ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဆပ်ပြာပြုလုပ်ရန် ဗဟုသုတ ဆောင်းပါး

အရင်းအနှီးမများတဲ့ တစ်ပိုင်တစ်နိုင် homemade ဆပ်ပြာလုပ်ငန်း လုပ်ကြရအောင်

ကိုယ်ပိုင်လက်မှုလုပ်ငန်းလေးလုပ်လိုပါသလား..?
ပိုနေတဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချလိုပါသလား..?
အပိုဝင်ငွေရချင်ပါသလား..?
အိပ်ရှင်မများ အမျိုးသမီးများနှင့်သင့်လျှော်သော လက်မှုလုပ်ငန်းလေးတစ်ခုခုလုပ်ဖို့
စိတ်ကူးနေပါသလား..?
အလှအပရေးရာနှင့် ပတ်သက်တာကို စိတ်ဝင်စားပါသလား..?
တစ်ခုလောက်အကြံပေးပါရစေ။ အထက်ပါအချက်များကိုစိတ်ဝင်စားလျှင် အသေးစား စီးပွားရေးလုပ်ငန်းလေး တစ်ခုဖြစ်သော Homemade ဆပ်ပြာလေး တစ်နိုင်တစ်ပိုင် ပြုလုပ်ဖို့ရွေးချယ်လိုက်ပါ။
Homemade ဆပ်ပြာအကြောင်းစိတ်ဝင်စားနေပြီလား..?
ပထမဆုံး homemade ဆပ်ပြာလေးအကြောင်း နည်းနည်းပြောပြပါရစေ..
Homemade ဆပ်ပြာနဲ့ commercial soap(စက်ရုံထုတ်ဆပ်ပြာ)လေးတွေကြားမှာ
ကွာခြားချက်လေးတွေရှိပါတယ်။

Homemade ဆပ်ပြာတွေကိုပြုလုပ်ရာမှာ သဘာဝ ဆီစစ်စစ်များ၊ ကုန်ကြမ်းများကို ဝယ်ယူအသုံးပြုရသောကြောင့် စက်ရုံထုတ်ဆပ်ပြာများထက်ငွေကြေးကုန်ကျမှုပိုမိုများပြားနိုင်သလို
ကုန်ကြမ်းပစ္စည်းရင်းထားရမှုများနေသောကြောင့် ရောင်းချရာတွင်လည်း ဈေးအနည်းငယ် များနေတတ်ပါတယ်။ ဒါလေးက homemade ဆပ်ပြာရဲ့ အားနည်းချက်လို့ပြောရမလားပဲ။

စက်ရုံထုတ်ဆပ်ပြာ အများစုကတော့ စက်ရုံကနေ အလုံးအရင်းနဲ့ ထုတ်လုပ်သလို အခြားဆပ်ပြာ တံဆိပ်များနှင့်  ဈေးနှုန်းလည်းမကွာဟအောင်ထုတ်လုပ်ရတဲ့အတွက် သဘာဝကရတဲ့ ပါဝင်ပစ္စည်းတွေအစား ဈေးသက်သက်သာသာနှင့် ပေါပေါများများရနိုင်သော ရေနံထွက် ဓါတုပစ္စည်းများ၊ အမြုပ်ထွက်စေသော SLS ဓာတုပစ္စည်းများကို အသုံးပြုရသောကြောင့် ဈေးနုန်းချိုချိုနဲ့ရရှိနိုင်ပါတယ်။ ယင်းအကျိုးဆက်တွေကတော့ ဓာတုပစ္စည်းများကြောင့် အချို့ အသားအရည်ဓါတ်မတည့်မှုများ၊ အသားအရည်ကို ကြမ်းတမ်းခြောက်သွေ့စေမှုများ ဖြစ်ပေါ်လာတတ်ပါတယ်။

