ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားရေတိုင်ကီ လို့သိထားတဲ့ Car Radiator

ကားရေတိုင်ကီ လို့သိထားတဲ့ Car Radiator  ကသင့်ကားရဲ့ Engine အတွက်သိပ်အရေးကြီးပါသလား


✅ ဟုတ်ကဲ့ ပါ ❕❕❕❕❕❕
 ခုခေတ်ပေါ် အဆင့်မြင့်ကားများအတွက် အရမ်းရေးကြီးကြောင်းကိုရှင်းပြပေးချင်ပါတယ်


 မြန်မာပြည် ကားလောကအသစ်တစ်ဖန် ပြန်လည်ဝင်ရောက်လာတာဟာ ၂၀၁၂ခုနှစ် လောက်ကစတယ်ပေါ့ဗျာ။ တစ်ပတ်ရစ်ကားမျိုးစုံ ပေါပေါများများ စဝင်လာတာကတော့ ၂၀၁၃ လောက်က စပါတယ်။

၂၁၁၃ ကနေ ၂၀၁၈ခုနှစ် လက်ရှိအထိဆိုရင်
၅ နှစ် အနည်းဆုံးရှိပြီမို့ ကားအသုံးပြုကြသူ မိတ်ဆွေများ ကားအကြောင်းတော်တော်သဘောပေါက်နေကြပြီးပါပြီ။တစ်ချို့ ဆို သဘောပေါက်ရုံမက ကျောပါ ပေါက်ပြီးနေကြပါပြီ။


 ပြောချင်တာက ဒီက သဘောသဘာဝ
လူအများက ကားကို အသုံးချ အသုံးပြုဘို့ထက်အကျိုးအမြတ်ကိစ္စကိုပဲ နံပါတ် (၁) ဦးစားပေးတာတွေ့ရပါတယ်။ ပြောချင်တာက အရင်းတစ်ခုနဲ့အလကား စီးချင်တယ်။ ပြန်ရောင်းရင် မြတ်ချင်သေးတယ်။ အရင်လို အိုကေမှာစိုပြေ ချင်သေးတယ်ဆိုပါတော့။ အနည်းဆုံး အရင်းပြန်ရချင်ကြတယ်။

 ကားတစ်စီး ကို ရေရှည်ကြံ့ ခိုင်အောင်
ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာကိုတော့
သိပ်ဦးစားပေးတာ မတွေ့ရပါဘူး။
 ကားများကလည်း မော်ဒယ် အသစ်နဲ့လာနေပါပြီ။


⛽ လောင်စာဆီကလည်း 92/95-Ron HSD / Premium စသဖြင့် နည်းပညာစကားလုံးများကိုလည်း စတင်ထိတွေ့ရပါပြီ။
၂၀၁၂ - ၂၀၁၃ခုနှစ် လောက်မှာ ပြည်တွင်းဓါတ်ဆီဆိုင်များကလည်း အဆင့်မမီတဲ့ လောင်စာဆီများနဲ့ကောင်းကောင်း နားပန်ကျင်းလိုက်တာကိုလည်းကားအင်ဂျင်အများအပြားခံလိုက်ရပါသေးတယ်။

ကားသုံးစွဲသူကလည်း Beginner ၊အဆင့်မြင့်
ကားများကို ပြင်ပေးကြမယ့် သူများကလည်း
Beginner များလည်းထွက်ပေါ်လာကြတာကိုလည်းမြင်တွေ့လာရပါတယ်။
‍‍‍‍‍‍‍‍‍‍‍‍‍‍


ရှေးရိုးစွဲ စီနီယာ လက်ဟောင်း စက်ဆရာကြီးများရဲ့ဘုဂလန့်၊ ထော်လော်ကန့်လန့် ဆုံးဖြတ်ချက်အမှားများရဲ့ လွှမ်းမိုးမှု အောက်မှာလည်း မော်ဒယ်သစ်ကားပိုင်ရှင်များ ခံစားခဲ့ ဘူးမှာပါ။



ခု ရောက်ရှိနေတဲ့ ၂၀၁၈ခုနှစ်အထိ ၅ နှစ်တာသက်တမ်းတစ်လျှောက်မှာ ကားမျိုးစုံ တော်တော်များများ ရဲ့ အင်ဂျင်အချို့ဟာ သက်တမ်းမပြည့်မီ အင်ဂျင်တွေဖွင့်လိုက်ရတယ်။အလုံးလိုက်လဲကြရပါတယ်။


 Japan  ကျကားများကိုမြန်မာပြည်မှာ
ဝယ်နေကျတာကိုမြင်တွေ့ နေရတာက ဝယ်သူတ်ာတော်များများက ကီလိုနည်းနည်းနဲ့လာတဲ့ကားကို တော်တော်များများမေးဝယ်ကြပါတယ်။

သူတို့အထင် ကီလိုနည်းတဲ့ကားက ကြာကြာခံမယ်ပေါ့။
 အောက်ပိုင်းသဘောတရားအရ ဖြစ်နိုင်ခြေရှိပေမယ့် ကားရဲ့ အင်ဂျင်ကိုတော့ ဒီလို စိတ်ချလက်ချ မမှန်းနိင်ကြောင်းကို ဗဟုသုတလေးပေးချင်လို့ ခုလိုလျှာရှည်ပေးနေရတာပါဗျာ။



