ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

 သံလွင်ဆီဆပ်ပြာလုပ်နည်း


#handmade #castile #soap
 သံလွင်ဆီဆပ်ပြာလုပ်နည်း


ကဲ ဒီနေ့ ကျွန်တော်တို့ page လေးကနေ သံလွင်ဆီ ဆပ်ပြာသမိုင်းကြောင်း၊ သံလွင်ဆီ အမျိုးအစားတွေနဲ့ သံလွင်ဆီဆပ်ပြာလုပ်နည်းအကြောင်းလေး ပြောပြပါရစေ။

သမိုင်းကြောင်း

Extra virgin olive oil ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်တည်းက အာရှတိုက်မှ စတင် တွေ့ရှိခဲ့ပါတယ်။ သံလွင်ဆီဆပ်ပြာကို မှတ်တမ်းမှတ်ရာစာအုပ်များထဲမှ ပထမဆုံး စတင်တွေ့လာခဲ့ရတာဆိုရင် 1567 ခုနှစ်တည်းကစာအုပ်များထဲကပေါ့နော်။ သံလွင်ဆီ ၁၀၀% အသုံးပြုပြီး Cp နည်းနဲ့ပြုလုပ်ထားတဲ့ ဆပ်ပြာကို “Castile”  soap လို့ခေါ်ကြပါတယ်။ စပိန်နိုင်ငံ Castile လို့ခေါ်တဲ့ ဒေသကနေ စတင်ထုတ်လုပ်သုံးစွဲခဲ့ရာက ဒီနာမည်တွင်ခဲ့တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ရှေးခေတ် ဘုရင်မိဖုရားများ၊ တော်ဝင်မိသားစုများနဲ့ ကုန်သည်ကြီးများဟာ သံလွင်ဆီဆပ်ပြာကို ဇိမ်ခံအသုံးအဆောင်အဖြစ်သုံးစွဲခဲ့ကြတယ်လို့ လည်းမှတ်သားရပါတယ်။ ယခုချိန်အထိလဲ ဆီတွေထဲမှာဆိုရင် သံလွင်ဆီက တန်ဖိုးမြင့်ပြီး တန်ဖိုးထားနေရဆဲပစ္စည်းလို့ပဲပြောရမှာပါပဲ။ ဒါကြောင့် ကျွန်တော် သံလွင်ဆီဆပ်ပြာကို စိတ်ဝင်စားမိတာပါ။ ကဲ ခု ကျွန်တော်တို့ သံလွင်ဆီဆပ်ပြာလေး မလုပ်ခင် သံလွင်ဆီ အကြောင်းလေ့လာကြည့်ကြရအောင်။

သံလွင်ဆီအမျိုးအစားများ

သံလွင်ဆီဆိုတိုင်း အားလုံး အတူတူမဟုတ်ကြပါဘူး။ သံလွင်ဆီနဲ့ပက်သက်လာရင် ကိုယ်သိထားတာနဲ့  နားလည်မှုလွဲနေကြတာ တော်တော်းများပါတယ်။  သံလွင်ဆီအမျိုးမျိုးကို အဆင့်ခွဲခြားပေးတာကတော့ (International Olive Council ) လို့်ခေါ်ကြတဲ့ နိုင်ငံတကာ သံလွင် ကောင်စီ က ဖြစ်ပါတယ်။ အနှစ်ချုပ်လိုက်ရင် သံလွင်ဆီ အမျိုးအစား ငါးမျိုးရှိပါတယ်။ 

1.Extra Virgin Olive Oil
2..Virgin Olive Oil
3.Refined Olive Oil
4.Olive Pomace Oil
5.Lampante Oil

