ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားအဲကွန်း အခန်း(၅)*1 // Expansion Valve

ညီလေးတို့အတွက် ကားအဲကွန်း အခန်း(၅)
#Chapter (5)
#Expansion Valve


Expansion valve ရဲ့ အလုပ်ကတော့..
Condensor မှာ အပူထုတ်ပြီး ဖိအားမြင့်အပူချိန်မြင့်အရည် (High temperature & pressure liquid) အဖြစ်ပြန်ရောက်လာတဲ့ အဲကွန်းဂက်စ်(Refrigerant)ကို
သူထဲမှာရှိတဲ့အပ်ထိပ်လောက်သာသာပဲရှိတဲ့အရမ်းကျဉ်းတဲ့ အပေါက်ကျဉ်း(Orifice)ကိုဖြတ်သန်းစေပြီး ဖိအားနဲ့အပူချိန်(40 'Fအောက်)ကို ကျဆင်းစေတဲ့အလုပ်ပါ။ အဲဒါမှသာ အပူချိန်အရမ်းနိမ့်တဲ့
အဲကွန်းဂက်စ်ဟာ အပူကွိုင်လို့ခေါ်တဲ့ Evaporator
ဆီပြန်ရောက်ပြီး ကားထဲက အခန်းထဲက အပူကိုစုပ်ယူနိုင်မှာမလို့ပါ။
နန္ဒမိုး

Expansion Valve အဝင်ရဲ့ အပူချိန်ဟာ
ပုံမှန်အားဖြင့် 105'F ဝန်းကျင်
အထက်ရှိပြီး အထွက်ရောက်သွားရင်တော့
40'F အောက်ကို ရောက်အောင်
လုပ်ဆောင်သွားပေးချင်းဖြင့်
အပူချိန်နဲ့ဖိအားကိုလျှော့ချပေးတာပါ။
သူ့ကိုအိမ်သုံးအဲကွန်းတွေမှာဆိုရင်
Expansion valve
Metering Valve
Pressure reducing valve
လို့လည်းခေါ်ကြပါသေးတယ်။
ပြည်တွင်းမော်တော်ကားတွေမှာ
အများဆုံးသုံးလေ့ရှိတဲ့
ဏExpansion Valve တွေကတော့
#Thermal Expansion Valve ခေါ်
Thermostatic expansion valve
#Block Expansion Valve
#Orific tube ဆိုပြီး
(၃)မျိုးတွေ့ရပါတယ်။
H


