Engးတလုံးတွင်camshaftသည် exးv/v , inးv/v (သို့) fuel p/p (သို့) distributor တို့ကို stroke timingအလိုက် လိုသလိုအဖွင့်အပိတ်လုပ်ပေးရန် အဓိကတာဝန်ကိုထမ်းဆောင်ရသော အစိတ်အပိုင်းတခုဖြစ်သည်။
။Engးတလုံးအတွက် အရေးအကြီးဆုံးသောအစိတ်အပိုင်းတခုလည်းဖြစ်သည်။2 stroke engးတွင် camshaft တပတ်လည်လျင်crankshaftလည်း တပတ်သာလိုက်လည်သည်၊ 4 stroke engးတွင်တော့ camkshaft တစ်ပတ်လည်လျင် crankshaft တွင်မူ နှစ်ပတ်လိုက်လည်သည်။
Camshaft ပေါ်တွင်ရှိသော cam lobes(သို့)cam toes တခုချင်းဆီသည် v/v(သို့)fuel p/p တခုချင်းဆီကို သက်ဆိုင်ရာ timingအလိုက် အဖွင့်/အပိတ် အလုပ်လုပ်စေသည်။v/vပွင့်သောအမြင့်အကွာအဝေးသည်(သို့)fuel p/pတွင် ဆီပို့သောအချိန်ကာလသည် အဆိုပါ cam lobes၏ အမြင့်ပေါ်တွင် မူတည်သည်။
ကြီးမားသော engးကြီးများတွင်သုံးရန်အတွက်camshaft တချောင်းကို တဖြောင့်တည်းအချောင်းလိုက် မထုတ်လုပ်ကြပေ၊အပိုင်းလိုက် အပိုင်းလိုက်သာထုတ်လုပ်ကြပြီး ထိုအပိုင်းအသီးသီးကို flangeများတွင် bolts များနှင့်တွဲပြီး ချိတ်ဆက်အသုံးပြု ကြသည်။အဘယ့်ကြောင့်ဆိုသော် ပြုပြင်(ချိန်ညှိ)ရာတွင် လိုသလိုအလွယ်တကူဖြုတ်၍ ပြု ပြင်(ချိန်ညှိ)နိုင်ရန်အတွက်ဖြစ်သည်။camshaft ကို crankshaftဖြင့် ချိတ်ဆက်မောင်းနှင်သည်၊ ထိုသို့ချိတ်ဆက်မောင်းနှင်ရာတွင် type 3 မျိုးနှင့်မောင်းနှင်သည်။
၁။ machine gear type
၂။ chain type
၃။ belt type ၃မျိုးကို အသုံးပြု သည်။
Automotive engးများတွင် ဆူညံမှုနှင့်ကုန်ကျစရိတ်လျော့နည်းစေရန် chain type(သို့)belt typeကိုအသုံးများကြသည်။
machine gear typeသည် ကုန်ကျစရိတ်များပြီး engးကို ဆူညံသံပိုထွက်စေသည်။ထို့အပြင်ပွတ်တိုက်မှု (friction) ကြောင့်ဖြစ်ပေါ်သောအသံနှင့်အပူတို့လည်း များသည်။ထို့အတွက် ယခုခေတ်ကာလတွင် ကုန်ကျစရိတ်နှင့်ဆူညံသံနဲစေရန် fibre gear ကို ထုတ်လုပ်သုံးစွဲလာကြသည်၊သို့သော် သက်တမ်းကြာရှည်စွာအသုံးမခံသည့်အတွက် မကြာခဏ လဲလှယ်ပေးရန်တော့လိုအပ်ပါသည်။ခေတ်ဟောင်းAutomotive gasoline engးများတွင် sparking plug များကိုမီးပေးပို့ရန်(distributor)နှင့် diesel engးအတွက် fuel oilကိုပို့ရန်အတွက် (lift p/p)ကို camshaft ဖြင့် timing အလိုက်မောင်းနှင်ပေးပို့စေသည်(ပုံဖြင့် ဖော်ပြပေးထားပါသည်)။
တချို့ မော်တော်ယာဉ်များတွင် power steering p/pကို camshaft ဖြင့်မောင်းနှင်တတ်ကြသည်။
2 stroke engးများတွင် inlet v/v မပါရှိသည့်အတွက် camshaft သည် exးv/v ကို timing အလိုက်ဖွင့်ပေးရန်အတွက်သာ တာဝန်ထမ်းဆောင်ရသည်၊တချို့သော 2 stroke diesel engးများတွင် fuel oil(diesel)ပေးပို့ရန်အတွက် p/p(သို့)injector များသို့camshaft ကိုအသုံးပြုစေ၍ ဆီပေးပို့ကြသည်။
engးအမျို အစားပေါ်မုတည်၍ engးတလုံးတွင် camshaft အရေအတွက် ပါဝင်တည်ဆောက်မှုသည် မတူညီကြပေ၊vee type(အရပ်အခေါ် "ရင်ကွဲ")တွင် cylinder bank တဖက်တချက်ဆီတွင် camshaft တချောင်းစီ ရှိတတ်ကြသည်၊in line engးများတွင် camshaft တချောင်းသာရှိတတ်သည်။
