ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

4 stroke cycle engine တလံုးရဲ့ valve clearance ဘယ္လို ခ်ိန္တာလဲ

How to Adjust Valve Lash or
 Vlave Clearance 4 stroke cycle engine တလံုးရဲ့ valve clearance ဘယ္လို ခ်ိန္တာလဲ။
အပိုင်း (၂)


Valve Overlap Method
Mechanic အများစု ရင်းနှီးကျွမ်းဝင်တဲ့ နည်းလမ်းပါ။
4 cylinders inline engine fire order 1-2-4-3 Engine အတွက်။

ကားရပ်၊ parking brake ဖမ်း ဂျမ်းတုံးခု။ စက်သတ် သော့ဖြုတ် ဂီယာကို N မှာထား။ tappet cover ခွါ။ အင်ဂျင်ကို သတ်မှတ်ထားတဲ့ နေရာ အများစု အတွက် crankshaft pulley (vibration damper) nut ကနေ လှည့်ဘို့ညွှန်းတယ်။ fly wheel ပင်နယံသွားကို ၀က်အူလှည့်နဲ့ ကလော်လို့လဲရပါတယ်။ Engine ကို သူ့ရဲ့ normal direction ကိုသာလှည့်ရပါမယ်။ စက်နိုးရင်လည်တဲ့ အတိုင်း၊ အင်ဂျင်ကိုရှေ့ဘက် ကနေကြည့်ရင် နာရီလက်တံလို ညာလည်ပေါ့။

သူ့ဟာသူ အင်ဂျင် ဘယ်နေရာရောက်နေနေ မျက်လုံးက no 4 cylinder ရဲ့ exhaust valve ကိုသာကြည့်နေပါ။ no 4 cylinder ရဲ့ Exhaust Valve တဖြည်းဖြည်း ပိတ်လာနေရာကနေ သူပိတ်လို့ ဆုံးကာနီး no 4 cylinder ရဲ့ inlet valve ငိုက်ကနဲ စပွင့်မှာ အင်ဂျင်လှည့်တာရပ်မယ်။ အဲတာ no 4 cylinder ရဲ့ valve overlap အနေအထားပါ။ overlap အနေအထားမှာ rocker arm ထောက်ပါတယ်။ push rod အတံနှစ်ခု ထောက်နေပါတယ်။ လှည့်လို့မရပါ မလွတ်ပါဘူး။

over head cam နဲ့ rocker arm မပါတဲ့ စံနစ်မှလဲ cam တွေက valve ရဲ့ lifter (အရပ်အခေါ် follower ခွက်) အဲသည် lifter ပေါ်မှာ Adjusting Shim (အရပ်အခေါ် ဒိုးပြား)။ တို့ပါတယ်။ overlap အချိန်မှာ cam lobe နှစ်ခုလုံး Adjusting Shim တွေကို မလွတ်တလွတ်လေးဖိထားပါတယ်။ ဥပမာ Toyota 2L, 3L, 1KZ စသည်ဖြင့်။


အဲသည် အချိန်မှာ No.1 Cylinder ရဲ့ Inlet & Exhaust valve ကိုချိန်မယ်။
No. 4 Cylinder valve overlap မှာ No. 1 Compression TDC ဆိုတော့ No. 1 cylinder ရဲ့ valve ကိုချိန်မယ်။ ပြီးရင် adjuster nut ကို lock လုပ်မယ်။

Fireing Order က 1-2-4-3 ဆိုရင်  သည်တခါ No 2 Cylinder အလှည့်။
အင်ဂျင်ကို normal direction အတိုင်းဆက်လှည့်မယ်။ မျက်လုံးက no 3 cylinder ရဲ့ exhaust valve ကိုသာကြည့်နေပါ။ no 3 cylinder ရဲ့ Exhaust Valve တဖြည်းဖြည်း ပိတ်လာနေရာကနေ သူပိတ်လို့ ဆုံးကာနီး no 3 cylinder ရဲ့ inlet valve ငိုက်ကနဲ စပွင့်မှာ အင်ဂျင်လှည့်တာရပ်မယ်။ အဲတာ no 3 cylinder ရဲ့ valve overlap အနေအထားပါ။

No. 3 Cylinder valve overlap မှာ No. 2 Compression TDC ဆိုတော့ No. 2 cylinder ရဲ့ valve ကိုချိန်မယ်။ ပြီးရင် adjuster nut ကို lock လုပ်မယ်။
Fireing Order က 1-2-4-3 ဆိုတော့ သည်တခါ No 4 Cylinder အလှည့်။


အင်ဂျင်ကို normal direction အတိုင်းဆက်လှည့်မယ်။ မျက်လုံးက no 1 cylinder ရဲ့ exhaust valve ကိုသာကြည့်နေပါ။ no 1 cylinder ရဲ့ Exhaust Valve တဖြည်းဖြည်း ပိတ်လာနေရာကနေ သူပိတ်လို့ ဆုံးကာနီး no 1 cylinder ရဲ့ inlet valve ငိုက်ကနဲ စပွင့်မှာ အင်ဂျင်လှည့်တာရပ်မယ်။ အဲတာ no 1 cylinder ရဲ့ valve overlap အနေအထားပါ။

No. 1 Cylinder valve overlap မှာ No. 4 Compression TDC ဆိုတော့ No. 4 cylinder ရဲ့ valve ကိုချိန်မယ်။ ပြီးရင် adjuster nut ကို lock လုပ်မယ်။
Fireing Order က 1-2-4-3 ဆိုတော့ သည်တခါ No 3 Cylinder အလှည့်။