1..Extra Virgin Olive Oil - အကောင်းဆုံးအမျိုးအစားပါ။
သူကတော့ အရမ်းကိုအသေးစိတ် ဂရုတစိုက် နဲ့ ထုတ်လုပ်ထားတဲ့ ဆီဖြစ်ပါတယ်။ (ကျွန်တော့ဆပ်ပြာထဲ ဒီဆီကိုပဲ သုံးပါတယ်။ ဒါကတော့ ကြုံတုန်း ကြော်ငြာဝင်တာ 😁) သူ့ရဲ့ အရသာနဲ့ ဓါတုပစ္စည်း ပါဝင်နေမှုဟာလဲ လုံးဝအတိအကျ သတ်မှတ်ထားပြီးသားဖြစ်ပါတယ်။ 
“Extra Virgin” ဆိုတဲ့ တံဆိပ်ကို တပ်နိုင်ဖို့ရာ အောက်ပါအချက်တွေ ကိုက်ညီရပါတယ်။
၁) သံလွင်သီးတွေ စခူးပြီးပြီးချင်း ၂၄ အတွင်း ပထမဆုံး အကြိမ် စစ်ယူထားတဲ့ ဆီဖြစ်ရပါတယ်။ (တနည်း) အင်မတန်လတ်ဆတ်တဲ့ ဦးရေ စစ်စစ်ဖြစ်ရပါမယ်။ 
၂)စစ်ယူရာမှာလဲ ဓါတုပစ္စည်း အသုံးမပြုရပါဘူး။ အပူချိန်မြင့်မြင့်နဲ့ ထုတ်ယူထားတာမဖြစ်ရပါဘူး။ အပူချိန်၂၈ ဒီဂရီ စင်တီဂရိတ်ထက်ကျော်တဲ့နည်းနဲ့ ထုတ်ယူရင် “Extra Virgin”  တံဆိပ် တပ်ခွင့်မရပါဘူး။ ** ကျွန်တော်က လိုးရှင်းအစား သံလွင်ဆီ လိမ်းတယ်။ အရင်တုန်းက လိမ်းဖို့ ၀ယ်ရင် extra virgin တွေဘာတွေနားမလည်ခဲ့ဘူး။ အအေးနည်းနဲ့ ထုတ်တဲ့ ဆီဆိုပြီး ၀မ်းသာအားရ ၀ယ်ခဲ့တာ။ ဆပ်ပြာလုပ်မှ အပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ် အောက်ပဲ သုံးပြီး ထုတ်ထားတဲ့ ဆီ ဆိုတာကို နားလည်လာတယ်။ 
၃) ဖက်တီးအက်ဆစ် လို အက်ဆစ်ဓါတ်ပါဝင်မှု အဆင့်က ၀.၈ ရာခိုင်နှုန်းသာ ရှိရပါတယ်။ 
၎) အနံ့နဲ့ အရာသာ ဟာ ချွတ်ယွင်းချက်မရှိရပါဘူး။

2. Virgin Olive Oil_ သူကတော့ ဒုတိယ အဆင့်ပေါ့ သူဟာလဲ ပထမဆုံးအကြိမ် စစ်ယူထားတဲ့ ဦးရေပါပဲ။ ဒါပေမယ့် အက်ဆစ် ပါဝင်မှုက ၂ % အောက်ဖြစ်ပြီး “Extra Virgin”  ထက် နည်းနည်းလေးပဲ လျော့တဲ့ အရည်အသွေးမျိုးရှိပါတယ်။ အရသာ ကလဲ Extra Virgin ထက် နည်းနည်းလေး ပိုပျော့ပါတယ်။

3. Refined Olive Oil_ဒါလေးက တတိယအဆင့် 
သံလွင်ဆီတော့သံလွင်ဆီပါပဲ။ ဒါပေမယ့် ဦးရေ စစ်ထုတ်ပြီးသား သံလွင်သီးတွေကို အက်ဆစ်၊ အယ်လ်ကာလီ၊ အပူ စတဲ့ အရာတွေနဲ့ ထပ်မံပြုပြင်ထားတဲ့ ဆီဖြစ်ပါတယ်။ ဖက်တီး အက်ဆစ်ပိုများပြီး အနံ့ အရသာ နဲ့ သဘာဝ antioxidants တွေ ပါဝင်မှု လျော့နည်းပါတယ်။“pure”  “100% pure”  “Light”  စတဲ့ အခေါ် အဝေါ်တွေကို တချို့သော သံလွင်ဆီ ထုတ်လုပ်သူတွေ အသုံးပြုကြပါတယ်။ တံဆိပ်မှာ ဒီလိုနံမည်မျိုးတပ်ထားပြီဆိုရင် Extra Virgin Olive Oil အောက် နိမ့်ကျတဲ့ အရည်အသွေးသာ ရှိပါတယ်။

