ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဓါတ်ဆီ အင်္ဂျင်တစ်လုံး၏ ဆီပေးအနည်းအများကို ထိန်းချုပ်သော...ဆင်ဆာများနှင့် အကြောင်းအရာများ

ဓါတ်ဆီ အင်္ဂျင်တစ်လုံး၏ ဆီပေးအနည်းအများကို 
ထိန်းချုပ်သော...
ဆင်ဆာများနှင့် အကြောင်းအရာများမှာ...
့

ကားတစ်စီးကို သော့ဖွင့်ပြီးလျှင် 
ECU(Engine Control Unit) မှ... 
အင်္ဂျင်ဆင်ဆာများနှင့်ပတ်သက်သော...
အချက်အလက်များကို လက်ခံရယူရန် 
(၃/၅) စက္ကန့်ခန့်စောင့်ပြီးမှ...
စက်နိုးသင့်ပါသည်...

ဒါမှသာ 
အင်္ဂျင်အပူချိန်-----
 လေအပူချိန်------
 ရေအပူချိန်စသည်တို့ကို တွက်ချက်ပြီး 
စက်စနိုးချိန်တွင် ဆီမည်မျှပေးရမည်ကို
 မှန်ကန်စွာ တွက်ချက်နိုင်မည်ဖြစ်ပါသည်...


(၁)(ECU) အင်္ဂျင်ကွန်းထရိုးယူနစ်မှ 
STA(in) စတတ်တာမီးကြိုးမီးဝင်ချိန်တွင်...
# 10,20,30,40 (out) စသော
 Injector နော်ဇယ်မီးကြိုးများကို...
ပုံမှန်ထက် 
ဆီပေးနှုန်းကို အင်္ဂျင်အပူချိန်ကိုလိုက်ကာ
 ၃/၄ ဆ ပိုပေးပါသည်...


ပုံမှန်စလိုး(Idle Speed) တွင် (2.0 ms) ၂.၀ မီလီစက္ကန့် ဆီဖွင့်ပေးချိန်တွင်...
အင်္ဂျင်စနိုးချိန် ECU ဘောက်သို့ STA သို့မီးဝင်ချိန်တွင် (8.0 ms)...
၈.၀ မီလီစက္ကန့်အထိ ဆီပိုဖွင့်ပေးပါသည် ဒါမှသာ အင်္ဂျင်စနိုးချိန်တွင်...
အနိုးရလွယ်ကူစေမည်ဖြစ်ပါသည်...

စက်နိုးပြီး ISC(Idle Speed Control Valve) မှ အင်္ဂျင်စလိုး(Idle Speed)သို့...
လျှော့ချပေးချိန်တွင် ဆီကို ရေအပူချိန် လေအပူချိန်ကို မူတည်ပြီး ဖြေးဖြေးချင်းလျှော့ချပေးပါသည်...

ယခင် EFI ကားများတွငစက်စနိုးချိန်တွင် Cold Start Injector မှ...
ဆီပိုဖွင့်ပေးသောအလုပ်ကိုလုပ်ကာ...
ယခုမော်ဒယ်မြင့်ကားများတွင်တော့...
အထက်မှာ ရေးသားခဲ့သလို စက်စနိုးချိန်ဆီပိုပေးခြင်းအား...
အင်္ဂျင်ကွန်ထရိုးယူနစ်မှ ထိန်းချုပ်ကာ ဆီပေးအနည်းအများကို ထိန်းချုပ်ပေးပါသည်...


(၂)ရေအပူချိန်ဆင်ဆာ
(Water Temperature Sensor)

ရေအပူချိန်ဆင်ဆာသည် အင်္ဂျင်စက်စနိုးပြီးချိန်တွင်...
အင်္ဂျင်အပတ်ရေ RPM အား ISC Valve အား စလိုး(Idle Speed)ရစေရန်...
ရေအပူချိန်ပို့ပေးသကဲ့သို့ ဆီပေးအနည်းအများကိုလည်း ရေအပူချိန်အနည်းအများအလိုက်ထိန်းချုပ်ပါသည်...

ရေအပူချိန်ဆင်ဆာသို့ E2  ကွန်ထရိုးဘောက်မှ အနုတ်မီးကြိုးထုတ်ပေးကာ...
ရေအပူချိန်ဆင်ဆာမှ ကွန်ထရိုးဘောက်သို့ 
THW  မီးကြိုးဖြင့်ရေအပူချိန်ကို...
တိုင်းတာပို့ပေးပြီး အင်္ဂျင်စနိုးချိန် သာမိုစတတ်(Thermostart)မဖွင့်ခင်...
သတ်မှတ်အပူချိန်မပြည့်ခင်အထိ ဆီကို ပုံမှန်ထက်ပိုဖွင့်ပေးရန်နှင့်...
သတ်မှတ်အပူချိန်ရောက်ပါက ဆီကို ပုံမှန်အတိုင်းပေးရန်အလုပ်လုပ်ပေးပါသည်...


ရေအပူချိန်ဆင်ဆာသည် ပုံမှန်ရှိသင့်သည်ထက်  ပိုနည်းနေပါက...
Fuel  Rich Mixture ဖြစ်စေပြီး...
ပုံမှန်ရှိသင့်သည်ထက်ပိုများပါက Fuel Lean Mixture ကိုဖြစ်စေပြီး...
ကားလည်းပုံမှန်အောက်အဆွဲကျကာ အင်္ဂျင်မမှန်သဖြင့် ဆီပိုစားပါသည်...


(၃)Mass Air Flow Sensor 
and  Manifold Absolute Pressure Sensor

MAF နှင့် MAP အာရုံခံဆင်ဆာတို့သည် Engine Manifold Intake ထဲသို့ဝင်လာသော လေထုအနည်းအများ ပမာဏ ကိုတိုင်းတာပေးပြီး...
ဆီအနည်းအများကို ထိန်းချုပ်ပေးပါသည်...


