Star-Delta Forward/Reverse လေ့လာချင်သူတွေအတွက် ရှာဖွေတင်ပြပေးခြင်းဖြစ်ပါတယ်။3Phase Induction Motorတွေ သုံးတဲ့အခါ 4kWအထက်ဆိုရင် Star-Delta စံနစ်ကို သုံးရပါတယ်။စက်မှုလုပ်ငန်းတွေမှာ Motorကို Rollerတွေနဲ့ တွဲသုံးတဲ့အခါမှာ
Rollerတွေထဲမှာ ကြိတ်ဖတ်တွေညပ်ပြီး Tripဖြစ်တာတွေရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ Motorကို ပြန်မောင်းတဲ့အခါ Forwardနဲ့မောင်းရင် ကြိတ်ဖတ်ညပ်နေတာမို့ Load ပိုနေပြီး Motorကမရုန်းနိုင်ပါဘူး။Tripပဲ ပြန်ကျပါလိမ့်မယ်။Reverseလည်စေပြီး ညပ်နေတဲ့ကြိတ်ဖတ်ပြန်ထုတ်ပြီးမှပဲ ပုံမှန်ပြန်လည် လည်ပတ်နိုင်ပါတယ်။အဲသလိုနေရာတွေမှာ အခုဖော်ပြပေးတဲ့ Star-Deltaကို Forwardနဲ့ Reverseနှစ်မျိုး
သုံးနိုင်စေမယ့် Controlစံနစ်ကို အသုံးပြုကြရပါတယ်။မသိသေးသူတွေ ဗဟုသုတတိုးစေဖို့ တင်ပြပေးခြင်းဖြစ်ပါတယ်။ပုံတွေကိုတော့ အင်တာနက်မှ ရှာဖွေမျှဝေပေးခြင်း ဖြစ်ပါတယ်ခင်ဗျာ။
Star-Delta Forward/Reverse လေ့လာချင်သူတွေအတွက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment