ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
ရီမုတ်ကွန်ထရိုးဖြင့် အိမ်သုံးလျှပ်စစ်ပစ္စည်း တစ်ခုခုကို ဖွင့်/ပိတ်နိုင်တဲ့ ဆားကစ်ပတ်လမ်း
REMOTE CONTROL SWITCH
:::::::::::::::::::::::::::::::::::::::::::::::::::::
     ရီမုတ်ကွန်ထရိုးဖြင့် အိမ်သုံးလျှပ်စစ်ပစ္စည်း
တစ်ခုခုကို ဖွင့်/ပိတ်နိုင်တဲ့ ဆားကစ်ပတ်လမ်း
လေးကို ဖော်ပြပေးလိုက်ပါတယ်။
     မည်သည့် IR (အင်ဖာရက် မီးလုံး) ရီမုတ်
ဖြစ်စေ အသုံးပြုနိုင်ပါတယ် ။
     ရီမုတ်ကွန်ထရိုးမှ အလင်းလှိုင်းကိုဖမ်းယူရန်
IR ဆင်ဆာ(receiver) ကို DVD ၊ VCD
စက် အဟောင်းများထဲမှာ ရယူနိုင်ပါတယ်။
    ပုံ(2)ပတ်လမ်းတွင် 10uf နေရာ၌ 0.1uf
(104) ဒစ်ကွန်ဒင်ဆာကို အသုံးပြု ရပါမယ်။
   ဆားကစ်ပတ်လမ်း၏ အလုပ် လုပ်ပုံမှာ လွယ်
ကူပါသည်။ IR ဆင်ဆာမှ ဖမ်းယူရရှိသော အ
လင်းလှိုင်းကို pnp ထရန်စစ္စတာ C9015
သို့ သွင်းပါသည်။
    ထိုသို့ ပေးသွင်းလိုက်သောအခါ အိုင်စီ၏ ပင်
2 သည် Hi(ဗို့ အားထွက်)ဖြစ်မည်ထို့ နောက်
ဒုတိယပင် 4 သည် Hi ဖြစ်မည်။ ပင် 4 Hi ဖြစ်၍ ဗို့ အားထွက်သောအခါ ပင်15(reset)
နှင့် ဆက်သွယ်ထားသောကြောင့် Hi ဖြစ်ခြင်း
လုပ်ငန်းစဉ် အစမှပြန်လည်စတင်ပြန်ပါသည်။
  ထိုအခါ အိုင်စီ၏ ပင် 2 သည် အဝင်လှိုင်းပေါ်
မူတည်၍ ဗို့ အားထွက်လိုက် မထွက်လိုက် (L/
H) ဖြစ်ပေါ်နေပါမည်။ ပင် 2 နှင့် ဆက်သွယ်
ထားသော LED မှာ လင်းလိုက်မှိတ်လိုက် ဖြစ်
နေပါမည်။
   တဆက်တည်းအသုံးပြုထားသော npn ထရန်စစ္စတာ C828 သည်လည်း LED လင်း
လျှင် ရီလေးသို့  ဗို့ အားရောက်ရှိပြီး သံလိုက်ဆွဲ
ကာ ရီလေးခလုပ်ကို ဆက်ပေးမည်။LED မှိတ်
လျှင် ရီလေးခလုပ်ကို ခွါပေးမည်။
    ဆိုလိုသည်မှာ LED လင်းလျှင် ရီလေးနှင့်
ဆက်သွယ်ထားသော အဖြူ ရောင်ဓါတ်ကြိုး နှစ်
စကို ရီလေးက ဆက်ပေး၍ LED မှိတ်လျှင် ခွါ
ပေးလိုက်ပါသည်။(ဖွင့်/ပိတ် ပြုလုပ်လိုသော
လျှပ်စစ်ပစ္စည်း၏ ခလုပ်နေရာတွင် ဓါတ်ကြိုးဖြူ
နှစ်စနှင့် ဆက်သွယ်ရမည်)။
   ရီမုတ်ကွန်ထရိုးပေါ်မှ ခလုပ်တစ်ခုခုကို ဆက်
တိုက်နှိပ်ထားလျှင် ရီလေးသည် ကပ်လိုက်
ခွါလိုက်လုပ်နေ၍ ၎င်းနှင့်ဆက်သွယ်ထားသော
လျှပ်စစ်ပစ္စည်းမှာ ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေပါ
မည်။
   ပိတ်နေသောအလှည့်တွင် ရီမုတ်ပေါ်မှ ခလုပ်ကို လွှတ်လိုက်လျှင် အပြီးပိတ်သွား၍ ဖွင့်
အနေအထားတွင်ထားပါက အမြဲဖွင့်နေမည်။
ပါဝင်ပစ္စည်းများ
IC 4017.
IC 7805.
TR C9015(pnp transistors).ebc
TR C828 (npn transistor).ecb
R 4.7k  two resistor.
R 1k.     one
R 100k. one
R 200  ohm .one
12 V  Relay, one
0.1 uf (104) pf discondenser.
IR (Remote Sensor Receiver).
ဝါသနာရှင် ညီငယ်အပေါင်း တည်ဆောက်
အောင်မြင်ကြပါစေ။
                             Cd    Aung Kyaw.
No comments:
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html