အလှအပနှင့်ကျန်းမာရေးလိုက်စားသူတွေ ကြားမှာတော့ သဘာဝကရတဲ့ ပစ္စည်းများနဲ့ ပြုလုပ်သော homemade ဆပ်ပြာဟာ စက်ရုံထုတ်ဆပ်ပြာတွေထက် ပိုမိုရေပန်းစားနေတာပါ။
တကယ်လို့သာ အလှအပကိုလဲ စိတ်ဝင်စား၊ အသားအရည်ကိုလဲ ထိမ်းသိမ်းပြီးသားဖြစ်၊ ၀င်ငွေလဲ တိုးချင်တယ်ဆိုရင်တော့ homemade ဆပ်ပြာကို ကိုယ်တိုင်လုပ်၊ ကိုယ်တိုင်သုံးစွဲထုတ်လုပ်ရောင်းချပြီး အသေးစားစီးပွားရေးလုပ်ငန်းလေးတစ်ခု အဖြစ်အကောင်အထည် ဖော်လိုက်ကြရအောင်။
ဒီ homemade ဆပ်ပြာအသေးစားအိမ်တွင်းလုပ်ငန်းလေးအတွက် လုပ်ငန်းစတင်ချိန်မှာ ပျမ်းမျှကုန်ကျမယ့် အသုံးစားရိတ်ကို အောက်မှာ အသေးစိတ်တွက်ချက် ပေးထားပါတယ်..

Stick blender 15000 – 50000 ကျပ် (Optional)
Silicone Spatulas 1500-3000 ကျပ်
Heat resistance glass bowl/ stainless steel bowl for mixing lye and oil 10000 – 20000 ကျပ်
Large stainless steel pot for heating up the oils 10000 -20000 ကျပ်
Actuate Scale to measure oils & lye amount 15000-20000 ကျပ်
Gloves 1500 ကျပ်
Goggles 2000 ကျပ်
Thermometer to measure oil heat 15000 ကျပ်
Mold 1000 ကျပ် ++

ပျမ်းမျှတစ်သိန်းပတ်ဝန်းကျင်လောက်သာ ကုန်ကျမှာဖြစ်သည့်အတွက်
လုပ်ကိုင်ရန် အလွန်သင့်လျှော်လှသော အိမ်တွင်းအသေးစားလုပ်ငန်းလေးဖြစ်ကြောင်း အကြံပြုပါရစေ။
အလှအပလဲတိုး၊ ၀င်ငွေလဲရ၊ လုပ်ငန်းတစ်ခုထူထောင်ပြီးသားလဲ ဖြစ်ချင်တယ်ဆိုရင်တော့ ဆပ်ပြာလုပ်နည်းများကို အောက်က page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/Ki-Wi-Bubbles-1864698473845923/
Cred
Panwai Paing