ခေတ်ဟောင်း engးများတွင် camshaft ကိုဘေးဘက်တွင်ထား၍တည်ဆောက်ထုတ်လုပ်ကြသည်။ယခုခေတ်ကာလတွင်တော့ engး၏ဖွဲ့စည်းပုံကျစ်လျစ်စေရန်အတွက် camshaftများကို engး head ပေါ်တွင်ထား၍ တီထွင်ထုတ်လုပ်လာကြပြီဖြစ်သည်၊
ထိုသို့သော camshaft ကို OHC(over head cam) ဟုခေါ်သည်။engးhead ပေါ်တွင်-camshaft တချောင်းတည်းပါရှိလျင် အဆိုပါengးကို SOHC(Single Over Head Cam)ဟုခေါ်ပြီး camshaft နှစ်ချောင်းပါရှိလျင် DOHC(Dual Over Head Cam)ဟုခေါ်သည်။ပုံတွင် ဖော်ပြထားပါသည်။
camshaft ပေါ်တွင်ရှိသော cam lobes(toes)များသည်
ထုတ်လုပ်သူအပေါ်တွင်မူတည်၍
တည်ရှိပုံ ဒီဂရီအလိုက် ကွာခြားကြသည်။
camshaft တချောင်း၏ timing သည် သက်ဆိုင်ရာ cylinder ၏ stroke အလိုက်တိကျစွာ လုပ်ဆောင်ပေးရန်အရေးကြီးသည်၊timing သည် စောလွန်း၍လည်းမရ နောက်ကျ၍လည်းမရပေ။ထို့အတွက်ကြောင့် engးတလုံးအား overhaul ပြုလုပ်ပြီးတိုင်း camshaftကို ပြန်လည်တပ်ဆင်ရာတွင် - camshaft timing ကို crankshaft timing ဖြင့် ကိုက်ညီစေရန်အလွန်အရေးကြီးသည်။ထို့အပြင် အသုံးပြု ထားသော driven type ပုံစံအရ gear(သို့)chain(သို့)belt တို့၏အရည်အသွေးကောင်းမွန်စေရန်သည် အလွန်အရေးပါသည်။ထို့ကြောင့် engးအတွက်ထုတ်လုပ်သူမှ သတ်မှတ်ထားသောသတ်မှတ် kilometer (သို့)သတ်မှတ် running hour အတွင်း chain(သို့)belt ကြိုးအားအသစ်လဲလှယ်ပေးရန် လိုအပ်ပါမည်။camshaftတွင်ရှိသော timing chain(သို့)timing belt ကြိုး ပြတ်ထွက်/ချော်ထွက်လျင် engးအား ထိုးခွဲပစ်သည်အထိ ဆိုးကျိုးသက်ရောက်စေနိုင်သည်။
(ပုံတွင် timing chain ကြိုး ချိန်ညှိရန်နှင့် timing belt ကြိုး ချို့ယွင်းချက်အား ဖော်ပြထားပါသည်)။အချို့သောရေကြောင်းသုံး 2 stroke engးများတွင် gearbox မပါရှိသောကြောင့် သင်္ဘောအား ရှေ့သို့(Ahead) သွားစေလိုလျင်သော်၎င်း၊ သို့မဟုတ် နောက်သို့(Astern)သွားစေလိုလျင်သော်၎င်း camshaft timing degree(°) အားပြောင်းလဲပေးခြင်းဖြင့် အလိုရှိသလို မောင်းနှင်စေသည်။(ထိုသို့ပြောင်းလဲပေးရာတွင် fuel timing ကိုသာပြောင်းလဲပေးသည်၊ exးv/v timing အားမပြောင်းလဲပေးပေ။)ထိုသို့သော engးမျိုးကို direct reversing engးဟု ခေါ်သည်။ထုတ်လုပ်သူအပေါ်မူတည်၍ camshaft ပေါ်တွင် နေရာအသီးသီးအလိုက် bearing များ ထည့်သွင်းတည်ဆောက်ထားကြသည်။ကြီးမားသော engးကြီးများတွင် အဆိုပါ bearing အသီးသီးသို့ lube oil(အင်ဂျင်ဝိုင်)အဆက်မပြတ်ရောက်ရှိစေရန်အတွက် type အမျိုးမျိုး တီထွင်ထုတ်လုပ်ထားကြသည်။engးအား overhaul ပြုလုပ်ပြီးတိုင်း camshaft အားပြန်လည်ထည့်သွင်းတပ်ဆင်ရာတွင် အဆိုပါ bearing များ သန့်ရှင်းနေစေရေးသည် အရေးကြီးသော အချက်ဖြစ်သည်။
ထို့အပြင် cam lobes(toes) များတွင် တခုချင်းစီ၏ အနိမ့်အမြင့် ညီညာမှုနှင့် camshaft တချောင်း လိမ်ကောက်မှုရှိမရှိကိုလည်း စစ်ဆေးပေးရပါမည်။
exး = exhaust
inး = inlet
v/v = valve
p/p = pump
engး = engine
inး = inlet
v/v = valve
p/p = pump
engး = engine
Credit
@@ခါးခါး@@
@@ခါးခါး@@
Goodluck