ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

စလောင်းဗန်း အမည် အမျိုးအစား

စလောင်းဗန်း အမည် အမျိုးအစား

ကျနော်တို့ကတော့ စလောင်းဗန်းတွေကို
ရှစ်ပေဗန်း၊ နှစ်ပေဗန်း ဆိုပြီး
အလွယ်ခေါ်လိုက်တာပါပဲ
တကယ်လို့ မသိတာရှိလို့ ဖြစ်စေ
ပုံရှာခြင်လို့ ဖြစ်စေ
google မှာ သွားခေါက်မယ်ဆို
ုမီရမာ လို့ ရိုက်ရှာလို့ မကျဘူးဗျ
Eလို ခေါက်ရှာ မှ ရတယ်ဗျ
ဆိုလိုတာက ဗန်းတွေကို Eလို
ဘယ်လိုခေါ်လဲ
Eလို့
နည်းပညာ အသုံးအနှုန်း terms တွေ က
ဘာလဲဆိုတာ
သိထားဖို့လိုမယ်လို့ ထင်ပါတယ်

ရှစ်ပေဗန်းကိုတော့
C band 8ft satellite dish
Prime focus dish.
Parabolic Reflector Antenna.
လို့ သုံးကြတာပဲ
Prime focus သို့ center focus လို့သုံးတာကတော့
အလယ်မှာစုဆုံတဲ့ single တွေဖမ်းယူထားလို့ပါ
အဲဒီမှာ ဗန်းအသေဆို fixed dish antennaသုံးပြီး
မော်တာတပ် ဗန်းအရှင်ကို Motorized dish antenna
လို့သုံးပါတယ်

နှစ်ပေဗန်း
Offset dish
ku satellite dish
Parabolic Reflector Antenna with offset feed.
လို့ သုံးကြတယ်
offset dish လို့ သုံးရတာလဲဆိုရင်
သူက ဗန်းခွက် မျက်နှာပြင်က ပြန်လာတဲ့ signal တွေကို
ပြန်စုတဲ့အခါ အလယ်မှာစု ဆုံတာမဟုတ်ပဲ
ဗဟို မှာခွာပြီး
အလယ်တည့်တည့်ရဲ့ အဝေးမှာ စုဆုံဖမ်းလို့
Offset dish လို့ သုံးတာပါ

Double Reflector Antenna.
Shaped Reflector Antenna.
ဒီလိုဗန်းတွေကတော့ ဗန်း အခုံး အခွက်တွေရဲ့
ရောင်ပြန်ဟတ်မှု reflection ဖြစ်မူကို အသုံးချပြီး
နှစ်ထပ်ပြန်သုံး ထားတဲ့ ဗန်းတွေပါ
အဓိကကတော့ ဗန်းအကြီးတွေမှာ သုံးတာ
ဖြစ်ပေမဲ့ kuဗန်းအချို့မှာ သုံးတာတွေ့ရပါတယ်
ဗန်းကြီးတွေသုံးရတာကတော့ ထပ်ဖူးတွေက ရိုးရိုး
ဗန်းတွေလိုတပ်ထားရင် ပြန်ဆင် ချိန်ညှိ လဲလှယ်မူ
လုပ်တဲ့အခါ ဗန်းကြီးတော့ လက်လှမ်းမမှီုဖစ်ပြီး အခက်တွေ့လို့ ခုလို့ ဗန်းမျက်နှာပြင်နားတပ်တာလို့
ထင်ပါတယ်

ဥပမာ ရန်ကုန် သုဝဏ အားကစားကွင်းရှေ့မှာတပ်ထားတဲ့ ဗန်းကြီးမှာ
သွားကြည်ရင်
Lnb တပ်တဲ့နေရာက ဗန်းဖင်မှာပါ။
ကေယူမှာ လည်း ဒီသဘောတရားသုံးတဲ့
ဗန်းတွေ အင်တာနက်ထဲမှာ မြင်ဖူးပေမဲ့
မိရမာ ပြည်မှာ မမြင်ဘူးသေးပါဘူး
အနောက်နိုင်ငံမှာတော့ ကောင်းကင်မှာ satellite တွေ
တန်းစီနေတော့ သုံးတာလိုမြင်မိပါတယ်
တချိန် မိရမာ နိုင်ငံက ဂြိုလ်တုတွေ တပြွတ်ပြွတ် တန်းစီ
လွတ်နိုင်ရင်တော့ အသုံးတွင်ကျယ်လာမယ်လို့ ထင်ပါတယ်

နောက် လှုပ်ရှားနေတဲ ယာဉ်တွေပေါ်ကဖမ်းတဲ့
Dishတွေရှိပါသေးတယ်
fly away dish antenna လို့ ခေါ်ပါတယ်
သွားနေတဲ့ သဘောင်္တွေ
ပျံနေတဲ့  လပျံတွေ
မောင်းနေတဲ့ ကားတွေမှာတပ် ဆင်လို့ရပါတယ်
တည်နေရာ ပြ x axis Y axis Z axis တွေ တွက်နိုင်တဲ့ gyro senser ပေါ်မူတည် ဖမ်းယူတာပါ
သူက ဈေးကြီးတော့ လက်လှမ်းမမှိပါဘူး
တစ်ချိနိ ချိန်တော့ ဖြစ်လာမှာပေါ့
အားလုံး ဗဟုသုတ တိုးပါစေ
ချစ်ခြင်းအားဖြင့်

Hellman (28-5-2018/ 5:11)


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html