ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

နားမလည်သေးတဲ့ single line drawing

နားမလည်သေးတဲ့ single line drawing
******************************

မီးပွိုင့်တွေ မီးခလုတ်တွေကို တဖြည်းဖြည်းနဲ့
နားလည်လာပြီး ကြိုးသွားကြိုးလာ တွေကိုလည်း
သိလာခဲ့ရပါတယ်။ အရင်တုန်းက မီးဆင်ခဲ့တဲ့ပုံ
စံတွေဟာ စီနီယာအကိုတွေက ဒါလုပ်ဆိုလို့သာ
လုပ်နေရတာ။ ကိုယ်လုပ်နေတဲ့ ဒီအလုပ်ဟာ
ရှေ့မှာ ဘယ်လိုလုပ်ခဲ့တယ်၊ ခုကျနော်လုပ်ပြီးရင်
လည်း နောက်ကို ဘာတွေဆက်လုပ်လိမ့်ဦးမယ်၊
ဆိုတာတွေကို မခန့်မှန်းတတ်သေးပါဘူး။
အလွယ်ပြောရရင် လုပ်ကွက်ကို မခြုံ ငုံမိသေးပါ
ဘူး။

ခိုင်းရင် ခိုင်းတာသာလုပ်တတ်သေးတဲ့ အဆင့်
ပဲ ရှိသေးတာပါ။ ဒီလိုတဖြည်းဖြည်းနဲ့ ဆရာတွေ
စီနီယာအကို တွေရဲ့ သင်ပေးမှုတွေကြောင့်
မီးပွိုင့်တစ်ခုရဲ့ စလယ် ဆုးံ ကို နားလည်လာခဲ့ရပါတယ်။ ကျနော်ကိုယ်ကျနော်လည်း ဂုဏ်ယူမိပြီး
ပျော်တာပေါ့ ကိုယ့်ဆရာတို့ရာ ။ မပျော်ခံနိုင်ယိုး
လား။ ရပ်ကွက်ထဲမှာဆို ကျနော်က ဆရာပဲ။
မီးပွိုင့် ဆင်တဲ့ အဆင့်တွေမှာ two way တွေ
Intermediate တွေကို ကိုယ်က ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်နေတော့ မြှောက်နေတာပေါ့ ။ အလုပ်ထဲမှာ မီးဆင်ပြီဆိုရင်လည်း
ကျွမ်းကျင်လာတဲ့ကျနော့်အတွက် ဟိုနေရာဒီနေရာ အကုန်ဝင်ပါနေခဲ့ရတာလဲ ဂုဏ်ယူစရာ
တစ်ခုကို ဖြစ်နေခဲ့တာကိုး။

ဒီလိုနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ဆန်စက်တွေ မီးဆင်ဖို့ ဖြစ်လာပါတယ်။ အဲဒီအခါလည်းကျ
ရော start.  stop တွေနှိပ်ပြီး မဂ္ဂနပ် တွေ ဂွပ်
ဂွပ်နဲ့ ကပ်အောင်ဆင်ကြတဲ့ အခါမှာတော့ မီး
ပွိုင့်တွေဆင်တာကျွမ်းကျင်ပါတယ်ဆိုတဲ့ ကျနော်ဟာ ဘိုင်ထေး ဘေးထိုင်နေရတဲ့ ဘဝရောက်ပါ
ရောလား။ အရင်မီးပွိုင့်တွေဆင်ခဲ့တုန်းက အသံ
စွာကျယ်စွာကျယ် ထွက်ခဲ့တဲ့ ကျနော်ဟာ  ခုတော့ ဆွံ့အနေရပါပြီ။ ပညာမဲ့သူဟာ အသံတိတ်
၏။ ဆိုတဲ့ စကားပုံဟာ ကျနော့ကိုသာ ရည်ညွှန်း
ပြီးရေးထားတယ် ဆိုတာ သေချာပါတယ်။

ညနေအလုပ်သိမ်းလို့ ထုးံစံအတိုင်း လက်ဘက်ရည် သောက်ကြတော့ ဆရာ့ကို မဂ္ဂနပ် အကြောင်း တွေ မေးပြီပေါ့ ကိုယ့်ဆရာတို့ရာ။ ဆရာက
လည်း မင်းအဲဒီလိုမေးတာ ငါ သဘောကျတယ်
ဆိုပြီးရှင်းပြပါတယ်။

