ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားတစ်စီးရဲ့ အော်​​ဆေး နဲ့ ​နောက်​​ဆေး ဘယ်လိုကွာသလဲ

''​အော်​​ဆေး နဲ့ ​နောက်​​ဆေး''

မင်္ဂလာပါခဗျ အလုပ်​မအားလို့ ကားဗဟုသုတမတင်​ဖြစ်​တာနဲနဲကြာသွားတယ်​ ဒီတစ်​ပါတ်​​တော့ ​အော်​​ဆေး နဲ့ ​နောက်​​ဆေး ဘာကွာသွားလဲဆိုတာ​လေးတင်​​ပေးပါရ​စေခဗျ

Orginal paint ကခုချိန် Ygn အစီး၂၀ မှာ တစီးလုံး Touching လွတ်မရှိတော့သလောက်ပါ၊ ဒါကြောင့် ပြန်ဆေးကိုပဲ ခွဲခြားပြောပါရစေ

သိတဲ့ ဆရာကြီးတွေအတွက်မဟုတ်ပါ တချို့သူတွေ ဗဟုသုတရစေယုံပါဗျာ၊
💣 ကားတစ်စီးဝယ်တော့မယ်ဆိုအော်ဆေးပတ်လည် Bumper လောက်ပဲ Touching ပါတယ်ဆိုတာ ကြားနေကျစကားလုံးပါ၊ လူတွေဘာကြောင့် Orginal Factory paint ကိုပဲလိုချင်တာလဲ သိဖို့လိုပါမယ်၊တကယ်တမ်း ကွာခြားမှု က Org ဆေး ပြန်ဆေးမှာ ဘာကြောင့် ပြန်ဆေးဖြစ်နေ ရတယ်ဆိုတာ ပိုအရေးကြီးပါတယ်

ဂျပန်ဆေးကို ပြန်မှုတ် ရတာ အကြမ်းအားဖြင့် (၃)ချက်ရှိပါတယ်
၁ ။  တိုက်လို့ ပြန်မှုတ်တာ
၂။   အရောင်ကျသွားလို့ ပြန်မှုတ်တာ
၃ ။  ပွန်းရာဆင်းရာများလို့ ပြန်မှုတ်တာ ဆိုပြီး ၃မျိုးပါ။  ခုနောက်ပိုင်း တစီးလုံး အော်ဆေးက အစီး ၂၀ မှာ တစီးတွေ့ရခဲပါတယ် ဂျပန် grade 4.5 တောင်တခါတလေ Touching ပါပါတယ်၊
😊😊😊😊အဓိက ငြင်းရမှာက တိုက်လို့ ပြန်မှုတ်တဲ့ဆေးပါ၊ ကျန် ၂မျိုးက ပြန်မှုတ်တဲ့ ဆေးဆရာတော်ရင် တော်သလို Orginal ဆေးနီးပါ ရနေပါပြီ၊ အဲတော့ ဘာကြောင့် တိုက်ပြီးသား ပြန်ဆေး လူမကြိုက်လဲပြောပါမယ်၊
😎😎 ကားတစီးတိုက်ပြီဆိုတာနဲ့ ဘော်ဒီ ဆရာက လက်ရိုက်ပြား ဒါမမဟုတ် မီးသုံးပြီး၊ ချိန်းဘလောက်ဆွဲပြီး ပြန်ဖြောင့်ပြန်ဖြေပါတယ်၊ ဘော်ဒီချောသည်အထိ ကျိန်ဖန်များစွာ သံသားကိုထုရရိုက်ရ မီးပြရပါတယွ အဲဒီအခါ သံပြားပေါ်က Anti Corrosive Coating အလွှာက ကွာသွားပါတယ်၊ အဲဒါကြောင့် မီးထိထားတဲ့ အလွှာကွာထားတဲ့နေရာက ဆေးက ဘယ်လောက်ချူပ်ဆေးသုံးသုံး ပတ်တီးဘယ်လောက်ကောင်းကောင်း အချိန်တခုအတွင်းမှာရေငွေ့က အတွင်းသံသားကို ထိတဲ့အတွက် ထိတဲ့နေရာကပဲ စပြီးသံချေးတက် ဆေးကြွလာမှာပါ ၊ ဒါ့ကြောင့် ကျန်တဲ့ ဆေးရောင်ကျလို့ ဥပမာ (အနီ၊ အဝါ၊ ရွှေအို)တွေမှာ ပြန်မှုတ်ထားတာမျိုး လမ်းဘေးရပ်ရလို့ အပွန်းအစင်းဖြောက် ပြန်မှုတ်ထားတာမျိုးက Coating မထိတဲ့ပြန်ဆေးမျိုးဖြစ်တဲ့အတွက် ပြသနာ သိပ်မရှိပါဘူး၊ 😊😊😊 အဓိက ရှောင်ရမှာကတော့ တိုက်ပြန်ဆေး(ထိခိုက်လို့ ပြန်မှုတ်ထားသောဆေး)ကိုသာ ရှောင်ဝယ်ဖို့လိုပါတယ် ညီကိုတို့ရေ၊ ပြန်ဆေး အော်ဆေးကလဲ လက်ရာကောင်းရင်ကောင်းသလို ကျွမ်းကျင်သူ တွေတောင်မနဲ့ကြည့်ရတာမို့ တကယ်နားလည်သူနဲ့ တိုင်ပင်ဝယ်ယူကြပါလို့ အကြံပေးပါရစေ

ကားနဲ့ပါတ်​သက်​တဲ့ ဗဟုသုတ​လေး​တွေလည်း​တောက်​​လျောက်​တင်​​ပေးသွားမှာမို့ Page ​လေးကိုလည်း Like & Share ​လေးလုပ်​​ပေးကြပါအုံး​နော့

လိုတဲ့အချက်ကို ညီအကိုတွေ ဖြည့်စွက်ဆွေးနွေးပေးပါရန်

Writer by

Brgds
ကိုဖိုးသား (အင်းစိန်)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html