APS >> Air Processing System
~~~~~~~~~~~~~~~~~~~~~~~~~
APS ဆိုတာ အထူးသဖြင့် Truck တွေမှာ အသုံးပြု လေ့ရှိတဲ့ Control System တစ်ခုပါ ... ABS နဲ့ ခပ်ဆင်ဆင်ပေါ့ ... Engine ကနေ Air Compressor ကို တဆင့်မောင်းနှင်ပေးပြီး ထိုမှ တဆင့် Vehicle ကို Control လုပ်ဖို့ အတွက် လေစနစ်တွေကို စီမံခန့်ခွဲပေးတဲ့ စနစ်လို့ ပြောရင် မမှားပါဘူး ... Vehicle တစ်ခု အရေးကြီးဆုံး စနစ်တစ်ခုလို့ ဆိုရမဲ့ Pneumatic System ဟာ အခုနောက်ပိုင်း မော်ဒယ်မြင့် ယာဉ်တွေမှာ အထူးပဲ အရေးပါတဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ် ... ပုံမှန်ဆိုရင် Vehicle တစ်ခုမှာ Transmission ပိုင်းကနေ Door ပိုင်းထိ Pneumatic System သုံး Control တွေနဲ့ သွားတာ ဖြစ်တယ်
APS ကို မပြောခင် Vehicle တွေရဲ့ ဆီတိုင်ကီ ဘေးနား ခပ်ကျကျ မှာ Air Tanks တွေ ပါပါ တယ် ... Vehicle ရဲ့ အလုပ်လုပ်တဲ့ Performance အပေါ် မူတည်ပြီး Air Tanks အရေတွက်က အနည်းများ ပါဝင်ပါတယ် ... ဒါဆို အဲ့ဒီ လေအိုးတွေပါပြီ ဆိုရင် APS ပါပြီဆိုတာ သေချာ သလောက်ပါပဲ နောက်ပြီးရင် EBS ကိုလဲ APS တဆင့် ပံပိုးပေးပါတယ် EBS ကနေ Brake Chamber တွေကို Control လုပ်တဲ့ အခါ လေစနစ်တွေကလဲ မပါ မဖြစ်ပါပဲ ... ဒီတော့ APS ဟာ Vehicle တစ်လုံးအတွက် အသက်သွေးကြော လို့ပြောရင် မမှားပါဘူး
APS Unit တစ်ခုမှာ ဘာတွေ ပါဝင်ပါသလဲ ?
အကြမ်းဖျင်းပေါ့ 👌👉
1 ... Air Dryer
2 ... Circuit Protection Valve
3 ... Control Unit
4 ... Regeneration Check Valve
5 ... Accessory Circuit Check Valve
6 ... Parking Barke Circuit Check Valve
7 ... Regenerating Solenoid Valve
8 ... Compressor Control Solenoid Valve
9 ... Safety Valve
10 ... Control Line
11 ... Intermediate Piece for Connecting Regeneration Tank ....
APS Unit ကနေ အမျိုးမျိုးသော Vehicle ရဲ့ အစိတ် အပိုင်းတွေဆီ သွားပါတယ် ... ယေဘုယျ အဲ့ဒီ Control လုပ်နေတဲ့ အစိတ်အပိုင်းတွေကတော့ 👉👉👉
1 ... Compressor < Working Phase ,Relief Phase >
2 ... Cooling Coil
3 ... Instrument Cluster
4 ... Air horn
5 ... Compressed Air Tanks
6 ... Steering Wheel
7 ... Seat
8 ... Disc Brake
APS Unit ဟာ Valve Body လိုပဲ ရှုပ်ထွေးတဲ့ အစိတ်အပိုင်းထဲမှာ ပါပါတယ် ... ဒီတော့ Techanican အများစုဟာ APS က ဖြစ်ပြီလို့ သိရပြီ တပြိုင်နက် Unit တစ်ခုလုံးကို အသစ်လဲလိုက်ကြတာပါပဲ ဒီတော့ ကျန်တဲ့ အစိတ် အပိုင်းတွေပါ ဒုက္ခ မပေးတော့ဘူးပေါ့ ... နောက်ပြီး APS မှာဆိုရင် Air Dryer ဟာ သူသက်မှတ်ကာလနဲ့ သူ လဲလှယ်ပေးရပါတယ် ... APS မှာ အဓိကက အလုပ်အလုပ်စေတဲ့ အပိုင်းတွေကတော့ Multi-Circuit protection Valve တွေပဲ ဖြစ်ပါတယ် အဲ့ဒီကနေ Connection Cable လို့ခေါ်တဲ့ လေကြိုးတွေက တဆင့်သွားတာ ဖြစ်တယ် နောက်ပြီး အဲ့အပေါ်နားမှာ Pressure Sensor တစ်လုံး တပ်ထားပါတယ်
... အကယ်၍ APS မကောင်းရင် Air Suspension ကို ဒုက္ခပေးတာတို့ အပြင် လေတွေ တရူးရူး တရှဲရှဲနဲ့ ထွက်နေတာတွေ မကြာခဏ ကြားရပါတယ် ၊ ဒါ့ပြင် ကျန်တဲ့ Fault တွေလဲ အများကြီး ရှိပါတယ် ... ကဲ ဒီလောက်ဆို APS နဲ့ ရင်းနှီးလောက်ပါပြီ !!
မှတ်ချက် : ပုံလေးတွေနဲ့ တွဲကြည့်ရအောင် ... အဆင်ပြေတာလေး လုပ်ပေးထားတယ်
Writer by
Saw naing
Ref ; Wabco APS system
Photo ; Google Media
< Just For Student Knowledge >
No comments:
Post a Comment