မဂ္ဂနပ် တစ်လုးံကို 3 pole breaker လို မင်း
အလွယ်နားလည်ထားလိုက်။ 3 p breaker မှာ
ကြိုးသုးံပင် အပေါ်ကဝင် အောက်ကထွက်ပြီး
မော်တာကို သွားတယ်ဆိုပါစို့။ ဒါဆိုရင် မင်းက
မောင်းတာမောင်းချင်ရင် 3 pole ကို တင်လိုက်
ရုံပေါ့။ တင်လိုက်တာနဲ့ အပေါ်ကြိုးတွေဟာ
အောက်ကြိုးကို မီးကူးသွားပြီး မော်တာလည်သွား တာပေါ့။

မဂ္ဂနပ် မှာ လည်း 3 pole လိုပဲ ကြိုးသုးံပင်ကို
အပေါ်ဝင် အောက်ထွက်ပဲ၊ ဒါပေမယ့် သူ့မှာ
တော့ အဲဒီကြိုးသုးံပင် ဝင်ထွက် လုပ်မယ့် ငုတ်
တွေကို 1. 3. 5 နဲ့ 2. 4. 6 ဆိုပြီး ပေါ်အောက်
ဂဏန်းတွေရေးပြထားပြီး အဲဒီ 1.3.5 နဲ့ 2.4.6
ငုတ်တွေကို Main contact. လို့ခေါ်တယ်။

3pole မှာတော့ မော်တာလည်ဖို့အတွက် လက်နဲ့
တင်ထားလိုက်လို့ရပေမယ့်၊ မဂ္ဂနပ် မှာတော့
အပေါ်အောက် မီးကူးသွားဖို့အတွက် သံလိုက်အားနဲ့ ဆွဲကပ်ပြီးကူးသွားဖို့ လုပ်ထားတယ်။
အဲဒီသံလိုက်ကို မီးကြွေးလိုက်ရင် သူဟာ သံလိုက်ဓာတ်ဝင်လာပြီး 1.3.5 အပေါ်ငုတ်တွေကမီးကို2.4.6 အောက်ငုတ်တွေဆီကို မီးကူးပေးလိုက် တယ်။

ဒီလို သံလိုက်ကွိုင်ကို မီးကြွေးဖို့ မဂ္ဂနပ် တိုင်း
နီးပါးမှာ A1 နဲ့ A2 လို့ နာမည်ပေးထားတဲ့ ငုတ်
တွေရှိတယ်။ အဲဒီငုတ်တွေကိုလည်း မီးကြွေးပေး
ရမယ့် ဗို့ အမျိုးအစားကို ဖော်ပြပေးထားကြတယ်၊
ကဲဒါဆို မင်း မဂ္ဂနပ် ကို အလွယ်ပုံစံဆင်နိုင်ပြီ။
ခုမင်းဆင်ရမယ့် မဂ္ဂနပ်ရဲ့ သံလိုက်ကွိုင်ဟာ
220 v ကြွေးရမယ့်ကောင်ဆိုရင် မီးလုးံတစ်ခု
ဆင်သလိုပဲ။ A2 ကို N အရင်ပို့ထားလိုက်၊ ပြီးရင်
Phase ကို one gang ခလုပ်ခံပြီး A1 ကို join
လိုက်၊ one gang ခလုပ်ဖွင့်တာနဲ့ မဂ္ဂနပ် ဟာ
ဂွပ်ဆိုပြီး ကပ်သွားလိမ့်မယ်။ one gang ခလုတ်
ပိတ်တာနဲ့ ဗြုတ်ဆိုပြီး မဂ္ဂနပ် ပြန်ကွာသွားလိမ့်မယ်။

ဒါဟာ A1 နဲ့ A2 ကို မီးကြွေးလိုက်လို့ မဂ္ဂနပ် ကပ်သွားပုံကို နားလွယ်လည်အောင်ပြောပြတာ။
မဂ္ဂနပ် တစ်လုးံဟာ သံလိုက်ကွိုင် ကပ်လိုက်ခွာလိုက်ဖြစ်ပေါ်သွားတဲ့ အခါမှာ သူ့မှာပါတဲ့ နောက်
ထပ် အပိုငုတ်တွေကလဲ လိုက်ပါ ပြောင်းလဲနေကြတယ်။ သူ့မှာ 43.44 ။ 31.32 ။ 13.14။ 21.22။ စတဲ့ နာမည်ပေးထားတဲ့ အပိုငုတ်တွေ
ပါတတ်ပြီး၊ အဲဒီငုတ်တွေကို auxiliary contact
တွေလို့ခေါ်တယ်။

