လုပ်ထားပါတယ်။

 Car Company တစ်ခုနဲ့ တစ်ခု အခေါ်ဝေါ်ခြင်းကွာခြားပေမဲ့ လုပ်ဆောင်မှု သဘောကတော့ ဆင်တူတွေပါပဲ Valvetronic , Vanos , Variocam, VVT i , V TEC , VVL , VVEL, CVVL , စသဖြင့် အများကြီးပါပဲ။ ဒီနည်းပညာဟာ ဆိုရင် ကားရဲ့ Rpm Low and High မှာ လိုအပ်သလို Ecu ရဲ့ထိန်းချူပ်မှုနဲ့ Valve တွေရဲ့ အဖွင့်အပိတ်နဲ့ အနိမ့်အမြင့်ကို Control လုပ်ပေးနိုင်ပါတယ်။


အစောပိုင်း Engine တွေမှာ Intake Valve ကိုပဲ Control လုပ်ခဲ့ပေမဲ့ ခုနောက်ပိုင်း Engine တွေမှာ Intake ရော Exhaust ရော Camshaft နှစ်ခုစလုံးကို Oil pressure နဲ့ Control လုပ်ပေးနိုင်လို့ ဆွဲအားပိုကောင်း ဆီစားပိုသက်သာပြီး မီးခိုးထွက်လဲသက် သာစေလို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလဲကာကွယ်ပေးနိုင်ပါတယ်။ Engine Valve Over Lap နဲ့ပတ်သက် လို့ လက်လှမ်းမှီသလောက် ဝေမျှလိုက်ပါတယ်။


Credit
Jong Suu Kim (Auto Mechanic)
@AutoCar Buyers'Guide Journal (Every Thursday)
https://www.facebook.com/officialautocarjournal

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html