2-Way Switchနဲ့ 4-Way Switchအလုပ်လုပ်ပုံနဲ့ တပ်ဆင်ပုံလေးGoogleကနေ ရှာတွေ့လို့ ဝေမျှပေးလိုက်ပါတယ်။မီးတစ်ပွင့်ထဲကို နေရာနှစ်ခုကနေ ပိတ်လို့ဖွင့်လို့ရအောင် 2-Way Switchကို သုံးနိုင်ပါတယ်။(ဥပမာ လှေကားမီးကို 2-Way Switchတပ်သုံးရင် လှေကားအပေါ်ဘက်ခလုတ်ကနေလည်း မီးကို ဖွင့်/ပိတ် လုပ်လို့ရပါတယ်။အောက်ဘက်ကခလုတ်ကနေလည်း ဖွင့်/ပိတ် လုပ်လို့ရပါတယ်။)မီးတစ်ပွင့်ကို နေရာ ၄နေရာကနေ ဖွင့်/ပိတ် လုပ်နိုင်ဖို့အတွက်ဆိုရင် 4-Way Switch ကိုသုံးနိုင်ပါတယ်။
မီးပွင့် မီးချောင်းမှမဟုတ်ပါဘူး။Switchရဲ့ Ampereပေါ်မူတည်ပြီး မိမိသုံးလိုတဲ့ တခြားလျှပ်စစ်ပစ္စည်းတွေကို နေရာ ၂နေရာ (သို့မဟုတ်) ၄နေရာကနေ
လိုသလို ဖွင့်/ပိတ် လုပ်နိုင်စေဖို့ 2-Way Switchနဲ့ 4-Way Switchတွေကို အသုံးပြုနိုင်ပါတယ်။အများသိပြီးသားဖြစ်ပေမယ့် မသိသေးသူတွေအတွက် လေ့လာမှတ်သားနိုင်စေဖို့ ဝေမျှလိုက်ရပါတယ်ခင်ဗျာ။
မှတ်ချက်။ 4-Way Switch ကို Commentမှာ ဖော်ပြပေးထားပါတယ်ခင်ဗျာ။
No comments:
Post a Comment