ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

tubeless quicksealer (ကျွတ်ပလက်ဆေးရည်)

tubeless quicksealer (ကျွတ်ပလက်ဆေးရည်)

Tubelessတာယာများရဲ့ အဓိကအားသာချက်တစ်ခုကတော့ ဘီးပေါက်နေရင်တောင်လေချက်ချင်းလျော့မသွားတာပါပဲ။ဆီစားသက်သာတာ မောင်းနှင်ရတာသက်တော့်သက်သာရှိတာ အသံဆူညံမှု့နည်းတာ စသည်ဖြင့်အားသာချက်တွေအများကြီးပါ။ ဒီခေါင်းစဉ်အောက်မှာမို့ ဘီးပေါက်တာနဲ့ဆိုင်တဲ့အကြောင်းအရာလေးကိုပဲအဓိကထားပြောပြပေးသွားပါမယ်။

ကားဘီးပေါက်တာကတော့ပုံစံအမျိုးမျိုးပေါ့ဗျာ သံစူးတာ ခဲထိုးခွဲတာ သစ်ငုတ်စူးတာ (တခါဆိုဗမာပြည်ဖက်ကတက်လာတဲ့ကားတစီး ကန္တာရဆူးတွေပြောတာပဲ ၁၅ပေါက်လောက်ရှိတယ်ဘီးမှာဆူးစူးလာတာ) စသည်ဖြင့်အမျိုးမျိုးအဖုံဖုံနဲ့ဆိုင်ကိုရောက်လာကြပါတယ်။ ဘယ်လိုစူးစူးပါ အဲ့ဒီဆူးကိုမနှုတ်မချင်း ကားဘီးမပြားသွားပဲ ၁ပါတ်လောက်ထိဆက်မောင်းလို့ရတာ ကားပိုင်ရှင်တိုင်းသိကြပါတယ်။ အနည်းဆုံး 10~15 psi လောက်အထိကိုဘီးမပြားပါ။ Tube နဲ့ဆိုရင်တော့ ဘယ်လိုပေါက်ပေါက်တစ်ခါတည်းလေလျော့ပီးပြားချပ်သွားမှာပါ။

အဲ့အချိန်ကျတော့တာယာဆိုင်သွားဘီးဖာပြီး တာယာကိုဆက်လက်အသုံးပြုလို့ရပါတယ် ဒါတောင်နိုင်ငံခြားမှာဆို ဘေးနံရံပေါက်ရင်လုံးဝမသုံးကြတော့ဘူးဗျ တခါတည်းအသစ်လည်းတာ ဒီမှာကတော့ဖွံ့ဖြိုးဆဲနိုင်ငံဆိုတဲ့အတိုင်းစီးပွားရေးမတောင့်တင်းသေးတော့ ရသလောက်ကိုခြွေတာသုံးကြရတာပါ။

အမျိုးသားယောက်ကျားလေးတွေကျတော့ လမ်းမှာဘီးပေါက်လည်း ကိုယ့်ဟာကိုယ်ဖြုတ် Spare wheel လည်းတပ်ပီးလိုရာခရီးအတိုင်းအတာတစ်ခုထိခရီးဆက်နိုင်ပေမယ့် အားနွဲ့သူအမျိုးသမီးမိန်းခလေးများအတွက်ကျပြန်တော့ ဂွင်းဂွဆိုတာ ဂျိုနဲ့လားဆိုတော့ အပိုဘီးဖြုတ်လည်းဖို့ဆိုတာတော်တော်မလွယ်တဲ့ပြသနာပါ။ ဒါကြောင့်လည်းဇတ်လမ်းတွေမှာ ကားဘီးလည်းပေးရင်းရည်းစားဖြစ်ကုန်ကြတာပေါ့ :) ။