Other posts002

#handmade ဆပ်ပြာသုံးစွဲခြင်း၏အကျိုးကျေးဇူးများ
ခုချိန်မှာ #handmade ဆပ်ပြာဆိုတာ ကိုယ်တိုင်အိမ်မှာလုပ်သုံးရင်ပဲဖြစ်ဖြစ်၊ စိတ်ကြိုက်အော်ဒါမှာ သုံးချင်ရင်ပဲဖြစ်ဖြစ် အားလုံးပဲ လက်လှမ်းမှီမှီသုံးစွဲနေနိုင်ကြပါပြီ။ ဒါပေမယ့် စက်ရုံထုတ် ဆပ်ပြာတွေလောက်တော့ အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်ဖို့ မလွယ်ကူသေးပါဘူး။ ဟာ ဒါဆိုရင် ဘာလို့များ လွယ်လွယ်ရနိုင်တဲ့ စက်ရုံထုတ်ဆပ်ပြာကိုမရွေးပဲ #handmade ဆပ်ပြာကို ရွေးသင့်သလဲဆိုတဲ့ အချက် ၅ ချက်ကို ပြောပြပေးချင်ပါတယ်။
၁- ကိုယ့်ဆပ်ပြာ ကို ကိုယ့်စိတ်ကြိုက် အရောင်/အနံ့/ဆီ အမျိုးမျိုးနဲ့ပေါင်းစပ်ပြီး ဘယ်သူနဲ့မှမတူအောင် ဖန်တီးလို့ရနေတာဟာလဲ #handmade ဆပ်ပြာ လုပ်ရတဲ့ထဲက အင်မတန်ပျော်စရာကောင်းတဲ့ တစ်စိတ်တစ်ပိုင်းပါ။ ကိုယ်ကဘာကြိုက်တတ်လဲ၊ ပင်စိမ်းနံ့၊လာဗင်ဒါနံ့ အစရှိတဲ့ ရှားပါး အနံ့တွေ၊ အဆီ တွေ စိတ်ကြိုက်ထည့်သုံးမယ်။ ပြီးရင် မိုပုံစံဆန်းဆန်းထဲထည့် ပုံစံမျိုးစုံပုံဖန်တီးလို့ရပါတယ်။ ဒါ့အပြင် နို့၊ ဘီယာ၊ ၀ိုင်၊ မီးသွေး၊ လိမ္မော်ခွံ၊ ပန်းခြောက် စသည်ဖြင့် ကိုယ်စိတ်ကြိုက် ဖြည့်စွက်ပစ္စည်းမျိုးစုံကိုလဲ အကန့်အသတ်မရှိ ထည့်လုပ်ပြီး ဘယ်သူနဲ့မှမတူတဲ့ ဆပ်ပြာပုံစံဖန်တီးနိုင်ပါတယ်။
၂- Cp နည်းနဲ့ ပြုလုပ်တဲ့ handmade ဆပ်ပြာတွေမှာ စက်ရုံထုတ်ဆပ်ပြာတွေလို သဘာဝပစ္စည်းမဟုတ်တဲ့ အမြှုပ်ဆီတွေ၊ အသားအရည်ကို ထိခိုက်စေတဲ့ ဂျေးချွတ်ဆေးတွေ မပါဝင်ပါဘူး။
ဓါတုအမြှုပ်ထွက်ဆေးတွေဟာ အရည်ပြားကို ခြောက်သွေ့ပျက်စီးစေတတ်ပါတယ်။ ကျွန်တော် ကိုယ့်ဆပ်ပြာကိုယ်တိုင်လုပ်သုံးရတဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုကိုပြောပါဆိုရင်တော့ စက်ရုံထုတ်ဆပ်ပြာထဲမှာပါဝင်တဲ့ ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်လို့ပါပဲ။ အခုဆိုရင်တော့ အဆီပြန်ပြီး အင်မတန် sensitive ဖြစ်တဲ့ ကျွန်တော့ အသားအရည်နဲ့ အဆင်ပြေမယ့် ကိုယ်ပိုင် ဖော်မြူလာကို ရထားပါပြီ။ (ဒါကသက်သက်မယ့် ၀င်ကြွားတာ  )
၃- ကိုယ့်အသားအရည်နဲ့ သင့်တော်တဲ့ ဆပ်ပြာကို စိတ်ကြိုက် ဖန်တီး လို့ရပါတယ်။
Handmade ဆပ်ပြာတွေဖန်တီးရတာဟာ မုန့်ဖုတ်ရတာနဲ့ ခပ်ဆင်ဆင်ပါပဲ။ ကိတ်မုန့်လုပ်ရင် စားချင်တာကို စိတ်ကြိုက်လုပ်စားဖို့ ကိုယ့်အကြိုက်ပါဝင်ပစ္စည်းတွေထည့်၊ ပြီးရင်ရောမွှေ၊ နောက်ဆုံး ကိုယ်ပိုင်ပုံစံ ဆန်းဆန်းလေးရ၊ စားချင်တာလဲ စားရ။ ရှယ်ပဲ။ အဲ့လိုပဲ ဆပ်ပြာကိုလဲ ကိုယ်ပိုင် ဖော်မြူလာထုတ်ပြီး လုပ်လို့ရပါတယ်။ အုန်းဆီများများထည့်တဲ့ ဆပ်ပြာဆို သန့်စင်အားကောင်းကောင်းရလာမယ်။ သံလွင်ဆီများရင် အသားအရည်နူးညံ့စိုပြေ ကျန်းမာစေမယ်။ ကိုယ်တိုင်က ဆပ်ပြာမလုပ်တတ်ရင်တောင် လုပ်တတ်တဲ့သူတွေဆီကနေ ကိုယ့်အသားအရည်နဲ့ အဆင်ပြေမယ့် ဆပ်ပြာကို့ စိတ်ကြိုက်မှာသုံးလို့ရပါတယ်။
