ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကား​တွေအတွက်​အ​ရေးပါလှတယ့်​ Battery အ​ကြောင်း

ကား​တွေအတွက်​အ​ရေးပါလှတယ့်​ Battery အ​ကြောင်းကို ​ဖော်​ပြလိုက်​ပါတယ်​။(ဒုတိယအပိုင်း)
_________________________________

လျှပ်စစ်စွမ်းအင် သိုလှောင်ထိန်းသိမ်းထားနိုင်သော ဘက်ထရီသည် ကားတစ်စီး၏ အသက်ဖြစ်သည်။ ဘက်ထရီမရှိဘဲ ၀ါယာရိန်းစနစ် မရှိနိုင် သကဲ့သို့ ဘက်ထရီမရှိဘဲ ကားတစ်စီးအလုပ်မလုပ်နိုင်ပါ။ ကားဘက်ထရီတစ်လုံးမှ 12 Volt DC လျှပ်စစ်ပါဝါ ထောက်ပံ့နိုင်ပြီး ကားအင်ဂျင်စက် စတင်နှိုးရန် အင်ဂျင်စက် ထိန်းချုပ်မှု စနစ်များ အလုပ်လုပ်ရန်၊ အင်ဂျင်မီးပေးစနစ် (Ignition System) အလုပ်လုပ်နိုင်ရန်နှင့် အခြားသော Electrical Accessories များ အလုပ်လုပ်နိုင်ရန်အတွက် မရှိမဖြစ် အဓိက အရေးပါသောအရာမှာ ကားဘက်ထရီဖြစ်သည်။
ရှေးခေတ်မှစတင်၍ ယနေ့အချိန်အထိအသုံး ပြုနေသော ကားဘက်ထရီ အမျိုးအစားမှာ ရိုးရှင်းသောခဲ-အက်ဆစ်ဘက်ထရီသာ ဖြစ်ပါသည်။ ယနေ့ခေတ် ဟိုက်ဘရစ်ကားများတွင် နီကယ်မက်တယ်ဟိုက်ဒရိုက် (NiMH)ဘက်ထရီများ၊ လီသီယမ်အိုင်ယွန်း (Li-ion) ဘက်ထရီများသုံးစွဲသော်လည်းကားတစ်စီးလုံး၏ Electrical System အတွက် သုံးစွဲနေသော 12 ဗို့ ဘက်ထရီမှာ ခဲ-အက်ဆစ်ဘက်ထရီ အမျိုးအစားသာ ဖြစ် ပါသည်။
ကားဘက်ထရီ တစ်လုံးတွင် အခန်း(Cell) ခြောက်ခန်းပါဝင်ပြီး အဖိုပြားနှင့် အမပြားကို ခဲပြားများဖြင့် တည်ဆောက်ထားသည်။ အဖိုပြားနှင့် အမပြားကြားတွင် လျှပ်စစ်ကာ(Insulator)ဖြင့် ခြားထားပြီး Electrolyte ခေါ် လျှပ်လိုက်ရည်ထဲတွင် နစ်မြုပ်ထားသည်။ လျှပ်လိုက်ရည် ဆိုသည်မှာ ရေနှင့် ဆာလဖျူရစ်အက်ဆစ်ကို ရောစပ်ထားသော အက်ဆစ်အပျော့စားဖြစ်သည်။ အက်ဆစ်ပြင်းအား 1.280 ရှိသည်။ ထိုပြင်းအားကို လျှပ်လိုက်ရည်၏ သိပ်သည်းဆဟုခေါ်သည်။ အက်ဆစ်သိပ် သည်းဆ 1.280 ရှိသော လျှပ်လိုက်ပျော်ရည် ရရှိရန် ပေါင်းခံရေ (၆၃)ရာခိုင်နှုန်းနှင့် ဆာလဖျူရစ်အက်စစ် (H2SO4) (၃၇)ရာခိုင်နှုန်းရောစပ်ရသည်။ ဘက်ထရီ Cell တစ်ခုမှ ထုတ်လုပ်ပေးနိုင်သော ဗို့အားမှာ 2.1 V ရှိပြီး စုစုပေါင်းအခန်း (၆)ခန်းပါသောဘက်ထရီတစ်လုံးသည် 12.6 Volt ခန့် ထွက်ရှိသည်။
