တာယာအမျိုးအစားများ နဲ့ ပန်းပွိုင့် တွေရဲ့အမျိုးအစားတွေ အလုပ်လုပ်ပုံ
သုံးမယ့်လမ်းအနေအထား တင်မယ့်အလေးချိန် ခရီးအနေအထား စတာတွေနဲ့ကိုက်ညီအောင် တာယာထုတ်လုပ်တဲ့သူများကတော့ ဘယ်လမ်းသုံးမယ့်တာယာ ဘယ်အလေးချိန်တင်ရင်သုံးရမယ့်တာယာ ဘယ်အရှိန်နဲ့မောင်းရင်သုံးရမယ့်တာယာ ဆိုပီးတော့အမျိုးအစားအလိုက်ထုတ်ပီးရောင်းကြပါတယ်
တာယာအမျိုးအစားကို အခြေခံအားဖြင့်
A-T (all terrain)
H-T (Highway terrain)
M-T (Mud terrain)
ဆိုပီးရှိပါတယ်
သူများနိုင်ငံမှာလိုရေမခဲတော့ Winter tyre အမျိုးအစားကိုချန်ခဲ့မယ်ဗျာ ဒါတောင် ဂျပန်ကလာတဲ့ကားတော်တော်များများမှာ အဲ့ကောင်တွေ တွေပါလာသေးတယ်ဗျ
winter tyre တွေကတော့ ပန်းတုံးထဲမှာ မြောင်းသေးသေးလေးတွေအများကြီးပါတာတွေ့မှာပါ ဒီမှာအသစ်ဝယ်ဖို့မလွယ်ပါ တင်သွင်းထားခြင်းမရှိပါ ဂျပန်ကျကားများမှာသာတွေ့နိုင်ပါတယ် ဒီမှာက သူဌေးတွေတောင် သူများသုံးပီးသားကားတွေ ဈေးကြီးပေးစီးနေရတဲ့အနေအထားကိုနော့ :P ဟာသအနေနဲ့ပြောတာပါဗျာ ဂျပန်ကျကားကခပ်များများလေ ဒီနိုင်ငံမှာက။
ပြောတာတွေလည်းများပီဗျာ
ကဲ A-T အကြောင်းပြောမယ် သူကတော့ နာမည်အတိုင်းပဲ All terrain ဆိုတော့ မည်သည့်လမ်းမဆို အားလုံးနဲ့အဆင်ပြေအောင်ထုတ်ထားပါတယ် အသုံးများတာကတော့ SUV Series တွေဖြစ်တဲ့ 4x4 ကားတွေမှာအတွေ့များပါတယ် လမ်းကောင်း လမ်းဆိုး မရွေး အဆင်ပြေအောင်ထုတ်ထားပါတယ်
အလယ်အလတ်လမ်းစဉ်လိုက်ထားတော့ ဟိုဖက်ဒီဖက်အဆင်ပြေအသုံးတည့်တာပေါ့ တောထဲလားမြို့ပေါ်လားအဆင်ပြေပါတယ် ဒါပေမယ် တောတောင်ထဲမှာပဲသုံးမယ်ဆိုရင်တော့ M-T ကိုမယှဉ်နိုင်ပါဘူး သူကတောတောင်သီးသန့်ထုတ်တာလေ ဒီလိုပဲ မြို့ပေါ်မှာပဲသုံးမယ်ဆိုလည်း H-T ကိုမယှဉ်နိုင်ပါ သူက hi-way အတွက်ထုတ်ထားတာလေ အဲ့တော့ကျွန်တော်တို့ရှမ်းပြည်လိုတောတောင်ထူထပ်ပြီးမြို့အဂါင်္ရပ်နဲ့လည်းကိုက်ညီတော့ နယ်သုံးမြို့သုံး A-T တာယာဟာ အဆင်ပြေလှပါတယ်