ကိုယ်က အုန်းဆီနဲ့ ဓါတ်မတည့်ဘူးလား။ ဒါမှမဟုတ် ကျန်းမာရေးအရ ဆေးကုသမှုခံယူနေရသူဖြစ်နေလို့ အနံ့အသက်မပါတဲ့ သံလွင်ဆီဆပ်ပြာကိုမှ သုံးလို့ရသူလား။ ဘာမှစိတ်ပူစရာမရှိတော့ပါဘူး။ ဆပ်ပြာပညာရှင်တွေဆီကနေ ကိုယ့်စိတ်ကြိုက်အော်ဒါမှာပြီး သုံးလိုက်ရုံပါပဲ။
၎- ယနေ့သုံးစွဲမှု မြင့်တက်နေတဲ့ anti – bacterial ဆပ်ပြာတွေဟာ သင့်အတွက်တော့ သိပ်ကောင်းလှတာမဟုတ်ပါဘူး။
ဒီဆပ်ပြာတွေထဲမှာပါနေတဲ့ Triclosan ခေါ် ဓါတုဒြပ်ပေါင်း C12H7Cl3O2 ဟာဆိုရင် ယနေ့ခေတ် စက်ရုံထုတ် ဆပ်ပြာတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ထည့်သုံးလာနေကြပေမယ့် ဒါဟာ ကိုယ့်အသားအရည်နဲ့ သင့်တော်လား မသင့်တော်ဘူးလားဆိုတာကို စမ်းသုံးကြည့်ရလောက်စရာမဟုတ်ပါဘူး။ တကယ်လို့သာ ကိုယ့်အသားအရည်နဲ့ ဓါတ်မတည့်မှုတစ်ခုခု ဖြစ်လာခဲ့ရင် ကိုယ်ပဲနစ်နာရပါလိမ့်မယ်။  နောက်တစ်ချက်က နိုင်ငံတကာ FDA စစ်တမ်းအရဆိုရင် anti – bacterial ဆပ်ပြာနဲ့ ရေချိုးလို့ နေမကောင်းထိုင်မသာ ဖြစ်ရခြင်းတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့ သက်သေမရှိသေးပါဘူး။ အဲ့ဒီတော့ ဒီလို ဓါတုပစ္စည်းပေါင်း သောင်းခြောက်ထောင်ပါနေတဲ့ စက်ရုံထုတ် ဆပ်ပြာတွေကို ဘေးဖယ်ပြီး  ဆပ်ပြာကိုယ်တိုင်ပြုလုပ်ရောင်းချနေကြသူတွေကို အပြေးအလွှားရှာထားကြပါ။
၁- နောက်ဆုံးပိတ် အိတ်နဲ့လွယ်တဲ့ တစ်ချက်ကတော့ handmade ဆပ်ပြာကိုယ်တိုင်ပြုလုပ်သုံးစွဲသူပဲဖြစ်ဖြစ်၊ ရောင်းချသူတွေထံကနေ တဆင့်ပြန်လည် ၀ယ်ယူသုံးစွဲနေသူပဲဖြစ်ဖြစ် သင်ဟာ ပြည်တွင်းအသေးစား လက်မှုလုပ်ငန်းတစ်ခုအပေါ် အကျိုးပြုနေသူပါပဲ။ သင်ဝယ်ယူသုံးစွဲနေတဲ့ handmade ဆပ်ပြာ 90% လောက်ဟာ အမျိုးသမီးထုဦးဆောင်တဲ့ ပြည်တွင်း တပိုင်တနိုင် လုပ်ငန်းရဲ့ထွက်ကုန်လဲ ဖြစ်နေပါသေးတယ်။ သင့်ဝယ်ယူအားပေးမှုဟာ ဒီအမျိုးသမီးလုပ်ငန်းရှင်တွေကို အထောက်အပံ့ဖြစ်စေပါတယ်။ သူတို့ဟာ မီလီယံနာတွေမဟုတ်ပါဘူး။ ဒါပေမယ့် စွန့်ဦးတီထွင်ကြသူတွေပါ။ သင့်အားပေးမှုဟာ အိမ်ရှင်မတွေရဲ့ မီတာခ၊ ကလေးကျောင်းမုန့်ဖိုး နဲ့ တစ်ခါတစ်လေ မိသားစုထမင်းဝိုင်းရဲ့ ဟင်းခွက်တွေကိုတောင် လှလှပပ ပြင်ဆင်နိုင်အောင် ကူညီပေးနိုင်ပါသေးတယ်။
ဆပ်ပြာသမားတွေအဖို့ ဆပ်ပြာပြုလုပ်ဖန်တီးနေရချိန်ဟာ သူတို့ အတွက်တော့ ဘာနဲ့မှမလဲနိုင်တဲ့ သုခပါပဲ။ သင့်ဝယ်ယူအားပေးမှုဟာ ကျွန်တော်တို့လို ဆပ်ပြာသမားတွေအတွက်တော့ အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ပေးနေသလိုပါပဲခင်ဗျာ။