ဘက်ထရီတစ်လုံးတွင် သိုလှောင်ထားသော စွမ်းအင်ပုံစံမှာ Chemical Energy ဖြစ်သည်။ ဘက်ထရီကို အသုံးပြုလျှင်ဖြစ်စေ၊ အားပြန်သွင်းလျှင်ဖြစ်စေ ဘက်ထရီ ပလိပ်ခဲပြားများနှင့် အက်ဆစ်ဓာတ်ပြုသည်။ ဘက်ထရီ အားသွင်းနေစဉ် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့များ ထွက်သည်။ ဟိုက်ဒြိုဂျင်သည် ပေါက်ကွဲမှု ပြင်းထန်ပြီး မီးလောင်လွယ်သော ဓာတ်ငွေ့ဖြစ်သည်။ လေထက်ပေါ့ပါးလွန်း၍ မိုးပျံပူဖောင်းများတွင် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ကိုသုံးသည်။ ဘက်ထရီအား သွင်းနေစဉ် လေ၀င်လေထွက် ကောင်းဖို့လိုသည်။ ဘက်ထရီအား သွင်းနေစဉ် ၀ါယာကြိုးများဖြင့် မီးခတ်မကြည့်ရ။ ဘက်ထရီအိုး ပေါက်ကွဲထွက်ပြီး ထိခိုက်ဒဏ်ရာ ရနိုင်သည်။ အက်ဆစ်ရည် လောင်စားနိုင်သည်။ မျက်စိထဲ အက်ဆစ်ဝင်နိုင်သည်။
ဘက်ထရီ တစ်လုံးတွင် အဖိုငုတ်နှင့် အမငုတ် ဟူ၍ရှိပြီး အဖိုငုတ်တိုင်က အနည်းငယ် ပိုကြီးသည်။ ဘက်ထရီသုံးစွဲနေစဉ် လျှပ်လိုက်ရည်ခန်းခြောက်ပြီး Level ကျသွားတတ်သည်။ ဘက်ထရီမိုးရေ ထပ်ဖြည့်ပေးမှ အက်ဆစ်ပြင်းအား မှန်ကန်မည်။ အချို့သော Maintenance Free Battery များတွင် မိုးရေထပ်ဖြည့် ပေးစရာမလိုပါ။ လျှပ်လိုက်ရည်အစား Gel ကိုသုံးထားသည်။ အားပြည့်နေသော ဘက်ထရီ၏ Electrolytic သိပ်သည်းဆသည် 1.280 ရှိသည်။ အက်ဆစ်ပြင်းအားကို ဟိုက်ဒြိုမီတာနှင့် တိုင်းတာသည်။ ဘက်ထရီအား အပြည့်အ၀ ရှိ/မရှိကို Battery Tester ဖြင့်တိုင်းနိုင်သည်။
အဆင့်မြင့် ဘက်ထရီများတွင် အလွယ်တကူ စစ်ဆေးနိုင်သော Battery Eye Indicator ပါရှိသည်။ အားအပြည့်ရှိလျှင် Eye အရောင်ကို အပြာရောင်/ အစိမ်းရောင်ဖြင့် ပြသည်။ အားမရှိပါက အ၀ါရောင်/အနီရောင် ဖြင့်ဖော်ပြသည်။ ဘက်ထရီတစ်လုံး၏ စွမ်းအားပမာဏကို Amh ဖြင့် ဖော်ပြသည်။ ဥပမာ 70 Amh , 100 Amh ဟု ဖေါ်ပြကြသည်။ ဘက်ထရီတစ်လုံး၏ သက်တမ်းသည် ပျှမ်းမျှ သုံးနှစ်ပထိ အသုံးခံသည်။ ပြုပြင်ထိန်းသိမ်းမှု ကောင်းမှ ဘက်ထရီသက်တမ်းရှည်သည်။