ဒါတွေထားပါဗျာ လိုရင်မရောက်ဖြစ်နေပီ အဲ့လိုမလွယ်တာတွေကြောင့် အခုပြောမယ့် tubeless quick sealer ဆိုတာပေါ်လာတာဗျ ။ သူကသုံးရတာလွယ်တယ် ဘီးထဲကိုအဲ့ကော်ရည်ထည့်ပီးလေထိုးထားလိုက်ရုံပဲ ။ သံစူးရင်အဲ့သံကိုဆွဲထုတ်လိုက်တာနဲ့ ကော်ရည်တွေကအပေါက်ထဲထိုးထွက်ပီးအဲ အပေါက်ကိုပိတ်လိုက်တာဗျ။ အဲ့တော့လေမစိမ့်နိုင်တော့ဘူးပေါ့။ လူသက်သာတယ် အချိန်ကုန်သက်သာတယ် ။ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ် ဒါပေမယ့်ဆိုးတဲ့အချက်ကိုအောက်မှာဆက်ဖတ်ပေးပါဗျ။

သူကဘီးထဲမှာထည့်ထားရတာ ဆိုတော့ ဘီးမလည်တဲ့အချိန် အရှိန်နည်းနည်းလေးမောင်းနေတဲ့အချိန်တွေမှာ ကမ္ဘာ့ဆွဲအားကြောင့် အောက်ခြေမှာပဲရှိတယ်ဗျ ဘီးနဲ့အတူလိုက်မလည်ဘူးပေါ့ဗျာ ။ အရှိန်တခုရလာပီဆိုရင်တော့ သူက အောက်ခြေမှာညိမ်မနေပဲဘီးနဲ့အတူလိုက်လည်ပါတော့တယ် ပြောတာရှုပ်သွားလားဗျ ။ အိမ်မှာ တာယာအဟောင်းရှိရင် တာယာကိုထောင်ထား ရေတခွက်ထည့် ပီးရင်လှိမ့်ကြည့် ရေက တာယာအောက်ခြေနားမှာပဲကျန်နေတာ အပေါ်ကိုတက်မလာဘူးဗျ။ အရှိန်နည်းနည်းလေးတင်ပီးလှိမ့်ကြည့် တာယာထဲကရေတွေအောက်ခြေကနေ တာယာလည်သလိုအပေါ်ကိုလိုက်တက်ချင်လာတာတွေ့ရပါမယ် ။ အရှိန်တခုရလာရင်အဲ့အရည်တွေဟာ အောက်ခြေမှာပဲရှိမနေပဲ တာယာနဲ့အတူလိုက်ပီးလည်ပါတ်ပါတော့တယ် အဲ့ဒီအခါ တာယာ တစ်လုံးရဲ့ဟန်ချက် ညီမျှမှု့မရှိတော့ပါဘူး အဲ့ဒီကော်ရည်ဟာ တာယာကိုဆွဲရန်းဖို့ကြိုးစားပါတယ် ။
အလေးချိန်မည်မျှနည်းစေကာမူ အရှိန်တခုရလာရင် ကြီးမားသောအားတခုကိုဖြစ်ပေါ်စေပါတယ် ။ Kilo 100 လောက်ထိမောင်းနေရင်း ဘီးက ဒုတ်ဒုတ် ဆိုပီးအော်လာတယ် 40 ~ 50 လောက်မှာဘာမှမဖြစ်ဘူးဆိုတာ မျိုးကြားဖူးကြမှာပါ ။
kilo 40 လောက်မှာဖြစ်တဲ့ ဗဟိုခွာအား နဲ့ kilo 100 လောက်မှာဖြစ်တဲ့ ဗဟိုခွာအား ဘာမှမဆိုင်ပါ ။ ကျောက်ခဲတလုံးကိုကြိုးနဲ့ချည်ပြီးရန်းကြည့်ပါ ဖြည်းဖြည်းလှည့်ကြည့် မြန်မြန်လှည့်ကြည့် လုပ်ရင် ဗဟိုခွာအားရဲ့ သဘောတရားကိုတွေ့ပါမယ် အရှိန်ရသွားရင် လှည့်တာခနရပ်ထားလိုက် ခဲကိုသူ့အရှိန်နဲ့သူပေးလည်လိုက် ခဲရောက်နေတဲ့နေရာက လက်ကိုဆွဲနေတာတွ့ရမှာပါ။ ဒီ Tubeless ဆေးရည်ဟာလည်း ခဲလိုပဲသူရှိတဲ့နေရာကနေတာယာ ကားဘီးကိုဆွဲတော့မှာပါ ။ ကားအရှိန်များရင်များသလို သူက ကားဘီးကိုဒုက္ခပေးမှာပါ ။