Cred
Panwai Paing


003..other posts


ဒီနေ့ ဆပ်ပြာ အလုပ်လုပ်ပုံအကြောင်းလေးပြောပြချင်ပါတယ်။ အားလုံးလည်းတွေ့ဖူးကြမှာပါ။ ဆိုင်မှာတွေ ဆပ်ပြာတံဆိပ်တွေမှာ ကြော်ငြာထားတဲ့ ဒီဆပ်ပြာဟာ ဘာအတွက်အလွန်ကောင်းတယ် ညာအတွက်အလွန်ကောင်းတယ် ဆိုတာတွေကိုပေါ့။

ဆပ်ပြာရဲ့ လုပ်ဆောင်ချက်ကို အရှင်းဆုံး ပြောရမယ်ဆိုရင် Hydrophilic နဲ့ hydrophobic ကိုသိထားဖို့လိုပါတယ်။ hydrophilic ဆိုတာ ရေတွင်ပျော်ဝင်လွယ်သောအရာတွေ ဥပမာ သကြားတို့ဘာတို့ပေါ့။ ရေတွင်အလွယ်တကူမပျော်ဝင်နိုင်သောအရာတွေ ဥပမာ ဆီ..ဒိန်ခဲ တွေကို hydrophobic လို့ခေါ်ပါတယ်။
ထပ်ပြောပါ့မယ် တကယ်တော့ ဆပ်ပြာဆိုတာ ဆပ်ပြာအလုပ်ပဲ လုပ်ပါတယ်။ ဆပ်ပြာရဲ့ အစွမ်းကတော့ ရေတွင် အလွယ်တကူ မပျော်ဝင်နိုင်သောအရာ( hydrophobic) တွေကို ရေတွင်ပျော်ဝင်စေပြီး စင်ကြယ်ပေးခြင်းပါပဲ။ ဒါကြောင့် ကိုယ်ခန္ဓာမှ ထွက်သောအဆီ အညစ်အကြေး များကိုဖယ်ရှားပစ်ဖို့ ကျနော်တို့ ဆပ်ပြာကို ပြုလုပ်သုံးစွဲခဲ့ကြခြင်းဖြစ်ပါတယ်။ ဆီတွေပေသွားတယ်။ ဆပ်ပြာတိုက်ပြီးဆေးလိုက်တယ်။ ပြောင်သွားတယ်။ ဒီသဘောကို ရှည်ရှည်ဝေးဝေးပြောပြနေတာပါ။ (လူအထင်ကြီးမလားလို့ :P )

ခုတိုးတက်လာတဲ့ ခေတ်နောက်ပိုင်းဆပ်ပြာကို အသီးအနှံတွေ chemical တွေနဲ့ ရောနှောပြုလုပ်လာကြပါတယ်။ အသားဖြူစေဖို့ဆိုရင် mercury compound (ပြဒါး ပါတဲ့ဓါတ်ပေါင်းပါ၊ တချို့ whitening ပါတယ်ဆိုတဲ့ cosmetic တွေမှာ အများအပြားထည့်သုံးပါတယ်။ လိမ်းလိုက် သုံးလိုက်တာနဲ့ ဖွေးသွားတာတို့ဘာတို့ပေါ့။ အသားအရည်အတွက် န္တရာယ်သိပ်ကြီးပါတယ်။ဒီလို ဓာတုပစ္စည်းတွေကို အသုံးပြုရာမှာ ပမာဏနည်းရင် ပြသနာမရှိပေမယ့် ဆပ်ပြာကို ဈေးကွတ်တင်ပို့ဖို့ အပြိုင်အဆိုင်တွေ လုပ်လာကြတဲ့အခါမှာ ပြသနာရှိလာပါပြီ။ ဈေးကွက်ယှဉ်လုရာမှာ ကိုယ်တွက်ခြေကိုက်စေဖို့အတွက် အမြုပ်ထစေတဲ့ ပေါပေါများများရသော ဓာတုပစ္စည်းတွေ သုံးစွဲလာခြင်း၊ ရောင်းတန်းလှစေဖို့အတွက် FDA မှခွင့်ပြုထားခြင်းမရှိသော colour အရောင်ဆိုးဆေးများကို အလွန်အကျွံသုံးစွဲခြင်း တို့လို ပေါပေါများများရသော အဆင့်နိမ့် ဓါတု ပစ္စည်းတွေကိုသုံးစွဲခြင်းက ကျွန်တော်တို့အသားအရည်ကို မထိခိုက်စေဖူးလို့အာမမခံနိုင်ပါဘူး။ ဤကဲ့သို့သော ပစ္စည်းတွေကို သုံးစွဲခြင်းက ရေတိုမှာ မသိသာပေမယ့် ရေရှည်မှာ ကိုယ့်အသားအရည် အလှအပ ကျန်းမာရေးအတွက်  အာမခံချက်မရှိနိုင်လို့ ကြော်ငြာကောင်းတိုင်း မယုံကြဖို့နဲ့ ဆပ်ပြာလို အလှကုန်လို နေ့စဉ်အသုံးအဆောင်ကို ရွေးချယ်အသုံးပြုတတ်စေဖို့ ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်။

