ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ATS Control လေးကို ARDUINO သုံးပြီးတော့ လုပ်မှာရယ် ARDUINO မသုံးတဲ့ပုံစံရယ် နှစ်မျိုး

ATS Control လေးကို ARDUINO သုံးပြီးတော့ လုပ်မှာရယ် ARDUINO မသုံးတဲ့ပုံစံရယ် နှစ်မျိုး ပြောပြပါ့မယ်။

ATS Control with ARDUINO & Without ARDUINO

ရဲဝင်းအောင် BE.EP
YWA Online Training Group

အခုပြောမှာကတော့ ATS လို့ခေါ်တဲ့ Auto Transfer Switch ပဲဖြစ်ပါတယ်။ ဘာလဲဆိုတော့ အိမ်တအိမ် စက်ရုံအလုပ်ရုံ ဆေးရုံဆေးခန်း စတဲ့ လျှပ်စစ်မီးကို အချိန်အကြာကြီးပျက်လို့မရတဲ့နေရာတွေမှာ သုံးပါတယ်။ လုပ်တဲ့ပုံစံကတော့ လျှပ်စစ်မီး လာနေရင် လျှပ်စစ်မီး EPC မီးကိုသုံးပြီးတော့ မီးပျက်တာနဲ့ GENERATOR ကို auto နှိုးပေးပြီး Gen မီးကိုသုံးမှာဖြစ်ပါတယ်။ အပြင်မှာ ဘယ်လိုတွေ တပ်ဆင်အသုံးပြုနေလဲတော့မသိပါ။ အခုကတော့ ကျွန်တော့ညီ Pyae Phyo Mg လားရှိုး TU (4th BE).ဆွဲထားတဲ့ Design ကို ရှင်းပြသွားမှာဖြစ်ပါတယ်။ ပုံစံက နှစ်မျိုးပါ ကြိုက်တဲ့နည်းနဲ့ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ အဓကအသုံးပြုထားတာကတော့ ARDUINO မပါတဲ့ပုံစံမှာဆိုရင် TIMER နဲ့ Magnetic Contactor AC RELAY . DC RELAY တွေသုံးထားပါတယ်။ Safety အရ AC Relay ကိုသုံးထားခြင်းဖြစ်ပြီးတော့ DC relay ကတော့ Plug and Starting အတွက်သုံးထားပါတယ်။ အခုပြောတာက ARDUINO မပါတာအတွက်ပါ။ ARDUINO ပါတာကတော့ ARDUINO ရေးသားနည်းစာအုပ်မှာပါပါတယ်။ PROJECT & DWG တွေသည် ဈေးကွက်ထဲထည့်ဖို့မဟုတ်တာကြောင့် PERFECT ဖြစ်အောင်မလုပ်ထားပါဘူး။ ဆက်ပြောပါ့မယ်။ အခု EPC လာနေတယ်လို့ယူဆပါမယ်။ဒီအခါမှာ ကျွန်တော်တို့ EPC မီးကို သုံးချင်ပါတယ်။ ဒါဆို EPC မီးကို အိမ်ထဲလွှတ်ပေးရပါမယ်။ ဒီလို လွှတ်မယ်မလွှတ်ဘူးဆိုတာက ကျွန်တော်တို့ ဘာမှမလုပ်ပေးပါဘူး။ Electrically အရ auto လုပ်စေချင်တာပါ။ ဒါကြောင့် magnetic contactor ကို သုံးပါ့မယ်။ ဒီလိုပဲ GEN ကမီးကိုလည်း မီးပျက်တဲ့အခါမှာ Auto လွှတ်ပေးစေချင်တာပါ။ ဒါကြောင့် magnetic contactor နောက်ထပ်တလုံးသုံးပါ့မယ်။ ဟုတ်ပြီ ဒီမှာက Inverter sys မထည့်ထားပါဘူး မစဉ်းစားပါဘူး။ ပြီးတော့ ဒါက single phase အိမ်သုံးအတွက်ပါ။ 3 phase heavy KW GEN တွေအတွက်မဟုတ်ပါ။ HEAVY KW တွေအတွက်တော့ ARDUINO ကိုသုံးသင့်ပါတယ်။ ဆက်ပြောပါ့မယ်။ DESIGN ဆွဲတဲ့ပုံစံ စဉ်းသားတဲ့ပုံစံကို ။

တင်သမျှ POST တွေဖတ်ချင်ပါက YWA Online Training Group ကို Join ပေးပါ။

Credit

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html