#Thermal expansion valve ရဲ့
အလုပ်လုပ်ပုံကတော့
*Condensor coil ကလာတဲ့ High pressure
Liquid. ကိုထိမ်းပေးနေတဲ့ Nozzle လို့ခေါ်တဲ့
Valve အထိန်းတံလေးဟာ
သူအပေါ်မှာရှိတဲ့
စပရိမ်ဖိအား၊
စပရိမ်ကို တွန်းဖိထားတဲ့
Evaporator အထွက်မှာ ထိကပ်ထားပြီး
Expansion valve ရဲ့ စပရိမ်ပေါ်ကနေ
Diaphragm လို့ခေါ်တဲ့ သံပြားနဲ့ဖိထားတဲ့
အပူအာရုံခံ Thermal bulb ထဲက
ဂက်စ်ရဲ့တွန်းအားတို့နဲ့
Expansion valve အထွက် ဖိအားကိုထိန်းညှိပေးပါတယ်။
တချို့ Thermal Expansion valve တပ်ထားတဲ့
ကားကွန်းနဲ့လုပ်ငန်းသုံးအဲကွန်းတွေမှာ Equalizer line လို့ဆိုတဲ့ Evaporator အထွက်ရဲ့ ဂက်စ်ရဲ့
ဖိအားကိုယူပြီး Expansion valve ရဲ့ အဖွင့်အပိတ်ကို ထိန်းချုပ်တဲ့ ပိုက်လိုင်း တခုလည်းပါတတ်ပါတယ်။အဓိက ပြောချင်တာကတော့Thermal Expansion valve တွေမှာ
#Spring
#Thermal bulb
#Equalizer line ဆိုတဲ့ အရာသုံးခုရဲ့ထိန်းချုပ်မှုနဲ့
Evaporator ကိုပို့လွှတ်မယ့် ဂက်စ်ရဲ့ အပူချိန်နဲ့
ဖိအားကို ထိန်းချုပ်ရင်းအလုပ်လုပ်ပေးတယ်ဆုတာသိရင်၊ Condensor (အပူကွိုင်)ကလာတဲ့
ဂက်စ်ရဲ့ ဖိအားနဲ့ အပူချိန်ကို လျှော့ချပြီး
အခန်းထဲမှာလိုတဲ့အနေအထားရောက်အောင်
လုပ်ပေးနေတယ်ဆိုတာသိရင် ရပါပြီ။
#Block Valve Type ရဲ့ အလုပ်လုပ်ပုံကတော့
Thermal Expansion Valve တွေရဲ့အလုပ်လုပ်ပုံနဲ့ ဆင်တူပါတယ်။
သူ့မှာ
#အဓိကအစိတ်အပိုင်းအနေနဲ့...
#အပူကွိုင်က
လာတဲ့ ဂက်စ်ရဲ့ ဖိအားနဲ့စီးဆင်းမှုကို တိုက်ရိုက်ထိန်းချုပ်ပေးမယ့်Orifice Nozzle & Ball
#Oricice Nozzel & Ball ကို သွယ်ဝိုက်ပြီး
အဖွင့်အပိတ်လုပ်ပေးမယ့် Diaphragm တို့ ပါဝင်ပါတယ်။
ဒါပေမယ့် ထူးခြားတာက
Spring ရဲ့ တွန်းအားနဲ့ Orifice Nozzle & Ball ကို ထိန်းချုပ်ပြီး ဂက်စ်ရဲ့ ဖိအားနဲ့စီးဆင်းမှု့ကိုထိန်းချုပ်ထားတာမဟုတ်ပဲ အအေးကွိုင် Evaporator ကနေ Compressor အဝင် Suction လိုင်းရဲ့
ဖိအားနိမ့်အပူချိန်နိမ့်အငွေ့ (Low pressure
and temperature vapour ) ရဲ့စီးဆင်းမှု့
ဖိအား အပူချိန်အနည်းအများနဲ့ Diaphragm ကိုတွန်းထိုး ထိန်းချုပ်ပြီး အဲဒီDiaphragm ကတဆင့်
Condensor ကဝင်လာတဲ့ High Pressure Liquid ကို Evaporator ကို ဖိအားလျော့ချပို့လွှတ်
ပေးတာပါ။
Thermal Expansion Valve တွေမှာလို Condensor (အပူကွိုင်) အထွက် ပိုက်လိုင်းတခုထဲ Block Valve ဆီဝင်ထားတာမျိုးမဟုတ်ပဲ
Condensor ကလာတဲ့ High Pressure Liquid လိုင်းရော Evaporator လို့ခေါ်တဲ့အအေးကွိုင်ကနေ Compresspr Suction Line ဆီသွားတဲ့
အထွက်ပိုက်ရော နှစ်ခုစလုံးကို Block Valve ထဲဖြတ်သန်းစေရင်း ပေါင်းစပ်အလုပ်လုပ်စေတာပါ။
#နောက် Expansion Valve တမျိုးဖြစ်တဲ့
Orifice Tube ကတော့ အလုပ်လုပ်ပုံအရမ်းရိုးရှင်းပါတယ်။အိမ်သုံး အဲကွန်းတွေရေခဲသေတ္တာတွေမှာပါတဲ့ ဆဲချည်မျှင်ပိုက်(Capilary tube)နဲ့အတူတူပါပဲ။
ထူးခြားတာဆိုလို့. Orifice tube ထဲမှာဇကာတပ်ထားတာပါဝင်ပြီး Capilary ထဲမှာ မှုန်တွေအမှိုက်တွေ ဝင်ပြီးပိတ်မနေအောင် စစ်ပေးပါတယ်။
အပူကွိုင်ကလာတဲ့ ဂက်စ်ရဲ့ ဖိအားကို ရိုးရှင်းစွာလျှော့ချပြီး Evaporator ဆီကို အပူချိန်နိမ့်ဖိအားနိမ့်
ဂက်စ်အရည်(Low pressure and temperature liquid) အဖြစ် ရိုးရှင်းစွာပြောင်းလဲဆောင်ရွက်ပေးယုံပါပဲ။
ပုံစံဘယ်လိုပဲကွဲနေပါစေ..
Expansion Valve တွေရဲ့အလုပ်က
*အပူကွိုင် Condensor ကလာတဲ့ ဖိအားမြင့်အရည်အခြေအနေ (High pressure liquid)ကို ဖိအားလျှော့ချပေးပြီး Evporator ဆီလွှတ်ပေးတဲ့အလုပ်ရယ်
*အဲဒီလိုလုပ်ရာမှာ Evaporator ကပြန်ထွက်လာတဲ့ ဂက်စ်ရဲ့ အပူချိန်နဲ့ဖိအားကိုချိန်ဆပြီး အလုပ်လုပ်ပေး နေတယ်ဆိုတာရယ်သိရင်ရပါပြီ။
Credit to
ကိုနန္ဒမိုး
H

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html