ကိုယ့်ရဲ့ကား လေပေါင် ဘယ်လောက်ရှိလဲဆိုတာ မျက်မှန်းနဲ့ သိနိုင်အောင်တင်ပေးလိုက်ပါတယ်
လူစီးယာဉ် များအတွက်အသင့်တော်ဆုံး လေပေါင် ကတော့ 30 psi ~ 35 psi ဖြစ်ပါတယ်
20psi အောက်ရောက်နေရင်တော့ ဘီးပေါက်ဖို့ဖြစ်နိုင်ချေများပါတယ် အနီးဆုံးဆိုင်မှာအမြန်ဆုံးသွားစစ်သင့်ပါတယ်
မလိုအပ်ပဲ အပိုကုန်ကျမှု့တွေမဖြစ်ခင်ပေါ့
တစ်ချက်သတိထားရမှာက မြေမညီတဲ့နေရာမှာရပ်ထားရင်တော့ ဘီးမပေါက်ပဲ လေလျော့နေသလိုပြားနေတတ်ပါတယ် ကားတစ်စီးလုံကို တစ်ဘီးတည်းထမ်းထားရသလိုဖြစ်နေလို့ပါ
အိမ်မှာ ကားရပ်တဲ့နေရာကလည်းမြေညီဖြစ်ဖို့လိုပါတယ်
အသုံးပြုချိန်မှလွဲရင် အဲ့နေရာမှာအများဆုံးနေရတာဖြစ်ပါတယ်
ကားလည်းနားတဲ့အချိန်မှာတော့ ဇိမ်ရှိရှိနားချင်တာပေါ့ :)
10 psi လောက်ကျန်တဲ့အထိကို ဘီးကပြားမသွားပါဘူး
ဒါပေမယ့် မောင်းရတဲ့အချိန်မှာ သိသိသာသာဖြစ်နေပါပီတစ်ဖက်ဆွဲသလိုဖြစ်နေမယ်
ပုံမှန်မဟုတ်တဲ့အသံကြားရမယ်
8 psi အောက်လျော့သွားရင်တော့ ကားဂွေနဲ့တာယာနဲ့ ကြိတ်ပီးတာယာပျက်စီးမှာဖြစ်ပါတယ်
လေပေါင်ကို တစ်လ နှစ်ခါ ဒါမှမဟုတ် တစ်ခါတော့ ချိန်ပီးစစ်ဆေးသင့်ပါတယ်
ခရီးတစ်ခုထွက်မယ်ဆိုလည်း ဆီ ရေ လေ စစ်ဆေးပီးမှထွက်သင့်ပါတယ်
လိုအပ်လို့ လေပေါင်ပိုထိုးထားရင်လည်း အသုံးပြုပီးသွားတဲ့အခါ သတ်မှတ်လေပေါင်ပြန်ထားပေးသင့်ပါတယ်
အသုံးတည့်ကြမယ်လို့လည်းထင်ပါတယ်
Writer by
TGI tyre
No comments:
Post a Comment