ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကား အင်ဂျင်ဝိုင် ENGINE OIL

ဒီတစ်ခေါက် ကား အင်ဂျင်ဝိုင် ENGINE OIL အကြောင်းလေးမျှဝေပေးပါမယ်
အလုပ်များနေတော့ မတင်ဖြစ်တာကြာသွားတယ်ဗျ

အင်ဂျင်ဝိုင်ဆိုတာက ကားတွင်းစက်ပစ္စည်းအစိတ်အပိုင်းမှာ အလုပ်လုပ်နေချိန်ပွန်းစားမှု့အနည်းဆုံးဖြစ်စေရန် ကားအင်ဂျင်သက်တမ်းပိုကြာကြာခံစေရန်ထည့်သုံးရတဲ့ ချောဆီတစ်မျိုးဖြစ်ပါတယ်။အင်ဂျင်ဝိုင်နဲ့ကားမောင်းသူတိုင်းမစိမ်းပါဘူး။ဘာလို့လဲဆိုတော့ သူက သတ်မှတ် kilo သုံးပီးတိုင်းလည်းပေးနေရလို့ပါ။ မလည်းဘူးဆိုရင် ကားတွင်းစက်ပစ္စည်းမှာပွန်းစားကုန်ပီး မကုန်သင့်တာပိုကုန်မှာပါ။ ဒါကြောင့်လည်းကားပိုင်ရှင်များကလည်း ဂရုတစိုက်လည်းပေးကြပါတယ်။လည်းတဲ့အချိန်မှာလည်း သင့်တင့်လျောက်ပတ်တဲ့ အမျိုးအစားဖြစ်ဖို့လည်းအရေးကြီးပါတယ်ခဗျ ။ ဓာတ်ဆီ လား ဒီဇယ်လား Hybrid လား အစားစားရှိပါတယ်။ နားလည်တတ်ကျွမ်းသူဆီမှာလည်းတာအကောင်းဆုံးပါ။

ကဲဗဟုသုတလေးရသွားအောင် ကျွန်တော်ဖတ်ထားတဲ့ knowledge လေးပြန် share ပါမယ်။

ချောဆီအကောင်းစား ဘယ်တော့မှ ဆီမခန်းပါ။ ဆီအထူအပါးဆိုတာ ဥပမာ 5W, 10W ဆိုတာ အေးသည့်ရာသီဥတု Winter grade သို့မဟုတ် အင်ဂျင်စနှိုးရင် အေးနေသည့်အချိန်မှာ ရှိမည့် ဆီအထူအပါးပါ။ အဓိက ပွတ်စားမှု ဖြစ်ပေါ်တာက တစ်ညလုံးရပ်ထားပြီး ချောဆီတွေအားလုံး ကရိုင်းကေ့ crankcase oil pan ထဲမှာရောက်နေတယ်။ မနက်လင်းတော့ စက်နှိုးရင် ချောဆီတွေ အင်ဂျင်ထဲအနှံ့ရောက်ဖို့ အချိန်တစ်ခုလိုတယ်။ ဆီမရောက်လာခင် အင်ဂျင်အတွင်း အစိတ်အပိုင်းတွေ ပွတ်စားမှုဖြစ်တာပေါ့။ Morning Starting Wear လို့ခေါ်ပါသည်။ အဲ့ဒါကြောင့် ဆီပါးရင် သွက်သွက်လေးလည်တော့ အစိတ်အပိုင်းတွေထံသို့ ချောဆီမြန်မြန်ရောက်ပြီး ပွတ်စားမှုကို ကာကွယ်ပေးနိုင်ပါသည်။ 5W က 10W ထက်ဆီပါးတယ်။ သို့သော် အင်ဂျင်ဟောင်းရင် ချောင်လာတော့ ဆီပါးရင် မနက်စက်နှိုးရင် အင်ဂျင်အသံပိုဆူနိုင်ပါတယ်။

အနောက်နံပတ်ကတော့ အင်ဂျင်ပူလာရင် ရှိမည့်ဆီအထူကို ပြောတာပါ။ နံပတ်ကြီးလေ ဆီထူလေပဲ။ 40 ဆီက ဥပမာ 5W40 က 30ဆီ 5W30 ထက် ဆီပိုထူတယ်။ အင်ဂျင်အထဲက စားလာလို့ clearance အစိတ်အပိုင်းတွေကြား ဟာလာရင် ဆီအပါးသုံးရင် ဆီပျောက်တယ်။ ပင်စတင်ရိမ်း Piston ring ကြားကနေ၊ ဘားစီး Valve seal ကနေတဆင့် မီးလောင်ခန်းထဲရောက်ပြီး မီးခိုးနှင့်အတူ အပြင်ရောက်သွားပါတော့သည်။ ဆီပါသွားလို့ လျော့လာတာကို ဆီခန်းသွားသည်ဟု ထင်ကြသည်။ ချောဆီအကောင်းစားသည် အပူချိန် 200C (200 ဒီဂရီ) ကျော်မှ အငွေ့ပျံတာပါ။ Synthetic ဆီဆိုရင် အနှတ် -30C ကျော်သည်အထိ ဆီမခဲပဲ အပူချိန် 230-240C အထိ အငွေ့မပျံပါ။ အင်ဂျင်၏ အလုပ်လုပ်သည့် အပူချိန် 85-95C ကြား ဘယ်တော့မှ ဘယ်သောအခါမှ မခန်းပါဘူး။ ဆီပျောက်ရင် အနောက်နံပတ် ပိုထူတာကို ပြောင်းသုံးသင့်ပါသည်။

ချောဆီအပျစ်အကျဲ kinematic viscosity ကို ထုတ်လုပ်သူများက 40C ဒီဂရီနှင့် 100C ဒီဂရီမှာ တိုင်းပြီး ဖော်ပြလေ့ရှိပါသည်။ မြန်မာပြည် ရာသီဥတုဆိုရင်တော့ အင်ဂျင်စနှိုးပြီးမကြာမှီရှိနေမည့် အပျစ်အကျဲနှင့် အင်ဂျင်ပူလာပြီးရှိနေမည့် အနေအထားတို့နှင့် အနီးစပ်ဆုံးကို ချောဆီလောကတွင် ဖော်ပြပုံကို အများသိပါစေရန် တင်ပြအပ်ပါသည် ခင်ဗျာ။

မနက်စောစော ကားကို Heavy မသုံးခင် engine warm up လေး နိုးထားကြဖို့လည်းမမေ့ကြနဲ့နော့် :)

Writer by
Ptt engine oil
Photo credit: Kewengineering U.K.

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html