သံလိုက်ကွိုင် မကပ်ခင်အခြေအနေမှာ 43 ဟာ
44 နဲ့ ထိမနေဘူး။ 13 ဟာလဲ 14 နဲ့ ထိမနေပါ
ဘူး။ ဒါကို N.O လိုအတိုခေါ်ပြီး အရှည် normally open လို့ခေါ်ပါတယ်။ တပြိုင်တည်း
မှာပဲ 31 က32 နဲ့ ထိနေပြီး 21 က 22 နဲ့ ထိနေပါ
တယ်။ N.C လို့ အတိုခေါ်ပြီး အရှည် Normally
Close လို့ခေိါပါတယ်။ ဒါဟာ သံလိုက်ကွိုင်
မကပ်ခင် မဂ္ဂနပ် တစ်လုးံရဲ့ အခြေအနေတွေပါ။

သံလိုက်ကွိုင်ကပ်သွားပြီဆိုတာနဲ့ ခုနက မကပ်ခင်က အခြေအနေတွေဟာပြောင်းပြန်ဖြစ်သွားပါ
တယ်။ 43နဲ့ 44 ကမထိနေရာကနေထိ၊ 13နဲ့ 14 ကလဲမထိနေရာကနေ ထိ၊ 31နဲ့32 ကထိနေရာကနေ ကွာ၊ 11နဲ့12 ကလဲထိနေရာကနေကွာ သွားကြပါတယ်။ ဒါဟာ မဂ္ဂနပ် တစ်ခုကပ်လိုက်
ခွာလိုက်တိုင်းမှာ auxiliary contact တွေရဲ့
အလုပ်လုပ်ပုံပါ။

ဒါဆို မဂ္ဂနပ် တစ်ခုကပ်လိုက်ပြီဆိုရင် main contact တွေ နဲ့ auxiliary contact တွေ အလုပ်သွားပုံကို နားလည်ပြီပေါ့။ ဟုတ်တယ်၊ မဂ္ဂနပ်
တစ်လုးံမှာ main contact 1.3.5 နဲ့ 2.4.6 ဆိုတာရှိပြီး auxiliary contact 43.44။ 31.32။
13.14။ 21.22 ။ နဲ့ သံလိုက်ကွိုင် ကိုမီးကြွေးဖို့
A1 နဲ့ A2 ဆိုတဲ့ ငုတ်တွေရှိကြတယ်။ တချို့
မဂ္ဂနပ် တွေမှာ ငုတ်တွေ နှစ်ထပ်ပါနေရင် အပေါ်
က N.C တွေဖြစ်ပြီး အောက်ငုတ်က N.O တွေပါ။

3 pole breaker နဲ့ မောင်းနေတဲ့ မော်တာမှာ
မော်တာ Amp များခဲ့ရင် breaker က ဖြုတ်ချ
ပေးသလို မဂ္ဂနပ် နဲ့ မော်တာ မောင်းပြီဆိုရင်လဲ
မော်တာကို amp များရင် ဖြုတ်ချပေးဖို့ လိုလာပါ
ပြီ။ အဲဒီအတွက် မဂ္ဂနပ် အောက်မှာ overload
devices တွေကို တပ်ပြီးသုးံပေးရပါတယ်။
ဒါဆို လျှပ်စစ်ဟာ မဂ္ဂနပ်ကဝင် ပြန်ထွက်လာတော့ overload ကိုဝင်ပြီး ပြန်ထွက်လာမှာ မော်တာကို သွားတယ်။

Overload မှာလည်း main contact 1.3.5နဲ့
2.4.6 ဆိုတာရှိပြီး auxiliary contact 95.96
N.C နဲ့ 97.98 N.O တို့ ပါရှိကြပါတယ်။
1.3.5နဲ့ 2.4.6 က အမြဲထိနေတဲ့ contact အသေတွေဖြစ်ပြီး ပုံမုန် အနေအထားမှာ 95ဟာ
96 နဲ့ ထိနေပြီး 97 ဟာ 98 နဲ့ထိမနေပါဘူး။
မော်တာ amp များတဲ့အခါ 95 နဲ့ 96 ဟာ ထိနေရာကနေ ကွာသွားပြီး 97 နဲ့ 98 ဟာ ကွာနေရာကနေ ထိသွားပါတယ်။ ဒါဟာ overload contact တွေရဲ့ အလုပ်လုပ်ပုံပဲ။