MAF နှင့် MAP Sensor များတွင် 
မီးကြိုး သုံးကြိုးပါရှိပြီး...
တစ်ကြိုးမှာ E2  ,B+ တို့သည် 
ECU ကွန်ထရိုးယူနစ်မှ...
အထက်ပါဆင်ဆာများသို့ မီးပို့ပေးကာ 
MAF ဆင်ဆာမှ...
VG(in) မီးကြိုးဖြင့် ကွန်ထရိုးဘောက်သို
့ လေအဝင်အနည်းအများကို...
Signal  အချက်ပြပေးပို့ကာ ဆီအနည်းအများကို ထိန်းချုပ်ပေးပါသည်...


System too lean နှင့် 
System too rich Error Code များပြသရာတွင်...
MAF, MAP Sensor များနှင့်လည်း 
သက်ဆိုင်တတ်ကြပါသည်...

MAF Sensor ပုံမှန်အလုပ်မလုပ်ခြင်း၊ 
ဖုန်မှုန့်များကပ်ငြိနေပါက...
ကားအဆွဲကျကာ မောင်းရသည်မှာ မသွက်တော့ပါ...


(၄)Intake Air Temperature(IAT) Sensor
 လေအပူချိန်အာရုံခံဆင်ဆာ

လေအပူချိန်အာရုံခံဆင်ဆာသည် 
Manifold Intake ထဲသို့ဝင်လာသော...
လေအပူချိန်အားတိုင်းတာကာလေအပူချိန်အနည်းအများအလိုက်...
ဆီပေးအနည်းအများကို ထိန်းချုပ်ပေးပါသည်...

IAT Sensor သို့ E2G  မီးကြိုးတစ်ကြိုးဝင်ကာ...
အင်္ဂျင်ကွန်ထရိုးယူနစ်ဘောက်သို့ THA မီးကြိုးဖြင့် လေအပူချိန်အားတိုင်းတာကာ...
Signal အချက်ပေးပို့ပြီး လေအပူချိန်များပါက ဆီလျှော့ပေးခြင်းနှင့်...
လေအပူချိန်နည်းသွားပါက ဆီပိုပေးခြင်းတို့ကို ပြုလုပ်ထိန်းချုပ်ပေးပါသည်...
IAT Sensor သည် MAF ဆင်ဆာများတွင်တွဲလျှက်လာတတ်ပါသည်...

IAT Sensor သည်ပုံမှန်ထက်များနေပါက ဆီလျှော့ပေးကာ...
ပုံမှန်ထက်နည်းနေပါက ဆီပိုပေးကာ ကားဆီပေးမမှန်ဖြစ်ကာ...
ကားအဆွဲအရုန်း ကျတတ်ပါသည်...


(၅)Oxygen Sensor အောက်စီဂျင်ဆင်ဆာ

အောက်စီဂျင်ဆင်ဆာတွင် A/F Lambda Sensor နှင့် Heater Sensor ဟူ၍
၂ မျိုးရှိကာ ၂ မျိုးစလုံးသည် Heater Ground , Heater Power, Sensor Ground,
မီးကြိုးများဖြင့် မီးပေးကာ O2 Signal မီးကြိုးဖြင့်  Exhaust Manifold အထဲ၌အောက်စီဂျင်ပါဝင်မှုအတိုင်းအတာအလိုက် Volt ဗို့အားအနည်းအများ
အား အင်္ဂျင်ကွန်ထရိုးယူနစ်ဘောက်သို့ပို့ပေးကာ ဆီအနည်းအများကို...
ထိန်းချုပ်ပေးပါသည်..

.အောက်စီ၈ျင်ဆင်ဆာ သတင်းပေးပို့မှု အချက်လက်မမှန်ပါကလည်း ဆီအနည်းအများမမှန်ဖြစ်ကာ...
ကားဆွဲအားကျတတ်ပါသည်...


(၆) Accelerator Pedal Position Sensor 
and Therottle Position Sensor

APP ဆင်ဆာနှင့် TPS ဆင်ဆာတို့သည်လည်း NE Signal မီးကြိုးနှင့်အတူ...
အင်္ဂျင်အပတ်ရေ အတိုးအလျှော့လုပ်ရာတွင် ဆီအနည်းအများကို...
အင်္ဂျင်ကွန်ထရိုးယူနစ်ဘောက်သို့ အချက်ပေးပို့ကာ ဆီအနည်းအများကိုထိန်းချုပ်ပေးပါသည်...

ဓါတ်ဆီအင်္ဂျင်တစ်လုံး၏ လေ ဆီ ရောစပ်အချိုးမှာ...
၁၄.၇း ၁ ဖြစ်သော်လည်း...
အင်္ဂျင်အပူချိန် ပြင်ပလေအပူချိန်ကိုလိုက်ကာ စက်စနိုးချိန်မှ...
ခရီးတစ်ခုမောင်းပြီး စက်သတ်ချိန်အထိ ၉း ၁ မှ ၂၁း ၁ ထိဆင်ဆာများမှပေးပို့သောအချက်အလက်ကို လိုက်ကာ ကွဲပြားတတ်ပါသည်...

ဒါကြောင့် ဝါသနာရှင်များ မော်တော်ယာဉ်ပိုင်ရှင်များ...
တတ်နိုင်သမျှ ဗဟုသုတရစေရန် ရေးသားလိုက်ရပါတယ်ခင်ဗျာ...


မိတ်ဆွေများနှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း...
စိတ်၏ ချမ်းသာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေ...


Ctedit
ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

Goog luck

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html