ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားသော့ပွားနည်း-- chip

ကားသော့ပွားနည်း
xxxxxxxxxxxxx


#(၁)သော့တံအထဲမှာ ချိစ် (Chip ) ပါတဲ့ သော့ အသစ်တစ်ချောင်း ဝယ်ပါ...
#(၂)သော့သွေးတဲ့ဆိုင်မှာ မူရင်းသော့တံ (Original Key) အတိုင်း သွေးပါ..
(၅ မိနစ်လောက်ပဲ ကြာပါတယ်...)
#(၃)သော့ အသစ်ကို ကားစက်နိုးတဲ့ သော့ပေါက် အနီးတဝိုက်တွင်ထားပါ...
#(၄)ကားတံခါးတွေ အကုန်ပိတ်ထားပြီး မူရင်းသော့ကို စက်နိုးတဲ့ သော့ပေါက်ထဲ ထည့်လိုက်ပါ
(လုံခြုံရေး မီး (Security Light) မှိတ်တုတ် မှိတ်တုတ် လင်းနေတာ ပျောက်သွားပါလိမ့်မယ်...)
#(၅)သော့ကို ၄ ခါ ထုတ်လိုက် သွင်းလိုက် လုပ်ပါ...
#(၆)ဒရိုက်ဘာ တံခါးကို ၆ ခါ ပိတ်လိုက် ဖွင့်လိုက် လုပ်ပါ...
#(၇)လုံခြုံရေးမီး (Security Light) ငြိမ်ပြီးလင်းနေရင် သော့ပွားဖို့ (Program Mode) ဖြစ်နေပါပီ...
ပွားမယ့် သော့ကို သော့ပေါက်ထဲ ထည့်လိုက်ပါ...
#(၈)လုံခြုံရေးမီး (Security Light) လင်းနေတာ စောင့်ပါ...
မီး ပျောက်သွားရင် သော့ပွား တာ ပြီးပါပီ...
ပွားတဲ့သော့နဲ့ စက်နိုးကြည့်လို့ ရတယ်ဆိုရင်
OK သွားပါပီ...
ဏ္ဏ

ကားသော့ Remote Program ထည့်သွင်းနည်း လေး
မျှဝေ ပေးတဲ့ Post မှာ
#အချို့ Bro တွေက သော့ပွားနည်း
#အချို့ကတော့ ပွားထားတဲ့သော့က တံခါးဖွင့်ရပြီး
ကားစက်နိုးမရတာ (သော့ထဲမှာ Chip မပါရင်တော့ မရပါ..) လေးတွေ
မေးလာကြတဲ့အတွက်
ရှာဖွေပြီး မျှဝေတင်ပြလိုက်ပါတယ်...
ပွားလို့ရတဲ့ ကားမော်ဒယ်လေးတွေလဲ အောက်မှာ ဖော်ပြပေးထားပါတယ်...
အားလုံး အဆင်ပြေကြပါစေ... 


Credit
လေးစားစွာဖြင့်
ထွန်းဝဏ္ဏ












lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html