 ကားရေတိုင်ကီ လို့အသိများနေတဲ့
Radiator ကို ရေတိုင်ကီလို့ တိုက်ရိုက်ခေါ်လို့
မသင့်တော်ပါဘူး။ Tank ဆိုတဲ့ တိုင်ကီလေးဟာ သေးသေးလေးပါ  အသွင်း၊အထုတ် ၂ ခုနဲ့ပေါင်းစပ်ထားပါတယ်။ ဒီ Tank ထဲက ပူလာတဲ့ ရေများကိုအေးဖို့ Heat Transfer နည်း (၃) ခုစလုံးနဲ့ ပြန်လည် အေးစေဘို့ဒီဇိုင်းလုပ်ပေးထားရပါတယ်။



♨ ရေပူများကို ထုနဲ့ထည်နဲ့ စီးဆင်းလည်ပတ်ပေးနေရမယ့်အစား ရွှေပါးခတ်ပေးသလို ရေပါးခတ်ပေးဘို့ စီစဉ်ပေးရပါတယ်။ ဒါကြောင့် အလွှာပါးလေးများရစေဖို့ Core Design များလုပ်ပေးလိုက်တယ် ။ရေပူတွေကို Core Tube ရေလိုင်းလေးများနဲ့ ရေပါးခတ်ပေးလိုက်ပါတယ်။ ပါးနိုင်သမျှပါးအောင်လုပ်နိုင်လေ ရေပူလည်းမြန်မြန်အေးနိုင်လေလေပါဘဲ ခင်ဗျာ။

〽 Core Tube လေးတွေ ဒီအတိုင်းထားလည်းရနေပေမယ့် Coer Tube လေးတွေက အပူများကို အပူစီးကူးခြင်း အပူလျှောက်ကူးခြင်း များထပ်ဖြစ်စေပြီး။Cooling Fins တိုတဲ့ သတ္တု ပြားအလွှာလေးတွေကိုလည်းအတွန်အလိမ်လေးများနဲ့ညီညာစွာတွန့်ခေါက်ပြီး နေရာမလပ်ထိစပ်ပေးထားကြပါတယ်။


 Core Tube ကအပူများကို ထပ်မံပြီး
စီးဆင်းသယ်ဆောင်စေပါတယ်လွတ်နေတဲ့ နေရာလပ်များကို ပြင်ပကတိုးဝင်လာတဲ့ လေအေး၊အော်တိုဖန်(ကြိုးနဲ့လည်တဲ့ဖန်)ကလည်း အပူဖြာကူးခြင်းအတွက် မြန်မြန်နဲ့များများ အထောက်အကူပေးပါတယ်။ဒီလို ရေပူ မှ ရေအေးဖြစ်အောင် Tank ၂ ခု ၊Core Tube ၊Core Fins စသည်တို့နဲ့ စနစ်တစ်ကျ ပေါင်းစပ်ပေးထားလိုက်လို့ Radiator လို့ ခေါ်လိုက်ရတာပါ။ 

အရည်တစ်ခုခု ကို သမရိုးကျ သိုလှောင်ထားတဲ့အဝိုင်းဖြစ်ဖြစ် လေးထောင့်ဖြစ်ဖြစ် အရာကိုသာ Tank တိုင်ကီလို့ ခေါ်ထားတာကို သဘောထပ်ပေါက်လိုက်ပါ။

❌ ကားမှာ ရေတိုင်ကီလို့ ခေါ်လို့မရပါဘူး။
ထပ်ပြောလိုက်ချင်တာက Radiator က Tank ရေဇလုပ်ကို အပေါ်ဘက်တစ်ခု အောက်ဘက်တစ်ခုနဲ့ တည်ဆောက်ကြည့်တယ်။
Core Tubevတွေကို သမရိုးကျ ဒေါင်လိုက်
ထားကြည့်တယ်။



 ခု ဝင်လာနေတဲ့ ကားတော်တော်များများက Radiator များကြတော့ Tank တွေကို ဘေး ၂ ဘက်နဲ့ထားကြည့်တယ်။ Core Tube တွေကို ရေပြင်ညီ အလျားလိုက်ထားကြပြန်တယ်။
✍ Core လေးတွေကို တတ်နိုင်သမျှ ပါးပေးတယ်။တတ်နိုင်သမျှ များပေးတယ် အပူမြန်မြန်ဖလှယ်ပေးနိုင်အောင်ပေါ့။
ဒီလို လုပ်ပေးခြင်းအားဖြင့် Radiator ကို တော်တော်ပါးသွားအောင် လုပ်နိုင်ခဲ့တယ်။ ဒီတော့ ကားစက်ခန်းမှာနေရာပိုလာတယ် ရေလည်အုံ အားကိုး၊အော်တိုဖန်အားကိုးနဲ့ တစ်ကယ်လည်းအပူဖလှယ်ပေးနိုင်ခဲ့ပါတယ်။