အင်ဂျင်ကို normal direction အတိုင်းဆက်လှည့်မယ်။ မျက်လုံးက no 2 cylinder ရဲ့ exhaust valve ကိုသာကြည့်နေပါ။ no 2 cylinder ရဲ့ Exhaust Valve တဖြည်းဖြည်း ပိတ်လာနေရာကနေ သူပိတ်လို့ ဆုံးကာနီး no 2 cylinder ရဲ့ Inlet valve ငိုက်ကနဲ စပွင့်မှာ အင်ဂျင်လှည့်တာရပ်မယ်။ အဲတာ no 2 cylinder ရဲ့ valve overlap အနေအထားပါ။

No. 2 Cylinder valve overlap မှာ No. 3 Compression TDC ဆိုတော့ No. 3 cylinder ရဲ့ valve ကိုချိန်မယ်။ ပြီးရင် adjuster nut ကို lock လုပ်မယ်။ ပြီးရင် နောက်တခေါက်စစ်ပါ။


သည်နမူနာကိုယူပြီး ချိန်ရင် 1-2-4-3 မှမဟုတ်။ 1-3-4-2 ဆိုလဲရတယ်။ 1-4-2-6-3-5, 1-5-3-6-2-4 ဆိုလဲရပါတယ်။
Valve last ဘယ်လောက်ထားရမှာလဲ ဆိုတာကတော့ သက်ဆိုင်ရာ အင်ဂျင်တွေအလိုက်မတူလို့ သူညွှန်းတဲ့ အတိုင်းသာထားပါမယ်။ အင်ဂျင်အတော်များများမှာ tappet cover ပေါ်မှာ firing order နဲ့ valve clearance ကိုရေးပေးထားပါတယ်။ မတွေ့တော့လဲ manual book မှာရှာကြတာပေါ့။

ဘာနဲ့ချိန်သလဲ Feeler Gauge လို့ခေါ်တဲ့ ကြားလွတ်တိုင်းတဲ့ အပြားလေးတွေနဲ့ပါ။ ဥပမာ မြန်မာတွေခေါ်တဲ့ 16 သောင်။ 16/1000 inch တလက်မရဲ့ ၁၀၀၀ ပုံ ၁၆ ပုံ။ Feelergauge မှာရေးထားတာကတော့ 0.016” = 0.04 mm
စာနဲ့ရေးတာထက် Excel Sheet နဲ့ရေးပြီး ဓါတ်ပုံရိုက်တင်တာ မျက်လုံးထဲပိုရှင်းမယ်။ အောက်မှာ attach လုပ်ပေးထားပါတယ်။

အစိုချိန်လား အခြောက်ချိန်တာလား
အစိုဆိုတာ wet အနေအထားမှာချိန်တာပါ။ အင်ဂျင်ဝိုင် လည်ပြီးသား ရှိပြီးသား အင်ဂျင်အတွက်။ အင်ဂျင်ကိုင်ပြီးစ စက်မနှိုးခင်မှာလဲ Mechanic ထည့်ထားတဲ့ လောင်းထားတဲ့ ဆီတွေကြောင့် wet ပါပဲ။ အများစုကို အစိုမှာသာချိန်ခိုင်းတယ်။
အပူမှာချိန်တာလား အအေးမှာချိန်တာလား
တချို့ အင်ဂျင်တွေဆိုရင် Valve Lash In Hot လို့ပေးထားတယ်။ အင်ဂျင် နိုးပြီး ပူနေချိန် အကြမ်းဖျင်း 60 Deg C မှာ ချိန်ခိုင်းတယ်။ သူ့ကျတော့ အင်ဂျင်ကိုင်ပြီးစ စက်မနှိုးခင်တခါချိန်။ စက်နှိုး run အင်ဂျင်အတော်လေးပူလာရင် ရပ်ပြီး တခါထပ်ချိန်ရပါတယ်။ အဲတာမှ အမှန်ရပါတယ်။

အများစုကတော့ Vale Lash In Cold လို့ပေးထားတယ်။ စက်ရပ်ထားပြီး အင်ဂျင်အေးချိန် ပြင်ပ အပူချိန်မှာ ချိန်ရပါတယ်။ သူကတော့ တခါတည်းနဲ့ ချိန်လို့ပြီးပါတယ်။

စီးစီးလေးလား ချောင်ချောင်လေးလား မချောင်မစီးလေးလား။ နာမည်ပေးထားတာကိုက Feeler Gauge ပါ။ မချောင်မစီးလေး လက်မှရတဲ့ feeling ကိုစံယူပြီးချိန်ရတာပါ။
How to Adjust Valve Lash or Vlave Clearance 4 stroke cycle engine တလုံးရဲ့ valve clearance ဘယ်လို ချိန်တာလဲ။ အပိုင်း (၃) ဆက်လာပါမယ် ခင်ဗျာ။ သူက ချိန်နည်း ဘယ်လိုဖြစ်လာတာလဲဆိုတာကို စဉ်းစားရတာပါ။ ပညာပါတယ်လို့ ပြောရင်ရပါတယ်။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံး ရိုသေစွာ ကန်တော့လျှက်။
အထူးသဖြင့် လက်ဦးဆရာ ဖြစ်ခဲ့တဲ့ ဆရာ အစ်ကို (ကိုသန်းဇော်) စက်ပြင်ငြိမ်း၊ ၀င်္ဂဘော်ယန္တယား စခန်း၊ ပဲခူး(တောင်) သစ်ထုတ်ရေး၊ ဘုရားကြီး။ ကိုပိုပြီး သတိတရကျေးဇူးတင်မိပါတယ်။
အမှားတွေ လိုနေတာတွေ ရှိရင်ထောက်ပြပေးကြပါဦးခင်ဗျာ။ ကျွန်တော်ညံ့လို့ပါ။


Aye Min Toe, 5/May/2018
Mann Base, Minbu.
Credit# Aye Min Toe



Kc
Cc





lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html