ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မော်တာသူခိုး ရဲ့ ပြစ်​ချက်​ရှာပုံ​တော်​ -- အိုဗာလုပ်တွေ မဂ္ဂနပ် တွေ မီးအားတွေကောင်း နေရဲ့သားနဲ့ ဟိုစက်က မော်တာလောင်လိုက်၊ ဒီစက်ကမော်တာလောင်လိုက်ဖြစ်နေတာပါ

မော်တာသူခိုး
**********


ခုတော့ ကျနော် စိတ်ညစ်နေရပါပြီ။ ပြသ၁နာက
ကြီးပြီလားဗျာ။ ဖြစ်ပုံကဒီလို ကိုယ့်ဆရာတို့ရေ။
မြစ်ဝကျွန်းပေါ်ဒေသမှာ ဆန်စက်တွေကို မီးဆင်
ပြီးတာတွေများလာတာနဲ့အမျှ အခုနောက်ပိုင်း
ကိုယ်က စက်အသစ်တွေအတွက် မီးလာဆင်ပြီ
ဆိုရင် ဒီအလုပ်ကိုပဲ တစ်ထိုင်တည်း မလုပ်နိုင်
တော့ပဲ ။ အရင် ကျနော်တို့ဆင်ခဲ့တဲ့ စက်တွေက
ဟိုကလာခေါ် ဒီကလာခေါ်နဲ့ ကျနော်တို့ အလုပ်
ကိုကောင်းကောင်း မလုပ်နိုင်ကြတော့ပါဘူး။

ဖြစ်တဲ့ဟာကလဲ ကြည့်ဦး ကိုယ့်ဆရာတို့ရေ
အိုဗာလုပ်တွေ မဂ္ဂနပ် တွေ မီးအားတွေကောင်း
နေရဲ့သားနဲ့ ဟိုစက်က မော်တာလောင်လိုက်၊
ဒီစက်ကမော်တာလောင်လိုက်ဖြစ်နေတာပါ။

ခုလဲ စက်တစ်ခုမှာ မော်တာလောင်လို့လာကြည့်ရင်း ကျနော်လည်း မလုပ်တတ်တော့တာနဲ့ ဆရာ့ ကို ဖုန်းဆက်အကြောင်းကြားပြီး ဖြစ်နေပုံ
တွေကို တင်ပြရတော့တာပေါ့ဗျာ။

အေး တစ်ခြားအကြောင်း အားလုးံကောင်းနေရဲ့
နဲ့ မော်တာတွေ လောင်နေရင်တော့ အပူကြောင့်
ပဲရှိတော့တယ်။ ဆန်စက်ဆိုတာကလဲ သူများ
စပါး နဝလီ ကြိတ်လိုက်၊ ကိုယ့်စပါး ကိုယ်ကြိတ်
လိုက်ဆိုတော့ မော်တာတွေက နားရတယ်ကို
မရှိဘူး၊ စက်ပိုင်တွေကလဲ ဆန်ဖြူ  ခိုးမယ့်ရန် ကိုကြောက်ပြီး မေရုံရှိတဲ့ ဂိုထောင်ကို ဝင်ပေါက်ထွက်ပေါက် တစ်ပေါက်တည်းထားတဲ့သူကထား။

နောက်ပြီး အရင်စက်ဟောင်းကို ဖျက်ပြီးစက်သစ်
တည်တော့ ဂိုဒေါင် အဟောင်းပုံစံကခေါင်မိုးမှာ
မော်နီတာ မပါဘာမပါ အပူထွက်ပေါက်
မရှိဆိုတော့ ခေါင်နဲ့နီးတဲ့ elevator တိုင်ထိပ်က
မော်တာတွေဆို ပူပြီးလောင်ဖို့ ပိုများ၊
ပိုင်ပုံတွေဆိုလဲ မေရုံနဲ့ ဂါလီ သွားစရာ လောက်သာ ချန်ထားပြီး အပြည့်ပုံတော့ လေဝင်လေထွက် မကောင်းတော့ပဲ မော်တာတွေ အပူပိုတက်၊
ပတ်ဝန်းကျင် အပူ 40C ထက်နည်းလေ မော်တာ
သက်တမ်းကြာလေ၊ 40C ထက်ပိုများလေ မော်
တာသက်တမ်းနည်းလေ၊ လေပူထုတ်ဖို့ ခေါင်မိုး
မေရုံ အပေါ်တည့်တည့်မှာ လေစုပ် တွေတပ်တန်တပ်၊ ပိုင်ပုံတွေကို လေဝင်လေထွက်ကောင်း
အောင် နေရာလွတ်တွေချန်ပုံ ပြီးကြိုးစားလို့ မှ
ပတ်ဝန်းကျင် အပူချိန်မကျနိုင်တဲ့ ဥပမာ ဘွိုင်လာနားတို့ ပေါင်းအိုးနားသုးံမယ့် မော်တာတွေဆိုရင်
တော့ class. A.B.C ကို သေချာရွေးပြီး ပတ်ဝန်းကျင်နဲ့လိုက်ဖက်မယ့် အပူပိုခံနိုင်တဲ့ မော်တာမျိုး
ရွေးပေးရမယ်။ စက်မောင်းတွေကလဲ မော်တာ
မျက်နှာပြင်အပူချိန်ကို စစ်ဆေးပေးနေရမယ်။
ပုံမှန်မဟုတ်တဲ့အပူချိန် ကိုတွေ့ရရင် အကြောင်းရင်းကို ရှာဖွေပေးရမယ်။ လို့ဆရာကပြောပြပါတယ်။
ကျနော်လိုက်စစ်ကြည့်တော့ ဆရာပြောတဲ့အချက်တွေနဲ့ ကိုက်ညီနေတာကိုတွေ့ရတော့တာပဲ
ဗျာ။ ကျနော်လဲ စက်ပိုင်တွေကိုဆရာပြောပြခဲ့တဲ့
အကြောင်းတွေကို ပြောပြပြီး ပြင်ခိုင်းရတာပေါ့ဗျာ။
အဲဒီနောက်ပိုင်းကျတော့မှအလုပ်ကို တစ်ထိုင်တည်းလုပ်နိုင်တော့တယ်ဗျို့ ။


Credit
MyatMin Thuya Kyaw


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html