အောက်က Tank တစ်ကန့်ကိုလည်း အော်တိုဂီယာဝိုင်လှည့်စီးဘို့ နေရာပေးထားပြန်သေးတယ်။ဒါကြောင့်မို့ ကား Radiator တစ်ခုဟာ စနစ်ကောင်းမွန်နေစေဘို့ တော်တော် အရေးကြီးပါတယ်။ စနစ်ကောင်းဖို့ အင်ဂျင်ထဲကို လှည့်ပတ်စီးဆင်းပေးတဲ့ Coolant အရည်ကိုလဲ လိုချင်တဲ့အပူချိန်တစ်ခုမှာ အပိုအလိုမရှိတည်မြဲနေဘို့ သာမိုစတက်ဆို တဲ့အရာကလည်း ထိန်းညှိပေးထားရပြန်တယ်။



 ခုလို စက်အအေးခံစနစ်သဘောသဘာဝ
စနစ်ကို နည်းနည်းနားလည်ပြီဆိုရင် ပိုရှင်းလာပါလိမ့်မယ်။
စနစ်ထဲက တစ်ခုခု ချို့ယွင်းပြီဆိုပါကRadiator ထဲက အရည် Over Heat တက်လာပါလိမ့်မယ်။ ဒါကိုအင်ဂျင် Heat  တတ်တယ်လို့ပြောပါတယ်။
 အတိုင်းထက်လွန်သွားလျှင် ဟက်ဂတ်စက်ပျက်ပါလိမ့်မယ် ။မကုန်သင့်တာကုန်ကျသွားပါမယ်။Over Heat ခဏ၊ခဏ တက်တဲ့ကားရေခဏ၊ခဏ ဆူလို့ လမ်းမှာ မကြာမကြာနားမောင်းရတဲ့ကား အင်ဂျင်အတွင်းထဲက ရှိရှိသမျှသော သတ္တု များနာသွားပါပြီ။
အထူးသဖြင့် ဟက်မျက်နှာပြင် ကြွတတ်ပါသည်။ပစ္စတက်နဲ့ ဆလင်ဒါများလည်း ခြစ်ရာများ
ဖြစ်သွားတတ်ပါသည်။


 ရေ ခဏ၊ခဏ ဆူလို့ Over Heat တက်တဲ့
ကားများရဲ့ Engine Oil Quality ကျသွားပါပြီ။
ရေတိုင်ကီ အဖုံးဆိုတဲ့ Pressure Cap က ရော်ဘာများထုတ်သွင်းလုပ်ပေးနေရတဲ့ Valve များလည်းနာသွားတတ်ပါသည်။
အင်ဂျင်ကို မူလအတိုင်း Repair လုပ်ပီးရင်တော့ထည့်နေကျ Engine Oil ကို မနှမြောပဲ
အသစ်လဲလှယ်ပေးဘို့ သတိထားလိုက်ပါ။
ဆင်ပြောင်ကြီး အမြီးကျမှ မတစ်ပါနဲ့။


အင်ဂျင်ပါဝါ အပြည့်အကုန်သုံးနေကြသော
အံဇာတုံး၊ အာရဖတ် ကားများ အင်ဂျင်ဟိတက်တာအသိနောက်ကျလို့ အချိန်မီမပြုင်လိုက်လို့အင်ဂျင်ဖွင့်လိုက်ရတဲ့ ကားများ အလွန်များခဲ့ပါသည်။
သက်ဆိုင်ရာ ထိန်းသိမ်းမှု စနစ်များကို သိထားရင်ဖြင့်ကားအင်ဂျင်တစ်လုံးဟာ ကီလို သိန်းဂဏန်းမောင်းလို့ရပါတယ် ခင်ဗျာ။

နိဂုံးချုပ် ပြောလိုက်ချင်တာကတော့
ခုခေတ်ကားများဟာ တော်ယုံတန်ရုံ မပျက်တတ်ပါ။အဲ ပျက်ရင်တော့ ပွဲသိမ်းတတ်ပါတယ်ခင်ဗျာ။စနစ်တစ်ကျ ထိန်းသိမ်းတတ်ရင်လည်း
အကြာကြီးခံပါတယ်။ သက်တမ်းပြည့်လည်း
သုံးလို့ရပါတယ်။ထိန်းသိမ်းမှုကင်းဆိုပေမယ့်
ဆီ၊ ရေ၊ လေ၊ ဝိုင်တော့ ဂရုစိုက်ပေးပါ။
ကားဒိုင်ခွက်က သတိပေးသင်္ကေတများကိုသဘောပေါက်ပေးပါ။ ဘာလေးပြနေတာလဲ ဆိုပြီး
ကြည့်ကောင်းကောင်းနဲ့ ကြည့်မနေပါနဲ့။
ခု ရက်ပိုင်း အဖြစ်များနေတာကတော့ Over Heatကြောင့် ဂတ်စက်ပြတ် နေတာကို အမြင်များနေလို့ပါ။



Crdဆရာကိုသက်





lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html