4. Olive – Pomace Oil _ ဒါလေးက နောက်တစ်ဆင့်ပါ။
အနိမ့်ဆုံး အဆင့်လို့တောင် ပြောလို့ရပါတယ်။ city mart မှာတော့တွေ့တယ်။ Extravirgin Olive Oil ထုတ်လုပ်ရာက ထွက်လာတဲ့ ကြိတ်ဖတ်တွေကို hexane လို့ခေါ်တဲ့ ပျော်ရည်တစ်မျိုးနဲ့ ပြန်ရောထားတာပါ။ Pure, light olive oil လို့ တံဆိပ်မှာ တပ်ကြပါတယ်။ အရသာက ဖွယ်တယ်တယ် ရှိပြီး ကျန်းမာရေး အတွက် အကျိုးရှိတဲ့ antioxidants တွေ မပါသလောက်ပါပဲ။ 

5. Lampante Oil _သူကတော့ ဆပ်ပြာလုပ်ရာမှာတောင် မသုံးလောက်ကြဘူး ထင်ပါတယ်။ အနာပါတဲ့ လတ်လတ်ဆတ်ဆတ် မဟုတ်တဲ့ သံလွင်သီးကနေ နည်းမှန်လမ်းမှန်မဟုတ်ပဲ ထုတ်လုပ်ထားတာပါ။ စားသောက်ကုန် အနေနဲ့ မသုံးသင့်ပါဘူး။

သံလွင်ဆီ၏ အကျိုးပြုပုံ

သံလွင်ဆီရဲ့ ကောင်းမွန်လှတဲ့အကျိုးကျေးဇူးတွေအကြောင်း လူတိုင်းနီးပါး ကြားဖူးနားဝဖြစ်နေကြတဲ့အပြင် ရှေးကတည်းကဆပ်ပြာလုပ်သုံးစွဲလာခဲ့ကြတဲ့ သမိုင်းကြောင်းတွေကိုထောက်ရင် သံလွင်ဆီဆပ်ပြာဆိုတာဟာ အသားအရည်အတွက် ဘယ်လောက်အကျိုးပြုတယ်ဆိုတာ အားလုံးခန့်မှန်းမိကြမှာပါ။ ဆီတော်တော်များများ ရဲ့ အကျိုးအပြစ်တွေကို ငြင်းခုံစရာဖြစ်နေကြပေမယ်လို့ ဘယ်သူမဆို သံလွင်ဆီ ကိုတော့ ကောင်းတယ်လို့ ပဲ ညွှန်းဆိုကြပါတယ်။ အပြစ်ပြောစရာ မရှိသလောက်ပါပဲ။ အထူးသဖြင့် “Extra Virgin” ပေါ့။သံလွင်ဆီဟာအသားအရည်အတွက် အင်မတန် အထောက်အကူပြုပါတယ်။အသားအရည်ကို ချောမွေ့နူးညံ့စေပါတယ်။ အစိုဓါတ်ကို ထိန်းသိမ်းပေးပါတယ်။ အသားခြောက်သွေ့သူများနဲ့ အလွန်သင့်လျော်ပါတယ်။ အရည်ပြားပေါ်မှာပေါက်ဖွားတတ်တဲ့ ရောဂါပိုးများကိုလဲ နှိမ်နင်းနိုင်ပါတယ်။ ဒါ့အပြင် အသားအရည်အတွက်သာမက ဦးရေပြား နဲ့ ဆံသားအတွက်လဲ အကျိုးပြုပါသေးတယ်။ ဆံကေသာနက်မှောင်သန်စွမ်းစေခြင်း၊ ဦးရေပြားကို အေးမြနူးညံ့စေခြင်း၊ ဗောက်များကို ကာကွယ်ပေးနိုင်ခြင်း၊ ဆံပင်ကျွတ်သူ ဆံပင်ပါးသူတွေ ကိုလဲ ပြန်လည်ထူထဲ သန်စွမ်းလာစေနိုင်ပါတယ်။
သိပ္ပံနည်းကျ လေ့လာမှုများအရ သံလွင်ဆီထဲမှာ အသားအရည် စိုပြေကျန်းမာ အရွယ်တင် နုပျိုစေတဲ့ omega – 6 နဲ့ omega -3 တို့ ၂၄ % ပါဝင်ပါတယ်။ လူ့ကျန်းမာရေးကို အင်မတန် အထောက်အကူပြုတဲ့ oleric acid ကတော့ ၇၃% အထိ ပါဝင်နေပါတယ်။ oleric acid ဟာကင်ဆာဖြစ်ပွားစေမှုကိုတောင် လျော့ချပေးနိုင်ပါသေးတယ်။ Extra virgin olive oil ဟာမြင့်မားတဲ့ အပူချိန်ကိုလဲ ခံနိုင်ရည်ရှိလို့ စားသောက်ကုန်ချက်ပြုတ်ရာမှာလဲ ကျန်းမာရေးအတွက် ရွေးချယ်သင့်တဲ့ ဆီအမျိုးအစားပါပဲ။ ထို့ပြင် antioxidants တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ Extra virgin olive oil ထဲမှာ အာဟာရဓါတ်၊ ဗီတာမင် E နဲ့ ဗီတာမင် K တို့ သင့်တင့်မျှတစွာ ပါဝင်ပါတယ်။ အများဆုံးပါတာကတော့ ဓါတ်တိုးပစ္စည်း antioxidants -  သွေးတွင်းအဆီဓါတ်ကို လျှော့ချပေးပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သူပါ။