ဘူးမှာလည်းရေးထားပါတယ် ``Temporary repair designed to get your home or to the nearest garage ´´  ``သင်၏အိမ် သို့မဟုတ် အနီးဆုံးဘီးဖာဆိုင်သို့ ရောက်အောင်သွားနိုင်ဖို့ ယာယီပြင်ဆင်အသုံးပြုနိုင်တောင် ပြုလုပ်ထားပါသည်´´

Temporary  ယာယီ ခေတ္တခန ဆိုတာပါပါတယ် အမြဲတမ်းသုံးဖို့မဟုတ်ပါ အမြဲတမ်းထည့်သုံးထားမယ်ဆိုရင်တော့ သင်၏ကား တာယာ၊ ကားအောက်ပိုင်းကို တဖြည်းဖြည်း workshop ရောက်အောင်သူလုပ်ပေးပါလိမ့်မယ် ။

Temporary ပါ Permaent မဟုတ်တဲ့အတွက် ခေတ္တခနသာသုံးပါလို့ ဆိုင်မှာလာမေးကြတဲ့သူတွေကော မိတ်ဟောင်းမိတ်သစ်များအားလုံးကိုရော တခါတည်းဖြေပေးလိုက်ပါတယ်ခဗျ။

ကျွန်တော့်သဘောအရတော့ မသုံးစေချင်ပါ tubeless တာယာများသည် သံမနှုတ်မချင်း လိုရာခရီး မဟုတ်တောင်ဘီးဖာဆိုင်ရောက်သည်အထိ ဘီးမပြားပါ။
ဒါကြောင့်ဆေးရည်ထည့်သုံးရန်မလိုပါ ။ ဆောင်ထားချင်ပါတယ်ဆိုရင် လေထိုးမော်တာ သို့မဟုတ် လေထိုးတံလေးတစ်ခု ဆောင်ထားမယ်ဆိုရင်တောင်ဖြစ်ပါတယ်။ ခုနောက်ပိုင်းအမြင့်ကားတွေမှာ လေထိုးစက် ပါတခါထည်းထည့်ပေးလာပါတယ်။မိန်းခလေးများတောင်လွယ်လွယ်ကူကူအသုံးပြုနိုင်ပါတယ် ဒါကြောင့်မို့ ကျွန်တော့် အမြင် ကျွန်တော့်အတွေ့အကြုံအရတော့ Tubeless ဆေးရည်ကို မသုံးစေလိုပါ ။ ထုတ်လုပ်သူကိုယ်တိုင် ယာယီအသုံးပြုရန်ရေးထားတာပါ။ဒါကြောင့်မို့ သုံးကြပီဆိုလည်းဘီးပေါက်တဲ့အချိန်ယာယီခနပဲ သုံးကြပါလို့ အကြံပြုရင်း

မိတ်ဟောင်းမိတ်သစ်များ လိုရာခရီးကိုချောချောမွေ့မွေ့ဘေးမသီရန်မရပဲသွားလာနိုင်ပါစေရန် ဆုမွန်ကောင်းတောင်းပါတယ်ခဗျ။ မိတ်ဟောင်းမိတ်သစ်အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ:)

Writer by
Tgi tyre

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html