Cred
Panwai Paing

004..anothe


ယနေ့ ဆပ်ပြာပစ္စည်း ဈေးနှုန်းများ

သိမ်ကြီးဈေး ၂၇ လမ်း အလယ်ဘလောက်

#ဦးမောင်မောင်
#Empire

ကြက်ဆူဆီ တစ်ပေါင် -  ၄၁၀၀
Betain 1 kg - ၂၁၀၀
မုန်ညင်းဆီ တစ်ပိသာ - ၆၀၀၀
ကော့စတစ် (NaOH) lye  တစ်ပေါင် - ၈၀၀
Shea butter 1kg - ၃၅၀၀
Coco Butter 1 kg - ၅၀၀၀

#Market Place

Sunar တံဆိပ် နေကြာဆီ ၁ လီတာ - ၂၆၀၀
Bertolli တံဆိပ် သံလွင်ဆီ ၁ လီတာ - ၁၉၀၀၀
ရန်ကုန်မြေပဲဆီ ၁ ကီလိုဂရမ် - ၃၂၀၀
King တံဆိပ် ဖွဲနုဆီ ၁ လီတာ - ၃၈၀၀
S&W တံဆိပ် ပန်းသီး ဗီနီဂါ ၄၇၃ မီလီလီတာ - ၄၄၀၀


ကျွန်တော်ရောင်းတာမဟုတ်ဘူးနော် ဝယ်ချင်တယ်လို့ ပြောနေကြလို့ 😁 ဒီနေ့ကျွန်တော်ဝယ်ခဲ့ရတဲ့ဈေးတွေကိုပြန်ပြောပြတာပါ
နယ်ကလူတွေလဲ ရန်ကုန်ဈေးသိချင်ရင် ဘာလေးမေးပေးပါ ဆိုတာ ကြိုပြောထားပေးနော် ရောက်ဖြစ်ရင် ကိုယ်မဝယ်မယ့်ဟာဖြစ်နေလဲ ဈေးမေးပေးခဲ့ပါမယ်

ကျေးဇူးတင်ပါတယ်
Panwai Paing







Websites .. blogger.. domain ရှိသူများအတွက် အလွယ်ဆုံးဝင်ငွေ ရှာနည်း အကောင့်  လျောက်ရန်


Blogger သို့မဟုတ်​ websites -- domain များမှာ ​ကြော်​ငြာထည့်​ပီး Online ဝင်​​ငွေရှာနည်း အ​ကောင့်​​လျောက်နည်း ​လေ့လာရန်​ ​အောက်​ကလင့်​ https://www-maharluthar.blogspot.com/2017/09/blogger-websites-domain.htmlြေ ကာ်​ငြာနမူနာ ​အောက်​ကပုံ နိုပ်​ကြည့်​​ပေးပါ အဆင်​​ပြေကြပါ​စေ Like share လုပ်​ခြင်းဖြင့်​ ကူကြပါ.. အား​ပေးမှုကို ​ကျေးဇူးတက်​လျက်​ပါ.. Supporting Myanpay---
For international paypal IF YOU WANT TO HELP US, SUPPORT HERE, THANK U FOR YOURS VISTORS...


SEE YOU AGAIN , GOOD LUCK,

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html