ပြုလုပ်ပုံ

ဒီဆပ်ပြာရဲ့ အဓိကထူးခြားချက်ကတော့ တခြားဆပ်ပြာတွေ သုံးစွဲပြီးသလို အသားအရည်ဟာ ခြောက်သွေ့မသွားတာပါပဲ။ ဆပ်ပြာခဲဟာလဲ နူးညံ့ချောမွတ်နေပါတယ်။ အသားခြောက်သူနဲ့ sensitive skin ပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ ပြုလုပ်နည်းကတော့ cp နည်းအတွေ့အကြုံရှိပြီးသား လူတွေအတွက်မို့လို့ အသေးစိတ်မရေးတော့ပါဘူးနော်။ Castile soap လို့ နာမည်တပ်နိုင်ဖို့ သံလွင်ဆီ ၈၀ - ၈၅ % ပါဝင်ရပါတယ်။ ကျွန်တော်ကတော့ ၁၀၀% အသုံးပြုပြီးလုပ်ပါတယ်။

ပါဝင်ပစ္စည်းများ (ဒါက soap queen က recipe ပါ)

-သံလွင်ဆီ (Extra Virgin Olive Oil)- 35 oz.
-Lye (ကော့စတစ်) NaOH - 4.6 oz. 
-ရေ - 9.2 oz  
-Tomato Leaf Fragrance Oil 2 oz.   
-Sodium Lactate 

ပထမဆုံး soapcalc.net မှာ မိမိလိုချင်တဲ့ ဆပ်ပြာပမာဏ အတွက် lye နဲ့ရေ ဘယ်လောက်လိုအပ်မလဲ ဆိုတာတွေကို တွက်ယူပါ။  ပမာဏ အတိအကျ သိရပြီဆိုရင် သံလွင်ဆီကို အပူပေးပါ။ lye ကိုရေနဲ့ ဖျော်ပါ (ရေကို lye ထဲ လောင်းမထည့်ရပါ။ lye ကိုသာ ရေထဲ ထည့်ပါ။)။ sodium lactate ကို lye ပျော်ရည်ထဲ ထည့်ပါ။ ဆီနဲ့ lye အပူချိန် သိပ်မကွာချိန်မှာ lye ပျော်ရည်ကို ဆီထဲ ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ ထို့နောက် stick blendar အသုံးပြုပြီး မွှေပေးပါ။ သူ့ကို မသုံးရင် လက်ပြုတ်ကျအောင် မွှေရပါလိမ့်မယ် 😂 trace ဖြစ်လာချိန်မှာ အရောင်အနံ့ ကိုယ်နှစ်သက်ရာထည့်ပါ။ (ကျွန်တော်တော့ မထည့်ပါဘူး ဓါတုပစ္စည်း နည်းနိုင်သမျှနည်းနည်းပဲ ပါတဲ့ သံလွင်ဆီ ဆပ်ပြာစစ်စစ်ကို သုံးချင်လို့ပါ)
swirl ဆွဲချင်ရင်တော့ light trace ဖြစ်ချိန်မှာ မိုထဲ ထည့်ပြီး ဆွဲလို့ရပါတယ်။ အလှအပ အနေနဲ့ ထပ်မံမွမ်းမံချင်တယ်ဆိုရင်လဲ ကိုယ်နှစ်သက်ရာ ပန်းခြောက် အလှအပလေးတွေ နဲ့ ပုံဖော်လို့ရပါတယ်။ ကျွန်တော့အတွေ့အကြုံအရ trace ဖြစ်ဖို့ အတော်ကြာပါတယ်။ record ယူထားဖို့သတိရပေမယ့် trace ဖြစ်ချိန် ဘယ်လောက်ကြာလဲ မှတ်မထားလိုက်မိဘူး။ ဆပ်ပြာဟာ အရမ်းပျော့ပါတယ်။ သူ့ကို ကျွန်တော် မိုထဲမှာ ၄၈ နာရီထားရပါတယ်။ မိုထဲက ထုတ်ထုတ်ချင်း ဆပ်ပြာဟာ ဆီရဲ့အရောင် စိမ်းဖန့်ဖန့် ၀ါတာတာ ဖြစ်နေပေမယ့် curing time ငါးလလောက် အကြာမှာ အဖြူရောင်စပြောင်းသွားပါတယ်။ ဆပ်ပြာပျော့လွန်းလို့ တစ်ချို့ဆိုရင် မိုထဲမှာ ၂ ပါတ်အထိထားရပါတယ်။ အဲ့လောက်ကြာကြာမထားရအောင် နည်းသုံးနည်းနဲ့ ပြုလုပ်ယူလို့ရပါတယ်။ 