ကားတစ်စီး စတင်မောင်းနှင် လည်ပတ်နိုင်ဖို့ အဓိက အကျဆုံးကတော့ ကားဘက်ထရီ ဖြစ်ပါတယ်။

ဘက်ထရီက ကားစက်နှိုးတာအတွက်၊ ကားပေါ်မှာပါတဲ့ လျှပ်စစ်ပစ္စည်းတွေအတွက်၊ Spark Plug အတွက် ၊ ECU အတွက် ၊ Injector အတွက် စသည့် အရာတွေကို လျှပ်စစ်စွမ်းအင် တိုက်ရိုက်ပေးပို့ပြီး စတင်လုပ်ဆောင်ခြင်းကြောင့်နှင့် အဓိက ပင်မစွမ်းအင်ကို ဖြန့်ဖြူးပေးခြင်းတို့ကြောင့် အထူးပင် အရေးကြီးပါသည်။

ဘက်ထရီ မကောင်းရင် အခုနောက်ပိုင်းထုတ်ကားတွေမှာ ပိုပြီး အခက်အခဲရှိလာပါပြီ။ ဒါကြောင့် အရည်အသွေးကောင်းမွန်ပြီး အာမခံမှု မှန်ကန်သော ဘက်ထရီတွေကို ရွေးချယ် အသုံးပြုဖို့ လိုလာပါပြီ။ ဘက်ထရီတွေရဲ့ သက်တမ်းက (၆) လမှ တစ်နှစ်ကျော်အထိ အရည်အသွေးပေါ်မူတည်ပြီး ကောင်းကောင်းသုံးစွဲနိုင်သော်လည်း လူကြီးမင်းအနေဖြင့် (၃)လတစ်ကြိမ်တော့ Battery Tester ဖြင့် စစ်ဆေးခြင်းက လိုရာခရီးကိုသွားလာရာတွင် များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ကားဘတ်ထရီ မလဲလှယ်ခင် ဘက်ထရီ၏ အခြေအနေကို ဦးစွာစစ်ဆေးရန် လိုအပ်ပါသည်။
>>>>
ကားဘက်ထရီဟာ ကားတစ်စီးအတွက် အရေးကြီးတဲ့ ပစ္စည်းတစ်ခုပါ။ ပုံမှန် အားဖြင့် ဘက်ထရီတစ်လုံးကို အသုံးပြုပုံပေါ်မူတည်ပြီး ၆ လ ကနေ တစ်နှစ် ကျော်အထိ အသုံးပြုလို့ရပါတယ်။ တကယ်လို့ ကားစက်နှိုးရခက်နေတယ် ဆိုရင် ဘက်ထရီကို အရင်ဦးစားပေး စစ်ဆေးသင့်ပါတယ်။

Maintenance Free ဘက်ထရီတွေကို စစ်ဆေးဖို့ Battery Tester တွေ ထုတ်လုပ်ထားပါတယ်။ ဒါတွေကို ကောင်းကောင်းအသုံးချတတ်ဖို့လိုပါတယ်။ အခုဆို ကားဝပ်ရှော့တိုင်းလိုလိုမှာ Battery Tester တွေရှိပါတယ်။ ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ဖို့တော့ လိုပါတယ်။ စစ်ဆေးတဲ့အခါ In Vehicle နဲ့ Off Vehicle ဆိုပြီး ၂ မျိုးရှိပါတယ်။ ကားစက်နှိုးရခက်တဲ့ ပြဿနာကို စစ်ဆေးချင်ရင် In Vehicle Test ကို အသုံးပြုရပါမယ်။

ပုံမှန်အားဖြင့် စက်မနှိုးပဲ ဘက်ထရီကို စစ်ဆေးရမယ်။ ပြီးရင် Starting System (စက်နှိုးစနစ်) မှာ ပြဿနာ ရှိမရှိ သိချင်ရင် ကားစက်နှိုးပြီး Starting System Test ကို ဆက်လက်လုပ်ဆောင်ရမယ်။နောက်ပြီးတော့ အော်တာနေတာ (Alternator) က ဘက်ထရီကို အားပုံမှန်သွင်းသလားစစ်ဆေးရမယ်။ ဒါကို Charging System Test လို့ခေါ်တယ်။

ဒါတွေကို ဆောင်ရွက်စစ်ဆေးပြီးမှသာ ကားဘက်ထရီကို လဲသင့် မလဲသင့် ဆုံးဖြတ်ရပါမည်။

လျှပ်​စစ်​အရင်းအမြစ်​က battery က​နေလာခြင်းဖြစ်​ပါတယ်​။ မူလတီထွင်​​ထား​သော battery မှာရပ်​မ​နေပဲ နည်းပညာ​တွေကို အမြဲထပ်​မံတိုးတက်​တီထွင်​လာခဲ့ကြပါတယ်။