အပေါ်မှာပြောပြခဲ့သလို မဂ္ဂနပ် ကို one gang နဲ့
မောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ ပြစ်ချက်တွေ
အများကြီးပါ။ ထင်သာမြင်သာတဲ့ တစ်ခုကိုပြောရရင် one gang ဖွင့်လိုက်လို့ မော်တာမောင်းနေ
ပြီထားပါတော့ မီးပျက်ရင် မော်တာရပ်သွားပေမယ့် မီးလာရင် မော်တာ ပြန်မောင်းနေမှာပါ။ ဒါဟာ အဆင်မပြေပါဘူး။ ဒီလိုပြစ်ချက်မျိုးကို ရှောင်ဖို့ start.  Stop ခလုတ်တွေနဲ့ မဂ္ဂနပ် တွေကို
မောင်းဖို့ ကြိုးစားလာကြရတာပါ။

Start နဲ့ Stop ခလုတ်တွေ စပရင်ပါတဲ့ ဘဲခလုတ်တွေလို နှိပ်ပြီးလွှတ်လိုက်ရင် ပြန်ကွာတဲ့ ခလုတ်မျိုးတွေပါ။ သူတို့မှာ ငုတ်နှစ်ငုတ် စီပဲ ပါကြပါတယ်။ start ခလုတ်က ငုတ်နှစ်ငုတ်ဟာ ခလုတ်
မနှိပ်ခင်မှာ ကွာနေကြပြီး နှိပ်လိုက်ရင် ထိသွားပြီး
ပြန်လွှတ်လိုက်ရင် ပြန်ကွာသွားပါတယ်။
Stop ခလုတ်က နှစ်ငုတ်က မနှိပ်ခင်ထိနေပြီး
နှိပ်လိုက်ရင် ကွာသွားပြီး လွှတ်လိုက်ရင် ပြန်ထိ
သွားပါတယ်။ ဒါဟာ start. Stop ခလုတ်တွေရဲ့
အလုပ် လုပ်ပုံပါ။

သူတို့တစ်ခုချင်းစီရဲ့ အလုပ်လုပ်ပုံတွေကို သိပြီဆိုရင် single line drawing ပုံကိုကြည့်ပြီး
Connection လုပ်ကြည့်လို့ရပြီ။ ပထမဆုးံ N ကို
A2 မှာ join ပါ။ 1pole တစ်ခုခံပြီးထွက်လာတဲ့
Phase ကို stop ခုလုတ် ရဲ့ တငုတ်မှာဝင်ပါ။
Stop ရဲ့ နောက်တငုတ်ကနေ နှစ်ချောင်းပြန်ထွက်ပါ။ တစ်ချောင်းက start ရဲ့ တစ်စကိုသွားပြီး
နောက်တစ်ချောင်းက MC ရဲ့ 43 ငုတ်ကိုသွားပါ။
Start ရဲ့ နောက်တစ်ငုတ်ကနေ ကြိုးတစ်ချောင်းထွက်ပြီး overload ရဲ့ 95 ကိုသွားပါ။ နောက်
တစ်ခါ MC ရဲ့ 44 ကနေ ကြိုးတစ်ချောင်းထွက်
လာပြီး overload ရဲ့ 95 မှာပဲ သွားပေါင်းပါ။
ဒါဆို overload 95 မှာ ကြိုးနှစ်ချောင်း ဝင်နေတာ
ပေါ့။ overload 96 ကနေ ကြိုးတစ်ချောင်း ပြန်ထွက်လာပြီး MC ရဲ့ A1 မှာ သွား join လိုက်ပါ။

ခုဆိုရင် ပုံကိုကြည့်ပြီး မဂ္ဂနပ် ပတ်လမ်းဆင်တာ
ပြီးပြီ။ ပတ်လမ်းရဲ့ အလုပ်လုပ်ပုံကို ကြည့်ရအောင်။ ကြိုးထဲမှာ လျှပ်စစ်စီးပုံကို ရေပိုက်တစ်ခု
ထဲမှာ ရေတွေစီးနေပုံနဲ့ ခံစားပြီးမြင်ယောင်ထား
ပါ။ အရင်ဆုးံ N ဟာ A2 ကိုရောက်နေပါပြီ။
1Pole ကထွက်လာတဲ့ phase ဟာ stop ခလုပ်
ကို ရောက်တဲ့အခါ stopဟာ ထိနေတဲ့ အတွက်
ဆက်စီးလာပြီး လမ်းနှစ်ခုကွဲသွားပါတယ်။
တစ်ခုက start ကိုသွားပြီး နောက်တစ်လမ်းက
Mc ရဲ့ 43 ကိုသွားပါတယ်။ အဲဒီနေရာမှာ လျှပ်
စစ်ဟာရှေ့ကို ဆက်သွားလို့မရတော့ပဲ၊ စောင့်
နေရပါတယ်။