၁)water discount 20% လောက်ထိ ထားပြီးလုပ်ပါ။ 

၂)တခြားတစ်နည်းကတော့ Sodium Lactate သုံးတာပါ။ lye ပျော်ရည်ထဲကို Sodium Lactate ထည့်ပြီးမှလုပ်ရင် ဆပ်ပြာကို မြန်မြန်မာစေပြီး မိုထဲက မြန်မြန်ထုတ်နိုင်ပါတယ်။ ဆပ်ပြာတစ်ပေါင်ကို လက်ဘက်စားဇွန်း တစ်ဇွန်း နှုန်းထည့်နိုင်ပါတယ်

၃)နောက်ထပ် တစ်နည်းကတော့ gel phase ဖြစ်အောင်လုပ်ယူတာပါ။ ကျွန်တော့ castile soap ကို ဒီနည်းသုံးထားပါတယ်။ မိုထဲထည့်ပြီး နောက်ပိုင်း အပူချိန်ကို ဆက်ထိန်းထားပေးမယ်ဆိုရင် ဆပ်ပြာဖြစ်စဉ်ပိုမြန်စေပြီး ဆပ်ပြာမြန်မြန်မာစေပါတယ်။ ၂ ရက်ထဲ နဲ့ လှလှပပ ဆပ်ပြာလေး ရလိုက်ပါတယ် 😬

ဒီဆပ်ပြာကို တချို့က curing time ခြောက်လ တစ်ချို့က ရှစ်လ တစ်ချို့က တစ်နှစ်ထားရတယ်လို့ ပြောကြပါတယ်။ ကျွန်တော်ကတော့ effective အပြည့်အ၀ဖြစ်စေချင်လို့ တစ်နှစ်ထားပါတယ်။
ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ သံလွင်ဆီ ဆပ်ပြာ စစ်စစ်လေး ကို ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်ကြပါပြီ။

ကျေးဇူးတင်ပါတယ်။
Cred
Panwai Paing



Websites .. blogger.. domain ရှိသူများအတွက် အလွယ်ဆုံးဝင်ငွေ ရှာနည်း အကောင့်  လျောက်ရန်


Blogger သို့မဟုတ်​ websites -- domain များမှာ ​ကြော်​ငြာထည့်​ပီး Online ဝင်​​ငွေရှာနည်း အ​ကောင့်​​လျောက်နည်း ​လေ့လာရန်​ ​အောက်​ကလင့်​ https://www-maharluthar.blogspot.com/2017/09/blogger-websites-domain.htmlြေ ကာ်​ငြာနမူနာ ​အောက်​ကပုံ နိုပ်​ကြည့်​​ပေးပါ အဆင်​​ပြေကြပါ​စေ Like share လုပ်​ခြင်းဖြင့်​ ကူကြပါ.. အား​ပေးမှုကို ​ကျေးဇူးတက်​လျက်​ပါ.. Supporting Myanpay---
For international paypal IF YOU WANT TO HELP US, SUPPORT HERE, THANK U FOR YOURS VISTORS...


SEE YOU AGAIN , GOOD LUCK,

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html