Battery အ​ခြေ ခံသ​ဘောတရား
______________________
     လျှပ်​စစ်​စီးရာတွင်​ အီလက်​ထရွန်​(Enectron)​တွေ အနှုတ်​က​နေ အ​ပေါင်းဘက်​ကို​ရွေ့​စေခြင်းဖြစ်​ပါတယ်​။အဲ့ဒီ့ အီလက်​ထရွန်​​တွေ​ရွေ့သွားတယ့်​အားကိုပဲ ဗို့အားဘယ်​​လောက်​ရှိတယ်​ဆိုတာကိုတိုင်းတာခြင်းဖြစ်​ပါတယ်​။အီလက်​ထရွန်​​တွေမသွား​တော့ဘူးဆိုရင်​ ဗို့အ​နေနဲ့ရှိ​နေ​ပေမယ့်​ Current လျှပ်​စီးအားမရှိ​တော့ပါဘူး။  အီလက်​ထရွန်​ ​တွေသွား​နေမှသာ ဗို့​ရော
Current ပါရှိ​နေမည်​ဖြစ်​သည်​။Battery မှာအားရှိမရှိကို ဗို့မီတာနဲ့တိုင်းတာနိုင်​ပါတယ်​။Battery ကအားကိုတိုင်းတာကြည့်​လျှင်​ 12.66ဗို့ရှိလျှင်​ အားအပြည့်​ရှိပါတယ်​။11.89 ဗို့ထက်​နည်း​နေပါက Current မရှိ​တော့ပါဘူး။ အဲ့ဒီ့အတွက်​ကားစက်​နှိုးရန်​အခက်​ခဲ​တွေပါလိမ့်​မယ်​။
ဘက်ထရီဆိုင်မှာ Load Tester နဲ့ ထောက်တိုင်းကြည့်လျှင်လည်း ဘက်ထရီအားရှိမရှိ သိနိုင်ပါတယ်။
ကာတစ်စီးမှာရှိတဲ့ ဘက်ထရီကိုထိန်းသိမ်းဖို့ တာဝန်ကယာဉ်မောင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ဘက်ထရီနဲ့ပတ် သက်ပြီး ဒါတွေကိုဂရုစိုက် လုပ်ဆောင်ပေးပါ။
ဒါ​ကြောင့်​သင့်​ battery ​ကိုထိန်းသိမ်းဖို့ အချိန်​မှန်​မှန်​စစ်​ကြစို့...လို့​ပြောပါရ​စေ..
ဒီထက်​ပိုပြီးပြည့်​ပြည့်​စုံစုံသိခြင်​ရင်​ပဲဖြစ်​​စေ ​လေ့လာခြင်​ရင်​ပဲဖြစ်​​စေ ကျွန်​​တော်​တို့ရဲ့ Cars World - Service ​ကို Messenger က​​မေးမြန်း​တောင်းဆို ​ဝေဖန်​အကြံပြုလို့ရပါတယ်​။ဖတ်​ရှုအား​ပေးသည့်​အတွက်​​ကျေးဇူးတင်​ပါတယ်​။
ဒီတစ်​ခါတင်​ဆက်​​ပေးလိုက်​တယ့်​ Cars Battery အ​ကြောင်းကို ဖတ်​ရှုပြီး ၀ါသနာမိတ်​​ဆွေများအားလုံး အသိပညာဗဟုသုတ​တွေ တိုးပွားနိုင်​ကြလိမ့်​မယ်​လို့​မျှော်​လင့်​ပါတယ်​။ ​နောက်​​ထပ်​​နောက်​ထပ်​လဲ ကားနဲ့ပက်​သက်​သမျှ ဗဟုသုတ​တွေကို တင်​ဆက်​​ပေးသွားမှာမို့လို့ Cars World - Service ကို Like & Share လုပ်​ထားနိုင်​ပါတယ်​။ အားလုံး​သော မိတ်​​ဆွေများကို ​ကျေးဇူးတင်​ပါတယ်​။

Cdcd to car World

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html