အဲဒီမှာ မော်တာမောင်းဖို့ start ခလုတ်ကို နှိပ်
လိုက်ပြီဆိုရင် start မှာရောက်နေတဲ့ လျှပ်စစ်
ဟာ နောက်တငုတ်ကိုစီးသွားပြီ overload 95
ကနေ 96 ။ 96 ကနေ A1 ကိုရောက်ပြီး မဂ္ဂနပ်
ကပ်သွားတယ်။ ဒီအချိန်ထိ start ကို မလွှတ်ရ
သေးဘဲ ဖိထားသေးတယ်လို့ သဘောထားပါ။

A1 ကိုမီးရောက်သွားလို့ Mc ကွိုင် ကပ်ပြီဆိုတာနဲ့ mc က 43 နဲ့ 44 ဟာထိသွားတဲ့အတွက် 43
မှာ ရောက်နေတဲ့ မီးဟာလည်း 44 ကနေ တဆင့် A1 ကို ထပ်ရောက်နေပါတယ်။ ဒီအချိန်မှာ
Start ခလုတ်ကို ပြန်လွှတ်လိုက်လို့ start ရဲ့
ငုတ်နှစ်ခု ပြန်ကွာသွားပေမယ့်လည်း၊ mc
သံလိုက်ကွိုင်ဟာ ပြန်မကွာတော့ပဲ 43.44 ဘက်ကလာတဲ့ လျှပ်စစ်နဲ့ဆက်လက်ပြီး ကပ်နေပါတယ်။

ဒီပုံစံနဲ့ မော်တာဟာလည်ပတ်နေပြီး amp များလို့
Trip ဖြစ်တဲ့အခါ overload ရဲ့ 95.96 contact တွေဟာ ကွာသွားတဲ့ အတွက် A1ကို မီးမရောက်တော့ပဲ သံလိုက်ကွိုင် ကွာသွာပါတယ်။ သံလိုက် ကွာသွားလို့ 43.44 ဟာလည်း ပြန်ကွာသွားပြီး မူလအနေအထားပြန်ရောက်သွားပါတယ်။
Overload trip ဖြစ်လို့ရပ်သွားတာကို ပြန်မောင်းချင်ရင် ဝverload က preset ကိုနှိပ်ပြီး အရင်အတိုင်း ပြန်မောင်းနိုင်ပါတယ်။

ပုံမုန်မောင်းနေစဉ်မှာ stop ခလုပ်ကိုနှိပ်ခဲ့ရင်လည်း မီးကူးနေတဲ့ stop နှစ်ငုတ်ဟာကွာသွားတဲ့
အတွက် A1 ကို မီးမရောက်ပဲ ကွိုင်က ကွာသွား
ပါတယ်။ သံလိုက်ကွိုင်ကွာသွားလို့ 43.44 က
ပြန်ကွာသွားပြီး မူလ အခြေအနေကို ပြန်ရောက်
သွားပါတယ်။ stop ခလုတ်ကို လက်ကလွှတ်
လိုက်လို့ stop ငုတ်တွေပြန်ထိသွားပေမယ့် လျှပ်
စစ်ဟာ start ရဲ့ ဒီဘက်ငုတ်နဲ့ mc ရဲ့ 43 မှာပြန်စောင့်နေပြီး start နှိပ်တဲ့ အခါ အရင်အတိုင်း
ပြန်အလုပ် လုပ်ဖို့စောင့်နေပါတယ်။

မီးပျက်လို့ mc ကွိုင်ကွာသွားရင်လဲ stop ခလုပ်နှိပ်လို့ရပ်သွားတဲ့ ပုံစံမျိုးဖြစ်နေပြီး မီးပြန်လာလဲ
Mc သံလိုက်ကွိုင် ပြန်မကပ်တော့ပဲ ကပ်ချင်ရင်
အရင်လို start ခလုပ် ပြန်မောင်းရတော့မယ်။လို့ရှင်းပြပါတယ်။

ကျနော်တို့ဆရာက အများကြီးရှင်းပြပေမယ့်
ကျနော့ခေါင်းကတော့  လိုက်လို့မမှီသေးပါဘူး။

MyatMin ThuyaKyaw

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html