ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မီးသမားအတု... စစ်ဆေးမှတ်တမ်း

မီးသမားအတု
***********

ဒီနေ့ညနေလဲ ကျနော် အိမ်တစ်အိမ်ကို မီးသွား
စစ်ဖို့ကို ဆရာက ကျနော့ကို ခိုင်းထားပါတယ်။
အိမ်က တိုက်ခန်းတစ်ခန်းပါ။ ကိုယ့်ဆရာတို့
သိတဲ့ အတိုင်းပဲ ဒါမျိုး fault ရှာမယ်ဆို ကျနော်
ကအရမ်းကြိုက်။ နောက်ပြီးတစ်ယောက်တည်း
လာရတယ်ဆိုတော့ ရင်ဘတ်ကို ကော့နေတာ
ပေါ့ဗျာ။ ဆရာနဲ့နှစ်ယောက် လာတဲ့ အချိန်ဆို
ဆရာ့နောက်က hand tools အိတ်လေးလွယ်
ပြီး ကုပ်ကုပ် ကုပ်ကုပ်နဲ့ လာရတာ။ ခုတော့ ကျနော်
တစ်ယောက်တည်း ဆိုတော့ ကျနော့ပုံစံကို
ကိုယ့်ဆရာတို့မြင်မိရောပေါ့။

ရောက်ပြီဆိုရင် ဖြစ်တဲ့ပုံစံကို အိမ်ရှင်အား အရင်
မေးရတာပေါ့။ တစ်ခြား ဘေးအခန်းက မီးတွေက ပုံမှန် လင်းလင်းချင်းချင်း လာပေမယ့် သူ့အ
ခန်းက မီးတွေအားလုးံက မှိန်မှိန်လေးပဲ လာလို့ပါ။ နောက်ပြီးသူတို့တိုက်က ကိုယ်ပိုင် ထရမ်
စဖော်မာနဲ့ဆိုတော့ မီးအားကျ ဖို့ကလဲ ဖြစ်ကို
မဖြစ်နိုင်ဘူး။

ဒါနဲ့ ကျနော်လည်း အိမ်က load တွေအကုန်လုးံ
ကိုအရင်ပိတ်ပြီး DB က 2pole မှာမီတာနဲ့ စမ်း
ကြည့်တော့ 220 အပြည့်လာပါတယ်။ မီးလုးံ
တစ်လုးံလဲဖွင့်လိုက်ရော မီးကမှိန်မှိန်ပဲလာပါ
တယ်။ ဗို့က 40 ပဲပြပါတော့တယ်။ မီးပိတ်လိုက်
ရင် 220 ဖွင့်လိုက်ရင် 40 ဆိုတော့ ကျနော့စိတ်ထဲမှာ 2 pole ကမကောင်းဘူးထင်တာပေါ့။
အရင်အိမ်တစ်အိမ်တုန်းကလဲ 2pole contact
တွေဂျီးကပ်ပြီး ခုလိုဖြစ်ဖူးတာ ကြုံဖူးထားတော့
2p ကြောင့်လိုပဲစိတ်ကထင်ပါတယ်။ အိမ်ရှင်ကို
လည်း 2p မကောင်းဘူးအကို လို့ပြောပြီး ကျ
နော် 2p ကိုကျော်ပြီး elcb နဲ့ အရင်အတိုင်း
မီးဖွင့် မီးပိတ်နဲ့ မီတာနဲ့စမ်းတာ elcb ကလဲ 2p
လိုပဲ ဆိုတော့ ကျနော်က အိမ်ရှင်ကို elcb လဲမ
ကောင်းဘူးပေါ့။

တစ်ခါထပ်ပြီး 2p ရော elcb ရောကျော်ပြီး
1p တွေနဲ့ထပ်စမ်းတာ အရင်လိုပဲ ဆိုတော့
ကျနော်မျက်လုးံပြူးရပါပြီ။ ဘရေကာတွေ
မကောင်းဘူးဆိုရင်လည်း တစ်လုးံတစ်လေသာ
ဖြစ်တတ်ပါတယ်။ အားလုးံမကာင်းဘူးဆိုတာ
မဖြစ်နိုင်တော့ပါဘူး။ ကျနော် မကြံတတ်တော့ပါ
ဘူး။ အိမ်ရှင်ရဲ့ အထင်သေးမှုကို စခံရပြီဆိုရင်
ကော့နေတဲ့
ကျနော်ရင်ဘတ်တွေလဲကုးံ ကုန်တာပေါ့ဗျာ။

ထုးံစံအတိုင်း ဆရာ့စီကို ဖုန်းဆက်ပြီးကျနော်
ပြောတာပေါ့ဗျာ။ ဆရာ ကျနော်တွေ့တာ
Phase အတု neutral အတု ဆရာ ဆိုပြီး
ဖြစ်ပုံကိုပြောပြတာပေါ့။ အေး phase အတု
Neutral အတုဆိုရင်မင်းကလဲ မီးသမား
အတု လို့ ဆူပါတယ်။ phase အတု neutral
အတုဆိုတာမရှိဘူးကွ အောက်က မီတာဗောက်
ထဲက သူ့ဖျူးအထွက်ကိုသွားစစ်ကြည့်၊
ဖျူးအထွက်ကြိုးက ညို မဲနေရင် ဖြတ်ချ အသစ်နွှာ
ပြီး ပြန်ဂျွိင်းခဲ့ လို့ပြောပါတယ်။

ကျနော်အောက်ဆင်းကြည့်တော့ ဆရာပြောသလို ဖြစ်နေတာကို တွေ့ရတာပါပဲ။ ကျနော်လဲ
ပြန် join ပြီး အပေါ်ပြန်တက်။ ပြီးတော့ ခုနက
ကျနော်ဖြုတ်ထားတဲ့ loopin တွေပြန်တပ်ပြီးစမ်း
ကြည့်တော့ အားလုးံgood သွားပါတယ်။

ကျနော်လဲဆရာ့စီဖုန်းပြန်ဆက်ရတာပေါ့။
ဖျူး မှာ ကြိုးက လူးစ် ဖြစ်ပြီး အပူတအားထွက် တော့ ကြေးကတဖြည်းဖြည်းနဲ့ ကာဗွန်ဘဝပြောင်း
နေတာကွ ၊ ကြေးဓာတ်ကလည်း မကုန်သေး၊
ကာဗွန်ကလည်း အပြည့်မပြောင်းသေးတဲ့
အခါမှာ ခုခံမှုတန်ဖိုးတစ်ခုဖြစ်လာပြီး ဒီလိုဖြစ်
လာတာပဲ၊ ဒီကောင်တွေက မီတာနဲ့စမ်းရင်
မရဘူး ၊ load နဲ့စမ်းမှ သိရတာ လို့ပြောပါတယ်။

အိမ်ရှင်နဲ့ဆရာ ဖုန်းပြောကြတော့ အိမ်ရှင်က
တော်သေးတယ်အကိုရေ၊ အကို့တပည့်လုပ်တာနဲ့ ကျနော်အိမ်က ပစ္စည်းတွေ အကုန်လဲရတော့မလို့ ဆိုပြီး ရယ်ရယ်မောမောနဲ့ ပြောနေသံကြား
ရတာပါပဲ။

အဖွဲ့ထဲမှာ ကျနော် လညိးု မီးသမားအတုဆိုပြီး
နာမည်ကိုကြီးရော။

MyatMin ThuyaKyaw

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html