M-T mud terrain တာယာများကတော့ တောထဲတောင်ထဲ ရွံ့ထဲဗွက်ထဲ အကြမ်းပတန်းသုံးနိုင်အောင်ထုတ်ထားတာပါ သူ့ကိုကြည့်လိုက်တာနဲ့ သိသာပါတယ် tyre thread ပွိုင့်တုံးကြီးကြီး ကြမ်းကြမ်းတမ်းတမ်းပုံစံပါ 4x4 ကားတွေနဲ့အင်မတန်လိုက်ဖက်ပါတယ် တော်ရုံနွံနစ်တာလောက်ကတော့အေးဆေးပါ ချိန်းကြိုးပတ်ရင်လည်းသူ့ပွိုင့်တုံးတွေနဲ့ခံနေတော့ ပိုအသုံးပြုလိုကောင်းပါတယ် အားနည်းချက်ကတော့ မြို့ပေါ်တက်ရင် အသံနည်းနည်းဆူမယ် တာယာစားမြန်မယ်ပေါ့ဗျာ တော့ထဲမှာတော့ ဘယ် A-T ဘယ် H-T မှသူ့ကိုမယှဉ်နိုင်ပါဘူးဗျာ
ကဲနောက်ဆုံး H-T hi-way terrain အကြောင်းပြောမယ်ဗျာ သူကတော့ hi-way ဆိုတဲ့အတိုင်းခရီးရှည် ကတ္တရာ/ကွန်ကရစ် လမ်းကောင်းသုံးပေါ့ဗျာ မြို့တွင်း/မြို့ပေါ်သုံးပေါ့ hi-way ဆိုတော့အားလုံးသိတဲ့အတိုင်း kilo 60 အထက်ပဲလေ တခါတလေ 100 တောင်ကျော်တာနော့်
အဲ့တော့ထုတ်လုပ်သူတွေကလည်း ကားအရှိန်မြန်လာတဲ့အခါမှာ ငြိမ့်ညောင်းမှု့ရှိအောင် အသံဆူညံမှု့မရှိအောင် အပူချိန်တက်တာလျော့နည်းအောင် စသဖြင့်ထုတ်လုပ်ရတာပေါဗျာ။ M-T နဲ့ A-T နဲ့ဆို hi-way မှာ H-T ပွိုင့်လောက် ငြိမ့်ညောင်းမှု့မရှိတာ တွေ့ရမှာပါ ရန်ကုန်မန်းလေး အမြန်လမ်းမှာဆိုပိုပီးသိသာပါတယ် တာယာအသံဘလပ်ဘလပ်ထွက်တာ၊ ဆီစားသက်သာတာ၊ အကွေ့တွေ နဲ့ လမ်းအနေအထားအပြောင်းအလဲဖြစ်တဲ့အချိန်တွေမှာသိသာပါတယ်၊ တာယာပုံစံကလည်း ပွိုင့်စိတ်စိတ်နဲ့ရှင်းရှင်းလင်းလင်းရှိပါတယ်။ သူ့ကိုတော့မြို့တွင်းသုံး ကားငယ်လေးများ ခရီးသည်တင် express ကားများမှာ အများဆုံးတပ်ဆင်အသုံးပြု့ပါတယ်။
အောက်ကပုံတစ်ပုံစီထောက်ကြည့်နိုင်ပါတယ် :)
တာယာတွေကတော့ အမျိုးမျိုးပေါ့ သူ့နေရာနဲ့သူကိုက်ဖို့ပဲလိုတာပါ။ ဘယ်အရာမဆို အံဝင်ဂွင်ကျဖြစ်မှသာ အဆင်ပြေတာမဟုတ်လား။ တစ်ခုကိုလိုရင်တော့တစ်ခုကိုလက်လွတ်ရမှာပါ အကုန်လုံးနဲ့ကိုက်နေရင်လည်း အဆုံးစွန်ကောင်းမွန်မှု့ (အကောင်းဆုံးအနေအထား) ကိုစွန့်လွတ်ရတဲ့ တရားသဘောလေးတစ်ခုကိုတောင်ရလိုက်သေးတယ်ဗျ :D
အဲ့ဒီတော့ ကားလောကသားမိတ်ဆွေအပေါင်းတို့ မသိသေးတဲ့သူတွေလည်းဗဟုသုတရစေရန်နဲ့ သိပီးသားသူတွေလည်းပိုပြည့်ဝစေရန် ရေးသားတင်ပြလိုက်ပါတယ်ခဗျ :)
Writer by
Git tyres
No comments:
Post a Comment